17/06/2026
အလည်ပြန်ဆင်းပြီး ပြန်တတ်မည့်
မိတ်ဆွေများ အတွက်ပါ
🌉 တံတားကူးခြင်း
တံတားပေါ်မှ တုံးကြီးထုပြီး
ပြန်သွားပါက ပြန်တက်လာချိန်တွင်
အဝင်တုံးသာ ထုရသောကြောင့်
တံတားကပြန်တက်စရိတ် သက်သာပါတယ်
ဒီအချက်ကတော့ အမှန်ပါခင်ဗျာ
သို့သော် တံတားကူးရာတွင် လိုအပ်သော အထောက်အထားများကိုလည်း
ထည့်သွင်းစဉ်းစားရပါမယ်
📗 CI အစိမ်းရောင် စာအုပ်
ကိုင်ဆောင်ထားသူများအတွက်တော့
ပြန်တတ်ဖို့အတွက် နေပြည်တော်ခွင့်စာ
တင်ရန်မလိုအပ်ဘဲ အဆင်ပြေပါတယ်
လိုအပ်သော အထောက်အထားများမှာ
Passport
Visa
Work Permit
OWIC / UID Card
ဒါတွေလိုပါတယ်
📕 MOU စာအုပ်အနီ
ကိုင်ဆောင်ထားသူများကတော့
တုံးထု၍ တံတားကူးမည်ဆိုပါက
ပြန်အတတ် OWIC / UID ကဒ် လိုသလို
နေပြည်တော်ခွင့်စာလည်း
လိုအပ်ပါတယ်ခင်ဗျာ
🚤 လှေကူးခြင်း
လှေကူးလမ်းကို အသုံးပြုမည်ဆိုပါက
အဆင်းတစ်ကြိမ်၊ အတက်တစ်ကြိမ်
စုစုပေါင်း (၂) ကြိမ် ကူးရသောကြောင့်
လှေကူးခကို (၂) ကြိမ် ပေးဆောင်ရပါတယ်
အဆင်းအတတ်ခ တွက်ရင် တံတားထက်
လှေကူးက ကုန်ကျငွေများပါတယ်
လှေကူးလမ်း လိုအပ်တဲ့
အချက်လက်ကပိုမိုရိုးရှင်းပါတယ်
✔️ Passport
✔️ Visa
✔️ Work Permit
✔️ ရက် ၉၀ စာရွက်
ဒီ (၄) မျိုးသာ လိုအပ်ပြီး
OWIC / UID Card မလိုအပ်သလို
နေပြည်တော်ခွင့်စာလည်း
မလိုအပ်ပါဘူးခင်ဗျာ။
ကုန်ကျစရိတ်တစ်ခုတည်းကိုသာ
မကြည့်ဘဲ မိမိတွင်ရှိသော
အထောက်အထား လိုအပ်ချက်များနဲ့
နှိုင်းယှဉ်စဉ်းစားကြည့်ပါက
မိတ်ဆွေတချို့အတွက်
လှေကူးပြန်ခြင်းက ပိုပြီးတော့
အဆင်ပြေနိုင်တာကြောင့်
အကြံပြုပေးခြင်း ဖြစ်ပါတယ်။
မည်သည့်လမ်းကြောင်းဖြင့်
ပြန်မည်ဆိုသည်မှာတော့
မိတ်ဆွေတို့၏ အထောက်ထား နဲ့
ရွေးချယ်မှုအပေါ် မူတည်ပြီး
မိမိနှစ်သက်ရာ လမ်းကြောင်းကို
ရွေးချယ်၍ ပြန်နိုင်ပါတယ်ခင်ဗျာ 🙏
သိရှိလိုသည်များရှိပါက
ကိုသားကြီးထံ အချိန်မရွေး
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 🙏
#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours