YBS Explorers

YBS Explorers Exploring Yangon with YBS
(1)

🚍 ကန်သာယာစင်တာသို့ ရောက်ရှိသော ယာဉ်လိုင်းများ (English Version Below 🇬🇧)♻️ မဆလာစက်မှတ်တိုင်၇၊ ၂၀၊ ၂၅၊ ၄၃၊ ၆၄၊ ၇၂၊ ၁၁၁၊ ၁...
30/04/2026

🚍 ကန်သာယာစင်တာသို့ ရောက်ရှိသော ယာဉ်လိုင်းများ

(English Version Below 🇬🇧)

♻️ မဆလာစက်မှတ်တိုင်
၇၊ ၂၀၊ ၂၅၊ ၄၃၊ ၆၄၊ ၇၂၊ ၁၁၁၊ ၁၁၂၊ ၁၁၃၊ ၁၂၀

⚫ Nearest Bus Routes to KanTharYar Center

♻️ Maslarset Bus Stop
7, 20, 25, 43, 64, 72, 111, 112, 113, 120

↘️ လမ်းညွှန်

မဆလာစက်မှတ်တိုင်ဆင်း၍ နောက်သို့ ပြန်လျှောက်ကာ ဦးအောင်မြတ်လမ်းအတိုင်း ဝင်သွားပါ။

• Google Map | https://maps.app.goo.gl/KQCxqMFP78ko2i217

🔵 စက်သုံးဆီဈေးကျသဖြင့် ကားလက်မှတ်များ ဈေးကျယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီဖြစ်တာကြောင့် အဝေ...
29/04/2026

🔵 စက်သုံးဆီဈေးကျသဖြင့် ကားလက်မှတ်များ ဈေးကျ

ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီဖြစ်တာကြောင့် အဝေးပြေးယာဉ်လိုင်းတချို့မှ လက်မှတ်ခနှုန်းထားများ ပြန်လည်လျှော့ချပေးနေကြောင်း သိရှိရပြီး ပြန်အမ်းငွေများ ပြန်အမ်းပေးနေပြီဖြစ်ကြောင်း ယာဉ်လိုင်းတချို့က ကြေညာထားပါတယ်။

ယခင်တက်ဈေးဖြင့် ရောင်းချထားတဲ့လက်မှတ်နှုန်းထားများကို သင့်တင့်တဲ့ နှုန်းထားဖြင့် လျှော့ချရောင်းချပေးကာ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း နာမည်ကြီးယာဉ်လိုင်းများဖြစ်တဲ့ မြတ်မန္တလာထွန်း၊ မန္တလာမင်းနဲ့ JJ အပါအဝင် တချို့ယာဉ်လိုင်းများမှ ကြေညာထားပြီး အနည်းဆုံး ၅,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ လျှော့ချပေးထားကြောင်းတွေ့ရှိရပါတယိ။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ 92 Ron တလီတာ ၄၆၆၈ ကျပ်၊ 95 Ron တလီတာ ၄၉၀၉ ကျပ်၊ HSD (500 ppm) တလီတာ ၅၇၅၂ ကျပ်၊ HSD 950 ppm) တလီတာ ၇၁၀၂ ကျပ်၊ HSD (10 ppm) တလီတာ ၇၁၀၂ ကျပ်ဆိုကာ ရန်ကုန်အတွက် ပျှမ်းမျှဈေးနှုန်းများ ထုတ်ပြန်ထားရှိပြီး အဆိုပါ စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်မှုမရှိပါက ဈေးနှုန်းများ အပြောင်းအလဲမရှိ မြင့်တက်နေဦးမယ်လို့ ဝေဖန်နေကြပါတယ်။

Photo - Internet

🔵 ရုံးပိတ်ရက်များအတွက် YPS မှ ပိတ်ရက်ကြေညာမကြာခင်ကျရောက်မယ့် အများပြည်သူရုံးပိတ်ရက်များအတွက် Yangon Payment Service မှ က...
28/04/2026

🔵 ရုံးပိတ်ရက်များအတွက် YPS မှ ပိတ်ရက်ကြေညာ

မကြာခင်ကျရောက်မယ့် အများပြည်သူရုံးပိတ်ရက်များအတွက် Yangon Payment Service မှ ကြေညာလာပြီး ၎င်းတို့ရဲ့ ကဒ်ငွေဖြည့်ခြင်း၊ ကဒ်ဝယ်ယူနိုင်ခြင်း ဝန်ဆောင်မှုကို ရယူနိုင်တဲ့ ဝန်ဆောင်မှုကို ရယူနိုင်မယ့် အရောင်းကောင်တာများကို အလှည့်ကျဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် ဆူးလေ၊ လှည်းတန်း၊ မြန်မာပလာဇာ၊ မြေနီကုန်း၊ သမိုင်း၊ ပန်းဆိုးတန်း၊ သခင်မြပန်းခြံရှိ အရောင်းကောင်တာများကို ပုံမှန်အတိုင်း ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး (၈) မိုင်အရောင်းကောင်တာကို ခေတ္တပိတ်ထားမှာ ဖြစ်ပါတယ်။

၂၇ ရက်နေ့တွင် အရောင်းကောင်တာအကုန်လုံးကို ပုံမှန်အတိုင်း ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး YPS နဲ့ပတ်သတ်၍ စုံစမ်းမေးမြန်းလိုပါက Hotline နံပါတ်) 09772666699 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် နံနက် (၉) နာရီ ) မှ (ညနေ(၅) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Photo - Yangon Payment Service

🔵 ရထားလက်မှတ်အတုများရှိနေကြောင်း ORTP မှ သတိပေးအွန်လိုင်းမှ ဝယ်ယူရရှိနိုင်တဲ့ ရထားလက်မှတ်များကို အတုအပပြုလုပ်ကာ လိမ်လည်ရ...
27/04/2026

