Grab Drivers Myanmar

Grab Drivers Myanmar It was 2012 and legend has it, a few friends were enjoying some tea together. And countless people like you, use our services every day.

As is common with Southeast Asians, they started ranting.Today, Grab is present in eight countries across the region.

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တစ်လတာအတွင်း ခရီးသည်ကြိုရမယ့် အကွာအဝေးအပေါ် ရွေးချယ်မှုမရှိဘဲ ခရီးစဉ်တွေကို အကောင်းဆုံး လက်ခံမောင...
18/02/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တစ်လတာအတွင်း ခရီးသည်ကြိုရမယ့် အကွာအဝေးအပေါ် ရွေးချယ်မှုမရှိဘဲ ခရီးစဉ်တွေကို အကောင်းဆုံး လက်ခံမောင်းနှင်ခဲ့တဲ့ မိတ်ဖက်ယာဉ်မောင်းတွေထဲက ထိပ်ဆုံး ၃ ဦးကို ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒီဆုကို လစဉ်ရွေးချယ်ပေးအပ်သွားမှာဖြစ်ပြီး ခရီးသည်တွေကို အဆင်ပြေကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့လို့ ကျေးဇူးတင်ပါတယ်နော်။ 🥳

⭐ ဇန်နဝါရီလအတွင်း ခရီးသည်တွေရဲ့ မှတ်ချက်ကောင်းတွေထဲက တစ်ခုကို ရရှိထားတဲ့ တို့ မိတ်ဖက်ကြီး ဦးဝေလင်းထွန်းအတွက် ဆုကြေးငွေ ၅...
17/02/2026

⭐ ဇန်နဝါရီလအတွင်း ခရီးသည်တွေရဲ့ မှတ်ချက်ကောင်းတွေထဲက တစ်ခုကို ရရှိထားတဲ့ တို့ မိတ်ဖက်ကြီး ဦးဝေလင်းထွန်းအတွက် ဆုကြေးငွေ ၅၀,၀၀၀ ကျပ် အထူးဆုနဲ့အတူ အခုလို ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။

လစဉ် ဆုရှင်တစ်ဦး ရွေးချယ်ပြီး ဆုချီးမြှင့်ပေးသွားမှာမို့ ခရီးစဉ်ပြီးဆုံးတိုင်း မှတ်ချက်တောင်းဖို့ မမေ့နဲ့နော် .. 💬💚

16/02/2026

ဇန်နဝါရီလ ၂၂ ရက်၊ လှိုင်မြို့နယ်ရှိ YUFC ကွင်းမှာ ကစားခဲ့ကြတဲ့ Grab မိတ်ဖက်များရဲ့ ဖူဆယ်အားကစားလှုပ်ရှားမှု အမှတ်တရ စကားသံတွေ ဖြစ်ပါတယ်။ 💚🥳🫶

🥳၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလရဲ့ Grab မိတ်ဖက်ချန်ပီယံအဖြစ်နဲ့ ဆုကြေးငွေ ကျပ် ၂၀၀,၀၀၀ စီ ဆွတ်ခူးသွားတဲ့ မိတ်ဖက်တို့ကို Congratu...
12/02/2026

🥳၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလရဲ့ Grab မိတ်ဖက်ချန်ပီယံအဖြစ်နဲ့ ဆုကြေးငွေ ကျပ် ၂၀၀,၀၀၀ စီ ဆွတ်ခူးသွားတဲ့ မိတ်ဖက်တို့ကို Congratulations! 🥇💰
🚕 ဇန်နဝါရီလအတွင်းမှာ ခရီးစဉ်ပယ်ဖျက်နှုန်း ၈% အောက်
🚕 ခရီးသည်ပေးတဲ့ ဝန်ဆောင်မှုအဆင့်သတ်မှတ်ချက် (Rating) ၄.၈ နဲ့အထက်ရှိတဲ့ မိတ်ဖက် အယောက် (၁၀၀) ထဲက မဲနှိုက်ရွေးချယ်ထားတာဖြစ်ပါတယ်။
တစ်လတာကာလအတွင်း စွမ်းဆောင်ရည်အပြည့်နဲ့ ခရီးသည်တွေကို ဘေးကင်းလုံခြုံတဲ့ခရီးစဉ်တွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ကြလို့ ကျေးဇူးအထူးတင်ပါတယ်။

