Golden Yangon City Transportation

Golden Yangon City Transportation ခရီးသွား မိဘပြည်သူများနှင့် အတူရှိမည် GYCT

မိုးသည်းထန်တဲ့နေ့တွေမှာ ရန်ကုန်မြို့တွင်း Bus ကားစီးရတာ မလွယ်ကူဘူးလို့ထင်ရပေမယ့် ဒီအချက်လေးတွေကို အတူတူသတိပြုပေးတဲ့အခါ ပ...
18/06/2026

မိုးသည်းထန်တဲ့နေ့တွေမှာ ရန်ကုန်မြို့တွင်း Bus ကားစီးရတာ မလွယ်ကူဘူးလို့ထင်ရပေမယ့် ဒီအချက်လေးတွေကို အတူတူသတိပြုပေးတဲ့အခါ ပိုပြီးအဆင်ပြေတဲ့ခရီးစဉ်လေးတွေဖြစ်လာမှာ အသေအချာပါပဲ🤩

☂️ ၁။ ထီးနဲ့ မိုးကာလေးတွေကို စနစ်တကျ သိမ်းဆည်းကြမယ်
ကားပေါ်မတက်ခင် အဆင်ပြေမယ်ဆိုရင် မိမိထီးက ရေစက်တွေကို အပြင်မှာပဲ အတတ်နိုင်ဆုံး ခါထုတ်ခဲ့မယ်။ ပလတ်စတစ်အိတ်တစ်လုံး အပိုယူဆောင်လာပြီး ထီးစို၊ မိုးကာစိုတွေကို ခရီးစဉ်အတွင်း အိတ်ထဲထည့်သိမ်းထားမယ်ဆိုရင် အခြားခရီးသည်တွေရဲ့ အဝတ်အစားကို မထိမိတော့ဘဲ အားလုံး အဆင်ပြေသွားမှာပါ။ ထီးအရှည်ကို လက်မှာကိုင်ဆောင်ထားမယ်ဆိုရင်လည်း အောက် စိုက်ကိုင်ပေးထားခြင်းက များစွာအကူအညီဖြစ်စေပါတယ်။

🚌 ၂။ ကားအတက်အဆင်းမှာ လက်ရန်းကို ခိုင်မြဲအောင်ကိုင်ပါ
မိုးတွင်းမှာ ကားလှေကားထစ်တွေက ရေစိုပြီး ချောနေတတ်တာမို့ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် လက်ရန်းကို အမြဲကိုင်ပြီးမှ တက်/ဆင်း ပြုလုပ်ပေးပါ။ နောက်ပြီး ကားတံခါးဝမှာ မိုးခိုရပ်နေတာမျိုးက အခြားသူတွေ အတက်အဆင်းအတွက် အန္တရာယ်ရှိနိုင်သလို ခရီးစဉ်ကိုလည်း နှောင့်နှေးစေနိုင်လို့ အတွင်းဘက်ကို တိုးဝင်ပေးဖို့ အကြံပြုပါရစေ။

🛡️ ၃။ စာနာစိတ်နဲ့ ဖေးမကူညီပါ
မိုးရွာနေချိန် ကားပြတင်းပေါက်တွေကလည်း လေအလုံပိတ်ထားမယ် ရုံးတက် ရုံးဆင်းချိန် စီးနင်းလိုက်ပါသူတွေများနေတတ်တဲ့အခါမျိုးမှာ ကိုယ့်ဘေးကခရီးသည် အသက်ရှုမဝတာ၊ ကျန်းမာရေးပြဿနာ အဆင်ပြေမပြေ သတိပြုပေးခြင်းဖြင့် ဖေးကူပေးပါ။ လိုအပ်ပါက ယာဉ်မောင်းထံသို့ ချက်ချင်း အကြောင်းကြားပေးပါ။ ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ မိုးရေတွေကြောင့် ခြေမချော်ရအောင် ထိုင်ခုံနေရာဦးစားပေးခြင်းကလည်း စိတ်ချမ်းမြေ့စရာ ခရီးစဉ်လေးတွေရဲ့ အလှတရားတစ်ခုပါ။