🔵 ရထားလက်မှတ်အတုများရှိနေကြောင်း ORTP မှ သတိပေး

အွန်လိုင်းမှ ဝယ်ယူရရှိနိုင်တဲ့ ရထားလက်မှတ်များကို အတုအပပြုလုပ်ကာ လိမ်လည်ရောင်းချလျက်ရှိကြပြီး အဆိုပါအတုအပများနှင့် ပတ်သတ်၍ ORTP မှ သတိပေးထုတ်ပြန်ထားပြီဖြစ်ပါတယ်။

လိမ်လည်သူများက ရထားလက်မှတ်အဟောင်းများပေါ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြန်လည်ပြင်ဆင်ကာ ၎င်းတို့ထံ ဝယ်ယူသူများကို အဆိုပါ အတုအပလက်မှတ်ဖြင့် ရောင်းချနေကြပြီး အများအားဖြင့် page နှင့် Group များထံမှ လိမ်လည်မှုများ ဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ လက်မှတ်အတုဝယ်ယူထားရှိသူများအနေဖြင့် ရထားလက်မှတ်လဲလှယ်ရာတွင် အချက်အလက်များဖြင့် တိုက်စစ်ပါက ရထားလက်မှတ်လဲလှယ်နိုင်မှာမဟုတ်သလို အဆိုပါလက်မှတ်ဖြင့် ရထားခရီးစဉ်များကို လိုက်ပါစီးနင်းပါက ခရီးစဉ် အစအဆုံးရဲ့ ဒဏ်ကြေး နှစ်ဆကို ပေး‌ဆောင်ရနိုင်တာကြောင့် သတိထားကြဖို့ ORTP က ပြောပါတယ်။

ORTP မှ ၎င်းတို့ရဲ့ တရားဝင် Website အပါအဝင် ဘူတာများရှိ အရောင်းကောင်တာများတွင် လက်မှတ်များကို ဝယ်ယူပေးဖို့ အသိပေးထားပြီး လိမ်လည်ရောင်းချမှုများကို အထူးသတိထားဖို့ တိုက်တွန်းထားပါတယ်။

Photo - ORTP info by မြန်မာ့မီးရထား

🟤 YPS ကဒ်တွေကို ဈေးသက်သက်သာနဲ့ ဘယ်လိုဝယ်ယူရမလဲခုချိန်မှာ အကြွေရှားတဲ့ကာလလည်း ဖြစ်တာကြောင့် စက်မပိတ်တဲ့ယာဉ်လိုင်းတွေမှာ ၅...
26/04/2026

🟤 YPS ကဒ်တွေကို ဈေးသက်သက်သာနဲ့ ဘယ်လိုဝယ်ယူရမလဲ

ခုချိန်မှာ အကြွေရှားတဲ့ကာလလည်း ဖြစ်တာကြောင့် စက်မပိတ်တဲ့ယာဉ်လိုင်းတွေမှာ ၅၀၀ ပေးပြီး ၁၀၀ ပြန်မရတာမျိုး မဖြစ်ရအောင် ကဒ်တွေ ဝယ်ချင်တယ်ဆိုရင် ဒီအတိုင်းကြီး ဝယ်မယ့်အစား အခုနည်းလမ်းတွေ ဖတ်ပြီး ဝယ်ကြည့်ပါ။

👥 အသက်သာဆုံးနည်း

ဒီနည်းလမ်းကတော့ YPS အရောင်းကောင်တာတွေမှာ စမ်းရမယ့်နည်းလမ်းဖြစ်ပြီး အခွင့်အရေး နည်းပါတယ်။

YPS အရောင်းကောင်တာတွေမှာ YPS ကဒ်ကို ငွေ ၂၀,၀၀၀ ကျပ် ဖြည့်သွင်းပြီး ဘေလ် ၂၀,၀၀၀ ပါတဲ့ YPS ကဒ်ကို ကဒ်ဖိုးသပ်သပ်ပေးစရာမလိုပဲ ကဒ်ကို ရရှိမှာ ဖြစ်ပါတယ်။

ဒီပရိုမိုရှင်းက အမြဲရနေတာမျိုး မဟုတ်ပေမယ့် တခါတရံတချို့ဆိုင်တွေမှာ ရနေတက်လေ့ရှိပြီး ရတဲ့ဆိုင်နေရာအများစုက သခင်မြပန်းခြံ၊ ဆူးလေ၊ ပန်းဆိုးတန်း၊ (၈) မိုင်ပန်းခြံတို့ ဖြစ်နိုင်ပါတယ်။

🟣 Trusty Pay

Trusty Pay နဲ့ Yangon Payment Service တို့က လတ်တလောမှာ ခဏခဏပရိုမိုးရှင်းအစီအစဉ်တွေ ပြုလုပ်လေ့ရှိတာကြောင့် စောင့်ကြည့်ဖို့ လိုပါတယ်။

Trusty Pay အကောင့်ဖွင့်ပြီး သတ်မှတ်ထားတဲ့ ငွေပမာဏကို ဖြည့်ပေးလိုက်ရုံနဲ့ လျှော့ဈေးတခုအထိ ရရှိတာ၊ ပြန်အမ်းငွေတွေရရှိတာတွေအပါအဝင် အခုဆိုရင်လည်း ပြန်အမ်းငွေရရှိမယ့် အစီအစဉ်တွေ ပြုလုပ်ပေးနေပါတယ်။

🪪 အသုံးပြုသူအချင်းချင်း ဝယ်ယူပါ

တချို့က နယ်ပြန်မှာ၊ တချို့က နိုင်ငံခြားထွက်မှာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောင်းနေတာမျိုးတွေ ရှိတာကြောင့် Group တွေထဲမှာ YPS ကဒ် ပြန်ရောင်းဖို့ရှိလားဆိုတာကို ရှာကြည့်တာ ဒါမှမဟုတ် ပို့စ်တင်ပြီး မေးကြည့်ရင် နဂိုဈေးထက်သက်သာတဲ့ YPS ကဒ်တွေကို ရနိုင်ပါတယ်။

ကံကောင်းရင်တော့ အလကားပါရနိုင်တာမလို့ ဒီနည်းလမ်းကို နောက်ဆုံးအနေနဲ့ စမ်းကြည့်သင့်ပါတယ်။

