SHWE TAUNG

SHWE TAUNG Yangon - Mawlamyine

"ရန်ကုန် - ဘားအံ - မော်လမြိုင် ကိုခရီးသွားမယ်ဗျို့! 🚕⚡️အခုဆိုရင် ရွှေတောင် Premium EV Taxi Service ကနေ ခရီးသွားမဲ့လူကြီး...
12/05/2026

"ရန်ကုန် - ဘားအံ - မော်လမြိုင် ကိုခရီးသွားမယ်ဗျို့! 🚕⚡️

အခုဆိုရင် ရွှေတောင် Premium EV Taxi Service ကနေ ခရီးသွားမဲ့လူကြီးမင်းတို့ အတွက်
📍 ကျိုက်လှ
📍 ဝေါ
📍 ညောင်ခါးရှည်
📍 ကျိုက်ထို
📍 ဘီးလင်း
📍 သထုံ
📍 ဇင်းကျိုက်
📍 ပေါင်
📍 မုပ္ပလင်
စတဲ့ မြို့တွေကိုပါ အိမ်တိုင်ရာရောက် (Door to Door) ဝန်ဆောင်မှု ပေးနေပါပြီခင်ဗျာ။

ခရီးစဉ်အသစ်တွေအတွက် စုံစမ်းလိုရင်ဖြစ်ဖြစ်၊ စင်းလုံးငှားစီးချင်ရင်ဖြစ်ဖြစ် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ဗျ
"ရန်ကုန် -ဘားအံ - မော်လမြိုင် ခရီးစဉ်များအပြင် တခြားမြို့များကိုလည်း စင်းလုံးငှားစနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီ။ 🚕⚡️

အိမ်တိုင်ရာရောက် စိတ်ချလက်ချ ခရီးသွားချင်သူများအတွက် -
✅ ရန်ကုန် ↔️ ဘားအံ ↔️ မော်လမြိုင်: တစ်ဦးချင်းဖြစ်စေ၊ စင်းလုံးဖြစ်စေ စီးနင်းနိုင်ပါသည်။
✅ မော်လမြိုင်ထက် ကျော်လွန်သော မြို့များ: မိသားစုလိုက် (သို့) အဖွဲ့လိုက် စိတ်ကြိုက်သွားလာနိုင်ရန် 'စင်းလုံးငှား' ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးပါသည်။

EV ကားအသစ်စက်စက်များ၊ ယဉ်ကျေးသော ယာဉ်မောင်းများဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးနေတာမို့ အခုပဲ ဖုန်းဆက်လိုက်ပါဦးဗျာ။

စိတ်ချယုံကြည်ရတဲ့ခရီးစဉ်ဖြစ်ဖို့ ရွှေတောင်နှင့်ခရီးသွားစို့
📞 Book Now :
Yangon : 09 797484869, 09 794510766
Mawlamyine :09 797360507
#ခရီးသွားဝန်ဆောင်မှု #ခရီးသွား #ခရီးသွားကြမယ် #မော်လမြိုင်မြို့ #ရန်ကုန် #ဘားအံ

🚗 "ကားကြံ့ခိုင်မှု (၁၀၀%) ရှိမှသာ ခရီးစတင်တဲ့ ရွှေတောင်ရဲ့ စံနှုန်း"ခရီးမထွက်ခင် ဒါတွေ စစ်ပြီးပြီလား? ခရီးဝေးမောင်းနှင်မ...
10/05/2026

🚗 "ကားကြံ့ခိုင်မှု (၁၀၀%) ရှိမှသာ ခရီးစတင်တဲ့ ရွှေတောင်ရဲ့ စံနှုန်း"
ခရီးမထွက်ခင် ဒါတွေ စစ်ပြီးပြီလား? ခရီးဝေးမောင်းနှင်မယ့် EV ကားများအတွက် မဖြစ်မနေ စစ်ဆေးရမယ့် Checklist (၆) ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။ ဘက်ထရီက စိတ်ချရရဲ့လား? (Battery & Range)
ခရီးမထွက်ခင် ဘက်ထရီကို အပြည့်သွင်းပါ။ မိမိသွားမယ့်လမ်းကြောင်းရဲ့ အကွာအဝေးနဲ့ ကားရဲ့ Range ကို သေချာတွက်ချက်ပါ။ အရေးပေါ်သုံး Portable Charger ပါ၊ မပါ အမြဲစစ်ပါ။

