Global Logistics

Global Logistics China မှ Myanmar, USA မှ Myanmar ကို ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေပါသည်

နယ်စပ်လိုင်စင် FESC တက်မည့် Import စာရင်း၁- သံ/သံမဏိ၂-ကော်စေ့၃-ပိုးသတ်ဆေး၄-ဓါတ်မြေဩဇာ၅-ဆိုလာ၆- ယာဉ်ယန္တယား-------စက်ာပူအ...
30/08/2023

နယ်စပ်လိုင်စင် FESC တက်မည့် Import စာရင်း

၁- သံ/သံမဏိ
၂-ကော်စေ့
၃-ပိုးသတ်ဆေး
၄-ဓါတ်မြေဩဇာ
၅-ဆိုလာ
၆- ယာဉ်ယန္တယား

-------

စက်ာပူအခြေစိုက်
Overseas Chinese Banking Corporation (OCBC)မှ
မြန်မာနိုင်ငံသို့ TT (Telegraphic Transfer) ဖြင့် ငွေလွှဲရာတွင် ဘဏ်သို့ ရှေးဦးစွာတင်ပြခဲ့ကြသော dox များ (ငွေလွှဲခတိုင်းတွင် Pre dox တင်ပြရမည်)

1. Export လိုင်စင်
2. Sale contract
3. Proforma Invoice for Advance TT
4. Shipping Dox (After Shipment Payment), Loading port : Htee Dan Ports ရန်ကုမ ကြည့်မြင်တိုင် ထီးတန်းဆိပ်ကမ်းများ မဖြစ်ရ
5. စင်္ကာပူကုမ္ပဏီမှ ငွေလက်ခံသူဖြစ်ပါက ငွေပေးချေသော ကုမ္ပဏီအကြောင်း Company Profile အသေးစိတ် ဖော်ပြရမည်။ တတိယအဖွဲ့အစည်းမှ ငွေပေးချေမှုကို လုံးဝ (လုံးဝ) လက်မခံပါ။ တင်ပြအကြံပြုရန် ငွေပေးရန်ရှိ party (ငွေလွှဲရန် မူလက တင်ပြထားခဲ့သူ) ကွဲလွဲပါက bank account ပိတ်သည်ထိ အရေးယူခံရမည်။
ကုန်ပစ္စည်းနှစ်ခုအတွက် အထူးတောင်းဆိုချက် Myanmar Bank Singapore OCBC သို့ ငွေထုတ်ရန်အတွက် TT အတွက် shipping dox တွင် port of Discharge : Htee Dan ports ရန်ကုန်ကြည့်မြင်တိုင် ထီးတန်းဆိပ်ကမ်းများ
ဖြစ်ပါက OCBC, SG အနေနဲ့ ငွေလက်ခံလို့မရပါ။

---------
Exporter များခင်ဗျား

(၁) စက်တင်ဘာ (၁) ရက်နေ့ မှ စတင်ပြီး၊ လိုင်စင်မလျှောက်မီ ဆောင်ရွက်သည့် Pre-license Cargo Inspection (PLCI) ကို လက်ရှိ သတ်မှတ်ထားသည့် လိုင်စင်လျှောက်ထား ပမာဏ၏ ၅၀% အနည်းဆုံး ရှိရမည် ဆိုသည့် သတ်မှတ်ချက်အစား ၁၀၀% ရှိရမည့် သတ်မှတ်ချက်ကို ပြောင်းလဲ ဆောင်ရွက်ပါမည်။

(၂) အစစ်ဆေးခံမည့် သိုလှောင်ရုံများသည် Warehouse Registration System တွင် မှတ်ပုံတင်ထားသည့် စာရင်းဝင် သိုလှောင်ရုံများ ဖြစ်ရပါမည်။

(၃) ယခုအပါတ်၍ FOB Prices for Export ကို market prices and market prevailing rice prices များကို အခြေခံရ်ျ သတ်မှတ်မည် ဖြစ်ပါသည်။ စျေးမြှင့် သတ်မှတ်ပါမည်။ အဆိုပါ FOB စျေးများ နှင့် မကိုက်ပါက ပို့ကုန်လိုင်စင် ရရှိနိုင်မည် မဟုတ်ပါ။ MRF အနေဖြင့်လည်း စက်တင်ဘာ၊ အောက်တိုဘာ လများတွင် FOB Prices နှင့် ပတ်သက်သော မည်သည့် ထောက်ခံချက်ကိုမျှ ထုတ်မပေးပါ။ စာချုပ် အဟောင်းများ (Old Contract) များဖြစ်ပါက နိုဝင်ဘာ နောက်ပိုင်းမှ ဆောင်ရွက်ပါရန်။ ဒီကြားထဲ စျေးကောင်းရသော တင်ပို့မှုများကိုသာ ရွေးချယ်ဆောင်ရွက်စေလိုသော သဘောဖြစ်ပါသည်။

