EMJ Travel Co., Ltd.

EMJ Travel Co., Ltd. EMJ Travel Co., Ltd. "Travel, Tour & Fleet Rental Services" Welcome to EMJ Travel Co., Ltd. We are offering our service in Yangon, Manday and Naypidaw.

We are passionate about our work and our unique services. We do want to deliver the needs of our valued customers and our mission is to provide Excellent Service to satisfy every customer with pleasantly surprised experience. We offer a wide range of limousine, convertibles, economy cars, Prestige cars, 4x4's and many more vehicles. We focus on making sure to provide a personal high quality servic

e to our customers who rely on us, and our fleet of well maintained vehicles and well-experienced qualified drivers.

✨နှစ်သစ်ဆုတောင်း✨မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး၊ကမ္ဘာသူ ကမ္ဘာသား အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကပ်ကြီ...
17/04/2026

✨နှစ်သစ်ဆုတောင်း✨

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး၊
ကမ္ဘာသူ ကမ္ဘာသား အားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
ကပ်ကြီး ၃ပါးကင်းဝေး၍
ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ🙏🙏🙏

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှစ၍ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံပြီး စီးပွားလာဘ်လာဘ များ တိုးပွားကြပါစေကြောင်း EMJ Travel Co., Ltd မှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။

#မြန်မာနှစ်သစ်ဆုတောင်းမေတ္တာ

📢 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲: 𝐏𝐚𝐬𝐬𝐞𝐧𝐠𝐞𝐫 𝐍𝐑𝐂 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 Dear Valued Passengers, 𝐄𝐟𝐟. 𝟎𝟗 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟔, enhanced passenger data checks...
08/04/2026

📢 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲: 𝐏𝐚𝐬𝐬𝐞𝐧𝐠𝐞𝐫 𝐍𝐑𝐂 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬

Dear Valued Passengers,

𝐄𝐟𝐟. 𝟎𝟗 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟔, enhanced passenger data checks will be carried out by relevant authorities for all domestic and international airports.

Myanmar Citizen are advised to:

1️⃣ Enter accurate NRC details when making your booking
2️⃣ Present your NRC at the check-in counter for verification
3️⃣ Arrive early to allow sufficient time for verification procedures

Thank you for your cooperation in helping us ensure a safe and smooth journey.




[Myanmar Version Below]

ချစ်ခင်လေးစားအပ်ပါသော ခရီးသွားပြည်သူများရှင်

၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံးအတွက် သက်ဆိုင်ရာလေဆိပ်အာဏာပိုင်များမှ ခရီးသည်အချက်အလက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Myanmar Citizen ခရီးသည်များအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1️⃣ လေယာဥ်လက်မှတ် booking ပြုလုပ်ရာတွင် မှတ်ပုံံတင် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပေးပါရန်
2️⃣ Check-in ကောင်တာ၌ Check-in ပြုလုပ်ရာတွင် မှတ်ပုံတင် အချက်အလက်စစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားမည်ဖြစ်ပါသည်။
3️⃣ ခရီးစဥ်နှောင့်နှေးမှုကြန့်ကြာမှုများ မဖြစ်စေရန် နှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအတွက် လုံလောက်သော အချိန်ရရှိစေရန်အတွက် သတ်မှတ်ချိန်ထက် ကြိုတင်ရောက်ရှိစေရန် လိုအပ်ပါသည်။

ခရီးစဉ်တိုင်းကို အဆင်ပြေချောမွေ့နိုင်စေရန် ခရီးသည်များ၏ ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

‌၁၀၀% စိတ်ချယုံကြည်စွာဖြင့် ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များဝယ်ယူမယ်ဆိုရင်တော့ ကျွန်မတို့ EMJ Travel သို့ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဖြစ်စေ သို့မဟုတ် Page Messenger တွင်လည်း 24-Hours စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

📍Available in Viber, Line, WhatsApp and EMJ Travel page Chat Box

📱𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 :
𝗥𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻 & 𝗧𝗶𝗰𝗸𝗲𝘁𝗶𝗻𝗴 :
Hotline: 09 402944081
Line/Viber: +959 402944081 / +959 250031681

Address: Building 11, Room (501), 4 Floors, MICT Park, HlaingTownship, Yangon.









📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲လက်ရှိတွင် ကြုံတွေ့နေရသော လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခက်အ...
24/03/2026

📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲

လက်ရှိတွင် ကြုံတွေ့နေရသော လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကြောင့် မြန်မာအမျိုးသားလေကြောင်း(MNA) အနေဖြင့် ပြည်တွင်း/ ပြည်ပ ခရီးစဉ်များ အချိန်မှန်ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ခရီးစဉ်ဖျက်သိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ခရီးဆောင်အိတ် အလေးချိန် ကန့်သတ်ချက်များကို (၁-ဧပြီ-၂၀၂၆) ရက်နေ့မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါသည်ရှင်။

🧳𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
ပြည်ပခရီးစဉ်များ (International Flights)
• Business Class: 40 Kg (2 Pieces)
• Economy Class : 30 Kg (2 Pieces)
• Economy Class (Saver&Promo): 20 Kg (2 Pieces)
ပြည်တွင်းခရီးစဉ်များ (Domestic Flights)
• Business Class: 30 Kg (2 Pieces)
• Economy Class: 20 Kg (2 Pieces)

💼 𝐇𝐚𝐧𝐝 𝐂𝐚𝐫𝐫𝐲 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
(ပြည်တွင်း / ပြည်ပ ခရီးစဉ်များအားလုံး)
• Business Class: Total 14Kg (2 Pieces)
• Economy Class: Total 7 Kg (1 Piece)

မှတ်ချက်
* Hand Carry Baggage Allowance အတွင်းတွင် Duty Free မှ ဝယ်ယူသည့်ပစ္စည်းများ၏အလေးချိန်ပါဝင်ပြီးဖြစ်ပါသည်။
* သတ်မှတ်ထားသော kgထက်ကျော်လွန်သည့် Kg များအား Extra Fee ကောက်ခံသွားမည်ဖြစ်ပါသည်။

ယခုကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အဆင်မပြေမှုများအတွက် နားလည်ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်။

📍Available in Viber, Line, WhatsApp and EMJ Travel page Chat Box

📱𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 :
𝗥𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻 & 𝗧𝗶𝗰𝗸𝗲𝘁𝗶𝗻𝗴 :
Hotline: 09 402944081
Line/Viber: +959 402944081 / +959 250031681

Address: Building 11, Room (501), 4 Floors, MICT Park, HlaingTownship, Yangon.








 (22 March 2026 စတင်အသက်ဝင်ပါပြီ)[𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐓𝐑𝐀𝐕𝐄𝐋 𝐀𝐃𝐕𝐈𝐒𝐎𝐑𝐘]📢 ခရီးသွားပြည်သူများသို့ MAI Airlines မှ အရေးကြီးအသိပေးကြေညာ...
22/03/2026


(22 March 2026 စတင်အသက်ဝင်ပါပြီ)

[𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐓𝐑𝐀𝐕𝐄𝐋 𝐀𝐃𝐕𝐈𝐒𝐎𝐑𝐘]

📢 ခရီးသွားပြည်သူများသို့ MAI Airlines မှ အရေးကြီးအသိပေးကြေညာချက်

ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်..

မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်း ဖြစ်ပါသည်။ ယခုဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။

ထို့ကြောင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အလေးချိန် ပြင်ဆင်ချက်ကို အောက်ပါအတိုင်း ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်ပြီး နောက်ထပ်ကြေညာချက်အသစ် မထုတ်ပြန်သည်အထိ အကျုံးဝင်ကာ အသုံးပြုသွားမည် ဖြစ်ပါသည်။

• Economy Class: 20KG (တစ်အိတ်သာ ခွင့်ပြု)
• Business Class: 30KG (တစ်အိတ်သာခွင့်ပြု)
• Hand-carry: 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု)
• Excess Baggage: အများဆုံး ၅ ကီလိုဂရမ်