၂။ တာယာလေပေါင်ကို ဂရုစိုက်ပါ (Tire Pressure)
EV ကားတွေက ပုံမှန်ကားတွေထက် ပိုလေးတဲ့အတွက် တာယာလေပေါင် မှန်ကန်ဖို့က အရေးကြီးပါတယ်။ လေပေါင်နည်းနေရင် Range ကို ထိခိုက်စေနိုင်သလို လမ်းမှာ တာယာအပူလွန်ကဲတာမျိုး ဖြစ်တတ်ပါတယ်။

၃။ Coolant နဲ့ Washer Fluid (Fluids)
ဘက်ထရီနဲ့ မော်တာကို အအေးပေးတဲ့ Coolant အဆင့်ကို စစ်ဆေးပါ။ လမ်းမှာ လေကာမှန် ကြည်ကြည်လင်လင်ရှိဖို့အတွက် Washer Fluid (မှန်ဆေးရည်) ကိုလည်း အပြည့်ဖြည့်ထားပါ။

၄။ ဘရိတ်နဲ့ စနစ်များ (Braking System)
ဘရိတ်ဆီ အခြေအနေနဲ့ Regenerative Braking စနစ် ကောင်းမွန်စွာ အလုပ်လုပ်၊ မလုပ် စစ်ဆေးပါ။ ဒီစနစ်က ခရီးဝေးမောင်းတဲ့အခါ ဘက်ထရီအားကို ချွေတာပေးနိုင်လို့ပါ။

၅။ Charging Station လမ်းကြောင်း (Route Map)
ကိုယ်သွားမယ့် လမ်းတလျှောက်မှာရှိတဲ့ အားသွင်းစခန်း (Charging Station) တွေကို ကြိုတင်မှတ်ထားပါ။

၆။ အရေးပေါ်သုံးပစ္စည်း (Emergency Tools)
တာယာဖာစက်၊ အချက်ပြတြိဂံ၊ မီးသတ်ဗူးနဲ့ ရှေးဦးသူနာပြုသေတ္တာ စတဲ့ အရေးပေါ်သုံးပစ္စည်းတွေကို ကားမှာ အမြဲဆောင်ထားဖို့ မမေ့ပါနဲ့။

ကျွန်ုပ်တို့ ရွှေတောင်မှာတော့ ခရီးသည်တိုင်း ဘေးကင်းစိတ်ချစွာ သွားလာနိုင်ဖို့ ဒီစံနှုန်းတွေကို အမြဲအလေးထား ဆောင်ရွက်နေပါတယ်။ အားလုံးပဲ ဘေးကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်များ ပိုင်ဆိုင်နိုင်ကြပါစေ။

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ရန်ကုန်ရုံး:
အမှတ် (၂၅)၊ လေဆိပ်လမ်းသွယ် (၂) လမ်း၊ အင်းစိန်မြို့နယ်၊ရန်ကုန်မြို့။
09-797484869 / 09-794510766
မော်လမြိုင်ရုံး:
အမှတ် (၁၃)၊ ကျောက်မီးသွေးရုံလမ်း၊ ကွင်းရပ် ရပ်ကွက်၊မော်လမြိုင်မြို့။
09-797360507

#ခရီးသွားကြမယ် #ရန်ကုန် #ခရီးသွား #မော်လမြိုင်မြို့ #ခရီးသွားဝန်ဆောင်မှု

ရန်ကုန်ကနေ ဘားအံကို Premium EV ကားသစ်ကြီးတွေနဲ့ ခရီးသွားကြစို့! 🚗💨သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့  ဇွဲကပင်မြေ ဘားအံ (Hp...
08/05/2026

ရန်ကုန်ကနေ ဘားအံကို Premium EV ကားသစ်ကြီးတွေနဲ့ ခရီးသွားကြစို့! 🚗💨
သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဇွဲကပင်မြေ ဘားအံ (Hpa-An) ကို အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာ သွားချင်သူတွေအတွက် သတင်းကောင်း! 📣

🏙️ ရန်ကုန်ကနေ ဘားအံ သွားမလား?
⛰️ ဘားအံကနေ ရန်ကုန် လာမလား?