ဒါတွေ အကုန်လုံးအဆင်မပြေရင်တော့ YPS အရောင်းကောင်တာတွေမှာ ငွေ ၁၀,၀၀၀ ကျပ်ဖြင့် ကဒ်ဝယ်ယူနိုင်ပြီး ပွဲတော်ကာလတွေဆိုရင် Theme ပုံစံသစ်လေးတွေပါတဲ့ ကဒ်လေးတွေကို ရရှိနိုင်ပါတယ်။

YPS ကဒ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာအပြည့်စုံကို Page ထဲမှာ တင်ပေးထားတာကြောင့်မလို့ ဝင်ပြီးတော့ မိမိအလိုရှိသမျှကို ဖတ်ရှု့နိုင်ပါတယ်။

Photo - Internet

🔵 မြစ်ကြီးနား - မိုးညှင်းရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်မှုများ စတင်ရက် (၁၀၀) စီမံချက်တွင် ပါဝင်တဲ့ မြစ်ကြီးနား - မိုးကေ...
25/04/2026

🔵 မြစ်ကြီးနား - မိုးညှင်းရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်မှုများ စတင်

ရက် (၁၀၀) စီမံချက်တွင် ပါဝင်တဲ့ မြစ်ကြီးနား - မိုးကောင်း - မိုးညှင်းရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်မှုအနေဖြင့် မိုးကောင်း - မိုးညှင်းလမ်းပိုင်းကို ပြုပြင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

မြန်မာ့မီးရထားရဲ့ တာဝန်ရှိသူများအနေဖြင့် မိုးကောင်းနှင့် မိုးညှင်းကြား သံလမ်းများကို စတင်စစ်ဆေးနေပြီး အစားထိုးလဲလှယ်ရန် လိုအပ်တဲ့ သံလမ်းများကို ဆောင်ရွက်လျက်ရှိရာ ဧပြီ (၂၂) ရက်နေ့၊ ၂၀၂၆ ခုနှစ်တွင် မင်းကုန်းဘူတာအထိ လဲလှယ်ပြီးစီးလျက်ရှိပါတယ်။

မိုးကောင်း - မိုးညှင်းလမ်းပိုင်ရှိ သံလမ်းနှင့် တံတားများ စစ်ဆေးပြင်ဆင်ပြီးပါက မြစ်ကြီးနားမှ မိုးညှင်းအထိ လူစီးရထားများ ပြေးဆွဲပေးနိုင်တော့မှာဖြစ်ပြီး ယခုလက်ရှိတွင် မိုးကောင်း (၁) နှင့် (၂) အဖြစ် မြစ်ကြီးနားနှင့် မိုးကောင်းကို လော်ကယ်ရထားဖြင့် ပြေးဆွဲပေးလျက်ရှိပါတယ်။

🔵 ဘရိတ်ချို့ယွင်းတဲ့ MNA လေယာဉ်တစီးမှာ MAI လေယာဉ်နှင့် ဆောင့်မိပြည်တွင်းခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိတဲ့ မြန်မာ့အမျိုးသာ...
24/04/2026

🔵 ဘရိတ်ချို့ယွင်းတဲ့ MNA လေယာဉ်တစီးမှာ MAI လေယာဉ်နှင့် ဆောင့်မိ

ပြည်တွင်းခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72 လေယာဉ်အနေဖြင့် ဘရိတ်ချို့ယွင်းကာ မြန်မာအပြည်ပြည်ဆိုင်လေကြောင်းလိုင်း (MAI) ရဲ့ Airbus A319 လေယာဉ်ဖြင့် ဝင်ဆောင့်မိခဲ့ပြီး ယခုဖြစ်စဉ်မှာ ဧပြီ (၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဧပြီ (၂၀) ရက်နေ့၊ နံနက် (၉) နာရီခန့်မှာ ရန်ကုန်လေဆိပ်မှ ထွက်ခွာရန် မောင်းနှင်လာတဲ့ MNA လေယာဉ်မှာ ဘရိတ်စနစ်ချို့ယွင်းမှာကြောင့် လေယာဉ်ထိန်းချုပ်မှုစနစ်များရပ်တန့်သွားကာ အနီးနားတွင် ရပ်တန့်ထားရှိတဲ့ MAI လေယာဉ်ရဲ့ အမြီးပိုင်းကို ဝင်တိုက်ခဲ့မိကြောင်း အင်တာနက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုများအရ သိရှိရပါတယ်။

လေယာဉ်အမြီးပိုင်းကို ဝင်တိုက်ခဲ့ပြီးနောက် ကုန်ပစ္စည်းတင်လျက်ရှိတဲ့ တွန်းလှည်းကို ထပ်မံတိုက်မိခဲ့ပြီး အဆိုပါဖြစစဉ်ကြောင့် လေယာဉ်ကိုယ်ထည်ပိုင်းပျက်စီးခဲ့ကာ လေယာဉ်အမှုထမ်းများ အထိခိုက်မရှိကြောင်း သိရှိရပါတယ်။

ယခုလိုဖြစ်ပွားခဲ့မှုကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြပြီး အဆိုပါ လေယာဉ် (၂) စင်းမှာ စစ်ဆေးပြင်ဆင်ရန်အတွက် ခေတ္တရပ်နားထားတယ်လို့လည်း သိရှိရပါတယ်။

Photo - Internet

🟤 ပြောင်းလဲသွားမယ့် DEMU ခရီးစဉ်တွေရန်ကုန် - မန္တလေး - ရန်ကုန်အဖြစ် ပြေးဆွဲပေးမယ့် အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန် DEMU ...
23/04/2026

