ရွှေပိတောက် ကုန်စည်အမြန်သယ်ယူပို့ဆောင်ရေး

  • Home
  • Myanmar
  • Yangon
  • ရွှေပိတောက် ကုန်စည်အမြန်သယ်ယူပို့ဆောင်ရေး

ရွှေပိတောက် ကုန်စည်အမြန်သယ်ယူပို့ဆောင်ရေး Transportation Service

11/03/2026

🚨 ညစ်ပေစွန်းထင်းနေပြီဖြစ်တဲ့ မြန်မာပြည် ကုန်ကားလောက 🚨

👉 1. ကုန်ကားလောကထဲ ခြေဆန့်လာတဲ့ ကျားဖြန့်များ

ပထမ ကျားဖြန့်တစ်မျိုးက ပြင်ပ ကားတစ်စီးကို ကုန်တင်ချင်လို့ပါဆိုပြီးငှားမယ် ငှားထားတဲ့ ကားကို အခြားဂိတ်တစ်ခုမှာ ကုန်တစ်မျိုးမျိုးတောင်း တင်မယ် ( ဥပမာ ပဲ ပြောင်း နှမ်း ဆန် လိုမျိုး ) ကားပိုင်ရှင် ၊ ကားဆရာတွေက ကုန်သည်ထင်ပြီး အငှားလိုက်တယ် ၊ ဂိတ်က ကားပိုင် ကားဆရာထင်ပြီး ကုန်တင်ပေးတယ် လမ်းခရီးမှာ ပစ္စည်း အပျောက်ဖျောင်ပစ်တယ် ၊ ကားကို ကျားဖြန့်က ကုန်သည်ယောင်ဆောင်ပြီး ငှားထားတော့ ကားဆရာက ကုန်သည် သူ့ကုန်သူ ချိန်းတယ် ထင်ပြီး ငြိမ်နေတယ် သတိထားမိဖို့နေနေသာသာ အရိပ်တောင်မကျလိုက်ဘူး ၊ ဂိတ်ကလဲ ကားက လမ်းခရီးမှာ မောင်းနေတယ်ဘဲ ထင်ပြီး သတိမထားမိဘူး ၊ သတိထားမိတဲ့အချိန်မှာ ကျားဖြန့်တွေက အစဖျောက်သွားပြီ
👉 ဂိတ်နဲ့ အုံနာ မြွေကိုက်ကြတော့

နောက်ကျားဖြန့်တစ်မျိုးက ကား အရောင်းအဝယ်သမား အယောင်ဆောင်မယ် ပွဲစားယောင်ဆောင်မယ် ပေါက်ဈေးထက် သိန်း 100 ၊ 200 ခွာပြီး ကားတွေ ပြမယ် ၊ လောဘကြီးတဲ့ သူ ခံရမယ် ၊ ဒီကောင်တွေက လိမ်ယုံတင်မကဘူး ၊ ယုတ်မာမှုပါ ထည့်ပေါင်းထားတယ် ၊ စရံလိမ်တဲ့အဆင့်မဟုတ်ဘူး၊ မိုင်ရာချီ ထောင်ချီခရီးကို ကားကြည့်ဖို့ချိန်းမယ်၊ ဘယ်ရောက်ပြီလဲ စောင့်ကြည့်မေးမြန်းပြီး မှ လုပ်လို့ရတဲ့နေရာ ရောက်မှ လူစုပြီး လုပ်မယ်၊ လုမယ် တိုက်မယ်၊ ပြန်ပေးဆွဲမယ်၊ ဘာမှ လုပ်မရရင် ချိန်းတဲ့နေရာရောက်ပြီဆိုမှ အဆက်အသွယ်ဖြတ် ဖုန်းပိတ်ချလိုက်မယ်၊ အချိန်ကုန် လူပမ်း ငွေကုန် ဒုက္ခရောက်စေပေါ့ ဒီ အဖွဲ့က သပ်သပ် ရှိတယ် ။

