Yangon Urban Public Transportation Public Co.,Ltd

Yangon Urban Public Transportation Public Co.,Ltd ပြည်သူ့အကျိုး တို့သယ်ပိုး တိုးတက်ခေတ်မှီ YUPT

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ၂၀၂၅ ခုနှစ် (၁) နှစ်တာကာလအတွင်း စံပြဆုရ...
16/03/2026

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ
၂၀၂၅ ခုနှစ် (၁) နှစ်တာကာလအတွင်း စံပြဆုရ ယာဉ်မောင်း (၂၀) ဦး၊ စံပြဆုစာရင်းဝင် ယာဉ်မောင်း (၃၄) ဦးနှင့် တာဝန်သိ ယာဉ်မောင်းဆု (၄) ဦး၊ စုစုပေါင်း (၅၈) ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို 16-3-2026 ရက် (တနင်္လာနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

27-2-2026 ရက် ( သောကြာနေ့ ) တွင်ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC...
27/02/2026

27-2-2026 ရက် ( သောကြာနေ့ ) တွင်ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC)၏ ၂၀၂၅ခုနှစ်၊YBS စံပြယာဉ်မောင်းဆု၊ယာဉ်အန္တရာယ်ကင်းရှင်းရေး စွမ်းဆောင်ဆုရ ကုမ္ပဏီအားဂုဏ်ပြုဆုနှင့်တာဝန်ကျေပွန်ဆုချီးမြှင့်ခြင်းအခမ်းအနား၌ YUPT Public Co,.Ltd မှဂုဏ်ပြုဆုရယာဉ်မောင်း (၂၀)ဦးမှဆုလက်ခံရယူခြင်း

ရွှေပြည်သာယာဉ်ရပ်ဝန်း၌ ပင့်သံဃာ (၅) ပါး ပင့်ဖိတ်၍ ဆွမ်းနှင့်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း ၊ အန္တာရယ်ကင်း ပရိတ်တရားတော...
05/02/2026

ရွှေပြည်သာယာဉ်ရပ်ဝန်း၌ ပင့်သံဃာ (၅) ပါး ပင့်ဖိတ်၍ ဆွမ်းနှင့်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း ၊ အန္တာရယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်နားကြားခြင်း ၊
ယာဉ်ရပ်ဝန်းပရဝုန်အတွင်း၌ ပရိတ်ရေများ ပတ်ဖြန်း၍ ယာဉ်ရပ်ဝန်းဖွင့်လှစ်ခြင်း အခမ်းအနား
05-02-2026 ( ကြာသပတေးနေ့)

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဝန်ထမ်းများ၏ စတုတ္ထ အကြိမ်မြောက် ထမနဲထိုးပ...
30/01/2026

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ဝန်ထမ်းများ၏ စတုတ္ထ အကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲ ( ၃၀- ၁ -၂၀၂၆ ) ရက် သောကြာနေ့

20/12/2025

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
အထူးအထွေထွေအစည်းအဝေးနှင့် ဆဌမအကြိမ်နှစ်ပတ်လည် အထွေထွေအစည်းအဝေး အား
17-12-2025 ( ဗုဒ္ဓဟူးနေ့ ) ၌ Inyar Lake Hotel တွင် အောင်မြင်စွာ ကျင်ပပြီးစီးခဲ့ပါကြောင်း .............

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အထူးအထွေထွေအစည်းအဝေးနှင့် ဆဌမအကြိမ်နှစ်ပတ...
17/12/2025

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
အထူးအထွေထွေအစည်းအဝေးနှင့် ဆဌမအကြိမ်နှစ်ပတ်လည် အထွေထွေအစည်းအဝေး အား
17-12-2025 ( ဗုဒ္ဓဟူးနေ့ ) ၌ Inyar Lake Hotel တွင် အောင်မြင်စွာ ကျင်ပပြီးစီးခဲ့ပါကြောင်း .............

ယာဉ်မောင်းများနှင့် တွေ့ဆုံပွဲအခမ်းအနား၄-၁၂-၂၀၂၅ ရက်နေ့ ၁၃းဝဝ နာရီအချိန် YUPT စီမံမှုအောက်ရှိ ယာဉ်မောင်းများ တွေ့ဆုံပွဲအ...
04/12/2025

ယာဉ်မောင်းများနှင့် တွေ့ဆုံပွဲအခမ်းအနား

၄-၁၂-၂၀၂၅ ရက်နေ့ ၁၃းဝဝ နာရီအချိန် YUPT စီမံမှုအောက်ရှိ ယာဉ်မောင်းများ တွေ့ဆုံပွဲအခမ်းအနားကို ကုမွဏီ ရုံးချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ YUPT Public Co., Ltd. ဥက္ကဋ္ဌ ဦးအောင်ဝင်းက အခမ်းအနားသို့ တက်ရောက်လာသော ယာဉ်မောင်းများအား မှာကြားရာတွင် ယာဉ်မောင်းနှင်ရာ၌ လိုက်နာရန်သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အတိအကျ လိုက်နာရန်လိုကြောင်း ၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း လုံးဝရှောင်ကြဉ်ကြရန်လိုကြောင်း၊ မိမိတို့၏ စားဝတ်နေရေးအတွက် လုပ်ကိုင်ဆောင်ရွက်ကြသော်လည်း ခရီးသွားပြည်သူများအား ကိုယ်ချင်းစာစိတ်ဖြင့် ပြုမူပြောဆို ဆက်ဆံကြရန်လိုအပ်ကြောင်း၊ မိမိတို့မောင်းနှင်မည့် ယာဥ်များအား ယာဥ်လိုင်းမပြေးဆွဲမိ ယာဥ်ကြံခိုင်ရေးအတွက် ဆီ၊ ရေ၊ လေ၊ ဝိုင် စသည်တို့ကို စစ်ဆေး/ဖြည့်တင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်သူ့နီတိကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရန် စသော ဆုံးမလမ်းညွှန် ဩဝါဒပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ယာဉ်မောင်းများကို ယာဉ်မတော်တဆမှုဖြစ်ပွားခြင်း ဖြစ်စဉ်များအား ဗီဒီယိုမှတ်တမ်းများဖြင့်ပြသ၍ ယာဉ်မောင်းတူညီဝတ်စုံ(၁)စုံစီ အခမဲ့ပေးအပ်ခဲ့ပါသည်။