🟤 ပြောင်းလဲသွားမယ့် DEMU ခရီးစဉ်တွေ

ရန်ကုန် - မန္တလေး - ရန်ကုန်အဖြစ် ပြေးဆွဲပေးမယ့် အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန် DEMU ပေါ်လာပြီးနောက်ပိုင်း DEMU ရထားခရီးစဉ်တွေအနေနဲ့ အချိန်တွေ ပြောင်းလဲသွားသလို ရပ်တန့်မယ့် ကြားဘူတာခရီးစဉ်များမှာလည်း ပြောင်းလဲသွားတာကို သတိထားမိမှာပါ။

သတိမထားမိရင် တခုချင်းစီရှင်းပြမှာမလို့ အေးဆေးဖတ်ဖို့ အကြံပြုပါရစေ။

⏰ အချိန်ဇယားပြောင်းလဲခြင်း

အချိန်ဇယားကို ကြည့်လိုက်မယ်ဆိုရင်

⭕ ရန်ကုန် - မန္တလေး (၅) အဆန်၊ မန္တလေး - ရန်ကုန် (၆) အစုန် | နေ့စဉ် နံနက် (၀၆:၀၀) နာရီ ထွက်ခွာမည်။

⭕ ရန်ကုန် - နေပြည်တော် (၃၁) အဆန်၊ နေပြည်တော် - ရန်ကုန် (၃၂) အစုန် | နေ့စဉ် နံနက် (၁၀:၀၀) နာရီ ထွက်ခွာမည်။

⭕ ရန်ကုန် - နေပြည်တော် (၇) အဆန်၊ နေပြည်တော် - ‌ရန်ကုန် (၈) အစုန် | နေ့စဉ် နံနက် (၁၂;၃၀) နာရီတွင် ထွက်ခွာမည်။

ဆိုတာတွေကို တွေ့ရမှာဖြစ်ပြီး ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်အတွက် ခရီးစဉ်ကြာမြင့်ချိန်မှာ (၁၀) နာရီ၊ ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန်အတွက် ခရီးစဉ်ကြာမြင့်ချိန်မှာ (၅) နာရီ ဖြစ်ပါတယ်။

အချိန်ဇယားပြောင်းလဲမှုအနေနဲ့ဆိုရရင်

♻️ (၃၁) အဆန်၊ (၃၂) အစုန် ထွက်ခွာချိန်
နံနက် (၀၆:၀၀) နာရီ ➡️ နံနက် (၁၀:၀၀) နာရီ

♻️ (၇) အဆန်၊ (၈) အစုန် ထွက်ခွာချိန်
နေ့လယ် (၁၂;၀၀) နာရီ ➡️ နေ့လယ် (၁၂:၃၀)

ဖြစ်သွားမှာ ဖြစ်ပြီး (၃၃) အဆန်၊ (၃၄) အစုန်နေရာကို (၃၁) အဆန်၊ (၃၂) အစုန် က အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။

🚆ခရီးစဉ်ရွေးချယ်ခြင်း

ရထားခရီးစဉ်အသစ်တွေက တခုနဲ့တခု ခရီးစဉ်တူညီမှုရှိတော့မှာမဟုတ်ပဲ ကိုယ်သွားလိုတဲ့ မိမိသွားလိုတဲ့ ကြားဘူတာကို မူတည်ပြီး ရွေးချယ်စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အသစ်တွေအနေဖြင့် ညောင်လေးပင်၊ ဒိုက်ဦး၊ ဖြူးဘူတာတွေကို အလှည့်ကျရပ်တန့်ပေးမယ့် စနစ်ကို ကျင့်သုံးလာတာ မြင်တွေ့ရပြီး

• ညောင်လေးပင်ဘူတာကို ဆင်းလိုလျှင် အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန်ဖြင့်လည်းကောင်း

• ဒိုက်ဦးဘူတာကို ဆင်းလိုလျှင် အမှတ် (၃၁) အဆန်၊ အမှတ် (၃၂) အစုန်ဖြင့်လည်းကောင်း

• ဖြူးဘူတာကို ဆင်းလိုလျှင် အမှတ် (၇) အဆန်၊ အမှတ် (၈) အစုန်ဖြင့်လည်းကောင်း

စီးနင်းရမှာ ဖြစ်ပါတယ်။

အဆိုပါ ဘူတာသုံးခုမှလွဲ၍ ရန်ကုန် - နေပြည်တော် - ရန်ကုန်ခရီးစဉ် (၂) ခုနှင့် ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ် (၁) ခုတို့ရဲ့ ကြားဘူတာမှာ ပုံမှန်အတိုင်း ဖြစ်ပါတယ်။

• ကြားဘူတာများ

🚆 ရန်ကုန် - မန္တလေး | အမှတ် (၅) အဆန်
-
🔴 ရန်ကုန်
🟠 တိုးကြောင်ကလေး
🟠 ပဲခူး
🟠 ညောင်လေးပင်
🟠 တောင်ငူ
🟠 ပျဉ်းမနား
🟠 နေပြည်တော်
🟠 ရမည်းသင်း
🟠 သာစည်
🟠 ကျောက်ဆည်
🟢 မန္တလေး

🚆 မန္တလေး - ရန်ကုန် | အမှတ် (၆) အစုန်
-
🔴 မန္တလေး
🟠 ကျောက်ဆည်
🟠 သာစည်
🟠 ရမည်းသင်း
🟠 နေပြည်တော်
🟠 ပျဉ်းမနား
🟠 တောင်ငူ
🟠 ညောင်လေးပင်
🟠 ပဲခူး
🟠 တိုးကြောင်ကလေး
🟢 ရန်ကုန်

🚆 ရန်ကုန် - နေပြည်တော် | အမှတ် (၃၁) အဆန်
-
🔴 ရန်ကုန်
🟠 တိုးကြောင်ကလေး
🟠 ပဲခူး
🟠 ဒိုက်ဦး
🟠 တောင်ငူ
🟠 ပျဉ်းမနား
🟢 နေပြည်တော်

🚆 နေပြည်တော် - ရန်ကုန် | အမှတ် (၃၂) အစုန်
-
🔴 နေပြည်တော်
🟠 ပျဉ်းမနား
🟠 တောင်ငူ
🟠 ဒိုက်ဦး
🟠 ပဲခူး
🟠 တိုးကြောင်ကလေး
🟢 ရန်ကုန်