ရွှေတောင် (Shwe Taung) မှ "ရန်ကုန် ↔ ဘားအံ" ခရီးစဉ်သစ်ကို အဆင့်မြင့် Premium EV Taxi များဖြင့် စတင်ပြေးဆွဲပေးနေပါပြီ။ ⚡✨

✨ ရွှေတောင် (Shwe Taung) မှာဆိုရင် နောက်ဆုံးပေါ် Changan နဲ့ Toyota BZ3 EV ကားအသစ်ကြီးတွေနဲ့ နေ့စဉ်ပြေးဆွဲလျှက်ရှိပါတယ်။

Professional Drivers: ကျွမ်းကျင်ပြီး ယဉ်ကျေးပျူငှာတဲ့ ယာဉ်မောင်းများက ခရီးစဉ်တစ်လျှောက် ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးမှာပါ။

Premium Service: ကားအတွင်းခန်း သန့်ရှင်းသပ်ရပ်မှုနဲ့ သက်သောင့်သက်သာရှိမှုကို အဓိကထားတာမို့ မိသားစုပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အပန်းဖြေခရီးအတွက် အသင့်တော်ဆုံးပဲပေါ့။

ဇွဲကပင်တောင်ခြေက တိမ်ပင်လယ်ကို ကြည့်မလား... ကန်သာယာမှာ အနားယူမလား... ဘားအံရဲ့ အလှတရားတွေကို ခံစားဖို့ အခုပဲ ဖုန်းဆက်ပြီး Booking တင်လိုက်ရအောင်။ 📞

📍 ခရီးစဉ် - ရန်ကုန် ↔ ဘားအံ

ဘိုကင်တင်ရန် ဖုန်းနံပါတ်များ -
📞 09 797484869
📞 09 794510766
📞 09 797360507
#ခရီးသွားဝန်ဆောင်မှု #ကျိုက်ထီးရိုး #မော်လမြိုင်မြို့ #ခရီးသွား #ရန်ကုန် #ခရီးသွားကြမယ် #ဘာအံ #ဇွဲကပင်တောင်

ရွှေတောင်(Shwe Taung)မှ ရန်ကုန် - မော်လမြိုင် ခရီးစဉ်များအပြင် တခြားမြို့များကိုလည်း စင်းလုံးငှား ဝန်ဆောင်မှုပေးနေပါပြီ။...
05/05/2026

ရွှေတောင်(Shwe Taung)မှ ရန်ကုန် - မော်လမြိုင် ခရီးစဉ်များအပြင် တခြားမြို့များကိုလည်း စင်းလုံးငှား ဝန်ဆောင်မှုပေးနေပါပြီ။
📍 ရန်ကုန်-ကျိုက်ထို
📍 ရန်ကုန်-ကျိုက္ခမီ
📍 ရန်ကုန်-သံဖြူဇရပ်
📍 ရန်ကုန်-ဘားအံ
📍 ရန်ကုန်-ချောင်းဆုံ
📍 ရန်ကုန်-မုဒုံ

💁‍♂️ အပြင် မော်လမြိုင်မှလည်း စင်လုံးငှားဝန်ဆောင်မှုတွေကတော့-
📍 မော်လမြိုင်-ပုသိမ်
📍 မော်လမြိုင်-ချောင်းသာ
📍 မော်လမြိုင်-ငွေဆောင်
📍 မော်လမြိုင်-ကျိုက္ခမီ
📍 မော်လမြိုင်-မြဝတီ
📍 မော်လမြိုင်-သံဖြူဇရပ်

စတဲ့ မြို့တွေကိုပါ အိမ်တိုင်ရာရောက် ခရီးသည်များကို ပို့ဆောင်ပေးနေပါပြီခင်ဗျာ။
EV ကားအသစ်စက်စက်များ၊ ယဉ်ကျေးသော ယာဉ်မောင်းများဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးနေတာမို့ အခုပဲ ဖုန်းဆက်လိုက်ပါဦးဗျာ။