(၄) Rice Exporter အဖြစ် ဆောင်ရွက်မည့် ကုမ္ပဏီများ၏ Criteria and Qualification များကို မကြာမီ ထုတ်ပြန်သတ်မှတ်မည် ဖြစ်ပါသည်။

 #မြဝတီ နယ်စပ်လိုင်စင်အား ရေ​ေကြာင်းဖြင့် ပြောင်းလဲတင်သွင်းခွင့် ပြုခြင်း ကိစ္စအသေးစိတ်နောက်ဆက်တွဲ
20/08/2023

#မြဝတီ နယ်စပ်လိုင်စင်အား ရေ​ေကြာင်းဖြင့် ပြောင်းလဲတင်သွင်းခွင့် ပြုခြင်း ကိစ္စအသေးစိတ်နောက်ဆက်တွဲ

 #အသိပေးကြေညာချက်
10/08/2023

#အသိပေးကြေညာချက်

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁ ရက် မှ စတင်၍ Cambodia, Thailand , Brunei, Laos, Singapore, Malaysia, Indonesia နိုင်ငံများသို့ တင်ပ...
26/07/2023

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁ ရက် မှ စတင်၍ Cambodia, Thailand , Brunei, Laos, Singapore, Malaysia, Indonesia နိုင်ငံများသို့ တင်ပို့မည့် အကောက်ခွန်သက်သာခွင့် CO form RCEP အား စတင်၍ လျောက်ထားနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Credit to MOC





28/06/2023

(၁၉. ၂.၂၀၂၃) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ(၂၅.၂.၂၀၂၃) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိအခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရန်တွက်ချက်ရာ၌ အသုံးပ...
16/02/2023

(၁၉. ၂.၂၀၂၃) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ
(၂၅.၂.၂၀၂၃) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ
အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရန်
တွက်ချက်ရာ၌ အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ

အမေရိကန်ဒေါ်လာ (USD)
2100

ယူရို (EUR)
2265.06

စင်ကာပူဒေါ်လာ (SGD)
1589.14

ဗြိတိန်ပေါင် (GBP)
2541.92

ဂျပန်ယန်း(JPY)
16.0542

ဩစတြေးလျဒေါ်လာ (AUD)
1463.72

ဘင်္ဂလားဒေ့ရှ်တာကာ (BDT)
19.742

တရုတ်ယွမ် (CNY)
309.978

ဟောင်ကောင်ဒေါ်လာ (HKD)
267.578

အိန္ဒိယရူပီး (INR)
25.4592

ကိုရီးယားဝမ်(KRW)
1.67572

လာအိုကစ်ပ်(LAK)
0.124632

မလေးရှားရင်းဂစ် (MYR)
489.902

ရုရှား ရူဘဲ (RUB)
29.4868

ထိုင်းဘတ်(THB)
62.8156

ဗီယက်နမ်ဒေါင်(VND)
0.089197

CRD
Myanmar Logistcis Guide
Source - MACCS

03/02/2023

🎉တရုတ်နှစ်ကူး မလာခင်လေး ပစ္စည်းတွေ သယ်ထားကြပါနော်..🚚Gaungdong to Yangon..🚚👉 Shipping Fee - 2.5¥ to 3¥ per Kg, 800¥ to 10...
26/11/2022

🎉တရုတ်နှစ်ကူး မလာခင်လေး ပစ္စည်းတွေ သယ်ထားကြပါနော်..

🚚Gaungdong to Yangon..🚚

👉 Shipping Fee - 2.5¥ to 3¥ per Kg, 800¥ to 1000¥ per Cbm
🚢 Delivery Time - 3 to 4Weeks ရန်ကုန်အရောက်

🏘️ China Warehouse လိပ်စာယူရန်
wechat - GL-logestic
Viber - 09881336300 ကိုဆက်သွယ်ပါ..

🏠 Myanmar Warehouse and Office
Yangon, Hlaing Thar Yar (အနောက်ပိုင်း တက္ကသိုလ် အဝိုင်းထိပ် ဂိုထောင်ဝင်း)

“အမျိုးသားနေ့ တို့မမေ့”ယနေ့ဟာ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ဖြစ်ပြီး အမျိုးသားနေ့ ဖြစ်ပါတယ်။ယနေ့ကျရောက်တဲ့ (၁၀၂) က...
17/11/2022

“အမျိုးသားနေ့ တို့မမေ့”

ယနေ့ဟာ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ဖြစ်ပြီး အမျိုးသားနေ့ ဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ (၁၀၂) ကြိမ်မြောက် အမျိုးသားနေ့ကိုGlobal Logistics မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ် . . .