11/02/2026

ရန်ကုန်မြို့ရှိ မိတ်ဖက်ယာဉ်မောင်းများနဲ့အတူ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးပွဲဦးထွက် ဖူဆယ် အားကစားလှုပ်ရှားမှုအဖြစ် လှိုင်မြို့နယ်ရှိ YUFC ကွင်းမှာ ပြုလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကို ဝေမျှပေးလိုက်ပါတယ် 🥰
အခုလို ပါဝင်ကစားပေးကြတဲ့ မိတ်ဖက်တွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ❤️
အခုလို မိတ်ဖက်များနဲ့ တွေ့ဆုံပြီး ပျော်ပျော်ပါးပါး စိတ်အပန်းပြေ လှုပ်ရှားမှုလေးတွေ နောက်ထပ် လုပ်ပေးဦးမှာ ဖြစ်လို့ စီစဉ်ပြုလုပ်ပေးစေချင်တဲ့ ပွဲတွေရှိရင် Comment မှာ အကြံပြုခဲ့လို့ရတယ်နော်။

#

မိမိအပါအဝင် Grab အသုံးပြုသူတွေအတွက် နေ့စဉ် သွားလာရေးနဲ့ အစားအသောက်မှာယူပို့ဆောင်ရေးမှာ ပိုမိုလွယ်ကူ အဆင်ပြေစေဖို့အတွက် အ...
02/02/2026

မိမိအပါအဝင် Grab အသုံးပြုသူတွေအတွက် နေ့စဉ် သွားလာရေးနဲ့ အစားအသောက်မှာယူပို့ဆောင်ရေးမှာ ပိုမိုလွယ်ကူ အဆင်ပြေစေဖို့အတွက် အက်ပလီကေးရှင်းမှာ နေရာအသစ်တွေ ထည့်သွင်းပေးတာပဲဖြစ်ဖြစ်၊ ရှိပြီးသားနေရာတွေကို ပြန်လည်ပြင်ဆင်ပေးတာဖြစ်ဖြစ် အပိုဆုကြေးတွေ ရယူနိုင်တယ်နော်။
တည်နေရာ အသစ်တစ်ခု ထည့်သွင်းတိုင်း (သို့) ရှိပြီးသား တည်နေရာကို ပြန်လည်ပြင်ဆင်မှုပြုတိုင်း
📍 ဓာတ်ပုံပါရင် မြန်မာငွေ ၈၀၀ ကျပ်
📍 ဓာတ်ပုံမပါရင် မြန်မာငွေ ၄၀၀ ကျပ် ရယူနိုင်မှာပါ။

ဆုကြေးတွေကို တည်နေရာပြင်ဆင်ထည့်သွင်းပြီး ၂ ပတ်အတွင်း Cash Wallet ထဲကို လွှဲပြောင်းပေးသွားမှာပါနော်။
တည်နေရာတွေ ထည့်သွင်းတဲ့နည်းလမ်းအဆင့်ဆင့်ကို အောက်ပါလင့်ကတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။

http://bit.ly/49swfSO

Congratulations! 🎉🥳၂၀၂၆ နှစ်သစ်နဲ့အတူ ဖေဖော်ဝါရီလဆန်းပိုင်း၊ မန္တလေးမြို့မှာ Grab ယာဉ်မောင်းစင်တာသစ် ဖွင့်လှစ်တဲ့ အထိမ်း...
01/02/2026