🚆 ရန်ကုန် - နေပြည်တော် | အမှတ် (၇) အဆန်
-
🔴 ရန်ကုန်
🟠 တိုးကြောင်ကလေး
🟠 ပဲခူး
🟠 ဖြူး
🟠 တောင်ငူ
🟠 ပျဉ်းမနား
🟢 နေပြည်တော်

🚆 နေပြည်တော် - ရန်ကုန် | အမှတ် (၈) အစုန်
-
🔴 နေပြည်တော်
🟠 ပျဉ်းမနား
🟠 တောင်ငူ
🟠 ဖြူး
🟠 ပဲခူး
🟠 တိုးကြောင်ကလေး
🟢 ရန်ကုန်

⛔ ရပ်နားလိုက်တဲ့ ခရီးစဉ်တွေ

တိုးချဲ့လိုက်တဲ့ ခရီးစဉ်ကြောင့် ရပ်နားလိုက်တဲ့ ခရီးစဉ်တွေရှိနေပြီး အဆိုပါ ခရီးစဉ်တွေက

• နေပြည်တော် - မန္တလေး - နေပြည်တော် | အမှတ် (၂၇) အဆန်၊ အမှတ် (၂၈) အစုန်

• ရန်ကုန် - နေပြည်တော် - ရန်ကုန် | အမှတ် (၃၃) အဆန်၊ အမှတ (၃၄) အစုန်

ဖြစ်ပါတယ်။

ချုပ်ပြောရရင် နေပြည်တော် - မန္တလေး၊ မန္တလေး - နေပြည်တော်ခရီးစဉ်နဲ့ ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန်ခရီးစဉ် (၃) ခုထဲက (၁) ခုကို ရပ်နားလိုက်တာဖြစ်ပါတယ်။

ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ပြေးဆွဲနေတဲ့ အမှတ် (၁၁) အဆန်၊ အမှတ် (၁၂) အစုန်က ပုံမှန်အတိုင်းရှိနေမှာဖြစ်ပြီး အချိန်ဇယားအနေဖြင့် ပုံမှန်ထက် နောက်ကျဖွယ် ရှိပါတယ်။

💰 လက်မှတ်ခနှုန်းထား

ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ပြေးဆွဲမယ့် အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန်မှာ

🔵 အထက်တန်း - ၄၈,၀၀၀ ကျပ်
🟢 ပထမတန်း - ၃၄,၀၀၀ ကျပ်

ဖြစ်ပြီး

ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန်ပြေးဆွဲမယ့် အမှတ် (၃၁) အဆန်၊ အမှတ် (၃၂) အစုန်၊ အမှတ် (၇) အဆန်၊ အမှတ် (၈) အစုန်မှာ

🔵 အထက်တန်း - ၂၈,၀၀၀ ကျပ်
🟢 ပထမတန်း - ၁၉,၀၀၀ ကျပ်

ဖြစ်ပါတယ်။

ဒီနှုန်းထားတွေက ခရီးစဉ် အစမှ အဆုံးအတွက်သာဖြစ်ပြီး ကြားဘူတာအတွက် နှုန်းထားတွေကို ORTP Info by မြန်မာ့မီးရထားမှ ထုတ်ပြန်မှသာ အသေးစိတ်သိရှိရမှာ ဖြစ်ပါတယ်။

ရထားလက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ https://ortp.railways.gov.mm မှ တဆင့် ကိုယ်တိုင်ဝယ်ယူနိုင်မှာဖြစ်ပြီး ၁၁၈၈ သို့ ဆက်သွယ်၍ဖြစ်စေ ဒါမှမဟုတ် ORTP Info by မြန်မာ့မီးရထား တွင် ဝယ်ယူနည်းများ ကြည့်ရှု့၍ဖြစ်စေ လက်မှတ်တွေကို ဝယ်ယူနိုင်ပါတယ်။

ရထားလက်မှတ်နဲ့ပတ်သတ်ရင် အတုအပတွေ များတာကြောင့် ORTP ရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကာ တရားဝင်နေရာများမှ ဝယ်ယူခြင်းဖြင့် ငွေကြေးမဆုံးရှုံးစေဖို့ ကာကွယ်ရန် တိုက်တွန်းလိုက်ရရင်းဖြင့် အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

Photo - Solo Duckventures | https://vt.tiktok.com/ZS9L5TWQ4/

🔵 YBS ဆီကားတချို့ ယာဉ်စီးခ ကျပ် (၅၀၀) သို့ ပြောင်းလဲကောက်ခံမှုရှိနေYangon Bus Service တွင် ပြေးဆွဲလျက်ရှိတဲ့ ယာဉ်လိုင်းမ...
22/04/2026

🔵 YBS ဆီကားတချို့ ယာဉ်စီးခ ကျပ် (၅၀၀) သို့ ပြောင်းလဲကောက်ခံမှုရှိနေ

Yangon Bus Service တွင် ပြေးဆွဲလျက်ရှိတဲ့ ယာဉ်လိုင်းများရှိ ဘတ်စ်ကားများတွင် ဆီအသုံးပြုဘတ်စ်ကားတချို့ဖြင့် ယာဉ်စီးခ (၅၀၀) ကျပ်သို့ ကောက်ခံမှုရှိနေတယ်လို့ သိရှိရပြီး ဂတ်စ်အသုံးပြုဘတ်စ်ကားတချို့မှာ ပုံမှန်နှုန်းထားအတိုင်းသာရှိနေတယ်လို့လည်း သိရပါတယ်။

သင်္ကြန်တွင်းနှင့် ယခုရက်ပိုင်းအတွင်း ဆီအသုံးပြု မီနီဘတ်စ်ယာဉ်လိုင်းတချို့အနေဖြင့် ပုံသေ ယာဉ်စီးခ ကျပ် (၄၀၀) မှ (၅၀၀) သို့ ပြောင်းလဲကောက်ခံမှုရှိနေတယ်လို့ ခရီးသည်တချို့မှ ပြောဆိုမှုတွေ ရှိနေပြီး YPS POS စက်မှလည်း ကျပ် (၃၅၀) ဖြတ်ရာမှ (၄၀၀) ကျပ်အထိ ပြောင်းလဲကောက်ခံရှိကြောင်း သိရှိရပါတယ်။

