Zwel Marine Transportation

Zwel Marine Transportation Shipping Transportation

28/04/2026
27/04/2026

မိုးရွာမည် 🌧

လာမယ့် ဧပြီလ ၂၉ရက်မှ မေလ ၄ရက်နေ့အတွင်း မကွေးတိုင်း ဒေသကြီးထဲက ဒေသအားလုံးမှာ နေရာအနှံ့ မိုးတွေရွာပါမယ်။ မကွေးတိုင်းထဲက ပူလို့အိုက်လို့ မိုးမျှော်နေကြသူတွေ၊ စိုက်ခင်း ရေသွင်းမယ့်သူတွေ ဝမ်းသာစေမယ့် မင်္ဂလာ သတင်းကောင်းလေး ဖြစ်ပါတယ်။ စိုက်ခင်း ရေသွင်းမယ့်သူတွေ ဆီဖိုးသက်သာသွားရင် မိုးလေဝသဒေတာ ဝယ်ယူတွက်ချက်ဖို့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးဖို့ မမေ့ကြနဲ့ဦးနော်။ ပိုစ့်တိုင်းမှာ ထည့်ထည့်ပြောရတာလဲ ဖတ်ရှုသူများကို အားနာပါတယ်။ မိုးချစ်သူလေးတွေ ဝမ်းသာနိုင်စေဖို့ ကြိုတင်သတိပေးလိုက်ပါတယ်။ မိုးကြိုး မိုးသီး အန္တရာယ် ရှိတာမို့ မိုးတိမ်မဲမဲကြီးတွေ မြင်တာနဲ့ သစ်ပင်အောက်တွေ ကွင်းပြင်တွေမှာ မနေကြဘဲ လုံခြုံရာ အဆောက်အအုံထဲမှာ နေကြဖို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မင်းဘူးခရိုင်၊ မကွေးခရိုင်နဲ့ ချောက်ခရိုင်တွေမှာ နေရာကွက် မိုးများမယ်နော်။

27-04-2026/6:00PM
Data Soure:GFS/GEM/JMA/ICON/UKMO/ECMWF/USAI
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ #မကွေးတိုင်း #မကွေး #မင်းဘူး #မိုးလေဝသ

24/04/2026

ကြိုးစားတိုင်းမအောင်မြင်ဘူး။
ကြိုးစားတာက
အမြဲမပြတ် လမ်းလျှောက်တာနဲ့တူတယ်။

ဥာဏ်ကောင်းတိုင်းလဲ မအောင်မြင်ဘူး။
ဥာဏ်ကောင်းရင်လမ်းမြင်မယ်။
မလျှောက်ရင် မရောက်ဘူး။

ကံကောင်းတိုင်းလဲ မအောင်မြင်ဘူး။
ကိုယ်ရှိတဲ့နေရာနဲ့ အခွင့်အရေးတခါတွေ့လို့
အဆင်ပြေသွားကောင်း ကောင်းမယ်။
အမြဲတော့ ကံကောင်းနေမှာ မဟုတ်ဘူး။

ဥာဏ်ကောင်းရင် သွားရမည့်လမ်းမြင်မယ်။
ကံကောင်းရင် သွားတဲ့လမ်းမှာ
အခွင့်အလမ်းတွေ တွက်ချက်ထားတာထက်
ပိုများမယ်။
ဝိရိယကောင်းရင် အခွင့်အလမ်းနဲ့
ပြင်ဆင်ကြိုးစားမှုနဲ့တွေ့မယ်။

အောင်မြင်တယ်ဆိုတာ
ကိုယ်လိုချင်တာရတာ။
မလိုချင်တာ မရတာ။

လူတွေဘာတွေလိုချင်လဲ
ငွေ၊ အချစ်၊ တိုးတက်ရေး၊ ဂုဏ်၊ တရား။

Phyo Paing @ Derek

MV ZMMH-9 Dock
23/04/2026

MV ZMMH-9 Dock

ကမ်းရိုးတန်းသွားသင်္ဘောများ၏ DSMS(Domestic Safety management System)လိုက်နာဆောင်ရွက်မှုရှိ/မရှိ DMA နှင့် DPA တို့မှစစ်ဆ...
23/04/2026