#အမျိုးသားနေ့

🎉🎉မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်မှာ မိတ်ဟောင်း မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပ...
07/11/2022

🎉🎉မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်မှာ မိတ်ဟောင်း မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး စီးပွားဥစ္စာ ဒီရေအလား တိုးပွားစေနိုင်ဖို့ Global Logostics မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 🎊🎊

#တန်ဆောင်တိုင် #တန်ဆောင်တိုင်လပြည့်

ပို့ကုန်ရငွေဖြင့် ဘဏ်စနစ်ကို အသုံးပြု၍သာ သွင်းကုန် တင်သွင်းနိုင်မည်...🚚🚚ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီးပွားရ...
01/11/2022

ပို့ကုန်ရငွေဖြင့် ဘဏ်စနစ်ကို အသုံးပြု၍သာ သွင်းကုန် တင်သွင်းနိုင်မည်...🚚🚚

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန
ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ
သတင်းလွှာ အမှတ် (၁ဝ/၂ဝ၂၂)
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
အကြောင်းအရာ။ နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်လုပ်ငန်းများအား ဘဏ်စနစ်အသုံးပြုပြီးငွေပေးချေဆောင်ရွက်ရန်ကိစ္စထုတ်ပြန်ခြင်း

၁။ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ (Financial Action Task Force -FATF)၏ အစီရင် ခံစာအပေါ် လိုက်နာအကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေးအတွက်လည်းကောင်း၊ နယ်စပ် ကုန်သွယ်ရေး၌ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေပေးချေမှု စနစ်တကျရှိစေရေးအတွက်လည်းကောင်း နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်ပစ္စည်းများ တင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပါသည်။

၂။ ဤသို့ဆောင်ရွက်ရာတွင် သွင်းကုန်ပစ္စည်းများတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန် တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့်လုပ်ခလွှဲပို့ငွေ အပါအဝင် အခြားဝင်ငွေများကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။ သွင်းကုန်တင်သွင်းသူများ အနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို ပေးချေဆောင်ရွက်ရမည်ဖြစ်ပါသည်။ နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များကို ဘဏ် စနစ်ဖြင့် ဆောင်ရွက်ရာတွင် ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင် ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုများဆောင်ရွက်ရာတွင် ကုန်စည်တင်သွင်းမှုများအတွက် အောက်ပါအတိုင်း စိစစ်ခွင့်ပြုပါမည်
(က) သွင်းကုန်လိုင်စင်လျှောက်ထားရာတွင်ကုမ္ပဏီများအနေဖြင့်မိမိ၏ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်ကြောင်း သက်ဆိုင်ရာဘဏ်မှထုတ်ပေးသည့် အထောက်အထား (Credit Advice)နှင့် ဘဏ် ငွေစာရင်းရှင်းတမ်း (Bank Statement)မူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီး ဌာနသို့ တင်ပြလျှောက်ထားရမည်။
(ခ) ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုသည့် ကုမ္ပဏီကတင်ပြလာသော ပို့ကုန်မှ ရရှိသည့်ဝင်ငွေ(သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်မှုပမာဏကို စိစစ်၍ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက်မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြု ထုတ်ပေးသွားမည်ဖြစ်ပါသည်။
(ဂ) သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်ကြေညာလွှာ(Import Declaration-ID)ဖွင့်လှစ်ရာ၌ ပို့ကုန်မှရရှိသည့် ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုကို သက်ဆိုင်ရာဘဏ်မှ ထုတ်ပေး သည့် အထောက်အထား (Credit Advice)နှင့် ဘဏ်ငွေစာရင်းရှင်းတမ်း (Bank Statement) မူရင်းတို့ကိုပူးတွဲကာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားရ မည်။

၄။ သွင်းကုန်တင်သွင်းမှုများအတွက် ပို့ကုန်မှရရှိသည့် ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင် ရောက်မှုများကိုအခြေခံ၍ တင်သွင်းခွင့်ပြုမည့် အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် နေ့အထိ ကာလအတွင်း လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင်ခြင်းမရှိပါ။ အဆိုပါနေ့ရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင် သွင်းမှုကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မတိုင်မီ ပြီးပြတ်အောင်တင်သွင်းကြရန်နှင့် အဆိုပါသတ် မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်ပြယ်မည်ဖြစ်ပါသည်။