Congratulations! 🎉🥳
၂၀၂၆ နှစ်သစ်နဲ့အတူ ဖေဖော်ဝါရီလဆန်းပိုင်း၊ မန္တလေးမြို့မှာ Grab ယာဉ်မောင်းစင်တာသစ် ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ ၆ လတာအတွင်း ခရီးစဉ် ပယ်ဖျက်နှုန်း ၄% အောက်နဲ့ လစဉ် ခရီးစဉ် ၇၅ ကြောင်း အထက် မောင်းနှင်ခဲ့တဲ့အထဲက မန်းမြို့ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး မိတ်ဖက် ၁၀၀ ဦးကို ကျပ် ၅၀,၀၀၀ စီ ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ရှေ့လာမယ့် လတွေမှာလည်း ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်တွေကို ပို့ဆောင်ရင်း ဝင်ငွေများစွာကို သိမ်းပိုက်နိုင်ပါစေနော်။ ✨
စွမ်းဆောင်ရည်မြင့် မိတ်ဖက် ၁၀၀ ဦးရဲ့ နာမည်စာရင်းကို ကွန်မန့်မှာ ဖော်ပြပေးထားပါတယ်နော်။
📍 Grab ယာဉ်မောင်းစင်တာ လိပ်စာ - အမှတ် ၅၈၊ ၃၈လမ်း၊ ၈၀ x ၈၁ ကြား၊ အကွက် အမှတ် ၅၂၉၊ မဟာ​အောင်​မြေ အ​ရှေ့ရပ်ကွက်၊ မဟာ​အောင်​မြေမြို့နယ်၊ မန္တ​လေးမြို့။

⟡Grab Champion တွေရဲ့ စကားသံများ ⟡ခရီးသည်တွေရဲ့ သွားလာရေးလိုအပ်ချက်တွေမှာ ဘေးကင်းလုံခြုံတဲ့ခရီးစဉ်တွေကို တစ်စိုက်မတ်မတ် ...
29/01/2026

⟡Grab Champion တွေရဲ့ စကားသံများ ⟡
ခရီးသည်တွေရဲ့ သွားလာရေးလိုအပ်ချက်တွေမှာ ဘေးကင်းလုံခြုံတဲ့ခရီးစဉ်တွေကို တစ်စိုက်မတ်မတ် ဖန်တီးပေးခဲ့ရုံသာမက ဝန်ဆောင်မှုကောင်းတွေကို ပေးအပ်ခဲ့တဲ့ မိတ်ဖက်တွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ Grab က လစဉ် ရွေးချယ်ပေးတဲ့ စွမ်းဆောင်ရည်မြင့် ဆုရှင်အချို့ရဲ့ စကားသံတွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ နောက်ဆုရှင်တွေအတွက် မေးလိုတဲ့ မေးခွန်းတွေ ရှိရင်လည်း ချထားပေးခဲ့လို့ ရပါတယ်နော်။
မိတ်ဖက်တို့ရော Grab ကပေးတဲ့ ဘယ်လိုဆုတွေကို ရဖူးသလဲ? နောက်ထပ်ပေးစေချင်တဲ့ ဆုတွေရှိရင်လည်း ကွန်မန့်ထဲမှာ ပြောခဲ့ပေးပါဦးနော်

၂၀၂၆ ခုနှစ်၊  ဇန်နဝါရီလ ၁၉ ရက်နေ့၊ မန္တလေးမြို့ရှိ Golden Futsal ကွင်းမှာ ပြုလုပ်ခဲ့တဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့  ဖူဆယ် အ...
21/01/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ မန္တလေးမြို့ရှိ Golden Futsal ကွင်းမှာ ပြုလုပ်ခဲ့တဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ ဖူဆယ် အားကစားလှုပ်ရှားမှုလေးကို ဝေမျှပေးလိုက်ပါတယ် 🥰