ကမ်းရိုးတန်းသွားသင်္ဘောများ၏ DSMS(Domestic Safety management System)လိုက်နာဆောင်ရွက်မှုရှိ/မရှိ DMA နှင့် DPA တို့မှစစ်ဆေးလျှက်ရှိပါသည်။

17/04/2026

နှစ်သစ်မှာ အရေးကြီးဆုံးကတော့ အတိတ်က အညစ်အကြေးတွေကို လွှတ်ချနိုင်တဲ့ စိတ်ထားပဲ။ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ စိတ်နာစရာတွေ၊ အဆင်မပြေမှုတွေနဲ့ အာဃာတတွေကို အိတ်အဟောင်းကြီးတစ်ခုလို ထမ်းမလာပါနဲ့တော့။ 'ပြီးခဲ့တာတွေ ပြီးပါပြီ' ဆိုပြီး လွှတ်ချလိုက်မှသာ နှစ်သစ်ခရီးကို ပေါ့ပေါ့ပါးပါးနဲ့ ဝေးဝေးသွားနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ ကိုယ့်မှာရှိနေတဲ့ အရာလေးတွေကို တန်ဖိုးထားတတ်တဲ့ ရောင့်ရဲတင်းတိမ်တဲ့ စိတ်ကလေးကိုလည်း မွေးမြူရမယ်။ 'ငါ့မှာ ဒါမရှိလို့၊ ဟိုဟာမရလို့' ဆိုပြီး မပြည့်စုံတာတွေကို လိုက်ကြည့်ပြီး စိတ်ညစ်နေမယ့်အစား ရှိနေတာလေးတွေနဲ့ အေးချမ်းအောင် နေတတ်ဖို့ လိုတယ်။ သည်းခံခြင်းဆိုတဲ့ စိတ်ထားကလည်း နှစ်သစ်မှာ အင်မတန် အရေးကြီးတယ်။ လောကမှာ လောကဓံဆိုတာ လာဦးမှာပဲ၊ အဲ့ဒီအခါ 'ဒါဟာ လောကရဲ့ သဘောပဲ' လို့ သည်းခံနိုင်တဲ့စိတ်ရှိရင် ဘယ်လိုအပူမျိုးပဲလာလာ ကိုယ့်စိတ်ကို မလောင်မြိုက်နိုင်တော့ဘူး။

အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်ကို မေတ္တာရှေ့ထားတဲ့ မျက်လုံးနဲ့ ကြည့်တတ်ဖို့ပဲ။ အပြစ်ရှာတဲ့စိတ်ထက် 'အားလုံး အဆင်ပြေကြပါစေ' ဆိုတဲ့ စေတနာစိတ်နဲ့ ဆက်ဆံမယ်ဆိုရင် ကိုယ့်ဆီကိုလည်း မေတ္တာတွေပဲ ပြန်လာလိမ့်မယ်။ အရာရာမှာ သတိနဲ့ အသိဉာဏ်ကို ယှဉ်ပြီး ဆုံးဖြတ်တတ်တဲ့ စိတ်ထားမျိုးရှိနေရင်တော့ ဘယ်တော့မှ လမ်းမှားမှာ မဟုတ်ပါဘူး။ ဒါကြောင့် နှစ်သစ်မှာ အဝတ်အစားသစ်တွေ လဲသလို ကိုယ့်ရဲ့ စိတ်ထားဟောင်းတွေကိုလည်း ဒီလို စိတ်ထားကောင်းလေးတွေနဲ့ လဲလှယ်ကြည့်ကြပါ။ စိတ်ထားစင်ကြယ်နေတဲ့သူအတွက် နှစ်သစ်ရဲ့ နေ့ရက်တိုင်းဟာ မင်္ဂလာရှိတဲ့ နေ့ရက်တွေ ဖြစ်နေမှာပါ"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ကူး2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်စိတ်ထား #စိတ်သစ်ဘဝသစ် #တရားတော် #မေတ္တာ #သတိ #ဓမ္မရသ