👉 2. နောက်ထပ်ကုန်ကားလောကရဲ့ ပျက်စီးစေရာ အကြောင်းတစ်ခု
တာဝန်ယူမှု တာဝန်ခံမှု မရှိ ဂိတ်ကြေးရရင်ပြီးရော လုပ်စားလာကြတဲ့ ဂိတ်တွေ မှိုလိုပေါက်လာကြတယ်၊ ကုန်သည်တွေဆီက ဂိတ်ကြီးတွေဆီက ကုန်တောင်းရရေးအတွက် ဈေးတွေ မတရား လျှော့ခေါ်ကြတယ်၊ ကားခထဲကလဲ ဖြတ်စားကြသေးတယ်၊ ဂိတ်ကြေးလဲယူ ဖြတ်လဲစား လိုချင်သလောက် ယူထားပြီးကြရင် အလုပ်ကို အဆင်ပြေအောင်လုပ်ပေးကြလေ၊ ပြဿနာတတ်ပြီဆိုရင် မဖြေရှင်းပေးကြတော့ဘူး၊ ရူးသလိုလို ပေါသလိုလိုနဲ့ ဆီဖိုးတွေ လမ်းကြေးတွေ ထမင်းဖိုးတွေ အချိန်တွေ ကားတွေက အကုန် အရှုံးခံပေါ့ 😡၊ ဒါပေမယ့် ဒီသူတွေဆီမှာမှ တင်ချင်ပါတယ်ဆိုတဲ့ကားတွေကလဲ သီးသန့်ရှိတယ် ၊ အုံနာမသိလိုက်ခင် ကုန်စောင့်နေတယ် ကုန်မရသေးလို့ဆိုပြီး တစ်ခြမ်းဖျောက်တဲ့ကားတွေလဲရှိတယ်။ ခေါက်တိုလေး လမ်းတစ်ဝက်လောက် ပြေးလိုက်ပြီး #ခေါက်တိုတစ်ခေါက်ကြားညှပ်ဖျောက် လိုက်တဲ့ ကားသမားတွေကလဲ ရှိတော့ ‌ဂိတ်ကလဲ ဈေးနှိမ်ခေါ်၊ ကားဆရာတစ်ချို့ကလဲ ဖျောက်မယ့်အခေါက်ဘဲ ဘယ်လောက်ရရ လိုက်မှာဘဲ ဆိုတော့ အောက်ဈေးနဲ့ကားက ခေါ်လို့ရနေတာပေါ့။ ကားခထဲက 3 သိန်းလောက် ဖြတ်စားထားပြီး
အုံနာကို ဒီဈေးဘဲပြောပါဆိုပြီး ဂိတ်က တစ်ဝက်ယူ ကားဆရာကို တစ်ဝက်ပေးမယ် ဆိုပြီး ညှိခေါ်တဲ့ ဂိတ်တွေက ရှိသေး😏 အုံနာကို မငဲ့တဲ့ ကားသမားတွေ အကြိုက်ပေါ့ 🤧

👉 3. နောက်ထပ် ကားလောကကို ဖျက်ဆီးနေတဲ့ အုပ်စုတစ်ခု
ကားမောင်းမစားတော့ဘူး၊ လိမ်ဘဲ စားတော့မယ် ဆိုတဲ့အုပ်စု၊ မြစ်ကြီးနားဘက် ကလေးတမူးဘက် မြဝတီနယ်စပ်ဘက် ရှမ်းပြည် တောင်မြောက်သွားကြရင် စရိတ်က သိန်း ရာချီပေးလိုက်ကြရတယ်၊ လမ်းခရီးတစ်လျှောက် ကုန်မှ လွှဲပေးလို့အဆင်မပြေတဲ့နေရာတွေကအများကြီး၊ အဲ့ဒီငွေထုပ်ပိုက်ပြီး ပြေးကြရော၊ တစ်ချို့ဆို ကားပစ္စည်းရော ကုန်တွေပါ ရောင်းစားကြသေး၊ တစ်နှစ်ပါတ်လုံးမောင်းလို့ သိန်း 100 မစုမိဘူး၊ တစ်ကြိမ်လိမ်ရင် သိန်း ရာကျော်ရတယ် မေ့မေ့ပျောက်ပျောက် တစ်နှစ် 3 ကြိမ်လောက်ဘဲ လိမ်စားမယ်၊ မောင်းမစားတော့ဘူး ဆိုတဲ့သူတွေ တအားပေါလာတယ်