၅။ ထိုသို့ တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်မှရရှိသည့် ဝင်ငွေနှင့် အခြားဝင်ငွေ ဝင်ရောက်မှုများနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ဧပြီလ ၁ ရက်နေ့နောက်ပိုင်းဝင်ရောက်သည့် ဝင်ငွေကိုသာအသုံးပြု ဆောင် ရွက်ခွင့်ပြုမည်ဖြစ်ပါသည်။
၆။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီသည် ရရှိသည့်ပို့ကုန် ဝင်ငွေကိုမိမိကိုယ်တိုင် သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ၊ အခြားကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေး၍ သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ ဆောင်ရွက်နိုင်သည်။ အဆိုပါပို့ကုန်မှရရှိသည့်ဝင်ငွေကို အသုံးပြု၍ သွင်းကုန်ပစ္စည်းတင်သွင်းရာတွင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်းသုံးစွဲနိုင်သည်။

@ကုန်သွယ်ရေးဦးစီးဌာန

CRD.. Myanmar Logistics Guide ..

(FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ်  ကြေညာပြီး​နောက်စဥ်းစားစရာအချက်များ၁။ Singapore နှင့် ပြည...
22/10/2022

(FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီး​နောက်စဥ်းစားစရာအချက်များ

၁။ Singapore နှင့် ပြည်ပနိုင်ငံများတွင် ကုမ္မဏီနှင့် ကိုယ်ပိုင် bank account ဖွင့်ထားသူများ၊ Digital currencies account ဖွင့်ထားသူများ ပိုပြီးသတိထားရပါမယ်။ ခိုင်လုံတဲ့ စာရွက်စာတမ်း ( invoice, BLs)မရှိဘဲ​ငွေ transfer လုပ်ပါက bank account ပိတ်ခြင်းပိုပြီးဖြစ်လာမယ်။ ယခင်ကလည်း အလုပ်လုပ်တဲ့ transaction များတဲ့company ​တွေရဲ့ ဘဏ် account ​တွေပိတ်ခံထားရတာပါ။အခု​တော့ ပိုပိတ်ခံရပါမယ်။ TTလွှဲတဲ့​ငွေ​ USD တွေကို ကြားခံဘဏ်( intermediate bank) က​နေ hold/ freeze လုပ်တာခံရနိုင်ပါတယ်။

၂။ ဟွန်ဒီ သမား​တွေလည်း သတိထားရပါမယ်။ တရားဝင်မဟုတ်တဲ့အတွက် ​bank account ငွေလွှဲ​ပြောင်းတဲ့အခါ AML နဲ့ညိတဲ့အတွက်ပါ။ USD နဲ့ အ ခြား currencies ​ငွေသား(cash) က​တော့ အရင်ကလည်း တရားဝင်လမ်း​ကြောင်းကဝင်လာတာမဟုတ်တဲ့အတွက် အခုလည်းအရင်လိုဘဲတရားမဝင်လမ်း​ကြောင်းကဆက်ဝင်​ရောက်မှာဘဲဖြစ်ပါတယ်။

၃။ Eport အတွက်က​တော့ EU ကို Payment with DP နဲ့​ရောင်းသူ​တွေသတိထားရ​တော့မှာပါ။ ​ငွေပြန်မဝင်လာ နိုင်တဲ့အတွက်ပါ။
ဆန်၊ဆန်ကွဲ၊ ​ပြောင်း၊နှမ်းက​တော့ တရုတ်၊ထိုင်းနဲ့ ဘဂ်လား​ဒေ့ရှ်ကို CNY, THB နဲ့ဆက်​သွားမှာပါ။ ​လော​လောဆယ်လည်း ဘဂ်လာ​ဒေ့ရှ်ကို တန် ၂ သိန်း( USD သန်း၉၀၀ ​ကျော်)ဆန်​ရောင်းရာမှာ payment with CNY ကိုသုံးထားတာ​တွေ့ရပါတယ်။
ပဲအမျိူးမျိုးက​တော့ အိန္ဒိယ ကိုအဓိကတင်ပို့ပြီး တရုတ်ကိုလည်းတင်ပို့​နေပါတယ်။ payment က​တော့ USD currency ကိုသုံး​နေပါတယ်။
အထည်ချုပ်နဲ့ အခြား sector ​​တွေက​တော့ USD ကိုသုံး​နေပါတယ်။

၄။ ဓါတ်ဆီ၊ ဒိဇယ်က​တော့ Petrol China Company က​နေဝယ်​​နေပါတယ်။ payment ကို တဝက်တပျက် CNY နဲ့​ပေး​ချေ​နေပြီဖြစ်တဲ့အတွက် အခုဆိုရင်​တော့ ၁၀၀% CNY နဲ့​ပေး​ မယ်လို့ထင်ပါတယ်။

