07/05/2023
ပါရဂူဘွဲ့ ခေါ် ဒေါက်တာဘွဲ့ အမျိုးအစားများ
ပညာရေးဆိုင်ရာ အဆင့်မြင့်ဆုံးဘွဲ့သည် ပါရဂူဘွဲ့ဖြစ်ပါသည်။ မြန်မာလို့ ပါရဂူဘွဲ့ အင်္ဂလိပ်လို့ ဒေါက်တာဘွဲ့ (Doctor of Philosophy) သည် လက်တင်ဘာသာစကား Philosophiae Doctor မှဆင်းသက်လာပြီး အတိုကောက် PhD သို့ DPhil လို့ခေါ်ကြပါတယ်။
ကမ္ဘာပေါ်မှာ ပထမဆုံး ပါရဂူဘွဲ့ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၁၁၅၀ ခုနှစ် ဝန်းကျင်မှာ ပေးအပ်ခဲ့တယ်လို့ မှတ်တမ်းများရှိခဲ့ပါတယ်။ သုတေသနကျမ်းကြီးတင်သွင်း၍ ပါရဂူဘွဲ့ကို စတင် ပေးအပ်ခဲ့တာက ဂျာမနီနိုင်ငံ ဘာလင်းမြို့က Friedrich Wilhelm University မှ ၁၆၅၂ ခုနှစ်မှာ ပထမဆုံးပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလဲ ပါရဂူဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှာ ၁၉၉၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ပါရဂူဘွဲ့ အမျိုးအစား ၃ မျိုးရှိပါတယ်။
၁။ သင်ကြားရေးနှင့် သုတေသနပြုမှုကို အထူးပြုတဲ့ ပါရဂူဘွဲ့ Academic Doctorate
ပထမအမျိုးအစားဖြစ်သည့် ပါရဂူဘွဲ့သည် အားလုံးသိပြီးသားဖြစ်တဲ့ PhD လို့ခေါ်တဲ့ Doctor of Philosophy ဖြစ်ပါတယ်။ PhD ဆိုတာကတော့ သီအိုရီနှင့် သုတေသနကို အခြေခံတဲ့ Academic degree တခုပါ။ PhD ဘွဲ့ ရရှိရန် မိမိအထူးပြုလိုတဲ့ ဘာသာရပ်နယ်ပယ်တွင် နဂိုရှိရင်းစွဲ သီအိုရီများကို ကိုးကား၍ မိမိသုတေသနပြုမဲ့ နယ်ပယ်အတွက် Title Defense ပြုလုပ်ခြင်း၊ မေးခွန်းများပြုစု၍ လက်တွေ့ကွင်းဆင်း မေးမြန်းခြင်း၊ လိုအပ်သောအချက်အလက်များ စုစည်းကောက်ယူခြင်း၊ မိမိကောက်ယူထားသော အချက်အလက်များကို လေ့လာစမ်းစစ်ခြင်းများပြုလုပ်ခြင်း၊ ၆ လ တခါ မိမိလေ့လာခဲ့သောအရာများကို တင်ပြဆွေးနွေးခြင်း၊ နောက်ဆုံး ကျမ်းကြီးခုခံဖြေဆိုခြင်းများပြုလုပ်ပြီး သက်ဆိုင်ရာ ကြီးကြပ်သူများမှ စိတ်ကျေနပ်မှ အောင်မြင်ကြောင်း ထုတ်ပြန်ပေးပါသည်။ တက္ကသိုလ်တခုနှင့်တခုပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။ သုတေသနကျမ်းသည် ပြည့်စုံခိုင်မာမှ ရရှိသော ဘွဲ့ဖြစ်တဲ့အတွက် PhD ဘွဲ့ရများသည် မိမိအထူးပြုသောနယ်ပယ်တွင် ကျွမ်းကျင်သူများဖြစ်ကြပါသည်။ ဘွဲ့ကိုရေးသားဖော်ပြရာတွင် PhD (Physis), PhD (Economics) အစရှိသည့် ဖော်ပြကြပါသည်။ ဥပမာ PhD (Physis) နဲ့ ဘွဲ့ရခဲ့တယ်ဆိုပါစို့ Physis ဘာသာရပ်ကြီးတခုလုံးကို ကျွမ်းသွားတာမဟုတ်ပါဘူး Physis မှာလဲ အထူးပြုနယ်ပယ်တွေ အများကြီးရှိပါတယ် Electronic, Material Science, Nuclear, Cosmology လား အစရှိသည့်ဖြင့် နယ်ပယ်အများကြီးရှိပါတယ် မိမိအထူးပြုတဲ့ နယ်ပယ်တွင်တာ ကျွမ်းကျင်မှာပါ။
မြန်မာနိုင်ငံမှာ ပါရဂူဘွဲ့သင်တန်းကို ၃ နှစ်၊ ၅ နှစ်အစရှိသည့်ဖြင့် တက္ကသိုလ်အလိုက် သတ်မှတ်ထားပါတယ်။ ပညာရေးဝန်ကြီးဌာနလက်အောက်က တက္ကသိုလ်တွေက ၅ နှစ်သတ်မှတ်ထားပါတယ် ရန်ကုန်တက္ကသိုလ်လို ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ၊ စီးပွားရေး၊ ပညာရေး၊ သာသာစကားလို ဘာသာရပ်တွေပါ။ ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ ကွန်ပျူတာပညာတို့ကတော့ ၃ နှစ်ပါ။ ပါရဂူဘွဲ့ကြိုတန်းကို တနှစ်အရင်တက်ရောက်ရပါတယ် အထူးပြုဘာသာရပ်များနှင့် သုတေသနနည်းနာများကို သင်ကြားရပါတယ်။ နိုင်ငံခြားက တက္ကသိုလ်တွေမှာတော့ အထူးပြုဘာသာရပ်များကို မသင်ကြားတော့ဘဲ သုတေသနနည်းနာများကိုတာ သင်ကြားရပါတယ် တက္ကသိုလ်အလိုက်ကွာခြားနိုင်ပါတယ်။
၂။ လုပ်ငန်းနယ်ပယ်တွင် လက်တွေ့ကျွမ်းကျင်မှုကို အထူးပြုတဲ့ ပါရဂူဘွဲ့ Professional Doctorate
