Lucky Bike Delivery Service

Lucky Bike Delivery Service Delivering withing 36 hours, Prepaid & Postpaid,Timeline reporting, Definitely accounting, Letter Head Cash Payment

"ဘဝကို အရှုံးမပေးနဲ့" ( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ် ကြည့်စေချင်တယ် )လောကကြီးမှာ ရည်ရွယ်ချက်အတွက် ပန်းတိုင် ကို ရ...
09/12/2024

"ဘဝကို အရှုံးမပေးနဲ့" ( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ် ကြည့်စေချင်တယ် )

လောကကြီးမှာ ရည်ရွယ်ချက်အတွက် ပန်းတိုင် ကို ရောက်အောင် လျှောက်နေသေးသ၍ သင်မှန် တယ်...။

လေတိုက်တိုင်း လွင့်နေရအောင် သစ်ရွက်ခြောက်မှ မဟုတ်တာ....။

အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင် ကိုယ့်မျက်ရည် နဲ့ကိုယ်တောင် ကမ်းမမြင် လမ်းမမြင် လွင့်မျောနေ လောက်ပြီ...။

ချောက်တိုင်း ကြောက်ရရင်လည်း ဒီကမ္ဘာမှာ နေစရာ နေရာတောင် ရှိမှာမဟုတ်တော့သလို ကြောက်တိုင်း ပြေးရရင်လည်း ကမ္ဘာ့အပြင်ဘက် တောင် ရောက်နေလောက်ရောပေါ့...။

ပုံသေနည်း မရှိတဲ့ဘဝ သမိုင်းစာမျက်နှာပေါ်မှာ အမှားပေါင်း သောင်းခြောက်ထောင် အဖျက်ရာ တွေ ဗလပွနဲ့ ဘယ်သူမှ ဒဏ်ရာနဲ့တော့ မကင်း

ဒီလိုပဲ... မှားသွားလိုက် ပြန်ပြင်လိုက်၊ လဲကျလိုက် ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို လှမ်းကိုင်ကြတာပဲ လေ ။

အမေက လမ်းလျှောက်တတ်အောင် သင်ပေးခဲ့ တယ်။ လောကကြီးက နေတတ်အောင် သင်ပေး လိမ့်မယ်။ ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား..။

ငယ်ငယ်က အကြိမ်ကြိမ် လဲကျခဲ့တာတောင် ပြန် ထပြီး ဒီနေ့အထိရောက်အောင် လျှောက်နိုင်ခဲ့သေး ရင် အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်..။

နောက်နေ့တွေအတွက်..ဆက်သာလျှောက် လမ်းမပျောက်စေနဲ့ ပန်းတိုင်က ရောက်ကို ရောက် တယ်

မင်း ကံ ကောင်းနေဖို့ မလိုဘူး... မင်း ကောင်းနေ ဖို့ပဲ လိုတာပါ.. ကံကောင်းနေခြင်းက မင်းကို မ ကောင်းစေပါဘူး... ဒါပေမဲ့... မင်းကောင်းနေခြင်း က မင်းကံကိုပါ ကောင်းစေပါတယ်..

ဘာလို့လဲ ဆိုတော့... ကံဘယ်လောက်

ကောင်းကောင်း မင်းမှာ ကြိုးစားချင်စိတ် အလုပ် လုပ်ချင်တဲ့စိတ် မရှိရင် ကံဆိုတဲ့အရာကြီးက မင်း ဘဝရဲ့... စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါ ဘူးလေ...

အေး...ဒါပေမဲ့.. ကံဘယ်လောက်ပဲ ဆိုးနေပါစေ.. မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့ စိတ် ရှိ နေသေးရင်တော့

မင်းဘဝရဲ့ စားဝတ်နေရေးကို မင်းရဲ့ ကြိုးစားမှု တွေ မင်းရဲ့ လုပ်အားတွေက တာဝန်ယူသွားလိမ့် မယ်..

ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ကံကို မယုံပါနဲ့ လို့ တော့ မပြောလိုပါဘူး...

ဒါပေမဲ့... လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာ တစ်ခုက... ကံဆိုတဲ့ မမြင်ရတဲ့ အရာထက် မင်းဆို တဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်...

ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ... မင်းအပေါ်မှာ ပဲ့ မူတည်ပါတယ်... ရိုးရိုးလေးပါပဲ..

မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်... မင်း ဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်... "ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့ ငြီးငြူမနေပါနဲ့

မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို

ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ????? တစ် ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့.. အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး... မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ...

ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့.. မင်း ကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး... အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး... အဲဒါတွေ ဖြစ်

နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့... လူငယ်တွေ မြဲမြဲမှတ်ထားပါ..

မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့... ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...

မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်... "ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော် တို့ဘာလို့မရလဲ.." မင်းတို့ ဘာလို့ မရလဲ သိ

လား?????

"မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံး မကျလို့ မရတာကွ.." အနာဂတ် မနက်ဖြန်တိုင်းရဲ့ ကံကောင်းခြင်းတွေ လိုချင်ရင်...

ပစ္စုပ္ပန် နေ့ရက်တိုင်းကို အကောင်းဆုံး ကြိုးစား ဖို့ လိုတယ်ဆိုတာ... ဘယ်တော့မှ မမေ့ပါနဲ့... မင်း လိုချင်တဲ့ ကံကောင်းခြင်းကို.. မင်းကလွဲပြီး ဘယ် သူမှ မယူပေးနိုင်ဘူးနော်...

- လူငယ်တွေပြန်လည် မျှဝေပေး

မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ... မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ့... ကံကောင်းချင်ရင်

ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင် ပါ... လူငယ်တွေ တိုးတက်စေဖို့ ရည်ရွယ်လျက်...

#ပြန်လည်မျှဝေသည် #ခွန်အားဖြစ်စေသောစာများ #လူငယ်များအတွက်ဗဟုသုတစာပေများ #တရားမှတ်စု #ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ #တရားတော်

Covid-19 isn't really fever. It's mantle game fot huminities around the world's health. Who wish to save the world? Who ...
08/01/2021

Covid-19 isn't really fever. It's mantle game fot huminities around the world's health. Who wish to save the world? Who care about this case?
A man who do not getting smell mean he do nothing for the world.
This is negative person or who do not deserve any prize.
Positive person is a man who wish to solve the problem of otherwise.
Save your nationalities and all alives around the world.

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ကမ္ဘာပေါ်ရှိ ဘာသာတရားများအားလုံးတွင် သက်ဆိုင်ရာဘာသာတရားများ၏ ဘုရားကျောင်းကန်များသို့ သွားရောက်ကာ၊ ဘာသာရေးပွ...
10/11/2020

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကမ္ဘာပေါ်ရှိ ဘာသာတရားများအားလုံးတွင် သက်ဆိုင်ရာဘာသာတရားများ၏ ဘုရားကျောင်းကန်များသို့ သွားရောက်ကာ၊ ဘာသာရေးပွဲတော်များ၊ အလှူအတန်းများ သက်ဆိုင်ရာနိုင်ငံတိုင်း၏ အထိမ်းအမှတ်၊ အထင်ကရပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ကြသည်မှာ အစဥ်အလာပင်ဖြစ်ပါသည်။

ယခုအချိန်တွင် Corona Virus ရောဂါပိုးကြောင့်သာလျှင် ကမ္ဘာပေါ်ရှိ ဘုသာတရားအသီးသီးတို့၏ ဘုရားရှင်အဆူဆူတို့မှ အစပြု၍ ဘာသာရေးခေါင်းဆောင်များ၊ အုပ်ချုပ်သူလူတန်းစားများ၊ ပြည်သူများ၊ဘာသာမဲ့များ၊ သတ္တဝါများ အားလုံး စိုးရိမ်သောက ရောက်နေကြရခြင်းဖြစ်ပါသည်။
သို့ပါသောကြောင့် တစ်ကမ္ဘာလုံးရှိ ပုဂ္ဂိုလ်အားလုံးတို့သည် ၎င်း Corona Virus ရောဂါပိုးကို အမြန်ဆုံးပျောက်ကင်းစေရန် တစ်ဦးတစ်ယောက်ချင်းစီမှစ၍ တစ်ယောက်မကျန် ပါဝင်၍ကြိုးစားအားထုတ်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည် သူတော်ကောင်းအပေါင်းတို့ ခင်ဗျာ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏တစ်ချိန်က ရဟန်းရှင်လူတွေနဲ့ စည်ကားသိုက်မြိုက်နေခဲ့တဲ့ မြန်မာတို့ရဲ့  အထင်ကရ ရွှေတိဂုံစေတီတော်ကြီးလည်း အခုတေ...
10/11/2020