👉 မြန်မာပြည်ကုန်ကားလောကမှာ အထိန်းအကွပ်မရှိဘူး
👉 မြန်မာပြည်ကုန်ကားလောကမှာ ဟိုအသင်းအဖွဲ့ ဒီအသင်းအဖွဲ့ဆိုတာတွေက နှစ်စဉ်ကြေးကောက်စားကြရုံသီးသန့်ဘဲ၊ ကားတွေအတွက် ဘာအကူအညီမှ မရဘဲ နူရာဝဲစွဲ၊ မြွေပူရာကင်းမှောင့်၊ ရေနစ်သူ ဝါးထိုးကူ၊ လဲနေသူ ဖိထောင်းတဲ့ ဝန်ထုပ်ဝန်ပိုး သီးသန့်တွေချည်းဘဲ

👉 မြန်မာပြည်ကုန်ကားလောကမှာ စနစ်မရှိဘူး၊ ကုန်ထုတ်ယူမှုစနစ်၊ ကုန်တင်ပို့မှု စနစ်၊ ကုန်လက်ခံမှု စနစ်၊ ကုန်လွှဲပြောင်းမှု စနစ်၊ ပျက်စီးပျောက်ဆုံးမှုအတွက်လျော်ကြေး တရားဝင်ဥပဒေ ၊ ကုန်သယ်ယူပို့‌ေဆာင်မှုဆိုင်ရာ စံသတ်မှတ်‌ ဈေးနှုန်း
ဘာဆို ဘာမှ မရှိ ၊ ဘယ်သူ့ကြောင့် ဘာဘဲ ဖြစ်ဖြစ် #အကုန်_အုံနာလျော်ဘဲ ၊ စကားကြုံလို့ ဖြစ်စဉ်နှစ်ခု ထည့်ပြောလိုက်မယ် ၊ တစ်ကယ်ဖြစ်နေတဲ့ ဖြစ်ခဲ့တဲ့အရာတွေ ။

👉ဖြစ်စဉ်1. ကုန်သည်က အကောက်ခွန်မဲ့ တရားမဝင် မှောင်ခိုပစ္စည်းကို တင်သွင်းတယ် ဂိတ်ကို အပ်တယ်၊ ဂိတ်က အပြင်ကားကိုပုံမှန်ဈေးအတိုင်းငှားတယ်၊ ဘာမှမပြောဘူး ပုံမှန်တရားဝင်ကုန်လိုဘဲ အရူးကွက်နင်းပြီးတင်တယ်၊ အုံနာနဲ့ ကားဆရာက ဘာမှ မသိဘဲ ပုံမှန်ကုန်လို့ဘဲ ထင်ပြီး အငှားလိုက်တယ်၊ လမ်းခရီးမှာ အဖမ်းခံထိတော့ မဆီမဆိုင် ကားအုံနာက ကိုယ့်ကားကို ကိုယ့်ငွေနဲ့ကိုယ် ပြန်ရွေးထုတ်ရတယ် ကားတစ်စီးထုတ်ဖို့ကုန်ကျငွေဒဏ်ကြေးက သိန်း 1000 နဲ့ 2000 ကြားမှာရှိတယ်။ ဘယ်သူက လုပ်စားပြီး ဘယ်သူက ခံရသလဲ ? ဘယ်သူ့ကိုတိုင်ပြီး ဘယ်ဥပဒေနဲ့ ဘယ်သူက အကာအကွယ်ပေးပြီး ကားတွေအတွက် ရပ်တည်ပေးသလဲ ?

