21/11/2025
မနေ့က မိန်းမငယ်တစ်ယောက် မန္တလေးလက်မှတ်လာဝယ်တယ် တစ်ယောက်တည်းခရီးမသွားဖူးလို့ ဘေးခုံက မိန်းကလေးဖြစ်ရမယ်
မနက် ၆ နာရီကျော်လောက်မှ မန္တလေးရောက်ရမယ် လာကြိုမယ့်သူတွေက အဲအချိန်လောက်မှရောက်မှာမလို့
ရန်ကုန်ကလည်း ည ၇ နာရီကျော်မှ လိုက်ပို့တဲ့သူကအားမှာမလို့ဆိုပြီလာဝယ် အထူးခုံကျတော့လည်း မယူဘူးတဲ့
အဲဒီတော့လည်း အဆင်ပြေအောင်
မှန်ဘက်ခြမ်းမှာ မိန်းကလေးဝယ်ထားပြီးသားခုံကို ရှာပြီ ည ၈နာရီ ရန်ကုန်ထွက် မနက် ၆ နာရီကျော်လောက်ခန့်မှန်းရောက် ၃၁၀၀၀/- နဲ့ လူစီးများတဲ့ ဂိတ်ကြီးကားတစ်စီးကိုထည့်ပေးလိုက်တယ် ဘယ်လိုဘဲဖြစ်ဖြစ် ခရီးသည် အဆင်ပြေအောင်တော့ လုပ်ရမှာဘဲ