YRTC အနေဖြင့် (၄၀၀) ကျပ်ကောက်ခံလျက်ရှိတဲ့ မည်သည့်ယာဉ်လိုင်းကိုမှ မှကျပ် (၅၀၀) ကောက်ခံစေခြင်းမရှိသေးဘူးလို့ ပြောဆိုထားပြီး သက်ဆိုင်ရာကုမ္ပဏီများကလည်း ထုတ်ပြန်ချက်တစုံတရာ မရှိသေးကြောင်း တွေ့ရှိရပါတယ်။

ခရီးသည်တဦးက ငွေအကြွေရှားပါးခြင်းကြောင့် (၅၀၀) ကျပ်ပေးသော်လည်း ပြန်အမ်းငွေ (၁၀၀) ကျပ် မရရှိတဲ့ ဖြစ်စဉ်တွေကြုံတွေ့ရလေ့ရှိတာကြောင့် ယခုလို (၅၀၀) ကျပ် ကောက်ခံခြင်းကို စိတ်ထဲမရှိဘူးလို့ YBS EXPLORERS ကို ပြောဆိုကြပြီး တရက် (၁၀၀) ပြန်မအမ်းတာကို စုထားမယ်ဆိုရင် နောက် တလစာပါ စီးလို့ရနိုင်ကြောင်း သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့တွင်းတွင် ပြေးဆွဲလျက်ရှိတဲ့ YBS နှင့် ဘတ်စ်ကားများတွင် ဂတ်စ် (CNG) အသုံးပြုယာဉ် ၅,၀၁၃ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကြောင်း YRTC ထံမှ သိရှိရပြီး ဒီဇယ်အသုံးပြုဘတ်စ်ကားအသုံးပြု၍ ယာဉ်လိုင်းပြေးဆွဲနေတဲ့ ယာဉ်မောင်းတချို့အနေဖြင့် ဆီဈေးပေါ် မူတည်၍ ရပ်နားရခြင်း၊ ပြေးဆွဲရခြင်းများ ပြုလုပ်နေရတယ်လို့ ‌သိရှိရပါတယ်။

Photo - YBS တွင် ပြေးဆွဲလျက်ရှိတဲ့ ဒီဇယ်အသုံးပြု ဘတ်စ်ကားတစီး

ဒလလမ်းကြောင်းများကို YBS GO တွင် ကြည့်နိုင်ပြီဗျို့ 💙✨
22/04/2026

ဒလလမ်းကြောင်းများကို YBS GO တွင် ကြည့်နိုင်ပြီဗျို့ 💙✨

👥 ဒလလမ်းကြောင်းသစ်တွေကို YBS GO မှာ ကြည့်နိုင်ပါပြီ

လက်ရှိ ဒလသို့ ပြေးဆွဲလျက်ရှိတဲ့

🔵 ဆူးလေ - ဒလ
🔵 ဗိုလ်တထောင်ဘုရား - ဒလ
🔵 ဆူးလေ - ဒလ (ကြိုဆိုပါ၏)

လမ်းကြောင်းများကို YBS GO မှာ ကြည့်ရှု့နိုင်ပြီဖြစ်ကြောင်း အသိပေးပါတယ် 🧡

⛔ အချက်အလက်လွဲချော်မှုတွေ ရှိပါက YBS GO Application အတွင်းရှိ အကြံပြုဖောင်မှ တဆင့် ပြင်ဆင်စာများ ပေးပို့နိုင်ပါတယ်ရှင်။

🔵 YBS Go ကို ဒေါင်းလုတ်ရယူရန်

• Google Play Store
https://play.google.com/store/apps/details?id=com.ybsgo.app

• RuStore
rustore.ru/catalog/app/com.ybsgo.app

• APKPure
apkpure.com/ybs-go/com.ybsgo.app

• Huawei AppGallery
appgallery.huawei.com/app/C115905381

👥 Community Group
- https://t.me/YBSGoCommunity

🔵 DEMU ဖြင့် ရန်ကုန် - မန္တလေးခရီးစဉ်ပြေးဆွဲပေးမည်ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ခရီးစဉ်များအတွက် လေအေးပေးစက်ပါ DEM...
21/04/2026

🔵 DEMU ဖြင့် ရန်ကုန် - မန္တလေးခရီးစဉ်ပြေးဆွဲပေးမည်

ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ခရီးစဉ်များအတွက် လေအေးပေးစက်ပါ DEMU ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာလာပြီး မေလ (၁) ရက်နေ့မှ စတင်ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ခရီးစဉ်ကို ယခင်က လေအိတ်တွဲဆိုင်းများဖြင့် ပြေးဆွဲခဲ့တဲ့ အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန်ကို DEMU ဖြင့် ပြန်လည်ပြေးဆွဲပေးလာတာဖြစ်ပြီး ခရီးစဉ်အချိန်ဇယားအနေဖြင့် ရန်ကုန်နှင့် မန္တလေးမှ နေ့စဉ် နံနက် (၆) နာရီတွင် စတင်ထွက်ခွာပေးမှာဖြစ်ကာ ခရီးစဉ်ကြာချိန်မှာ (၁၀) နာရီခန့်ရှိမှာ ဖြစ်ပါတယ်။