၅။ စားအုံးဆီက​တော့ USD နဲ့​ပေး​ချေတဲ့အတွက် ဆက်​ပေးလို့ရမရ​တော့မသိပါ။ တ ခြား currrency ​ပြောင်းသုံးနိုငိပါတယ်။

၆။ ​ဆေးအမျိုးမျိုးက​တော့ ပင်လယ်​ရေ​ကြောင်းအပြင် ထိုင်း transit နဲ့ ကုန်းလမ်းက​နေလည်း ဝင်​​ရောက်တဲ့အတွက် payment ကို USD နှင့် THB ​သုံးလို့ရနိုင်ပါတယ်။

၇​။ Import အခြား item ​တွေက​တော့ Thai transit နဲ့ဝင်​ရောက်​နေကြတာဖြစ်ပါတယ်။ Payment ​တွေကို Singapore က ​payment ​တွေကို တင်းကြပ်မယ်ဆို ထိုင်းတွင် COMPANY ​ထောင်ပြီး ထိုင်းဘဏ်​တွေကိုပိုသုံးလာနိုင်ပါတယ်။ ယခင် နဝတ ​ခေတ်မှာ မြန်မာ့​ငွေ​တွေက Singapore ဘဏ်မှာရှိ​နေပြီး Singapore အမြတ်ထွက်သလို အခု ထိုင်းဘဏ်​တွေ အမြတ်ထွက်လာနိုင်ပါတယ်။

၈။ INGO ​တွေအ​နေနဲ့က​တော့ ပြည်ပက​နေ
​ငွေဝင်လို့ရ​နေမှာပါ။ FATF က ​ပြောတာက​တော့ Humatarian နဲ့ Legitimate အတွက် ​ငွေလွှဲ​ပြောင်းမှုကိုမကန့်သတ်ဘူးလို့ဆိုပါတယ်။

၉။ Foreign Investment ​တွေက​​တော့ ဆက်သွားဖို့ပိုခက်လာပါမယ်။ အထူးသဖြင့် အ​နောက်နိုင်ငံကကုမ္မဏီ​တွေ Branded Company ​တွေက​တော့ Black List နိုင်ငံမှာအလုပ် လုပ်ခြင်းဟာ ​ငွေ​ကြေးခဝါမှုပါ ပါဝင်သလိုဖြစ်မှာစိုးလို့ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။

၁၀။ Export လုပ်ဖို့ခက်သလို Import လုပ်ဖို့ကလည်း ပိုပြီးခက်လာမှာပါ။ Counter measure လုပ်တဲ့အခါကြမှပါ။ အချိန်လို​သေးပါတယ်။ အဲလိုဆိုရင်​တော့ China, Thailand and India နဲ့ပိုပြီးလုပ်လာရမှာပါ။

အ​ရေးအကြီးဆုံးအ​နေနဲ့သိထားရမှာက​တော့

၁၁။ မြန်မာနိုင်ငံအနေနဲ့တော့ ဒီလိုအလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလားတူနေခဲ့ဘူးတဲ့အတွေ့အကြုံရှိပါတယ်။
လက်ရှိအနေအထားရတော့ အလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း ( Enhance Due Diligence-EDD) အဆင့် မှာသာ ရှိတဲ့အတွက် ငွေရေးကြေးရေး လွဲပြောင်း ဆောင်ရွက်မှုတွေမှာ မေးခွန်းတွေပိုအမေးခံရတာ၊ အထောက်အထားအချက်အလက်တွေ ပေးရတာထက်မပိုပါဘူး၊ ကျန်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံ (Action Plan) ၁၁ ချက်ကို တိုးတက်မှုမပြနိုင်ခဲ့ရင်တော့ မြောက်ကိုရီးယား၊ အီရန်တို့ ရှိတဲ့ တိုးမြင့် အရေးယူဆောင်ရွက်ခြင်း ( Counter Measure) စာရင်းထဲ ရောက်သွားမယ်ဆိုရင်တော့ မှသာ စီးပွားဆက်ဆံဆောင်ရွက်မှုတွေမှာ အခက်အခဲဖြစ်သွားနိုင်ပါတယ်။

( စဥ်းစားမိသ​လောက်​ရေးထားတာပါ။)

Crd : Soe Tun

Address

1875, B U Pone Nya Road, Hlaing Thar Yar
Yangon

Telephone

+959881336300

Website

Alerts

Be the first to know and let us send you an email when Global Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Global Logistics:

Share