စိတ်ချယုံကြည်ရတဲ့ခရီးစဉ်ဖြစ်ဖို့ ရွှေတောင်နှင့်ခရီးသွားစို့
📞 Book Now :
Yangon : 09 797484869, 09 794510766
Mawlamyine :09 797360507

ညနက်သန်းခေါင် လေဆိပ်ဆင်းမယ့်သူတွေအတွက် "ရွှေတောင်" ရှိတယ်!ရန်ကုန်လေဆိပ်ကို ညဥ့်နက်မှ ရောက်မှာလား၊ မိုးမလင်းခင် လေဆိပ်ဆင်...
03/05/2026

ညနက်သန်းခေါင် လေဆိပ်ဆင်းမယ့်သူတွေအတွက် "ရွှေတောင်" ရှိတယ်!
ရန်ကုန်လေဆိပ်ကို ညဥ့်နက်မှ ရောက်မှာလား၊ မိုးမလင်းခင် လေဆိပ်ဆင်းရမှာလား? အငှားကားရှာရခက်မှာနဲ့ လမ်းခရီးလုံခြုံမှုကို စိတ်မပူပါနဲ့တော့။ လေဆိပ်အနီးဆုံးမှာ Stand by ရှိနေတဲ့ ရွှေတောင် (Shwe Taung) EV Taxi Service က လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းကို အကောင်းဆုံး တာဝန်ယူဖြေရှင်းပေးနေပါပြီ။

ဘာကြောင့် "ရွှေတောင်" ကို ရွေးချယ်သင့်သလဲ?
သန့်ရှင်းသပ်ရပ်သော EV ကားသစ်ကြီးများ:သက်သောင့်သက်သာနဲ့ စိတ်ကျေနပ်မှုအပြည့်စေမယ့် ခရီးစဉ်ကို Full A/C နဲ့ ခံစားလိုက်ပါ။

Night Flight Service Available: ညရေးညတာ အရေးပေါ် လေဆိပ်သွားချင်သူများ ၊ လေဆိပ်မှ ရန်ကုန်မြို့တွင်း သွားချင်သူများ ဆက်သွယ်နိုင်ပါပြီ။

အတွေ့အကြုံရှိပြီး ကျွမ်းကျင်ယဉ်ကျေးသော ယာဉ်မောင်းများ: လမ်းကြောင်းကျွမ်းကျင်ပြီး စိတ်ရှည်သည်းခံတဲ့ Driver များက လူကြီးမင်းတို့ သွားလိုရာခရီးစဉ်တိုင်းကို ဘေးကင်းလုံခြုံစွာနဲ့ ပို့ဆောင်ပေးမှာပါ။

လုံခြုံစိတ်ချမှု : ခရီးစဉ်တိုင်းကို ဘေးကင်းလုံခြုံမှုရှိစေဖို့ ကားတိုင်းမှာ GPS Tracking စနစ်ထည့်သွင်းထားပြီး အချိန်နှင့်တပြေးညီ စောင့်ကြည့်ဝန်ဆောင်မှုပေးနေပါပြီ။

"We are only one call away"

ရန်ကုန်လေဆိပ်ကနေ မြို့ထဲကို စိတ်အေးချမ်းသာစွာ စီးနင်းဖို့အတွက် အခုပဲ ဖုန်းဆက်လိုက်ပါ။

📞 Booking - 09-9777849043
📍ရန်ကုန်ရုံး:အမှတ် (၂၅)၊ လေဆိပ်လမ်းသွယ် (၂) လမ်း၊ အင်းစိန်မြို့နယ်။

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (International Workers' Day) အတွက် ရွှေတောင်ခရီးသွားဝ...
01/05/2026

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (International Workers' Day) အတွက် ရွှေတောင်ခရီးသွားဝန်ဆောင်မှု မိသားစုမှ ဂုဏ်ပြုနှုတ်ခွန်းဆက်သအပ်ပါသည်။

လုပ်ငန်းခွင်အသီးသီးတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်နေကြသည့် အလုပ်သမားထုတစ်ရပ်လုံး၏ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်ပြီး သာယာဝပြောသော ဘဝများ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။