မိတ်ဖက်များ အားလုံးအတူ ရင်းရင်းနှီးနှီးတွေ့ဆုံ စကားပြောခွင့်ရတဲ့အတွက် နဲ့ အခုလို ပါဝင်ကစားပေးကြတဲ့ အတွက် အထူးကျေးဇူးတင်ရှိပါတယ် ❤️

ဒီလို မိတ်ဖက်များနဲ့ တွေ့ဆုံပြီး ပျော်ပျော်ပါးပါး စိတ်အပန်းပြေ လှုပ်ရှားမှုလေးတွေ နောက်ထပ် လုပ်ပေးဦးမှာ ဖြစ်လို့ စီစဉ်ပြုလုပ်ပေးစေချင်တဲ့ ပွဲတွေရှိရင် Comment မှာ အကြံပြုခဲ့လို့ရတယ်နော်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ကြိုရတဲ့ ခရီးစဉ်တွေအတွက် အထူးအပိုဆုကြေးတွေ စီ...
20/01/2026

ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ကြိုရတဲ့ ခရီးစဉ်တွေအတွက် အထူးအပိုဆုကြေးတွေ စီစဉ်ပေးထားတယ်နော်။ ခရီးစဉ်လက်ခံနှုန်း အနည်းဆုံး ၉၀% နှင့်အထက်၊ ပယ်ဖျက်နှုန်း အများဆုံး ၈ % နဲ့ အောက် ရှိရမှာဖြစ်ပြီး အပိုဆုကြေးတွေကို နောက်ရက်သတ္တပတ်အတွင်းမှာ မိတ်ဖက်တို့ရဲ့ Cash Wallet ထဲ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ကဲ လေဆိပ်တွင်း ကြိုရတဲ့ ခရီးစဉ်တွေအတွက် ရယ်ဒီပဲလား 💚

အမြို့မြို့အနယ်နယ်က Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းများနဲ့ ပို့ဆောင်သူများအတွက် ၂၀၂၅ ခုနှစ်အတွင်း သုံးစွဲခဲ့တဲ့ "မိတ်ဖက်အကူအည...
12/01/2026

အမြို့မြို့အနယ်နယ်က Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းများနဲ့ ပို့ဆောင်သူများအတွက် ၂၀၂၅ ခုနှစ်အတွင်း သုံးစွဲခဲ့တဲ့ "မိတ်ဖက်အကူအညီ ရန်ပုံငွေ " နဲ့ မိတ်ဖက်ဘယ်နှဦးကို ပံ့ပိုးပေးနိုင်ခဲ့တယ်ဆိုတာလေး ဝေမျှပေးချင်ပါတယ်။ "မိတ်ဖက်အကူအညီ ရန်ပုံငွေ " ကို ၂၀၂၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။
မိတ်ဖက်တို့ရဲ့ ခရီးစဉ်ပြင်ပအချိန်မှာ ဖြစ်ပေါ်တတ်တဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရပ်တွေမှာ Grab က အခုလို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။
ဒီနှစ်သစ် ၂၀၂၆ အတွင်းမှာလည်း မိတ်ဖက်အကူအညီရန်ပုံငွေအစီအစဉ်ကို ဆက်လက်ထားရှိပြီး ပံ့ပိုးပေးသွားမှာ ဖြစ်လို့ အောက်ပါ Help Center လင့်က တစ်ဆင့် လျှောက်ထားနိုင်ပါတယ်။
https://help.grab.com/driver/my-mm/21921595271321-
မိတ်ဖက်များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ ✨

Address

👉Grab Center 1/11A, ကမ္ဘောဇရိပ်သာလမ်း၊ ရွှေတောင်ကြားရပ်ကွက်၊ ဗဟန်းမြို့နယ်။
Yangon
11211

Alerts

Be the first to know and let us send you an email when Grab Drivers Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grab Drivers Myanmar:

Share

Forward Together

A Southeast Asian Journey

It was 2012 and legend has it, a few friends were enjoying some tea together. As is common with Southeast Asians, they started ranting about how hard it was to get a taxi.

But afterwards, they did something uncommon.