14/07/2025
📌 အကောက်ခွန်ရှင်းလင်းရေး (Customs Clearance) လုပ်တဲ့အခါ သိထားသင့်တဲ့ အချက် ၅ ချက်
ဒီနေ့မှာတော့ ကျွန်တော်တို့ S&S Family ကနေ Customs Clearance လုပ်တဲ့အခါ သိထားသင့်တဲ့ လိုအပ်တဲ့အချက်လေးတွေကို ဝေမျှသွားမှာဖြစ်ပါတယ်။ ❤️
✨တင်သွင်း/တင်ပို့လုပ်ငန်းတွေမှာ အကောက်ခွန်ရှင်းလင်းရေး (Customs Clearance) က မဖြစ်မနေကျော်ဖြတ်ရမယ့် အဆင့်တစ်ခုပါ။ ဒီအဆင့်မှာ တစ်ချက်ကလေး မှားလိုက်တာနဲ့ အချိန်ကုန်တာ၊ ဒဏ်ကြေးဆောင်ရတာ၊ ပစ္စည်းတွေ ပြန်ပို့ရတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောက်ခွန်ရှင်းလင်းရေးအတွက် မဖြစ်မနေသိထားသင့်တဲ့ အချက် ၅ ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ တင်သွင်း/ထုတ်ပို့ပစ္စည်းအမျိုးအစားအပေါ်မူတည်ပြီး စည်းမျဉ်းသိထားဖို့လိုတယ်❗
Prohibited Goods (တင်သွင်းခွင့်/တင်ပို့ခွင့် လုံးဝမပြုသော ကုန်ပစ္စည်းများ) နဲ့ Restricted Goods (တင်သွင်းခွင့်/တင်ပို့ခွင့် ကန့်သတ်ထားသော ကုန်ပစ္စည်းများ) ရှိပါတယ်။ ဥပမာ- ဆေးဝါးတွေ၊ အာဟာရဖြည့်စွက်စာတွေ၊ မီးလောင်လွယ်တဲ့ပစ္စည်းတွေ စတဲ့ပစ္စည်းတွေဟာ Special Permit မရှိရင် တင်သွင်းလို့ မရပါဘူး။ ကိုယ့်ပစ္စည်းအမျိုးအစားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာနားလည်ထားဖို့ အရေးကြီးပါတယ်။
၂။ စာရွက်စာတမ်းအပြည့်အစုံ ရှိထားဖို့ လိုအပ်တယ်❗
အကောက်ခွန်ရှင်းလင်းရေးမှာ မဖြစ်မနေလိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့-
📌Commercial Invoice
📌Packing List
📌Bill of Lading/Air Waybill
📌Certificate of Origin (လိုအပ်ရင်)
📌Import License (လိုအပ်ရင်) တို့ဖြစ်ပါတယ်။
ဒီစာရွက်စာတမ်းတွေပေါ်က အချက်အလက်တွေဟာ မှန်ကန်ဖို့ လုံးဝလိုအပ်ပါတယ်။ အချက်အလက်မှားယွင်းတာ (ဒါမှမဟုတ်) မပြည့်စုံတာတွေက လုပ်ငန်းမှာနှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေနိုင်ပါတယ်။
၃။ HS Code မှန်ကန်စွာသတ်မှတ်ထားဖို့ လိုအပ်တယ်❗
HS Code (Harmonized System Code) ဆိုတာ ကုန်ပစ္စည်းတွေကို နိုင်ငံတကာမှာ အသိအမှတ်ပြုထားတဲ့ နံပါတ်စနစ်တစ်ခုပါ။ နိုင်ငံတိုင်းက အခွန်ကောက်ခံဖို့၊ ကုန်သွယ်မှုစာရင်းဇယားတွေ မှတ်တမ်းတင်ဖို့နဲ့ ကုန်ပစ္စည်းတွေကို စီမံခန့်ခွဲဖို့အတွက် ဒီကုဒ်တွေကို သုံးပါတယ်။
HS Code ကိုမှားပြီး သတ်မှတ်မိရင်
📌အခွန်ပိုဆောင်ရခြင်း
📌အကောက်ခွန်မှာ ပစ္စည်းထိန်းသိမ်းခံရခြင်း
📌ထပ်မံစစ်ဆေးခံရခြင်း တို့ဖြစ်နိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကုန်ပစ္စည်းအတွက် မှန်ကန်တဲ့ HS Code ကို သေချာစစ်ဆေး သတ်မှတ်ထားဖို့ အထူးအရေးကြီးပါတယ်။
၄။ Incoterms ကို နားလည်ထားဖို့ လိုတယ်❗
Incoterms ဆိုတာ ကုန်စည်ပို့ဆောင်ရေးမှာ ဘယ်သူက ဘယ်အချိန်မှာ (ဥပမာ- အခွန်၊ စာရွက်စာတမ်း၊ အာမခံ) တာဝန်ယူရမယ်ဆိုတာကို ဖော်ပြထားတဲ့ စည်းမျဉ်းတွေပါ။ DAP, CIF, EXW, DDP စတဲ့ Incoterms တွေကို တိတိကျကျ နားလည်ထားခြင်းက အကောက်ခွန်လုပ်ငန်းစဉ်မှာ ဖြစ်နိုင်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ပါတယ်။(CIF နဲ့ FOB က ကျွန်တော်တို့ Page မှာရှင်းပြထားပြီးပါပြီ ကျန်တဲ့ Terms တွေကိုလည်း နောက်ရက်တွေမှာ ရှင်းပြပေးပါမယ်ဗျ။) ကိုယ့်ကုန်သွယ်မှုအတွက် သင့်တော်တဲ့ Incoterm ကို ရွေးချယ်ပြီး သေချာသိနားလည်ထားဖို့ လိုအပ်ပါတယ်။
၅။ Clearance Agent ကိုသုံးဖို့ အရေးကြီးတယ်❗
တချို့သူတွေက Customs Clearance ကို ကိုယ်တိုင်လုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ အကောက်ခွန်လုပ်ငန်းစဉ်ဟာ နည်းလမ်းနဲ့ အတွေ့အကြုံ မရှိရင် နှောင့်နှေးမှု၊ ကြန့်ကြာမှု၊ ပျက်ကွက်မှု၊ ဒဏ်ကြေး (Penalty) စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တာဝန်ယူနိုင်တဲ့ Customs Clearance Agent တစ်ဦးကို အသုံးပြုခြင်းက စိတ်သက်သာရာရစေပြီး အချိန်ကုန်ဆုံးမှုကိုလည်း လျှော့ချနိုင်ပါတယ်။ ဒီ Agent တွေဟာ အကောက်ခွန်လုပ်ငန်းစဉ်တွေကို ကျွမ်းကျင်ပြီး ပြဿနာတွေကို လွယ်ကူလျင်မြန်စွာ ဖြေရှင်းပေးနိုင်ပါတယ်။
ဒီအချက်တွေကို နားလည်ထားမယ်ဆိုရင် မိတ်ဆွေရဲ့ Import/Export လုပ်ငန်းတွေမှာ အကောက်ခွန်ရှင်းလင်းရေး (Customs Clerance) အဆင့်ကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ဖြတ်ကျော်နိုင်မှာပါ။ မိတ်ဆွေရဲ့လုပ်ငန်းအတွက် ဒီအချက်တွေက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။❤️
S&S Family Trading Co., Ltd.~
📲 +66 0821724546 (Language Thai-English)
Viber , Line , WhatsApp
+66 0946100037 (Language Myanmar - English)
Viber , Line , WhatsApp
+959 5158586 (Language Myanmar - English )
Viber , WhatsApp