#အလုပ်သမားနေ့ #ခရီးသွားဝန်ဆောင်မှု

ရန်ကုန်လေဆိပ်အနီးမှာတင် ရုံးခန်းအခြေစိုက်ထားတဲ့ ရွှေတောင် (Shwe Taung) EV Taxi Service က လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်း...
30/04/2026

ရန်ကုန်လေဆိပ်အနီးမှာတင် ရုံးခန်းအခြေစိုက်ထားတဲ့ ရွှေတောင် (Shwe Taung) EV Taxi Service က လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းအတွက် အသင့်ရှိနေပါပြီ။
လေဆိပ်ကိုသွားဖို့ပဲဖြစ်ဖြစ်၊ လေဆိပ်ကနေ အိမ်ပြန်ဖို့ပဲဖြစ်ဖြစ် အချိန်မရွေး စိတ်ချလက်ချ ခေါ်ဆိုနိုင်ပါတယ်။
လေဆိပ်ခရီးစဉ်တွေသာမက ရန်ကုန်မြို့တွင်းနဲ့ နယ်ဝေးခရီးစဉ်အသီးသီးကိုလည်း အဆင့်မြင့် EV ကားကြီးများနဲ့ အကောင်းဆုံဝန်ဆောင်မှုပေးနေတာဖြစ်တဲ့အတွက် ကားရှာရခက်လို့ စိတ်ညစ်နေစရာ မလိုတော့ဘူးပေါ့။ ✈️🚗
✅ ညဥ့်နက်ချိန်တွေမှာလည်း စိတ်ချလက်ချ ခေါ်ဆိုနိုင်ခြင်း။
✅ ခရီးသည်လုံခြုံရေး အတွက် ကျွမ်းကျင်ယဉ်ကျေးသော ယာဉ်မောင်းများမှ တာဝန်ယူပေးခြင်း။
✅ Full A/C အေးမြမှုနဲ့အတူ သက်သောင့်သက်သာရှိတဲ့ ခရီးစဉ်ကို ပိုင်ဆိုင်နိုင်ခြင်း။

ခရီးသည်နဲ့ အထုပ်အပိုးများ ဘေးကင်းဖို့ "ရွှေတောင်" (Shwe Taung) မှ ၁၀၀% တာဝန်ယူပါရစေ! 🧳✨

အခုပဲ ကြိုတင် Booking တင်လိုက်ပါ -
09-777849043
ရန်ကုန်ရုံး: အမှတ် (၂၅) ၊ လေဆိပ်ဆိပ်လမ်းသွယ် (၂) လမ်း ၊
အင်းစိန်မြို့နယ် ၊ ရန်ကုန်။

အသံမဲ့သော ခရီးသည်(တိတ်ဆိတ်ခြင်း နှင့် အေးမြခြင်း)လမ်းမပေါ်ဝယ် တရိပ်ရိပ် နီးကပ်လာသော ထိုယာဉ်ငယ်ကို လှမ်း၍ မြင်လိုက်ရ၏။ ပု...
26/04/2026

အသံမဲ့သော ခရီးသည်
(တိတ်ဆိတ်ခြင်း နှင့် အေးမြခြင်း)

လမ်းမပေါ်ဝယ် တရိပ်ရိပ် နီးကပ်လာသော ထိုယာဉ်ငယ်ကို လှမ်း၍ မြင်လိုက်ရ၏။ ပုံသဏ္ဌာန်မှာ အခြားသော မော်တော်ကားများနည်းတူပင် ဖြစ်သော်လည်း ၎င်း၏ ကိုယ်ထည်ကား ပြောင်လက်၍ နေပေသည် ။ ကျွန်ုပ်လည်း ကားတံခါးကို ဆွဲဖွင့်ကာ ကားပေါ်သို့ တက်၍ ထိုင်လိုက်၏။ ကားထိုင်ခုံ၏ အိစက်ညက်ညောမှုမှာ ပြောပလောက်အောင်ပင် ရှိလှပေသည်။