👉ဖြစ်စဉ် 2. ဘယ်သူကြောင့် ဘယ်ဝါကြောင့်ရယ်လို့ နာမည်တပ်ခြင်းမဟုတ်ပါ၊ မြေပြင်မှာ ဖြစ်နေတဲ့ အမှန်တရားတစ်ခုမှာ ကြားညပ်နေရတဲ့ ကားအငှားလိုက်စားကြတဲ့ တစ်နိုင်တပိုင် လုပ်ငန်းရှင် တွေရဲ့ အဖြစ်အပျက်ကိုသာ ဖေါ်ပြရခြင်းဖြစ်ပါတယ်။

PDF နယ်မြေ လက်နက်ကိုင်နယ်မြေတွေ ဖြတ်သန်းရရင် အစိုးရနဲ့ ပါတ်သက်တဲ့ကုန်မို့လို့ဆိုတဲ့ စကားတစ်ခုထဲနဲ့ ကားရောကုန်ပါ မီးရှို့ခံလိုက်ရတဲ့ အုံနာတွေရှိခဲ့တယ်၊

#အဲ့လိုမီးရှို့လိုက်တဲ့အတွက်ကုန်သည်ကကြောက်သွားရောလား_?

#နောက်ထပ်မတင်တော့ဘူးလား_?

#ကားလဲဆုံး_ပစ္စည်းဖိုးလဲအပြည့်အဝ_အမြတ်ပါ_ထည့်ပေါင်းပြီး_ကုန်သည်ကို_လျော်ကြေးပေးလိုက်ရတာက #ကားအုံနာပါ

ဟိုဘက်က အန္တရာယ်ကင်းစွာ လွတ်လာပြီးအစိုးရပိုင်နက်ထဲ ရောက်ပြန်တော့လဲ အပေါ်မှာပြောခဲ့သလို
#ကုန်သည်နဲ့ကယ်ရီ_လက်ဝါးရိုက်ထားတဲ့_ကိစ္စကြောင့်_ဘုမသိ_ဘမသိ_အဖမ်းခံရပြန်ရော
#ရှိသမျှရောင်းချပေါင်နှံ_ဒဏ်ကြေးဆောင်ပြန်ရွေးရပြီး_ဘဝပျက်သွားကြတဲ့_အုံနာတွေလဲ #အများကြီးပါဘဲ။

👉 ဘယ်မှာလဲ ကုန်ကားတွေအတွက် ဥပဒေ ?
👉 ဘယ်မှာလဲ ကုန်ကားတွေအတွက် အကာအကွယ် ?
👉 ဘယ်မှာလဲ ကုန်ကားတွေအတွက် စနစ် ?
👉 ဘယ်မှာလဲ ကုန်ကားတွေအတွက် အားကိုးရာ ?
👉 ဘယ်မှာလဲ ကုန်ကားတွေအတွက် လုံခြုံမှု ?
👉 ဘယ်မှာလဲ ကုန်ကားတွေအတွက် အမခံချက် ?

မြန်မာပြည်ရဲ့ ကုန်ကားလောက ကို တင်စားရရင်တော့
မြစ်ချောင်းထဲမှာ မျောချင်သလို မျောနေတဲ့ ခွေးသေကောင်ပုတ် တစ်ခုကို ပိုးလောက်တွေ မှီရာနေရာကနေ ဝိုင်းဝန်းစားသောက်နေကြသကဲ့သို့ ငါးသန်ငါးနုတ်များက ကြုံသလို ကိုက်ဖဲ့စားသောက်နေကြသကဲ့သို့ သာ ဖြစ်နေရပါကြောင်းနှင့်

ဝိုင်းဝန်း ဖေးမကူညီပြီး ပြန်လည်တည်ဆောက် စနစ်ချပြီး ဥပဒေနှင့်တစ်ကွ လုံခြုံကောင်းမွန်ပြီး ကုန်သည်၊ လုပ်သား၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်၊ ကြားခံ ချိတ်ဆက်ပေးကြတဲ့ ဂိတ်မှူး အကျိုးဆောင် များ အားလုံး အတွက် သဟဇာတ မျှပြီး အားလုံးအကျိုးမယုတ် အကျိုးရှိစေမယ့် win-win situation system တစ်ခုကို ဖေါ်ဆောင်ပေးနိုင်စွမ်းရှိကြတဲ့ နိုင်ငံတော် ဌာနဆိုင်ရာတာဝန်ရှိလူကြီးမင်းများ၊ သူဌေးမင်းများ နှင့် အာဏာပိုင်အဖွဲ့အစည်းများရဲ့ အာရုံစိုက်မှုနဲ့ ဖေးမမှု ကို ရရှိလာမယ့် နေ့ကို မျှော်လင့်နေရုံမှ တစ်ပါး အခြား မရှိတော့ပေ ။
CRD; #မူရင်းပို့စ်ပိုင်ရှင်