08/04/2026

မိုးကြီးမည် 🌧

အခုပိုစ့်တင်ချိန်မှ နောက် ၇၂နာရီအတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသများမှာ မိုးတွေရွာပါမယ်။ ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်ဒေသတွေ၊ ချင်းပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေ၊ စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ နယ်စပ်ဒေသတွေ၊ ကချင်ပြည်နယ် အထက်ပိုင်းဒေသတွေမှာ အချိန်အခါမဟုတ် မိုးကြီးနိုင်လို့ စိုက်ပျိုးရေးသမားတွေ မိုးရေထိမခံတဲ့ တခြားလုပ်ငန်းသမားတွေ အချိန်မီ သိရှိကာကွယ်နိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပေးလိုက်ပါတယ်။ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ခန့်မှန်းပေးနေပါတယ်။ ရန်ကုန်ဘက်ကရော မိုးမျှော်နေတဲ့သူတွေ ရှိကြလားဗျ။ ရန်ကုန်မှာလဲ မိုးရွာဖို့ရှိရင် အချိန်နဲ့တပြေးညီ တင်ပေးမယ်နော်။

8-04-2026/6:20PM
Data Soure:GFS/GEM/JMA/ICON/UKMO/ECMWF/GEM
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ #ချင်းပြည်နယ် #စစ်ကိုင်းတိုင်း #ကချင်ပြည်နယ် #ရန်ကုန်

08/04/2026

⚠️ ၄၈ နာရီသတိ 🚨 ရန်ကုန် • ဧရာဝတီ • ပဲခူး
တကြော

ဒီဒေသတကြောလာမယ့်မိုးက… “မိုးအေး” မဟုတ်ဘူး။
👉 မနေ့က မြန်မာပြည်အလယ်ပိုင်း/အထက်ပိုင်း
မှာ လူသေ၊ အိမ်ပြို ၊ သစ်ပင်လဲ ဖြစ်ခဲ့တဲ့ မိုးစနစ်။
👉 အခု အောက်ပိုင်းဒေသကို ဒီဖြစ်စဥ်
(Pattern) အတိုင်းဆင်းလာနေတာပါ။

🔥 အပူလွန်ကဲ + လေထုစိုထိုင်းမှုမြင့် = လေထုစွမ်းအင် အမြင့်ဆုံး
💥 ရလဒ်ကတော့ → “မိုးတိမ်တောင်အဖြစ် ပေါက်ကွဲမှု (Heat Storm)”

⏰ ဒီရက်ပိုင်းအန္တရာယ်အချိန်
👉 4PM – 9PM (Peak)

💣 ဖြစ်နိုင်တာတွေ
⚡ မိုးကြိုးပြင်းထန်
🌬️ လေပြင်း ရုတ်တရက်တိုက်
🌧️ နေရာကွက်ပြီး မိုးသည်းထန် (short burst)။

🚫 “မိုးရွာရင် အေးသွားမယ်” မထင်ပါနဲ့၊ 👉 မိုးနဲ့အတူ အန္တရာယ်ပါလာနိုင်။

⏳ နောက် 48 နာရီ (Apr 8–9)
👉 မိုးထစ်ချုန်း( Thunderstorm pattern) ဆက်တိုက်ဖြစ်နိုင်။
👉 နေရာတချို့မှာ ထပ်ခါထပ်ခါ ရွာနိုင်

🏥 အသက်အန္တရာယ်ကင်းဖို့
👉 သစ်ပင် / Billboard / ဓာတ်တိုင်အောက်
မနေနဲ့
👉 မိုးကြိုးချိန် ဖုန်းမသုံး
👉 လေပြင်းလာရင် အပြင်မထွက်ပါနဲ့။