ခဏအကြာတွင် ကားဆရာက ခါးပတ်ကို ပတ်လျက် စက်နိုးရန် ပြင်ဆင်လေသည်။ ကျွန်ုပ်လည်း အစဉ်အလာအရ ကြားနေကျဖြစ်သော အင်ဂျင်၏ ဟိန်းဟောက်သံ ‘ဝူး’ ခနဲ မြည်သံကို နားစွင့်နေမိ၏။ သို့သော် အံ့ဩဖွယ်ရာပင်။ ကားဆရာက စက်နိုးလိုက်သည်ဟုပင် မထင်မှတ်ရ။ အင်ဂျင်တုန်ခါမှုလည်း မရှိ၊ ဆူညံသံလည်း ကင်းမဲ့လှ၏။ ကျွန်ုပ်မှာ ကားစက်နိုးသွားပြီလားဟုပင် သံသယဝင်နေမိစဉ်မှာပင်၊ ကားကလေးမှာ ရှေ့သို့ လျှောခနဲ ရွေ့လျားသွားလေတော့သည်။

ယခင်ကဆိုလျှင် ကားသော့ကို လှည့်လိုက်သည်နှင့် အင်ဂျင်၏ သက်ဝင်လှုပ်ရှားသံက နားထဲသို့ တိုးဝင်လာတတ်သော်လည်း ယခုမူကား ‘တိတ်ဆိတ်ခြင်း’ ကသာ ကြီးစိုးလျက် ရှိတော့၏။ ကားသည် လမ်းမထက်ဝယ် လေဟုန်စီးနေသည့်နှယ် ငြိမ့်ညောင်းစွာ ပြေးလွှားနေပေသည်။ ကားရှေ့ရှိ LCD ဖန်သားပြင်ထက်မှ ဆန်းကြယ်သော ရုပ်ပုံလွှာများကလည်း စွဲမက်ဖွယ်ကောင်းလှသဖြင့် မိမိကိုယ်တိုင် ခရီးသွားနေသည်ကိုပင် ခဏတာ မေ့လျော့၍ ငေးကြည့်နေမိလေသည်။

ကျွန်ုပ်သည် ကားပြတင်းပေါက်အပြင်ဘက်သို့ လှမ်းမြော်ကြည့်မိပြန်၏။ သစ်ပင်တောတောင်နှင့် လမ်းဘေးဝဲယာ ရှုခင်းတို့သည် နောက်သို့ တရိပ်ရိပ် ကျန်ရစ်ခဲ့ကြသော်လည်း အေးမြသော လေပြေလေညင်းတို့ကမူ ကျွန်ုပ်၏ ကိုယ်ခန္ဓာကို လာရောက်ထိတွေ့နေကြပေသည်။ သို့ရာတွင် ထိုအေးမြမှုကား အပြင်လောကမှ တိုက်ခတ်လာသော သဘာဝလေမဟုတ်၊ ယာဉ်အတွင်းရှိ စက်လေး က ဖန်တီးပေးလိုက်သော လေအေးများသာ ဖြစ်လေသည်။

ဤကဲ့သို့သော ‘တိတ်ဆိတ်ခြင်း’ နှင့် ‘အေးမြခြင်း’ တို့ ပေါင်းစပ်လိုက်သည့်အခါ လူတို့၏ စိတ်အာရုံ၌ ဖြစ်ပေါ်နေသော အမောအပန်းတို့သည်လည်း အလိုအလျောက် ပျောက်ကွယ်သွားရလေတော့သည်။ လောကီဘဝ၏ ရုန်းကန်လှုပ်ရှားရမှုများ၊ ပူလောင်ပင်ပန်းမှုများကို ဤကားကလေးအတွင်းဝယ် ခဏတာမျှ မေ့လျော့ထားနိုင်ပေသည်။ တုန်ခါမှုကင်း၍ ငြိမ်သက်လှသဖြင့် မိမိ၏ စိတ်အစဉ်သည်လည်း ကြည်လင်အေးချမ်းလျက် ရှိနေတော့၏။

အို... လိုရာခရီးသို့ ဆိုက်ရောက်၍ ကားပေါ်မှ ဆင်းရတော့မည်ဖြစ်သော်လည်း၊ တိတ်ဆိတ်ငြိမ်းချမ်းလှသော ထိုခေတ္တခဏတာ အခိုက်အတန့်ကလေးကိုမူ ကျွန်ုပ်မှာ များစွာ သဘောကျမိလေသည်။ အင်ဂျင်သံမကြား၊ မီးခိုးနံ့မရဘဲ သက်သောင့်သက်သာဖြင့် ခရီးနှင်ရသည့် ဤခံစားချက်မျိုးမှာ သိပ္ပံခေတ်သစ်၏ ထူးခြားသော လက်ဆောင်တစ်ခုပင် ဖြစ်တော့သတည်း။