၁၂-၁၁-၂၀၂၅ ရက် နေ့လည် ၁၃း၀၀ နာရီတွင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ရုံး ...
12/11/2025

၁၂-၁၁-၂၀၂၅ ရက် နေ့လည် ၁၃း၀၀ နာရီတွင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးအောင်ဝင်းမှ ကုမ္ပဏီရှိ ယာဉ်လိုင်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Supervisor များအား ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး၊ ယာဉ်ထွက်တိုးရေး မှန်ကန်သည့် ယာဉ်စီးခငွေရရှိစေရေးအတွက် လုပ်ငန်းလမ်းညွှန်မှုပြုခဲ့ပါသည်။

Yangon Urban Public Transportation Public Co;Ltd (YUPT) ၏ နဝမအကြိမ်မြောက် မဟာစုပေါင်းဘုံကထိန် အခမ်းအနားကို ယနေ့ကျင်းပပြု...
30/10/2025

Yangon Urban Public Transportation Public Co;Ltd (YUPT) ၏ နဝမအကြိမ်မြောက် မဟာစုပေါင်းဘုံကထိန် အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့ပြီး သံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းခြင်း ၊ ဝန်ထမ်းများအား ဧည့်ခံကျွေးမွေးခြင်း ၊ ယာဥ်မောင်းများအား ကြက်ဆီထမင်းထုတ်များလိုက်လံဝေငှခြင်းတို့ပြုလုပ်ကုသိုလ်ယူခဲ့ပါသည်....
နတ် လူ သာဓုခေါ်စေသော် ...

၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း(၁၀) ရက်
၂၀၂၅ ခုနှစ် အောက်တိုဘာလ (၃၀) ရက်

ယာဉ်လိုင်းအသီးသီးရှိ ယာဉ်မောင်းများနှင့် တွေ့ဆုံပွဲအခမ်းအနား၁၆-၁၀-၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီအချိန် YUPT ရုံးချုပ် အစည်းအဝေးခ...
16/10/2025

ယာဉ်လိုင်းအသီးသီးရှိ ယာဉ်မောင်းများနှင့် တွေ့ဆုံပွဲအခမ်းအနား
၁၆-၁၀-၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီအချိန် YUPT ရုံးချုပ် အစည်းအဝေးခန်းမတွင် ယာဉ်လိုင်းအသီးသီးရှိ ယာဉ်မောင်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ YUPT Public Co., Ltd. ဥက္ကဋ္ဌ ဦးအောင်ဝင်းက အခမ်းအနားသို့ တက်ရောက်လာသော ယာဉ်လိုင်းအသီးသီးရှိ ယာဉ်မောင်းများအား မှာကြားရာတွင် ယာဉ်မောင်းနှင်ရာ၌ လိုက်နာရန်သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အတိအကျ လိုက်နာရန်လိုကြောင်း ၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ ဖုန်းပြောဆို၍မောင်းနှင်ခြင်းနှင့် မူးယစ်သောက်စားပြီး မောင်နှင်ခြင်းတို့အား လုံးဝရှောင်ကြဉ်ကြရန်လိုကြောင်း၊ ခရီးသွားပြည်သူများအပေါ်လည်း ကိုယ်ချင်းစာစိတ်ဖြင့် ပြုမူပြောဆို ဆက်ဆံကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြည်သူ့နီတိကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရန် စသော ဆုံးမလမ်းညွှန် ဩဝါဒပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ယာဉ်မောင်းများအား ယာဉ်မတော်တဆမှုဖြစ်ပွားခြင်း ဖြစ်စဉ်များအား ဗီဒီယိုမှတ်တမ်းများဖြင့်ပြသ၍ ယာဉ်မောင်းတူညီဝတ်စုံ(၁)စုံစီ အခမဲ့ပေးအပ်ခဲ့ပါသည်။

3-10-2025 ရက် သီတင်းကျွတ်အခါသမယတွင် ဥက္ကဌဦးဆောင်သော ဒါရိုက်တာအဖွဲ့အား ဝန်ထမ်းများမှ ဂါဝရပြုကန်တော့ခြင်း
03/10/2025

3-10-2025 ရက် သီတင်းကျွတ်အခါသမယတွင် ဥက္ကဌဦးဆောင်သော ဒါရိုက်တာအဖွဲ့အား ဝန်ထမ်းများမှ ဂါဝရပြုကန်တော့ခြင်း

ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့မှ ယာဉ်မောင်းများအား  တွေ့ဆုံခြင်းနှင့် ယူနီဖောင်းဝတ်စုံ (၁)စုံစီ အခမဲ့ပေးအပ်ခြင်း အခမ်းအနား၂...
25/09/2025

ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့မှ ယာဉ်မောင်းများအား တွေ့ဆုံခြင်းနှင့် ယူနီဖောင်းဝတ်စုံ (၁)စုံစီ အခမဲ့ပေးအပ်ခြင်း အခမ်းအနား
၂၅-၉-၂-၂၀၂၅ ရက်

Address

No(296) Than Thu Mar Road , 15 Quater, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959454546655

Alerts

Be the first to know and let us send you an email when Yangon Urban Public Transportation Public Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share