☘️မင်္ဂလာရှိသောမနက်ခင်းလေးဖစ်ကြပါစေ🙏🙏🙏 #ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေးမှနေ့သစ်တစ်နေ့ကို စိတ်ကျေနပ်ဖွယ်အဖြစ် အစပြုပီး အခ...
18/02/2026

☘️မင်္ဂလာရှိသောမနက်ခင်းလေးဖစ်ကြပါစေ🙏🙏🙏

#ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေးမှနေ့သစ်တစ်နေ့ကို စိတ်ကျေနပ်ဖွယ်အဖြစ် အစပြုပီး အချိန်တိုင်းတွင် တာဝန်ရှိရှိနဲ့ လူကြီးမင်းတို့ရဲ့ကုန်စည်များကိုမှန်ကန်ချောမွေ့စွာ ပို့ဆောင်ပေးနေပါသည် 🚛💨

🤝ယနေ့လည်း ရွှေပိတောက်နဲ့အတူ
သင့်လုပ်ငန်းအောင်မြင်မှုလမ်းကြောင်းပေါ် ဆက်လှမ်းကြပါစို့ 💪
#ရွှေပိတောက်

မင်္ဂလာရှိသော မြင်းနှစ် နှစ်သစ်ကူးမှစ၍ ကျန်းမာ ချမ်းသာပီး ပျော်ရွှင်ဖွယ်ရာနှစ်သစ်ကူးအတွက်  #ရွှေပိတောက် ကုန်စည်ပို့ဆောင်...
17/02/2026

မင်္ဂလာရှိသော မြင်းနှစ် နှစ်သစ်ကူးမှစ၍ ကျန်းမာ ချမ်းသာပီး ပျော်ရွှင်ဖွယ်ရာနှစ်သစ်ကူးအတွက် #ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေးမိသားစုမှဆုမွန်‌ေကာင်းတောင်းအပ်ပါသည်။

☘️မဂ်လာရှိသောမနက်ခင်းလေးဖစ်ကြပါစေ🙏🙏🙏 #ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေးမှနေ့သစ်တစ်နေ့ကို စိတ်ကျေနပ်ဖွယ်အဖြစ် အစပြုပီးအချိန...
27/01/2026

☘️မဂ်လာရှိသောမနက်ခင်းလေးဖစ်ကြပါစေ🙏🙏🙏

#ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေးမှနေ့သစ်တစ်နေ့ကို စိတ်ကျေနပ်ဖွယ်အဖြစ် အစပြုပီးအချိန်တိုင်းတွင် တာဝန်ရှိရှိနဲ့ လူကြီးမင်းတို့ရဲ့ကုန်စည်များကိုမှန်ကန်ချောမွေ့စွာ ပို့ဆောင်ပေးနေပါသည် 🚛💨

🤝ယနေ့လည်း ရွှေပိတောက်နဲ့အတူ
သင့်လုပ်ငန်းအောင်မြင်မှုလမ်းကြောင်းပေါ် ဆက်လှမ်းကြပါစို့ 💪
#ရွှေပိတောက်

ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေး မှရန်ကုန် - မန္တလေး သို့ လူကြီးမင်းတို့၏ ကုန်စည်များကိုတာဝန်ယူမှူ တာဝန်ခံမှူအပြည့်ဖြင့်အ...
26/01/2026

ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေး မှ
ရန်ကုန် - မန္တလေး သို့
လူကြီးမင်းတို့၏ ကုန်စည်များကို
တာဝန်ယူမှူ တာဝန်ခံမှူအပြည့်ဖြင့်
အချိန်နှင့်တပြေးညီ
ရောက်ရှိစေရန် ဝန်ဆောင်မှု ပေးနေပါသည် ။
🏠SH15, ကျွန်းရွှေဝါလမ်း, ဘုရင့်နောင်ကားကြီးဝန်း, မရမ်းကုန်းမြို့နယ်
☎️ဆက်သွယ်ရန် - 095152110
09402002020
09777900642