ရန်ကုန်ရုံး
09797484869
09794510766

မော်လမြိုင်ရုံး
09797360507

ရန်ကုန်မြို့တွင်း EV Taxi စင်းလုံးငှား Service ရွှေတောင်မှ ရန်ကုန်မြို့တွင်း ဘယ်ကိုပဲသွားသွားDriver ပါပြီး EV Taxi စင်းလ...
21/04/2026

ရန်ကုန်မြို့တွင်း EV Taxi စင်းလုံးငှား Service

ရွှေတောင်မှ ရန်ကုန်မြို့တွင်း ဘယ်ကိုပဲသွားသွား
Driver ပါပြီး EV Taxi စင်းလုံးငှား Service လေး
ရှိနေပြီနော် ။

ခရီးစဉ်အသေးစိတ်ကို ပြောပြပြီး ဈေးနှုန်းစုံစမ်းဖို့ အခုပဲ ဖုန်းဆက်လိုက်တော့နော်😊😊😊

Contact us
09-797484869
09-794510766

#ခရီးသွားဝန်ဆောင်မှု #ရန်ကုန် #စင်းလုံးငှား #ယာဉ်မောင်း

သင်္ကြန်ပိတ်ရက်ပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခရီးသွားဖို့လိုအပ်နေရင် ရွှေတောင် EV Taxi ရှိတယ်နော်...မြို့ပြန်လမ်းမှာ ကားက...
19/04/2026

သင်္ကြန်ပိတ်ရက်ပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခရီးသွားဖို့လိုအပ်နေရင် ရွှေတောင် EV Taxi ရှိတယ်နော်...

မြို့ပြန်လမ်းမှာ ကားကျပ်တာ၊ ပူအိုက်တာတွေကြောင့် စိတ်မညစ်ရအောင် ရွှေတောင် EV Taxi ကို သတိရလိုက်ပါ။
ကျွန်တော်တို့ရဲ့ EV Taxi တွေက လူကြီးမင်းတို့ရဲ့ ခရီးစဉ်ကို သက်သောင့်သက်သာ ၊ လန်းလန်းဆန်းဆန်းနဲ့ ရောက်ရှိစေမှာပါ။ 🌿🚗
အဆင့်မြင့် EV ကားသစ်ကြီးများ
သက်သောင့်သက်သာ ခရီးစဉ်
ယဉ်ကျေးပျူငှာသော ဝန်ဆောင်မှု
သင်္ကြန်အပြီး အလုပ်ခွင်ပြန်တက်မယ့် ခရီးစဉ်တိုင်းအတွက် ရွှေတောင် က အမြဲရှိနေမှာပါ။ 🤝

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ရန်ကုန်ရုံး:
အမှတ် (၂၅)၊ လေဆိပ်လမ်းသွယ် (၂) လမ်း၊ အင်းစိန်မြို့နယ်၊ရန်ကုန်မြို့။
09-797484869 / 09-794510766
မော်လမြိုင်ရုံး:
အမှတ် (၁၃)၊ ကျောက်မီးသွေးရုံလမ်း၊ ကွင်းရပ် ရပ်ကွက်၊မော်လမြိုင်မြို့။
09-797360507

#ခရီးသွားဝန်ဆောင်မှု #ခရီးသွားကြမယ်

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဆုတောင်းမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် မြန်မာပြည်...
17/04/2026

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဆုတောင်း

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင်
မြန်မာပြည်သူပြည်သားအပေါင်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
ရွှင်လန်းချမ်းမြေ့ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

#နှစ်ဆန်းတစ်ရက်နေ့ #ခရီးသွားဝန်ဆောင်မှု #ရန်ကုန်

Address

အမှတ်(၂၅)လေဆိပ်လမ်းသွယ်(၂)လမ်း၊အင်းစိန်မြို့နယ်
Yangon

Website

Alerts

Be the first to know and let us send you an email when SHWE TAUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share