Olive - Korean Language Centre

Olive - Korean Language Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Olive - Korean Language Centre, အမှတ် (၂၇၄-B)၊ မြေညီထပ်၊ မြ၀တီလမ်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။, Yangon.

19/08/2026

#လုပ်ငန်းခွင်စကားပြော(အပြင်တန်းခွဲသစ်)
#နေ့ရက် - စနေ ၊ တနဂ်နွေ
#အချိန် - ၃နာရီမှ၅နာရီထိ
#သင်တန်းကာလ - ၃လခွဲ
#သင်တန်းကြေး - 250,000Ks(စာအုပ်ပါ)
#သင်ကြားပေးမည့်သူ - ဆရာဗစ်တာမြတ်
#အတန်းစမည့်နေ့ - 22.8.2026

#လုပ်ငန်းခွင်စကားပြော (Online အတန်း)
#နေ့ရက် - တနလ်ာ ၊ အဂ်ါ
#ကိုရီးယားချိန် - ညပိုင်း၉နာရီမှ ၁၀နာရီခွဲထိ
#မြန်မာချိန် - ညနေ ၆နာရီခွဲမှ ၈နာရီထိ
#သင်တန်းကာလ - ၃လခွဲ
#သင်တန်းကြေး - 250,000ကျပ်
#သင်တန်းစမည့်ရက် - 24.8.2026

#သင်ပြီးသားသင်ခန်းစာတွေကိုလည်း Telegram Groupမှာ ပြန်ကြည့်လို့ရမှာ ဖြစ်ပါတယ်။

✅စကားပြောတတ်ချင်ရင်တော့ စကားပြောအတန်းကို တက်သင့်ပါတယ်နော်။

✅ဘယ်သူတွေ တက်သင့်လဲဆိုတော့ level -2 အထိ သင်ကြားပြီးသူ၊ EPS စာမေးပွဲကို အောင်မြင်ထားသူ ၊ ကိုရီးယားကို သွားမည့်သူဘယ်သူမဆို ကျား/မ အရွယ်မရွေး တက်ထားသင့်တဲ့ အတန်းဖြစ်ပါတယ်နော်။

✅ဘာတွေသင်ကြားလေ့ကျင့်ပေးမှာလဲဆိုတော့ ကိုရီးယားနိုင်ငံရဲ့ နေထိုင်မှုဘ၀နဲ့ လုပ်ငန်းခွင်သုံးစကားပြောများ၊ ဆေးရုံဆေးခန်းသုံး၊ဘဏ်ကိစ္စသုံး၊အလုပ်အပြောင်းအရွေ့၊ခွင့်ယူခြင်း၊ဈေး၀ယ်ထွက်ခြင်း၊ စားသောက်ဆိုင်သုံး၊ရထား၊ကား၊ taxi သုံး၊ ရဲစခန်းကိုတိုင်ကြားခြင်း၊စကားများရန်ဖြစ်ခြင်းသုံးစသည့် အကြောင်းအရာများအပြင် grammar များကိုလည်းအသေးစိတ်ရှင်းပြခြင်း စသည်ဖြင့် ဆရာရဲ့ ကိုရီးယားအလုပ်အတွေ့အကြုံ (၁၀)နှစ်က
ချစ်စွာသော ညီငယ်ညီမငယ်တွေအတွက် အကောင်းဆုံးအထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။

❗အကယ်၍ အပြင်တန်းကို တက်ပြီး အကြောင်းအမျိုးမျိုးကြောင့် Online အတန်းကို ပြောင်းတက်ခြင်ရင်လည်း ရတဲ့အတွက် အရမ်းကို အဆင်ပြေတဲ့ သင်တန်းဖြစ်ပါတယ်။
အတန်းပြီးသွားလို့ ထပ်တက်ချင်ရင်လည်း သင်တန်းကြေးကို ထပ်သွင်းစရာမလိုပဲ တက်လို့ရပါသေးတယ်နော်။

🏠သင်တန်းနေရာ
အမှတ် - 274 -B ၊ မြ၀တီလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။
ပြည်လမ်းမြေနီကုန်းမှတ်တိုင်တွင်ဆင်းပြီး ရှမ်းကုန်းလမ်းထဲကို ၀င်ခဲ့ပါ။
ဖုန်း 09752752502 , 09752752503