#ရွှေပိတောက် #ကုန်စည်ပို့ဆောင်ရေး

26/01/2026
Export 💵💰25% to 15%
08/01/2026

Export 💵💰25% to 15%

☘️မဂ်လာရှိသောမနက်ခင်းလေးဖစ်ကြပါစေ🙏🙏🙏 #ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေးမှနေ့သစ်တစ်နေ့ကို စိတ်ကျေနပ်ဖွယ်အဖြစ် အစပြုပီးအချိန...
07/01/2026

☘️မဂ်လာရှိသောမနက်ခင်းလေးဖစ်ကြပါစေ🙏🙏🙏

#ရွှေပိတောက် ကုန်စည်ပို့ဆောင်ရေးမှနေ့သစ်တစ်နေ့ကို စိတ်ကျေနပ်ဖွယ်အဖြစ် အစပြုပီးအချိန်တိုင်းတွင် တာဝန်ရှိရှိနဲ့ လူကြီးမင်းတို့ရဲ့ကုန်စည်များကိုမှန်ကန်ချောမွေ့စွာ ပို့ဆောင်ပေးနေပါသည် 🚛💨

🤝ယနေ့လည်း ရွှေပိတောက်နဲ့အတူ
သင့်လုပ်ငန်းအောင်မြင်မှုလမ်းကြောင်းပေါ် ဆက်လှမ်းကြပါစို့ 💪
#ရွှေပိတောက်

CEPT ခံစားခွင့်များ
06/01/2026

CEPT ခံစားခွင့်များ

အသိပေးကြေညာချက်(4/2025) ရက်စွဲ။2025ခုနှစ်၊ဒီဇင်ဘာ (31)ရက်၁။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်အ...
06/01/2026

အသိပေးကြေညာချက်(4/2025)

ရက်စွဲ။2025ခုနှစ်၊ဒီဇင်ဘာ (31)ရက်

၁။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်အပါအဝင် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို Myanmar Trade net 2.0 စနစ်မှ 24နာရီ 7ရက်ပတ်လုံး လျှောက်ထားနိုင်ပြီး စနစ်မှ ပြန်လည်ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ စနစ်အတွင်း သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားမှုများ ဖောင်းပွမှုမရှိစေရေးအတွက် 2026ခုနှစ်၊ ဇန်နဝါရီလ 1ရက်မှ စတင်၍ စနစ်အတွင်းလျှောက်ထားသည့် လိုင်စင်/ပါမစ်လျှောက်လွှာများ၏ သက်တမ်းများကို ရက်ပေါင်း 180 သတ်မှတ်သွားမည်ဖြစ်ပါသည်။

၃။ လိုင်စင်များလျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုလျှင် အမျိုးတူပစ္စည်းများဖြစ်ပါက ပြက္ခဒိန်တစ်လအတွင်း တစ်စောင်သာ လျှောက်ထားရန်နှင့် တစ်စောင်ကိုသာ အတည်ပြုခွင့်ပြုသွားမည်ဖြစ်ပါသည်။

၄။ လိုင်စင်/ပါမစ်လျှောက်လွှာသက်တမ်းရက်ပေါင်း 180 ကျော်လွန်သည့် လျှောက်ထားမှုများကို Myanmar Trade net 2.0စနစ်မှ ပယ်ဖျက်ခြင်း ( Auto Cancel ) ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Crd;ကုန်သွယ်ရေးဦးစီးဌာန
#ရွှေပိတောက်

Address

SH. 15, ကျွန်းရွှေဝါလမ်း, ဘုရင့်နောင်ကားကြီးဝန်း, မရမ်းကုန်းမြို့နယ်
Yangon
11211

Telephone

095152110

Website

Alerts

Be the first to know and let us send you an email when ရွှေပိတောက် ကုန်စည်အမြန်သယ်ယူပို့ဆောင်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share