22/05/2024
ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။
-ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။
-ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
-ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။
ကောင်းကင်၌လည်း မိုးသားများ အုံ့မှိုင်းကာ တဂျိုးဂျိုးနှင့် မိုးချုန်းသံများကြားရ၏။ အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည်ဟု ထင်ရ၏။ ထိုအချိန်အခါမျိုးတွင် မြန်မာပြည်သူတို့သည် ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ညောင်ရေသွန်း လောင်းကြသည်ဟု ဆိုကြသည်။
“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးကာလ၊ ရေအခန်းခြောက်ဆုံး အချိန်၊ ရေအဆုတ်ဆုံး အချိန် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာအမှီသဟဲပြု၍ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရသည်။
ပြည်သူ၊ ပြည်သား များ အားလုံး ငြိမ်းချမ်းသာယာ စေကြောင်း UPyae Co.,ltd မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
#ဆုတောင်း