🌧️မိုးစက်တွေကြားမှာ အပြုံးမပျက် ခရီးဆက်နိုင်ဖို့အတွက် ရန်ကုန်မြို့ပြလမ်းမများထက်မှာ GYCT အသင့်ရှိနေပါတယ်🚌✅

ကျန်းမာနေဖို့ ကြိုတင်ကာကွယ်🛡️နှာခေါင်းစည်း (Mask) တပ်ပြီး သွားလာမယ်😷👍ပုံမှန်အခြေအနေမှာတောင် မမျှော်လင့်ဘဲ ရုတ်တရတ် ချောင...
14/06/2026

ကျန်းမာနေဖို့ ကြိုတင်ကာကွယ်🛡️
နှာခေါင်းစည်း (Mask) တပ်ပြီး သွားလာမယ်😷👍

ပုံမှန်အခြေအနေမှာတောင် မမျှော်လင့်ဘဲ ရုတ်တရတ် ချောင်းဆိုးနှာချေချင်လာတဲ့အခါ တစ်ရှူး၊ လက်ကိုင်ပုဝါ (သို့မဟုတ်) လက်မောင်းအကာအကွယ် အသုံးပြုခြင်းဟာ ပုံမှန်အသားကျနေတဲ့ အလေ့အထကောင်းတစ်ခု၊ ယဉ်ကျေးတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်✅👌

မိုးရာသီနှင့် ရာသီအကူးအပြောင်းကာလတွေမှာ လေထဲကနေကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားတတ်တာကြောင့် လူစုလူဝေးနေရာတွေ သွားရလာရတဲ့အခါ ဒါမှမဟုတ် အများနှင့်သက်ဆိုင်တဲ့ Bus ကား စီးနင်းချိန်တွေမှာ နှာခေါင်းစည်း (Mask) တပ်ထားခြင်းကသာ အကောင်းဆုံး ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းပါ😷🚌💯

တစ်ပါးသူအပေါ် စာနာလေးစား ..
မိမိ အတွက်လည်း အကျိုးများ ..
☔️ အခုလို မိုးရာသီအချိန်အခါ ဟိုဟိုဒီဒီသွားလာတဲ့အခါ နှာခေါင်းစည်း (Mask) တပ်ဆင်ထားဖို့ အကြံပြုချင်ပါတယ်ဗျို့ 😷🙌

10/06/2026

ပုံမှာလည်း Hint လေးတွေ ပါနေတယ်🧐

ဟိုးအရင် နာမည်ကြီးသီချင်းထဲက သူငယ်ချင်းမလေးရဲ့ နာမည်🤐

YBS 9 နဲ့ YBS 100 စီးနေကျသူတွေဆို သိမယ်😎

မှတ်တိုင်နာမည် ဘာဖြစ်မလဲ❓

🌧️မိုးအငွေ့အသက်နဲ့ ရာသီဥတုကအေးချမ်းပေမယ့် လမ်းမထက်က ယာဉ်မောင်းသူတွေအတွက်တော့ ယာဉ်မောင်းနှင်ချိန်တိုင်းမှာ ပိုပြီးသတိပြုရ...
06/06/2026

🌧️မိုးအငွေ့အသက်နဲ့ ရာသီဥတုကအေးချမ်းပေမယ့် လမ်းမထက်က ယာဉ်မောင်းသူတွေအတွက်တော့ ယာဉ်မောင်းနှင်ချိန်တိုင်းမှာ ပိုပြီးသတိပြုရတဲ့ အချိန်အခါဖြစ်ပါတယ်‼️

နေရာဒေသအသီးသီးမှ ယာဉ်မောင်း ညီအကို မောင်နှမများအနေဖြင့် မိမိရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ခရီးသည် အများပြည်သူတို့ရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အခုလို မိုးရာသီမှာ အထူးဂရုပြုသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