• မှတ်ချက် - အပိုခရီးဆောင်အိတ်များကို လက်ခံခြင်းသည် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။

ထို့အပြင် MAI သည်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

MAI အနေဖြင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာခရီးသွားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေ လို ပါသည်။ ယခုအခြေအနေသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိပါတော့သည်။ ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

ယခုကဲ့သို ခက်ခဲလှသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် ခရီးသည်များအားအထူးတောင်းပန်အပ်ပါသည်။ယခုကဲ့သို့ခက်ခဲသောကာလအတွင်း ခရီးသည်များ၏ နားလည်ပံ့ပိုးပေးမှုကို လေးစားစွာ ဖြင့် ကျေးဇူးတင်ရှိပါသည်။

📍Available in Viber, Line, WhatsApp and EMJ Travel page Chat Box

📱𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 :
𝗥𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻 & 𝗧𝗶𝗰𝗸𝗲𝘁𝗶𝗻𝗴 :
Hotline: 09 402944081
Line/Viber: +959 402944081 / +959 250031681

Address: Building 11, Room (501), 4 Floors, MICT Park, HlaingTownship, Yangon.








📌 လေယာဉ်လက်မှတ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်မှုအတွက် သတိပေးချက်လေးပါ 📌မင်္ဂလာပါရှင် 🙏လောင်စာဆီဈေးနှုန်း အခြေအနေကြောင့် လ...
12/03/2026

📌 လေယာဉ်လက်မှတ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်မှုအတွက် သတိပေးချက်လေးပါ 📌

မင်္ဂလာပါရှင် 🙏

လောင်စာဆီဈေးနှုန်း အခြေအနေကြောင့် လေယာဉ်လက်မှတ်ခ (Fare) တွေက တစ်ရက်နဲ့တစ်ရက် မတူဘဲ ပြောင်းလဲနိုင်ပါသဖြင့် ခရီးစဉ်အတွက် ဘိုကင်တင်တဲ့နေ့မှာတင် လက်မှတ်လေးတွေကို အပြီးထုတ်ထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။

ဈေးနှုန်းအပြောင်းအလဲလေးတွေ ရှိနိုင်တာကိုလည်း နားလည်ပေးကြဖို့ ကြိုတင်အသိပေးပါရစေနော် 💁

ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙆

📍Available in Viber, Line, WhatsApp and EMJ Travel page Chat Box

📱𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 :
𝗥𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻 & 𝗧𝗶𝗰𝗸𝗲𝘁𝗶𝗻𝗴 :
Hotline: 09 402944081
Line/Viber: +959 402944081 / +959 250031681

Address: Building 11, Room (501), 4 Floors, MICT Park, HlaingTownship, Yangon.







💥 နွေရာသီရဲ့  သင်္ကြန်ပိတ်ရက်ရှည်ကို တန်ဖိုးရှိရှိ ကုန်ဆုံးချင်ပါသလား? 🏖️☑️  ပိတ်ရက်ရှည်မှာ အပန်းဖြေခရီးလည်းထွက်ချင်တယ် ...
07/03/2026

💥 နွေရာသီရဲ့ သင်္ကြန်ပိတ်ရက်ရှည်ကို တန်ဖိုးရှိရှိ ကုန်ဆုံးချင်ပါသလား? 🏖️

☑️ ပိတ်ရက်ရှည်မှာ အပန်းဖြေခရီးလည်းထွက်ချင်တယ် ....

☑️ စီစဉ်ဖို့ကလည်း အချိန်မရှိ ....

☑️ အချိန်ရှိပြန်တော့လည်း ဘယ်ကစလို့ ဘယ်လိုလုပ်ရမှန်းလည်းမသိ ....

☑️ ရတဲ့အချိန်နဲ့ သွားချင်တဲ့နေရာမစုံမှာလည်းဆိုး .....

ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ လူကြီးမင်းတို့အတွက် စိတ်ပူပန်မှုတွေပျောက်ကင်းစေပြီး သက်တောင့်သက်သာနဲ့ စိတ်ချရတဲ့ ခရီးစဉ်တစ်ခုကို ဖန်တီးပေးနိုင်မယ့် "EMJ Travel Co.Ltd" ရှိနေပါပြီရှင်။

🍁တစ်နှစ်ပတ်လုံး အလုပ်တာဝန်တွေကြားမှာ နစ်မြုပ်နေရလို့ အားလပ်ရက်မှာ အပန်းဖြေခရီးကို စိတ်လက်ပေါ့ပါးစွာနဲ့ အနားယူချင်တယ်ဆိုရင်တော့ "EMJ Travel Co.Ltd" နဲ့ ခရီးသွားလိုက်ပါနော် ခရီးစဉ်တစ်လျှောက် တစ်ထောက်နားမယ့် စားသောက်ဆိုင်တွေက စလို့ ညအိပ်တည်းခိုမယ့် ဟိုတယ်အဆုံး အရာအားလုံးကို ပြန်လှည့်ကြည့်စရာမလိုပဲ ပြီးပြည့်စုံတဲ့ အားလပ်ရက်ခရီးစဉ်တစ်ခုဖြစ်ဖို့ တာဝန်ယူပါတယ်ရှင်

✈️ဒါ့အပြင် ပြည်တွင်းတင်မက ပြည်ပ ခရီးစဉ်များအတွက်လည်း လေယာဉ်လက်မှတ် (Air Ticketing) ဝယ်ယူခြင်းဝန်ဆောင်မှုပါ ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် အချိန်ကုန်လူ၊စိတ်ပင်ပန်းသက်သာစွာနဲ့ အေးအေးဆေးဆေး ခရီးသွားနိုင်မှာဖြစ်ပါတယ်ရှင်

🚗လေဆိပ်အကြိုအပို့၊ မြို့တွင်းအသုံးပြုမှုများ နှင့် နယ်ခရီးစဉ်များအတွက်လည်း ကားအမျိုးအစားစုံလင်စွာ ငှားရမ်းနိုင်ပြီး ကျွမ်းကျင်သော ယာဉ်မောင်းများဖြင့် စီစဉ်ဝန်ဆောင်မှု ပေးထားတဲ့အတွက် ဆန္ဒရှိတဲ့ နေရာတိုင်းကို စိတ်အေးချမ်းသာစွာဖြင့် သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်ရှင်

🤝"EMJ Travel Co.Ltd " က Travel Agency တစ်ခုဆိုတာထက်ပိုတဲ့ လူကြီးမင်းတို့အတွက် တိုင်ပင်ဖော်တစ်ယောက်အဖြစ်ရှိနေမှာမို့ လူကြီးမင်းတို့က ဘယ်ရက်မှာ ဘယ်ခရီးစဉ်ကို ဘယ်သူတွေနဲ့ ဘယ်လို ကြည်နူးပျော်ရွှင်စရာတွေကို ဖန်တီးမယ်ဆိုတာပဲ တွေးလာခဲ့ပါ။ လူကြီးမင်းတို့ရဲ့ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့ "EMJ Travel Co.Ltd" က အသင့်ရှိနေမှာပါ။

အားလပ်ရက်မှာ ချစ်ခင်ရသူတွေနဲ့ စိတ်အေးချမ်းသာ ပျော်ရွှင်စရာတွေ ဖန်တီးချင်ပါတယ်ဆိုရင်တော့ အခုပဲ "EMJ Travel Co.Ltd" ကိုဆက်သွယ်ဖို့ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဖြစ်စေ သို့မဟုတ် Page Messenger တွင်လည်း 24-Hours စုံစမ်းမေးမြန်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်..

🌈 ခရီးစဉ်တိုင်းကို အမှတ်တရကောင်းတွေအဖြစ် ဖန်တီးဖို့ "EMJ Travel " နဲ့ သွားကြစို့ 🚙

📍Available in Viber, Line, WhatsApp and EMJ Travel page Chat Box

📱𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 :
𝗥𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻 & 𝗧𝗶𝗰𝗸𝗲𝘁𝗶𝗻𝗴 :
Hotline: 09 402944081
Line/Viber: +959 402944081 / +959 250031681

Address: Building 11, Room (501), 4 Floors, MICT Park, HlaingTownship, Yangon.









