Aung Zaw Thet

Aung Zaw Thet Myanmar Academy Co., Ltd

ဘုရင့်နောင်ပွဲရုံအတွင်း သီလရှင်အပါး(၁၀၀၀) တတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကုသိုလ်တော် နှိုးဆော်လွှာရန်ကုန်တိုင်းဒေ...
03/02/2026

ဘုရင့်နောင်ပွဲရုံအတွင်း သီလရှင်အပါး(၁၀၀၀)
တတိယအကြိမ် ဆွမ်းဆန်စိမ်း
လောင်းလှူခြင်းကုသိုလ်တော် နှိုးဆော်လွှာ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံတန်းနေ ရပ်မိရပ်ဖများ၊ သာယာ/ စည်းကမ်းကော်မတီနှင့် အလှူရှင်မိသားစုများကဦးဆောင်၍ ဗုဒ္ဓသာသနာတော်ကြီးအရှည်ခန့်၍တည်တံ့စေရန် ရည်သန်လျှက် ရန်ကုန်တိုင်းအတွင်းရှိ သီလရှင်စာသင်တိုက် ( ၁ ) တိုက်လျှင် အပါး ( ၅၀ ) ဖြင့် စာသင်တိုက် (၂၀)တို့မှ စာချ၊စာသင် သာသနာ့နွယ်ဝင် သီလရှင်အပါး (၁၀၀၀)တို့အား ဆန်၊ဆီ၊ဆေး၊ဆား စသည့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ( ၇.၂.၂၀၂၆ )ရက် စနေနေ့ ညနေ (၃း၀၀)နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်ပါသောကြောင့် မိမိတို့လှူဒါန်းလိုသော လှူဖွယ်ပစ္စည်းများကို (အင်ကြင်းလမ်း၊ ကျွန်းရွှေဝါလမ်း၊ ကံ့ကော်လမ်း ၊အသောကလမ်း၊ ယင်းမာလမ်း၊ ခရေလမ်း အထက်လမ်း)တို့၌ ဖွင့်လှစ်ပေးထားယာယီထီးမဏ္ဍပ်များသို့ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လှူဒါန်း
နိုင်ကြပါရန် အသိပေးနှိုးဆော်တင်ပြအပ်ပါသည်ခင်ဗျာ။
အများပေါင်းစုကုသိုလ်တော်အဖြစ် လှူဒါန်းလိုပါက ဘုရင့်နောင်(သီးသန့်)မီးသတ်စခန်းတွင် ဖွင့်လှစ် ထားသော ဗဟိုမဏ္ဍပ်သို့ ကြိုတင်ပေးပို့လှူဒါန်းနိုင်ပါသည်။

အလှူခံကြွရောက်မည့်နေ့။ ။(၇.၂.၂၀၂၆) ရက်၊ စနေနေ့
အလှူခံကြွရောက်မည့်အချိန်။ ။ညနေ (၃း၀၀)နာရီ
အလှူခံထွက်ခွာမည့်နေရာ။ ။ရန်ကင်းစေတီတော် မှစတင်ထွက်ခွာပါမည်။

လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

၁။ ဦးခင်ဟန် -09-5114700
၂။ ဦးမင်းလွင် -09-5119898
၃။ ဦးအုန်းကျော် -09-262994311
၄။ ဦးမြင့်ဝင်း -09-5004416
၅။ ဦးစိုးထွန်း -09-5023286
၆။ ဦးဌေးကြူ -09-777390998
၇။ ဦးမင်းသန့် -09-5002936
၈။ ဦးတင်ယု -09-5139900
၉။ ဦးသန်းလွင် -09-510879
၁၀။ ဦးအောင်ဇော်သက် -09-254200746
၁၁။ ဦးအောင်မြင့် -09-5007307
၁၂။ ဦးကျော်စိုးသန်း -09-5007307