🚨 မိုးရွာနေချိန်တွင် လမ်းချော်နိုင်ခြေများသောကြောင့် အရှိန်လျှော့မောင်းနှင်ပါ။
🛠️ မီးကြီး၊ မီးသေးနှင့် Wiper များကို ပုံမှန်စစ်ဆေး အသုံးပြုပါ။
↔️ ယာဉ်အကွာအဝေးကို ပုံမှန်ထက်ပိုထားပြီး အရေးပေါ်ဘရိတ်အုပ်ခြင်းကို ရှောင်ရှားပါ။
🛣️ ရေဝပ်နေသောလမ်းများ၊ ချော်လဲနိုင်သောနေရာများတွင် အထူးဂရုပြုပါ။
🦺 ဘေးကင်းလုံခြုံရေးကို ဦးစားပေးပြီး စိတ်ရှည်စွာ မောင်းနှင်ပါ။

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ 💡
ယာဉ်မောင်းနှင်သူများအနေဖြင့် အိပ်ရေးဝအောင်အိပ်စက်ဖို့နဲ့ ကျန်းမာအောင် နေထိုင်ဖို့ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာနေမှသာ ခရီးစဉ်တိုင်းကို အာရုံစူးစိုက်မှုအပြည့်နဲ့ ခရီးဆက်နိုင်မှာပါ။ မိုးမိတဲ့အခါတွေမှာလည်း အအေးမိ၊ နှာစေး၊ ဖျားနာတာတွေ မဖြစ်အောင် ကိုယ်လက်သန့်စင်ပြီး နွေးနွေးထွေးထွေးနေဖို့ မမေ့ပါနဲ့လို့ GYCT မှ တိုက်တွန်းလိုက်ပါရစေ။🤗

ခရီးသွားမိဘပြည်သူများနှင့်အတူ ယာဉ်မောင်းညီအစ်ကိုမောင်နှမများအားလုံး ဘေးကင်းကျန်းမာကြပါစေ✨

ခရီးသည်တစ်ဦး ကျန်ရစ်ခဲ့သော ပစ္စည်းနှင့်ပတ်သက်၍ အကြောင်းကြားခြင်းYBS -118 ((ယာဉ်အမှတ်- 2P/7160) ယာဉ်လိုင်းအား စီးနင်းလိုက...
03/06/2026

ခရီးသည်တစ်ဦး ကျန်ရစ်ခဲ့သော ပစ္စည်းနှင့်ပတ်သက်၍ အကြောင်းကြားခြင်း

YBS -118 ((ယာဉ်အမှတ်- 2P/7160) ယာဉ်လိုင်းအား စီးနင်းလိုက်ပါသော ခရီးသည်တစ်ဦးသည် ယာဉ်ပေါ်၌ အရေးကြီးသော ငွေစုစာအုပ် နှင့် Passort ကျန်ရစ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါပစ္စည်းအား GYCT ကားဝန်းအတွင်းရှိ ရုံးခန်းတွင် စနစ်တကျ ထိန်းသိမ်းထားရှိပါသဖြင့် ပိုင်ရှင်ဖြစ်သူမှ အောက်ပါလိပ်စာအတိုင်း လာရောက်ထုတ်ယူနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။

📍 လာရောက်ထုတ်ယူရန်လိပ်စာ:
အမှတ် ၈၈၃၊ပုဂံလမ်း၊၅၃ရပ်ကွက်၊တောင်ဒဂုံမြို့နယ်။ (၅၆ မှတ်တိုင်)

📞 ဆက်သွယ်ရန်ဖုန်း:
09 428045840

ရန်ကုန်မြို့ပြ ခရီးစဉ်တိုင်းမှာစီးနင်းလိုက်ပါ စိတ်ချမ်းမြေ့စွာလိုရာခရီးစဉ်ကို အလွယ်တကူချိတ်ဆက်သွားလာဖို့ GYCT ယာဉ်လိုင်း...
02/06/2026

ရန်ကုန်မြို့ပြ ခရီးစဉ်တိုင်းမှာ
စီးနင်းလိုက်ပါ စိတ်ချမ်းမြေ့စွာ
လိုရာခရီးစဉ်ကို အလွယ်တကူချိတ်ဆက်သွားလာဖို့ GYCT ယာဉ်လိုင်းတွေ အသင့်ရှိနေမှာပါ🚌🙌