📢 𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐀𝐍𝐍𝐎𝐔𝐍𝐂𝐄𝐌𝐄𝐍𝐓: 𝐓𝐞𝐦𝐩𝐨𝐫𝐚𝐫𝐲 𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧 𝐨𝐟 𝐃𝐮𝐛𝐚𝐢 𝐅𝐥𝐢𝐠𝐡𝐭𝐬Due to multiple regional airspace closures, Myanmar Airwa...
28/02/2026

📢 𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐀𝐍𝐍𝐎𝐔𝐍𝐂𝐄𝐌𝐄𝐍𝐓: 𝐓𝐞𝐦𝐩𝐨𝐫𝐚𝐫𝐲 𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧 𝐨𝐟 𝐃𝐮𝐛𝐚𝐢 𝐅𝐥𝐢𝐠𝐡𝐭𝐬

Due to multiple regional airspace closures, Myanmar Airways International (MAI) has temporarily suspended flights to/from Dubai on 𝟎𝟏 𝐌𝐚𝐫 𝟐𝟎𝟐𝟔. Passengers are advised to check MAI’s official communication channels for the latest updates.

Affected passengers are entitled to:
• One-time free date change (subject to seat availability)

Passengers who booked via Travel Agents or OTAs are kindly requested to contact their respective agents directly for assistance.

The safety and security of our passengers and crew remain our highest priority.










🇲🇲  ပြည်ထောင်စုနေ့ တို့မမေ့  🇲🇲 (၂၀၂၆) ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကြာသပတေးနေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်...
12/02/2026

🇲🇲 ပြည်ထောင်စုနေ့ တို့မမေ့ 🇲🇲

(၂၀၂၆) ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကြာသပတေးနေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကျွန်မတို့ EMJ Travel မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်









#ပြည်ထောင်စုနေ့

📍အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် အန္တရာယ်ရှိ သေဆုံးနိုင်ခြေမြင့်မားသည့် နီပါဗိုင်းရပ်စ် (Nipah virus) ကူးစက်မှ...
28/01/2026

📍အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် အန္တရာယ်ရှိ သေဆုံးနိုင်ခြေမြင့်မားသည့် နီပါဗိုင်းရပ်စ် (Nipah virus) ကူးစက်မှုများ ပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ထားသော အသိပေးချက်စာလေးကို ကျွန်မတို့ EMJ Travel ၏ချစ်ရသော ခရီးသွားမိဘပြည်သူများအားလုံး သတိထားကြိုတင် ကာကွယ်နိုင်ကြရန်အတွက် ဖော်ပြပေးလိုက်ပါတယ်ရှင် 💁

အားလုံးသော ခရီးသွားချစ်သူများ ရောဂါဘယကင်းဝေးကြ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ၂၀၂၆ နှစ်သစ်မှာ လှပသောခရီးစဉ်လေးများ ပုံဖော်မှတ်တမ်းယူနိုင်ကြပါစေရှင့် 🙆

📍Available in Viber, Line, WhatsApp and EMJ Travel page Chat Box

📱𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 :
𝗥𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻 & 𝗧𝗶𝗰𝗸𝗲𝘁𝗶𝗻𝗴 :
Hotline: 09 402944081
Line/Viber: +959 402944081 / +959 250031681

Address: Building 11, Room (501), 4 Floors, MICT Park, HlaingTownship, Yangon.







   – No-Boarding Directive (NBD)   from 30 January 2026၁။ အရေးကြီး သတိပေးချက်၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှစ၍ ICA သည် No...
28/01/2026



– No-Boarding Directive (NBD) from 30 January 2026

၁။ အရေးကြီး သတိပေးချက်

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှစ၍ ICA သည် No-Boarding Directive (NBD) ထုတ်နိုင်ပါသည်။
NBD ထုတ်ထားသူများသည် လက်မှတ်ရှိထားသော်လည်း လေယာဉ်ပေါ် တက်ရောက်ခွင့် မရရှိပါ။