📍 ရန်ကုန်၊ ဧရာ၀တီ၊ ပဲခူးတကြောမှာ အခု
မိုးတိမ်ညိုလာပြီလား?
👉 မြို့နယ်နာမည်နဲ့ comment ပေးပါ
ကျနော်တို့ ပြည်သူတွေရဲ့ Feedback ကနေ
အကြံပြုဆွေးနွေးပေးပါမယ်။
🙏 ဒီမိုးလေသတင်းကို မျှဝေရင်း 👉အသက်တချောင်းဖြစ်ဖြစ် ကယ်နိုင်ဖို့ သတိပေးလိုက်ပါ။

မေတ္တာဖြင့်
🌿 AI Info Team 🌿
📆 8 APR 2026

24/03/2026

⚠️ [UPDATE - ၂၄ နာရီအတွင်း] မိုးသက်လေပြင်းတကယ်ကျနိုင်ပြီး ၊ အပူရှိန်မြင့်တက်ဦးမယ့် ဒေသတွေ 🌧️

ယခင်က ၇၂ နာရီ သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက်.. ဒီနေ့ထပ်တိုးရရှိတဲ့ ဒေသတွင်းမိုးလေ
၀သအချက်လက်များနဲ့ ဂြိုလ်တပုံရိပ်တွေကို ပြန်
ဆန်းစစ်သုံးသပ်ကြည့်တဲ့အခါ ယခုထပ်တိုးအချက်လက်များကို သက်ဆိုင်ရာဒေသက ပြည်သူတွေ
သိနိုင်စေဖို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။

👉 မိုးတိမ်တွေဟာ “မြောက်ပိုင်းကနေ စတင်
ဝင်လာနေပြီး”တချို့ဒေသတွေမှာ “ မိုးနဲ့လေပြင်းတွေတကယ်ကျဖို့” အစပျိုးနေပါပြီ။

📍 မိုးကျနိုင်တဲ့နေရာများ (High Chance)ဒေသ
တွေကတော့ ~

🔴 စစ်ကိုင်းအထက် (ကလေး၊ ကလေးဝ / တမူး / ဟုမ္မလင်း/ခန္တီး / နာဂတောင်တန်းတကြော)
🌧️ ဒီနေ့ညပိုင်း မိုးထစ်ချုန်း + လေပြင်း
⚠️ မိုးကြိုးအန္တရာယ် သတိထားရန်

🔴 ကချင် (ပူတာအို/ မြစ်ကြီးနား /၀ိုင်းမော်/
ဖားကန့်)
🌧️ မိုးရွာနိုင်ပြီး တောင်တန်းဒေသ မြေပြိုမူ
သတိပြု။

🟠 ချင်းပြည်နယ်
🌧️ တောင်တန်းတလျှောက် မိုးတိမ်တိုးလာနေ။
ရွာဖို့သေချာသလော​က်ရှိ။

📍 အပူရှိန်တက်ပြီးမှ မိုးသက်လေပြင်းကျနိုင်တဲ့
ဒေသများ

🟠 မန္တလေး / မကွေး / စစ်ကိုင်းအောက် /နေပြည်တော် ။

🔥 နေ့လယ် အရမ်းပူ
⛈️ ညနေ - ရုတ်တရက် မိုးသက်လေပြင်း

📍 မိုးဖြိုက်ဖြိုက်ပေမယ့် သတိထားရမယ့်
ဒေသများ

🔵 ရန်ကုန် / ပဲခူး / ဧရာဝတီ
☀️ အများအားဖြင့် နေပူ ၊ 🌦️ ညနေ အချို့နေရာ များတွင် ကွက်ကြား မိုးဖွဲ ။