အချိန်တိကျမှု၊ ယဉ်ကျေးပျူငှာမှုနဲ့ စနစ်ကျတဲ့ ဝန်ဆောင်မှုအရည်အသွေးတွေကို တသမတ်တည်း ပေးအပ်နိုင်စေရေးအတွက်လည်း ခရီးသည်နှင့်အများပြည်သူ ဘေးကင်းစေရေး ပထမဦးစားပေးအဖြစ် လေ့ကျင့်ထားတဲ့ ယာဉ်မောင်းများ အပါအဝင် GYCT ၏ ဝန်ထမ်းမိသားစုတွေအားလုံးဟာ ကဏ္ဍတိုင်းကနေ အကောင်းဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိနေပါတယ်🤝

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေအတွက် အစဉ်ကြိုးစားရှေးရှုလျက်
ခရီးသွားမိဘပြည်သူများနှင့်အတူရှိနေမည် GYCT 🙌🚌

🪷🙏🙏🙏🪷 (၃၀.၅.၂၀၂၆)စနေနေ့ နယုန်လပြည့် ဥပုသ်နေ့.မဟာသမယအခါတော်နေ့ ဖြစ်ပြီး ဗုဒ္ဓသာသနာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာနေ့လေးတစ်နေ့ဖ...
30/05/2026

🪷🙏🙏🙏🪷

(၃၀.၅.၂၀၂၆)စနေနေ့
နယုန်လပြည့် ဥပုသ်နေ့.

မဟာသမယအခါတော်နေ့ ဖြစ်ပြီး ဗုဒ္ဓသာသနာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာနေ့လေးတစ်နေ့ဖြစ်ပါသည်။

နယုန်လပြည့်နေ့ကို မဟာသမယနေ့ (သို့) မြတ်သော အခါတော် နေ့ (သို့) ငြိမ်းချမ်းရေးနေ့ ဟုလည်း ခေါ်တွင် ကြပါတယ်။

နယုန်လပြည့် မဟာသမယအခါတော်နေ့၏ ထူးမြတ်သောဂုဏ်အင်များမှာ

၁။ ရေလုပွဲကြီးဆင်နွှဲကြပြီး တောင်သူလယ်သမားတို့ ငြင်းခုန်ခိုက်ရန်ဘေးမှ ကင်းဝေး၍ ထူးခြားခြင်း။

၂။ ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး ငြိမ်းချမ်းရေးရသော နေ့ဖြစ်၍ ထူးခြားခြင်း။

၃။ နတ်ဗြဟ္မာ အသူရာနှင့် နဂါးဂဠုန်များသည် ရဟန်းတော်နှင့် ဘုရားရှင်များ လက်ထက်တွင် ဤတစ်ကြိမ်သာ စုရုံးမိသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ မင်းသားငါးရာ သာသနာ့ဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ရဟန်းတော်ငါးရာလုံး ရဟန္တာဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ နိမ္မိတ ဘုရားကမေး၍ ပကတိဘုရားရှင်က ဖြေဆိုသည်ကို နာကြားရသောကြောင့် ထူးခြားခြင်း။

၇။ မဟာသမယကို အကြောင်းပြု၍ ဂဠုန်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ မဟာသမယဆိုင်ရာ သုတ္တန်ခုနစ်မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။

၉။ ဘိက္ခူနီသာသနာ လမ်းစပေါ်သော နေ့ဖြစ်၍ ထူးခြားခြင်းတို့နှင့်ပြည့်စုံနေသော ထူးမြတ်သောနေ့ဖြစ်ပါသည်။

ထူးမြတ်မှုအပေါင်းနှင့်ပြည့်စုံသော နယုန်လပြည့်မဟာသမယအခါတော်နေ့မှစ၍ လာမယ့်နေ့ရက်တိုင်းမှာ ကမ္ဘာသူကမ္ဘာသားသူများအားလုံး နှလုံးစိတ်ဝမ်း ချမ်းမြေ့စွာနှင့် ကျန်းမာစွာနေထိုင်နိုင်ကြပါစေကြောင်း တောင်းဆုပြုပါတယ် 🙏🙏🙏