၂။ လေယာဉ်မတက်ခွင့် ဖြစ်နိုင်သည့် အကြောင်းရင်းများ

- စင်ကာပူဗီဇာ မှန်ကန်မှုမရှိခြင်း
- ပတ်စ်ပို့ သက်တမ်း ၆ လ မပြည့်ခြင်း
- SGAC မတင်သွင်းထားခြင်း သို့မဟုတ် မှားယွင်းခြင်း
- ခရီးသွားအချက်အလက် မပြည့်စုံခြင်း
- ICA မှ တားမြစ်ထားသူအဖြစ် သတ်မှတ်ခံရခြင်း

၃။ စာရွက်စာတမ်း ပြင်ဆင်ခြင်း

- ပတ်စ်ပို့ သက်တမ်း အနည်းဆုံး ၆ လရှိရမည်။
- စင်ကာပူဗီဇာလိုအပ်ပါက အထောက်အထားပါရှိရမည်။
- ခရီးမသွားခင် အနည်းဆုံး ၃ရက်ကြို၍ Singapore Arrival Card ကို မှန်ကန်စွာ တင်သွင်းထားရန်။
- လက်မှတ်အချက်အလက်နှင့် ပတ်စ်ပို့အချက်အလက် ကိုက်ညီစေရန်။
- (လိုအပ်ပါက)အပြန်လက်မှတ် /ဆက်လက်ထွက်ခွာမည့်ခရီးစဥ် လက်မှတ်။
- (လိုအပ်ပါက) နေထိုင်မည့်နေရာ အထောက်အထား။
- SGAC Confirm Email ကိုဖုန်းထဲသိမ်းထားရန်/ Print ထုတ်ထားရန်။

၄။ အရေးကြီး အချက်အလက်

- NBD ညွှန်ကြားချက်: ICA NBD ထုတ်ထားသူများ လေယာဉ်ပေါ် တက်ရောက်ခွင့် မရပါ။
- SGAC စိစစ်မှု: ICA reply email အချိန်ကြာနိုင်ပါသည်။ SGAC ကို ကြိုတင်တင်သွင်းပါ။
- Email/Print ထားပြီး Check-in အဆင်သင့်ဆောင်ထားရန်။

၅။ လေယာဉ်မတက်ခွင့် ခံရပါက

- ICA Feedback Channel မှတဆင့် ICA သို့ ဆက်သွယ်ရန်။
- ICA ခွင့်ပြုပြီးမှ လေယာဉ်အသစ် စီစဉ်ရန်။
- လေယာဉ်မတက်ခွင့်ကြောင့်ဖြစ်သော ကုန်ကျစရိတ်များ ခရီးသွား တာဝန်ယူရမည်။

၆။ အကြံပြုချက်

- လေကြောင်းလိုင်းများ ICA အညွှန်ကြားချက်ကို လိုက်နာရမည်။
- ခရီးမထွက်မီ စာရွက်စာတမ်းများ စစ်ဆေးရန်။
- SGAC (Singapore Arrival Card) Confirm Email ကို Print ထုတ်၍ သိမ်းထားရန်။

လေကြောင်းလိုင်းများနှင့် လေယာဉ်လက်မှတ်များနှင့်ပက်သက်၍ စုံစမ်းမေးမြန်းမှုများနှင့် သိလိုသောအကြောင်းအရာအချက်အလက်များအတွက် ကျွန်မတို့ EMJ Travel သို့ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဖြစ်စေ သို့မဟုတ် Page Messenger တွင်လည်း 24-Hours စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

📍Available in Viber, Line, WhatsApp and EMJ Travel page Chat Box

📱𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 :
𝗥𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻 & 𝗧𝗶𝗰𝗸𝗲𝘁𝗶𝗻𝗴 :
Hotline: 09 402944081
Line/Viber: +959 402944081 / +959 250031681

Address: Building 11, Room (501), 4 Floors, MICT Park, HlaingTownship, Yangon.







Address

Building No. 11, Room No. 501
Yangon

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Alerts

Be the first to know and let us send you an email when EMJ Travel Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EMJ Travel Co., Ltd.:

Share