ဒုတိယအမျိုးအစားကတော့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်မှုအလိုက် အတွေ့အကြုံများနှင့် ရှိရင်းစွဲသီအိုရီများကို အသုံးချကာ ပြသာနာရပ်များကို ဖြေရှင်းနိုင်ရန် သုတေသနများပြုလုပ်၍ လေ့လာရသော Professional Doctorate ဘွဲ့ဖြစ်ပါသည်။ PhD ကဲ့သို့ သုတေသနပြုလုပ်ရသော်လည် အနည်းငယ် ပေါ့ပါးပါတယ်။ Professional Doctorate များသည် အများစု အချိန် ၃ နှစ် သတ်မှတ်လေ့ရှိပါတယ်။ အများအားဖြင့် ၁ နှစ်မှ ၁ နှစ်ခွဲအထိကို အထူးပြုဘာသာရပ်များကို သင်ကြားပို့ချချိန်များပါဝင်ပြီး ကျန် ၁ နှစ်ခွဲမှ ၂ နှစ်ကို သုတေသနပြုလုပ်ရန်ဖြစ်ပါသည်။ တက္ကသိုလ်အလိုက် ကွာခြားနိုင်ပါသည်။ ဘွဲ့များသည်လဲ မိမိအထူးပြုဘာသာရပ်အလိုက် သတ်မှတ်၍ ရေးသားဖော်ပြလေ့ရှိပါသည် Doctor of Business Administration (DBA), Doctor of Education (EdD), Doctor of Science (DSc), Doctor of Medical Science (Dr. Med. Sc) အစရှိသည့်ဖြင့် ရေးသားဖော်ပြကြပါသည်။
မြန်မာနိုင်ငံမှာတော့ ဆေးပညာနှင့် သွားဘက်ဆိုင်ရာဆေးပညာတွင် Professional Doctorate များ ဖွင့်လှစ်ထားပါသည်။ မြန်မာလို ဆေးလက်တွေ့ပါရဂူဘွဲ့ Doctor of Medical Science (Dr. Med. Sc) ဆို အထူးပြုဘာသာရပ် ၄၁ မျိုးကို ဖွင့်လှစ်နေပါတယ် ရေးသားဖော်ပြရတွင်လဲ Dr. Med. Sc (Medicine),
Dr. Med. Sc (Cardiology), Dr. Med. Sc (Plastic Surgery) အစရှိသည့်ဖြင့် ဖော်ပြကြပါတယ်။ သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ Doctor of Dental Science (Dr. D Sc) ဘွဲ့ကိုလဲ အထူးပြုဘာသာရပ် ၈ မျိုးဖြင့် ဖွင့်လှစ်ထားပါသည် Dr. D Sc (Oral Medicine), Dr. D Sc (Oral and Maxillofacial Surgery) ရေးသားဖော်ပြကြပါတယ်။
၃။ ဂုဏ်ပြုချီးမြင့်ခြင်းဆိုင်ရာ ပါရဂူဘွဲ့ (Honorary Doctorate)
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များသည် Academic Doctorate, Professional Doctorate ကဲ့သို့ သင်တန်းများတက်ရောက်ခြင်း၊ သုတေသနကျမ်းတင်သွင်း၍ ရရှိနိုင်သော ဘွဲ့များမဟုတ်ဘဲ သက်ဆိုင်ရာ တက္ကသိုလ်များက ပေးအပ်ချီးမြှင့်ခံရမည့်သူ၏ လုပ်ဆောင်ချက်များကို ချီးမြောက်ဂုဏ်ပြုသောအားဖြင့် ဆုသဘော ပေးအပ်သော ဘွဲ့ဖြစ်ပါသည်။ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များသည် သက်ဆိုင်ရာတက္ကသိုလ်များ၏ အခွင့်အာဏာအရ ပေးအပ်သောဘွဲ့များဖြစ်သည့်အားလျှော်စွာ ပေးအပ်ချီးမြှင့်ခံရမည့်သူများကို တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါသည်။ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဖြင့်သော်လည်း ဆုအနေဖြင့် ပေးအပ်သောကြောင့် နာမည်မှာ ဒေါက်တာ တပ်ခေါ်လေ့မရှိပါ။
မြန်မာနိုင်ငံမှာတော့ Doctor of Letters (Honoris Causa) (D.Litt.) ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ နှင့် Honorary Doctor of Philosophy ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆိုပြီး ပေးအပ်လေ့ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်ပြီး မကြာခင်မှာဘဲ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များကို ရဟန်းသံဃာများ၊ မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများကို ပေးအပ်ခဲ့ပါသည်။ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့များ (D.Litt.) ကို သက်ဆိုင်ရာဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင်သော သံအမတ်များ၊ ပါမောက္ခများ၊ ပညာရှင်များကို ပေးအပ်လေ့ရှိပြီး နာမည်ရဲ့ ရှေ့မှာ ဒေါက်တာဆိုပြီး တပ်ခေါ်လေ့ရှိပါတယ်။
ကျင့်ဝတ်နှင့်အညီ စေတနာများစွာဖြင့်
Ye Lwin Hein @ Edu Ye
BBA, MBA, MBF, PhD (Candidate)
Educational Information by Ko Ye