ခရီးစဉ်တွင် ကြားဘူတာများအဖြစ် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတွေမှာ ရပ်တန့်သွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းအနေဖြင့် အထက်တန်းကို ၄၈,၀၀၀ ကျပ်၊ ပထမတန်းကို ၃၄,၀၀၀ ကျပ်ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်တိုးချဲ့မှုကြောင့် ရန်ကုန် - ‌နေပြည်တော်၊ နေပြည်တော် - ရန်ကုန်ခရီးစဉ်များဖြစ်ကြတဲ့ အမှတ် (၃၁) အဆန်/ (၃၂) အစုန်ကို နံနက် (၁၀) နာရီ၊ အမှတ် (၇) အဆန်/ (၈) အစုန်ကို နေ့လယ် (၁၂:၃၀) နာရီတွင်လည်းကောင်း အချိန်ပြောင်း‌လဲပြေးဆွဲပေးသွားမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အပြောင်းအလဲမရှိကြောင်း သိရပါတယ်။

အသစ်ပြေးဆွဲမယ့် အမှတ် (၅) အဆန်/ (၆) အစုန် ခရီးစဉ်အတွက် ဧပြီ (၂၅) ရက်နေ့တွင် ortp.railways.gov.mm တွင် ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ORTP မှ အသိပေးထားပြီး ပြေးဆွဲလျက်ရှိနေတဲ့ ရန်ကုန် - မန္တလေး၊ မန္တလေးရန်ကုန်ရထားခရီးစဉ်ဖြစ်တဲ့ အမှတ် (၁၁) အဆန်/ (၁၂) အစုန်မှာလည်း ပုံမှန်အတိုင်းပြေးဆွဲပေးမယ်လို့ ထပ်မံ‌အသိပေးထားပါတယ်။

အစိုးရသစ်ရဲ့ ရက် (၁၀၀) စီမံချက်အရ မြန်မာ့မီးရထားကဏ္ဍတွင် ရန်ကုန် - မန္တလေး၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - ပြည်လမ်းပိုင်းတို့ကို အဆင့်မြှင့်တင်ခြင်း၊ မြစ်ကြီးနား - မိုးကောင်း - မိုးညှင်းလမ်းပိုင်းကို ပြုပြင်အဆင့်မြှင့်တင်ခြင်းအပါအဝင် ရထားစက်ခေါင်းတွဲများ၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားပြီး လူစီးများလာတာနဲ့အမျှ ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပေးသွားလျက်ရှိကြောင်း မြန်မာ့မီးရထားက ပြောပါတယ်။

Photo - Internet

🔵 YBS နှင့် သင်္ကြန်၂၀၂၆ ခုနှစ်ကတော့ ဒီနှစ်တွေမှာ အစည်ကားဆုံးဖြစ်လာသလို YBS တွေအတွက်လည်း ရုန်းကန်ရတဲ့ နှစ်တနှစ်ဖြစ်ပါတယ်...
20/04/2026

🔵 YBS နှင့် သင်္ကြန်

၂၀၂၆ ခုနှစ်ကတော့ ဒီနှစ်တွေမှာ အစည်ကားဆုံးဖြစ်လာသလို YBS တွေအတွက်လည်း ရုန်းကန်ရတဲ့ နှစ်တနှစ်ဖြစ်ပါတယ်။

စည်းကားတယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ လျှော့ချပြေးဆွဲလိုက်တဲ့ ဘတ်စ်ကားတွေက အရင်နှစ်ကထက် ပိုမိုရုန်းကန်ခဲ့ရပြီး မနှစ်က ဝေဖန်ခဲ့သလို ဒီနှစ်မှာလည်း သင်္ကြန်တွင်း YBS အခြေအနေကို ဝေဘင်ကြည့်ပါမယ်။

🇲🇲 သင်္ကြန်နှင့် YBS

YBS စတင်တဲ့ ခုနှစ်တွေကတည်းက YBS တွေက သင်္ကြန်တွင်းဆို တလိုင်းလုံးရပ်နားတာ ဒါမှမဟုတ် ယာဉ်အလိုက်ရပ်နားတာမျိုး ရှိကြပြီး ပုံမှန်ထွက်နေကြထက် အစီးရေပမာဏကို လျှော့ထွက်ကြပါတယ်။

ကျန်တဲ့ပွဲတော်ကာလတွေမှာ ပုံမှန်အတိုင်းပြေးဆွဲကြတာဖြစ်ပြီး ယာဉ်မောင်းတွေရဲ့ တရားဝင်ရုံးပိတ်ရက်ကာလက သင်္ကြန်လို့ ဆိုရပါမယ်။

ဖြစ်လေ့ဖြစ်ထရှိတာတော့ အောက်ဆိုက်ကားတွေပေါတာတွေနဲ့ ယာဉ်စီးခတွေ တိုးယူတာကလွဲရင် ဒီနှစ်လို ကားက မတရားကြပ်တယ်ဆိုတာ ရှားရှားပါးပါးကြားဖူးတာဖြစ်သလို ဒီနှစ်က စံချိန်တင်လောက်တဲ့အထိ YBS အစီးရေအများဆုံးထွက်ပေးတဲ့ သင်္ကြန်ဖြစ်လာပါတယ်။

👥 ဘာလို့ လူအရမ်းကြပ်တာလဲ

နေ့စဉ်လူဦးရေ ၁၅ သိန်း (သို့) ၁.၅ သန်းက ယာဉ်အစီးရေ ၃,၀၀၀ မှ ၃,၅၀၀ ကြားရှိတဲ့ YBS ကို နေ့စဉ်စီးနင်းနေကြတာတောင် ရုံးချိန်ဆို ဘယ်လိုမှနိုင်နင်းတဲ့ အခြေအနေမရှိပါဘူး။

ဒီနှစ် သင်္ကြန်မှာ ယာဉ်လိုင်း (၇၀) ကထွက်ခွာပေးတဲ့ ယာဉ်အစီးရေ ၁,၀၀၀ ခန့်က လူဦးရေ (၇) သိန်းကို တင်ဆောင်သွားလာခဲ့တာဖြစ်ပြီး လူဦးရေထက်ဝက်လျော့ကျသွားပေမယ့် YBS အစီးရေမှာ ထက်ဝက်မကလျော့ကျသွားတာကြောင့် အရင်နှစ်သင်္ကြန်တွေထက် ပိုကြပ်တာဖြစ်ပါတယ်။