🟡 ကရင် / မွန် / တနင်္သာရီ
🌦️ ညနေပိုင်း လေပြင်း + မိုးရွာနိုင်

💡 အရေးကြီး ၃ ချက်

1️⃣ မိုးမကျသေးလည်း “လေပြင်း” အရင်လာနိုင် ။
2️⃣ မိုးကျရင် သာမန်မဟုတ် → ⚡ မိုးကြိုး + လေပြင်း ။
3️⃣ အညာဒေသ = ပူပြီးမှ မိုးကြမ်းနိုင်တဲ့ ဖြစ်စဥ်
မျိုး ။
4 ပူပြင်းခြောက်သွေ့လာမူကြောင့် မီးဘေးအန္တ
ရာယ်ကိုလည်း အထူးသတိထားပါ။ 🔥

ကိုယ်နေထိုင်ရာမြို့အလိုက် အသေးစိတ်သိလို
ပါက ~
💬 Comment မှာ “ကိုယ်ရှိတဲ့မြို့” ရေးခဲ့ပါ
👉 တမြို့ချင်း ဖြစ်နိုင်ချေ( Risk Level)ကို
ပြန်ဖြေပေးပါမယ်။

မိုးလေ၀သဖြစ်စဥ်များဟာ ~
အချိန်နဲ့အမျှ ပြောင်းလဲဖြစ်ပေါ်နေတာမို့ အချက်
လက်သစ်တွေကို ဒီ Post အောက်မှာ Update
လုပ်ပေးသွားပါမယ်။

ဒေသတွင်းနဲ့ နိုင်ငံတကာမိုးလေ၀သအချက်လက်တွေကနေ ကိုယ့်နိုင်ငံအတွက်စနစ်တကျပေါင်း
စပ်တွက်ချက်ပြီး လိုရင်းတိုရှင်း ကြိုတင်ခန့်မှန်းသုံးသပ်ပေးတာကြောင့် Confidence Level :
80% ~ 90 အထိ စိတ်ချရပါတယ်။

ကျနော်တို့ Team အနေနဲ့ ပြည်တွင်း၊ ပြည်ပမှ တကယ်အသိမှတ်ပြုခံထားရသော မိုးလေ၀သ
ပညာရှင်တွေရဲ့ နည်းနာနိဿယကိုခံယူပြီး အမြဲတာ၀န်သိသိနဲ့ ပြည်သူတွေအတွက် ဆောင်ရွက်
ပေးလျက်ရှိတဲ့အပြင် မည်သည့်အခကြေးငွေမျှ
ပေးရန်မလိုပါ ။

🌿 AI Info Team 🌿
📅 24 MAR 2026
REF : 🇹🇭 TMD , 🇮🇳 IMD , 🇲🇲 DMH , 🇲🇲 MM Weather

14/12/2025

အောင်မြင်ချင်ရင်
လောဘတွေကို တိုး။
လုပ်နိုင်စွမ်းတွေကို တိုး။

အေးချမ်းချင်ရင်
လောဘတွေကို လျော့။​
လုပ်နိုင်စွမ်းတွေကို တိုး။

Phyo Paing @ Derek

14/12/2025

ကိုယ့်မှာ background မရှိရင်
ကိုယ်က background ဖြစ်အောင် ကြိုးစားပါ
အကောင်းဆုံးက ကိုယ်လုပ်စရာရှိတာကို
ရှိတာလေးနဲ့ ဖြစ်အောင်လုပ်ဖို့ပါပဲ
အခက်အခဲတွေအကြောင်း drama တွေ မခင်းနဲ့
ဘယ်သူမှ လာကူညီတာ မစောင့်နဲ့
အမြင်မတော်လို့ လာကူညီရင်တောင်
ကူညီမယ့်လူက တစ်ဘဝလုံးစာ
အမြဲတမ်း မကူညီနိုင်ဘူး
မင်းမှာ ကျောထောက်နောက်ခံ မရှိဘူးဆိုရင်
You are on your own ပဲလို့သာ မှတ်ထားပါ။♥🍀


Address

615S Marlar Street , Pyay Road
Yangon

Telephone

+951505075

Website

Alerts

Be the first to know and let us send you an email when Zwel Marine Transportation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zwel Marine Transportation:

Share