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

တစ်ချိန်က ရဟန်းရှင်လူတွေနဲ့ စည်ကားသိုက်မြိုက်နေခဲ့တဲ့ မြန်မာတို့ရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်ကြီးလည်း အခုတော့ ခြောက်ကပ်လို့၊ တပည့်သာဝက၊ အလုပ်အကြွေး၊ ဆွမ်းကပ်မည့်သူတောင် ရှိပါလေစ အရှင်ဘုရား။
ယခုကပ်ရောဂါကြီး အမြန်ဆုံးပြီးစီးအောင် ကုသပေးတော်မူလှည့်ပါ အရှင်ဘုရား။ တပည့်တော်တို့လည်း အရှင်ဘုရားအား ဖူးမျှော်နိုင်ရန် အခွင့်မသာသေးလို့ အိမ်မှာပဲနေနေကြရပါသေးတယ်ဘုရား။ ရောဂါတွေအမြန်ပျောက် ပြီးရင် အရှင်ဘုရားအား လာရောက်ဖူးမျှော်ရန် အခွင့်ပေးသနားတော်မူလှည့်ပါ အရှင်ဘုရား။

Corona Virus ကိုအကြောင်းပြုလို့ မြန်မာနိုင်ငံကြီး ရွေခေတ်ရောက်စေရန်နည်းလမ်းစိုက်ပျိုးရေးသမားတွေက သံပုရာပင်တွေ များများစိ...
21/10/2020

Corona Virus ကိုအကြောင်းပြုလို့ မြန်မာနိုင်ငံကြီး ရွေခေတ်ရောက်စေရန်နည်းလမ်း

စိုက်ပျိုးရေးသမားတွေက သံပုရာပင်တွေ များများစိုက်ထား။

ပင်လယ်နဲ့နီးတဲ့သူတွေက ဆားတွေများများချက်ပြီးထားကြ။

လုပ်ငန်းရှင်တွေက အဲ့နှစ်မျိုးကိုပေါင်းပြီး တိုင်းရင်းဆေးသမားတော်တွေနဲ့ ဆွေးနွေးတိုင်ပင်ကာ အရည်၊ အမှုန့်၊ အခဲ၊ အငွေ့ သဘာဝတရား ၄ မျိုးနည်းလမ်းနဲ့ ထုတ်လုပ်ဖြန့်ချီကြမယ်ဆိုရင် Corona Virus ကြီးက မြန်မာအပါအဝင် တစ်ကမ္ဘာလုံးကို အရာရာတိုးတက်ကောင်းမွန်စေပြီး လက်ဦးသူကို အများဆုံး ဆုလက်ဆောင်တွေပေးပါလိမ့်မယ်။

Covid ဖြစ်နေလို့လုပ်စရာအလုပ်မရှိလို့ဆိုတဲ့သူတွေကလည်း ဖုန်းသုံးရင်း ဒီလို သတ္တဝါအများကို အကျိုးပြုနိုင်မယ့်ပို့စ်ကိုတွေ့ရင် Share မယ်၊ copy ကူးမယ်၊ သက်ဆိုင်ရာကို မရောက်ရောက်အောင်ဝိုင်းပြီးတွန်းပို့ကြရင် ပေါက်ကရ Video file တွေ ကြည့်နေတာထက် ကုသိုလ်လည်းရ၊ စီးပွားလည်းဖြစ်။ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိကြမှာပါနော်။

ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကာ သစ္စာလေးပါးတရားတော်များကို နူမှတ်သားနိုင်ကြပါစေ။

မေတ္တာဖြင့်
Burma Lulin

Address

Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959425836156

Alerts

Be the first to know and let us send you an email when Lucky Bike Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lucky Bike Delivery Service:

Share

New Distibution Style

Do you wish to see your products in Bagan, Contact us here.