26/02/2025

FDA ထောက်ခံချက်ရ ကျန်းမာရေးနှင့် ညီညွတ်သော
မြေပဲဆီ 🥜
နေကြာဆီ 🌻
စံချိန်ဆီစက် (Refinery Plant)

စံချိန်ဆီစက်မှ သန့်စင်ထားသော Refined မြေပဲဆီသည် နူးညံ့သိမ်မွေ့သော အရသာကို ပေးစွမ်းပြီး သင့်ဟင်းလျာများကို လွှမ်းမိုးနိုင်စွမ်းမရှိစေဘဲ ပိုမိုကောင်းမွန်စေပါသည်။ ၎င်း၏မြင့်မားသော မီးခိုးငွေ့အချက်သည်အကြော်နှင့် အကင်အတွက် အကောင်းဆုံးဖြစ်ပြီး၊ သင့်အစားအစာများသည် အပြင်ဘက်တွင်ကြွပ်ကြွပ်နှင့် အတွင်းပိုင်း၌ နူးညံ့ကြောင်းသေချာစေသည်။

ြန်မာနိင်ငံ၏ ပထမဦးဆုံး REFINERY PLANT

ကျန်းမာရေးနှင့်ညီညွတ်ပြီး အရေအသွေးမှီ နေကြာဆီသန့်နှင့် မြေပဲဆီသန့်

19.အဝေးပြေးကားကြီးဝန်း၊ လယ်တော်၊ ဟင်္သာတမြို့၊ ဟင်္သာတခရိုင်
ဧရာဝတီတိုင်းဒေသကြီး
ဖုန်း
09254200746
09450554459

ဟင်္သာတမြို့တွင် ကျန်းမာရေးနှင့် ညီညွတ်သောဆီများ နိုင်ငံတကာအဆင့်မီ Refinery စံချိန် ဆီစက်မှ ထုတ်လုပ်သော အရည်အသွေးမြင့် မ...
25/02/2025

ဟင်္သာတမြို့တွင် ကျန်းမာရေးနှင့် ညီညွတ်သောဆီများ နိုင်ငံတကာအဆင့်မီ Refinery စံချိန် ဆီစက်မှ ထုတ်လုပ်သော အရည်အသွေးမြင့် မြေပဲဆီ၊ နေကြာဆီ တို့ကို လွယ်ကူစွာ ဝယ်ယူစားသုံးနိုင်တော့မှာပါ ခင်ဗျာ။
မြေပဲဆီစားလို့ Alfa toxinမှိုကြောက်စရာမလိုတော့ပါဘူး.......
စံချိန်ဆီစက် Refinery Plant !

#စံချိန်မြေပဲဆီသန့်
#စံချိန်နေကြာဆီသန့်
#မေမေကြီးမြေပဲဆီသန့်
ဘူးဆိုဒ်စုံ၊ jerry can ပုံးများ ဝယ်ယူရရှိနိုင်ပါမည်။
လက်လီ၊ လက်ကား ဟင်္သာတ မြို့တွင်မှာယူရန်

ဖုန်း 09450554459

https://www.facebook.com/share/18PL7VLTvo/

ဘုရင့်နောင်ပွဲရုံဝန်းအတွင်း ရန်ကင်းစေတီတော်ဓမ္မာရုံ၌ ဓမ္မရံသီမိုးကုတ်ဝိပဿနာ ( ၅ )ရက် အချိန်ပိုင်း မီးငြိမ်းတရားစခန်းပွဲ ...
23/02/2025

ဘုရင့်နောင်ပွဲရုံဝန်းအတွင်း ရန်ကင်းစေတီတော်ဓမ္မာရုံ၌ ဓမ္မရံသီမိုးကုတ်ဝိပဿနာ ( ၅ )ရက် အချိန်ပိုင်း မီးငြိမ်းတရားစခန်းပွဲ တွင်
ဝိပသာနာအားထုတ်၊ တရားနာ ယောဂီများအား အာဟာရဒါနကုသိုလ်အဖြစ်