 #ဒီနှစ် စိုက်မွေးနဲ့ ဆောက်လုပ်ရေးစာမေးပွဲကို ဖြေဆိုကြမည့် အနာဂတ်ရဲ့ ဖခင်ကောင်းလေးတွေဖြစ်ပါတယ်.. #다들 화이팅!...
18/08/2026

#ဒီနှစ် စိုက်မွေးနဲ့ ဆောက်လုပ်ရေးစာမေးပွဲကို ဖြေဆိုကြမည့် အနာဂတ်ရဲ့ ဖခင်ကောင်းလေးတွေဖြစ်ပါတယ်..
#다들 화이팅!...

  Kwarlar Htoo လည်း ပါလာပါပြီ။ မိသားစုနဲ့ ထပ်တူ ၀မ်းသာပါတယ်... #အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
17/08/2026

Kwarlar Htoo လည်း ပါလာပါပြီ။ မိသားစုနဲ့ ထပ်တူ ၀မ်းသာပါတယ်...
#အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

15/08/2026
12/08/2026

과장님, 여기 빨리 와 보세요.
မန်နေဂျာ ၊ ဒီကို မြန်မြန်လာကြည့်ပါဦး
왜 그런지 모르겠어요.
ဘာဖြစ်လို့လဲ မသိဘူး။
불량이 많이 나왔어요.
အပျက်တွေက အများကြီး ထွက်လာခဲ့ပါတယ်။
제기계 좀 봐 주세요.
ကျွန်တော်စက်ကို တစ်ဆိတ်လောက် ကြည့်ပေးပါ။
제가 한 게 아니에요.
ကျွန်တော် လုပ်တာ မဟုတ်ဘူး။
저도 방금 알았어요.
ကျွန်တော်လည်း အခုပဲ သိခဲ့ရပါတယ်
불량이 나오자마자 바로 말씀드린 거예요.
အပျက်ထွက်လာတာနဲ့ ချက်ချင်း ပြောပြတာပါ။
제가 잘못해서 생긴 게 아니에요.
ကျွန်တော့် အမှားလုပ်မိလို့ ဖြစ်တာ မဟုတ်ဘူး။
원래부터 문제가 있었던 것 같아요.
အစကတည်းက ပြသနာ ရှိခဲ့တယ် ထင်ပါတယ်
한번 확인해주세요.
တစ်ချက်လောက် စစ်ဆေးပေးပါ။
갑자기 그렇게 됐어요.
ရုတ်တရက် အဲလို ဖြစ်သွားခဲ့ပါတယ်
처음부터 상태가 좋지 않았어요.
အစကတည်းကနေ အခြေအနေက သိပ်မကောင်းဘူး။
제가 만지지도 않았어요.
ကျွန်တော် လက်နဲ့တောင် မကိုင်ခဲ့ဘူး။
저는 시키는 대로 했어요.
ကျွန်တော် ခိုင်းတဲ့အတိုင်းပဲ လုပ်ခဲ့ပါတယ်
어디서 문제가 생겼는지 확인해 봐야 할 것 같아요.
ဘယ်မှာ ဘာဖြစ်တယ်ဆိုတာ စစ်ဆေးကြည့်ရမယ် ထင်ပါတယ်။
저도 최대한 조심해서 작업하고 있어요.
ကျွန်တော်လည်း အတတ်နိုင်ဆုံး သတိထားပြီး အလုပ်လုပ်နေပါတယ်။
앞으로 더 신경 쓰겠습니다.
နောက်ဆိုရင် ပိုပြီး ဂရုစိုက်ပါမယ်။
#စကားပြောအပြင်တန်း (22.8.2026)ရက်နေ့စမည်။
#စကားပြောအွန်လိုင်းအတန်း (24.8.2026)ရက်နေ့စမည်။

Address

အမှတ် (၂၇၄-B)၊ မြေညီထပ်၊ မြ၀တီလမ်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959752752502

Alerts

Be the first to know and let us send you an email when Olive - Korean Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Olive - Korean Language Centre:

Shortcuts

Share