နေ့သစ်တိုင်းမှာ အတွေးအခေါ်သစ်
စိတ်ကူးအသစ် ကုသိုလ်အသစ်တွေနဲ့
မိမိဘဝကို အကောင်းဆုံး
ပုံဖော်ထုဆစ်နိုင်ပါစေ.. GYCT မှ ဆုမွန်ကောင်းပြုပါတယ်🙏🙏🙏

#နယုန်လပြည့်
#မဟာသမယအခါတော်နေ့

28/05/2026

ရုံးတက်ချိန် ရုံးဆင်းချိန် အမြဲလူအပြည့်ပါလာတတ်တဲ့ ကားမှတ်တိုင်ကနေ YBS စီးပြီး နေ့စဉ် အလုပ်သွားနေရတာဆိုတော့လည်း ...💪😪

Gym တကူးတက သွားဆော့နေဖို့ မလိုတော့ဘူး😎

ရိုးသားမှုကို အလေးထားလို့ ဂုဏ်ပြုကြစို့ခရီးသွားပြည်သူများအပေါ် စေတနာထားပြီး တာဝန်သိတတ်မှုဆိုတာ GYCT ရဲ့ ဂုဏ်ယူရတဲ့ စံနှု...
25/05/2026

ရိုးသားမှုကို အလေးထားလို့ ဂုဏ်ပြုကြစို့

ခရီးသွားပြည်သူများအပေါ် စေတနာထားပြီး တာဝန်သိတတ်မှုဆိုတာ GYCT ရဲ့ ဂုဏ်ယူရတဲ့ စံနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။

YBS-103 (ယာဉ်အမှတ်- 6P/7505)ကိုမောင်းနှင်တဲ့ ကိုမောင်ဝင်းနိုင်ဟာ ကားပေါ်မှာ မေ့ကျန်ရစ်ခဲ့တဲ့ ခရီးသည်ရဲ့ I Phone 13 Pro max ကာလတန်ဖိုး သိန်း ၃၀ ကျော်တန်အား တွေ့ရှိခဲ့ပြီး ပိုင်ရှင်ထံသို့ စိတ်ရင်းစေတနာအပြည့်နဲ့ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။ 📱🤝

ဒီလို ကိုယ်ချင်းစာစိတ်ရှိပြီး ရိုးသားမှုကို လက်ကိုင်ထားတဲ့ ဝန်ထမ်းကောင်းတွေဟာ ကျွန်ုပ်တို့ Golden Yangon City Transportation Public Co., Ltd. (GYCT) ရဲ့ တကယ့်ဂုဏ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ ယာဉ်မောင်းများအား GYCT မိသားစုမှ အထူးပင် ဂုဏ်ယူမှတ်တမ်းတင်အပ်ပါတယ်။

GYCT ယာဉ်လိုင်းများဟာ ခေတ်မီစနစ်ကျတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ အဓိကကျတဲ့ "ယာဉ်မောင်းတစ်ဦးတည်း...
24/05/2026

GYCT ယာဉ်လိုင်းများဟာ ခေတ်မီစနစ်ကျတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ အဓိကကျတဲ့ "ယာဉ်မောင်းတစ်ဦးတည်းစနစ်" ကို သတ်မှတ်ကျင့်သုံးထားတဲ့အပြင် ဝန်ဆောင်မှုပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ခရီးသည်နှင့် ယာဉ်မောင်းအကြား အပြန်အလှန် လေးစားမှုရှိသော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးထားပါတယ်။

ပုံမှန်နေ့စဉ် GYCT ၏ YBS ယာဉ်လိုင်းများတွင် စည်းကမ်းရှိရှိ၊ စနစ်တကျ လိုက်ပါစီးနင်းပေးကြပါသော ရန်ကုန်မြို့တွင်း ခရီးသွားမိဘပြည်သူများအားလုံးကိုလည်း GYCT အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိအပ်ပါတယ်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် GYCT သည် ခေတ်မီလှပသော မြို့ပြအသွင်ကို အတူတကွ ပုံဖော်သူအဖြစ် ခရီးသွားပြည်သူတို့နှင့်အတူ ရှိနေမှာဖြစ်ပါတယ်။

Address

No(883), Bagan Street, 53 Ward, South Dagon
Yangon
11431

Website

Alerts

Be the first to know and let us send you an email when Golden Yangon City Transportation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share