၁၉.၂.၂၅ နေ့ မြန်မာမုန့် ၄ မျိုး
၂၀.၂.၂၅ နေ့ SB ပေါင်မုန့်
၂၁.၂.၂၅ နေ့ ဂျိုကာ ဘီစကစ်ထုပ်
၂၂.၂.၂၅ နေ့ ချိစ်ပေါင်မုန့် ကြက်သားပြား
၂၃.၂.၂‌၅ နေ့ parisian ပေါင်မုန့်

နှင့် ဓမ္မပူဇာ အလှူတော်ငွေ - ( ၁၀ ) သိန်းကျပ်
လှူဒါန်းကြသူများမှာ

🧇 ဦးတင်ယု + ဒေါ်သန်းသန်းမြင့် ( အရုဏ်ဦး ကုန်စည်ပို့ဆောင်ရေး ) - ( ၁၀ ) သိန်းကျပ်
🧇 ဦးရာဂျား နှင့် ဦးနေရူး " နေရူး ကုန်စည်ပို့ဆောင်ရေး " - ( ၁၀ ) သိန်းကျပ်
🧇 ဦးအောင်စိုးမိုး + ဒေါ်သီတာဇင် " ပေါ်ဦး ကုန်စည်ပို့ဆောင်ရေး " - ( ၁၀ ) သိန်းကျပ်

🧇 ကိုအောင်သော်နိုင် + မအိအိစိုး ပခုက္ကူမြို့ - ၇၈၄၀၀၀ ကျပ်
🧇 " စိန် တံဆိပ်ခေါက်ဆွဲ " မိသားစု - ၇၅၀၀၀၀ ကျပ်
🧇 ဦးအုန်းမောင်နှင့်ဇနီး - ၂၅၀၀၀၀ ကျပ်
🧇 ဦးရီရှင်းနင့် ဇနီး ( ဂျိုကာ ဘီစကစ် ) - ၂၅၀၀၀၀ ကျပ်

လှူဒါန်းကြပါသည်။

၅ ရက်တာ ယောဂီများအတွက် သောက်ရေသန့်ဘူးများ အလှူရှင်
ကိုဇော်မင်းထက် ( ပါဝါကုန်စုံဆိုင် ) တို့၏
လှူဒါန်းမှုကုသိုလ် အစုစုတို့ကို နတ်၊ လူသာဓုခေါ်စေသော်။

မနက်ဖြန် ၁၉.၂.၂၀၂၅ မှ ၂၃.၂.၂၀၂၅ နေ့ထိဘုရင့်နောင်ပွဲရုံဝန်းအတွင်း ရန်ကင်းစေတီတော်ဓမ္မာရုံ၌ နေ့စဉ် နေ့လည် ( ၁ ) နာရီမှ ညနေ...
18/02/2025

မနက်ဖြန် ၁၉.၂.၂၀၂၅
မှ ၂၃.၂.၂၀၂၅ နေ့ထိ
ဘုရင့်နောင်ပွဲရုံဝန်းအတွင်း ရန်ကင်းစေတီတော်ဓမ္မာရုံ၌ နေ့စဉ် နေ့လည် ( ၁ ) နာရီမှ ညနေ ( ၅ ) နာရီအထိ ဓမ္မရံသီမိုးကုတ်ဝိပဿနာ ( ၅ )ရက် အချိန်ပိုင်း မီးငြိမ်းတရားစခန်းပွဲ

ဓမ္မရံသီ ဆရာတော် ဘဒ္ဒန္တသုနန္ဒ ( နိုင်ငံတော်အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်သူမြတ်နှင့် ကမ္မဌာနစရိယဓမ္မကထိကဆရာတော်များ မှ ဟောကြားပါမည်။