နောက်ထပ် သတိထားမိတဲ့အချက်ဆိုရင် အဓိက လမ်းကြောင်းကြီးတွေကို ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းတွေက ရပ်တန့်လိုက်တာကြောင့် ကားပြောင်းစီးဖို့လွယ်တဲ့ နောက်ထပ် အဓိကလမ်းကြောင်းကြီးပေါ်ရှိတဲ့ ယာဉ်လိုင်းတွေကို အတင်းဝိုင်းစီးကြသလို ဖြစ်သွားတာကြောင့် ကားတွေက ဆိုးဆိုးရွားရွားကြပ်သွားတယ်လို့ ယူဆပါတယ်။

အဆိုပါယာဉ်လိုင်းတွေက လမ်းကြောင်းရှည်တာနဲ့ လူတွေအသွားများတဲ့ နေရာတွေကို ပြေးဆွဲနေရတာကြောင့် နဂိုလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ လူဦးရေနဲ့ အသွားအလာများတဲ့ နေရာပေါ်က လူဦးရေ (၂) အုပ်စုပေါင်းလိုက်တဲ့အခါမှာ ဘယ်လိုမှမဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ပေါ်လာပါတယ်။

လူတွေရဲ့ အချိန်ဇယား ထပ်တူကျခြင်းကလည်း ပြဿနာတခုဖြစ်ခဲ့ပြီး နံနက်ခင်း သွားချိန်က မတူညီပေမယ့် လူတိုင်းလိုလိုရဲ့ ညနေခင်း အိမ်ပြန်ချိန်က တူညီတာကြောင့် နံနက်ခင်းမှာ တအုပ်စုစီရောက်လာတဲ့ လူအုပ်က နောက်ဆုံးမှာ ဘယ်လိုမှထိန်းမနိုင်တဲ့ အုပ်စုကြီး ဖြစ်သွားပြီး အများစုက ဘတ်စ်ကားတောင် မစီးနိုင်ပဲ ကျန်ခဲ့ရပါတယ်။

📌 ယာဉ်စီးခနှင့် အခြားပြဿနာများ

ရန်ကုန်သင်္ကြန်မှာ အရင်ကတည်း ပျော်ဖူးသူတွေအဖို့ ၁,၀၀၀ - ၁,၅၀၀ ဆိုတာ ရင်မခုန်ရပေမယ့် ဒီနှစ်ကတော့ လူအသစ်တွေ ရောက်လာသလိုခံစားရတဲ့အတွက် ဒီမေးခွန်းအတွက်လည်း ဝေဖန်စရာတွေရှိပါတယ်။

YRTA လက်ထက်ကတည်းက သင်္ကြန်တွင်းဆို YBS တွေရဲ့ ကားခတွေက ကုမ္ပဏီကားဖြစ်ဖြစ်၊ တဦးချင်းပိုင်ဖြစ်ဖြစ် အနည်းဆုံး ၅၀၀ မှ ၂,၀၀၀ အထိ ပေးရလေ့ရှိပြီး ပြောလည်း ဒဏ်တပ်အရေးယူရုံအပြင် အထွေအထူးမလုပ်နိုင်ကြပါဘူး။

YRTC လက်ထက်ကို ရောက်လာတဲ့အချိန်မှာလည်း ခုနက ထုံးစံအတိုင်းဆိုပေမယ့် ဒီနှစ်မှာတော့ ကုမ္ပဏီကားအများစုမှာ ယာဉ်စီးခ တိုးတောင်းမျိုး အနည်းကျဉ်းသာရှိခဲ့ပြီး ကုမ္ပဏီပိုင်မဟုတ်တဲ့ တဦးချင်းပိုင်တွေအနေနဲ့ အနည်းဆုံး ၅၀၀ မှ ၂,၀၀၀ အထိ တောင်းယူခဲ့တယ်လို့ စီးနင်းသူတွေရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

ယာဉ်စီးခတိုးယူတယ်လို့ တိုင်ကြားခံရတဲ့ YRTC မှ ဒဏ်တပ်အရေးယူတယ်ဆိုပေမယ့် အဆိုးဆုံးပြစ်ဒဏ်က YBS မောင်းနှင်ခွင့်ပိတ်သိမ်းပစ်တာဖြစ်နိုင်သော်ငြား နှစ်စဉ် ယာဉ်စီးခတိုးတောင်းတဲ့ ပြဿနာက လုံးဝအဆုံးသတ်မှာ မဟုတ်ပါဘူး။

အခြားပြဿနာတွေကတော့ ဂိတ်စ - ဂိတ်ဆုံးမပြေးဆွဲတာ၊ လူပြည့်ကြပ်တာကြောင့် ခါးပိုက်နှိုက်နဲ့ ကျန်းမာရေးပြဿနာတွေ ကြုံရတာတွေဖြစ်ပြီး ဒီနှစ်အတွက် အချက်အလက်ရရှိမှုမှာ ပြဿနာအတော်နည်းသွားခဲ့ပါတယ်။

ယခင်နှစ်ကကြုံရတဲ့ YBS တွေ ထွက်မထွက် အချက်အလက်ကို YRTC ထံက စောစီးရရှိခဲ့ပြီး နောက်ပိုင်းမှာမှ ယာဉ်လိုင်းကုမ္ပဏီများထံမှ ထပ်မံမေးမြန်းခဲ့ကာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်သင်္ကြန်က YBS က အဆင်မပြေခဲ့ပေမယ့် ဒီတခါမကျော်လွှားနိုင်ခဲ့တဲ့ ပြဿနာတွေကို နောက်နှစ်သင်္ကြန်မှာ တာဝန်ရှိအဖွဲ့တွေက အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့ ယူဆမိပေမယ့် သူတို့က YBS EXPLORERS ထက် ပိုသိပိုတော်လို့ ပြောနေစရာလိုမယ်မထင်ပါဘူး။

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မြန်မာ့နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

Photo - Xinhua

Address

Yangon

Alerts

Be the first to know and let us send you an email when YBS Explorers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share