03/06/2026
ဒီနေ့ Botahtaung စည်ပင်ဝန်းမှာတွေ့ခဲ့ရတဲ့ trailer plate မှာရေးထားတာလေးကို ဗဟုသုတအနေဖြင့်မျှဝေချင်ပါတယ်။
39 tons ဆိုရင် ဆင် 6 ကောင်လောက်အလေးချိန်နဲ့ညီပါတယ် 😄
ဒါပေမယ့် အဲ့ဒီလို full load ကို everyday transport မှာ မသုံးတာများပါတယ်။
Vehicle (Tare Weight): 7,190 kg
Cargo Rating: 39,000 kg
👉 ဆိုလိုတာက ဒီ trailer က အလွတ်အနေအထားမှာ 7 tons လောက်ရှိပြီး
သတ်မှတ်ထားတဲ့ rating အရ 39 tons အထိသယ်ဆောင်နိုင်တဲ့ heavy-duty flatbed ဖြစ်ပါတယ်။
Specification အရ 39 tons ဆိုပေမယ့်
Real-world operation (Road + Axle + Tractor + Safety limit) တွေကြောင့် 👉 အများအားဖြင့် 20ft cargo တွေကို
20 ~ 30 tons range အတွင်းမှာပဲ အများဆုံးအသုံးပြုကြပါတယ်။
ဒါဆိုမေးကြည့်မယ် Why the difference??
1. Local Road Weight Regulations
(သက်ဆိုင်ရာလမ်းတံတားဌာန၏ညွှန်ကြားချက်များအရ)
2. Respective Tractor & Trailer axle limits
(သက်ဆိုင်ရာတွဲ၏ဖွဲ့စည်းမှုနှင့်ကြံ့ခိုင်ရေးအရ)
3. Tyre / suspension safety margin
(တာယာ/လျှော့ဘားများ၏ကြံ့ခိုင်မှုနှင့်လုံခြုံမှုများအရ)
4. Actual Cargo type (dense vs volume goods)
(ကုန်ပစ္စည်းအမျိုးအစားများအရ)
ဒီအချက်တွေကြောင့် “rated capacity(သက်မှတ်စံနှုန်း)” နဲ့ “actual working load(အမှန်တကယ်သယ်ဆောင်မှူ)” များဟာကွဲလွဲနေနိုင်ပါတယ်။
Logistics မှာ
👉 သင်ဘယ်လောက်သယ်နိုင်တာ ထက်
👉 သင်ဘယ်လောက်လုံခြုံမှုနဲ့တာဝန်ယူနိုင်မှုက ပိုအရေးကြီးပါတယ်။
Great Connections, Moving Forward.