နေ့လယ် ၁:၀၀ နာရီ - ပရိစ္စသမုပ္ပါဒ် ဒိဌိဖြုတ်သင်တန်းတရားနာရန်
နေ့လည် ၂:၃၀ နာရီ - အလုပ်ပေးတရားထိုင်ရန်
ညနေ ၄:၀၀ နာရီ - အခြေခံဝိပဿနာရှုပွားနည်းအလုပ်သင်တရားနာရန်

အထက်ပါအချိန်ဇယားအတိုင်း မိမိတို့အားလပ်သလို၊ ဆန္ဒရှိသ၍ အသေမဦးခင် ဉာဏ်ဦးအောင် ကြိုးစားအားထုတ်နိုင်ကြပါရန် ဖိတ်ကြားအနှိုးဆော်အပ်ပါသည်။

ဘုရင့်နောင်ပွဲရုံအတွင်း သီလရှင်အပါး(၁၀၀၀)ဒုတိယအကြိမ်ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကုသိုလ်တော် နှိုးဆော်လွှာရန်ကုန်တိုင်းဒေသ...
06/02/2025

ဘုရင့်နောင်ပွဲရုံအတွင်း သီလရှင်အပါး(၁၀၀၀)ဒုတိယအကြိမ်ဆွမ်းဆန်စိမ်း
လောင်းလှူခြင်းကုသိုလ်တော် နှိုးဆော်လွှာ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံတန်းနေ ရပ်မိရပ်ဖများ၊ သာယာ/ စည်းကမ်းကော်မတီနှင့် အလှူရှင်မိသားစုများကဦးဆောင်၍ ဗုဒ္ဓသာသနာတော်ကြီးအရှည်ခန့်၍တည်တံ့စေရန် ရည်သန်လျှက် ရန်ကုန်တိုင်းအတွင်းရှိ သီလရှင်စာသင်တိုက် (၂၀)တို့မှ စာချ၊စာသင် သာသနာ့နွယ်ဝင် သီလရှင်အပါး (၁၀၀၀)တို့အား ဆန်၊ဆီ၊ဆေး၊ဆား စသည့်ဒါတဗ္ဗဝတ္ထုအစုစုတို့ကို (၈.၂.၂၀၂၅)ရက် စနေနေ့ ညနေ (၃း၀၀)နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်ပါသောကြောင့် မိမိတို့လှူဒါန်းလိုသော လှူဖွယ်ပစ္စည်းများကို (အင်ကြင်းလမ်း၊ ကျွန်းရွှေဝါလမ်း၊ ကံ့ကော်လမ်း ၊အသောကလမ်း၊ ယင်းမာလမ်း၊ ခရေလမ်း အထက်လမ်း)တို့၌ ဖွင့်လှစ်ပေးထားယာယီထီးမဏ္ဍပ်များသို့ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လောင်းလှူ
နိုင်ကြပါရန် အသိပေးနှိုးဆော်တင်ပြအပ်ပါသည်ခင်ဗျာ။
အများပေါင်းစုကုသိုလ်တော်အဖြစ် လှူဒါန်းလိုပါက ဘုရင့်နောင်(သီးသန့်)မီးသတ်စခန်းတွင် ဖွင့်လှစ် ထားသော ဗဟိုမဏ္ဍပ်သို့ ကြိုတင်ပေးပို့လှူဒါန်းနိုင်ပါသည်။

အလှူခံကြွရောက်မည့်နေ့။ ။(၈.၂.၂၀၂၅) ရက်၊ စနေနေ့
အလှူခံကြွရောက်မည့်အချိန်။ ။ညနေ (၃း၀၀)နာရီ
အလှူခံထွက်ခွာမည့်နေရာ။ ။ရန်ကင်းစေတီတော် မှစတင်ထွက်ခွာပါမည်။

လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

၁။ ဦးခင်ဟန် -09-5114700
၂။ ဦးမင်းလွင် -09-5119898
၃။ ဦးအုန်းကျော် -09-262994311
၄။ ဦးမြင့်ဝင်း -09-5004416
၅။ ဦးစိုးထွန်း -09-5023286
၆။ ဦးဌေးကြူ -09-777390998
၇။ ဦးမင်းသန့် -09-5002936
၈။ ဦးတင်ယု -09-5139900
၉။ ဦးသန်းလွင် -09-510879

မြန်မာသက္ကရာဇ် ၁၃၈၆ နှစ်ဆန်းတစ်ရက်နေ့တွင် " အကယ်ဒမီ " ရောင်းဝယ်ရေး၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို အဆင်ပြေချော့မွေအောင် ...
17/04/2024

မြန်မာသက္ကရာဇ် ၁၃၈၆ နှစ်ဆန်းတစ်ရက်နေ့တွင် " အကယ်ဒမီ " ရောင်းဝယ်ရေး၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို အဆင်ပြေချော့မွေအောင် လုပ်ဆောင်နေသော ကုန်တင်ယာဉ်များနှင့် ရန်ကုန်ဂိတ် ဘုရင့်နောင် ၊ ဟင်္သာတဂိတ်၊ မြန်အောင်မြို့ တို့တွင် သံဃာတော်အရှင်သူမြတ်များ ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်၊ ပဌာန်း ရွတ်ဖတ်ပူဇော်၊ မေတ္တာပို့၊ ကမ္မဝါဖတ်ကာ ပရိတ်ချည်၊ ပရိတ်ကြိုး၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ရေများ ဖြန်းပက်ပြီးလျှင် ဘုရားအမှူးပြုသော သံဃာတော်များအား လှူဖွယ်ဝထ္ထု၊ အချိုရည်၊ သင်္ကန်းကပ်လှူပူဇော်မှု ကုသိုလ် နတ်၊ လူသာဓုခေါ်စေသော်။

17.4.2024
၁၃၈၆ ခုနှစ် ရဲ့ မြန်မာနှစ်ဆန်း တစ်ရက်
နေ့ကစပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်ကမ္ဘာသူ၊ ကမ္ဘာ သားအားလုံး....
အကယ်ဒမီ မိသားစုနှင့် လက်တွဲလုပ်ကိုင်နေသော လုပ်ငန်းရှင်များအားလုံး
ဘေးဆိုး , ရန်ဆိုး , ကပ်ဆိုး , အန္တရာယ်ဆိုး
အမျိုးမျိုးနှင့် မတွေ့ရ , မမြင်ရ , မကြားရ ,
မပြောဆိုကြရပဲ .. တိုးတက်ပြည့်စုံသော,
ပျော်ရွှင်ငြိမ်းချမ်းသော ဘဝများကိုလူသားတိုင်း
ရရှိကြ ပိုင်ဆိုင်ကြပါစေ...
🙏🏻 နှစ်ဟောင်းက အပြစ်များကို အပြန်အလှန်
ခွင့်လွှတ်ကြပြီး နှစ်သစ်ကို အချစ်သစ်များနှင့်
ဖွင့်နှိုင်ကြပါစေ...
🙏🏻 အမုန်းတရားများကိုဖယ်ခွာပြီး အပြုံးတရားများနဲ့ဖွင့်နှိုင်ကြပါစေ...
🙏🏻 အမင်္ဂလာဖြစ်စေတဲ့ အမူအကျင့်တွေကို
ဖယ်ခွာပြီး မင်္ဂလာဖြစ်စေမည့် အမူကျင့်တွေနဲ့
ဖွင့်လှစ်နိုင်ကြပါစေ...
🙏🏻 လူသားအားလုံး မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ...လို့ " အကယ်ဒမီ " မိသားစုမှ
နှစ်ဦးဆုတောင်းလွှာ ပို့သလိုက်ပါသည်....

12/04/2024

Address

A-157
Yangon

Telephone

09254200746

Website

Alerts

Be the first to know and let us send you an email when Aung Zaw Thet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share