Myint Moh Aung General Services

Myint Moh Aung General Services Ticket Services
Transport Services
Rental Services
Rent apartments

သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့အဘိဓမ္မာ ဆိုတာ အဘိဝိသိဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ ... ၊ သို့မဟုတ် အတိရေကဓမ္...
18/10/2024

သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့
အဘိဓမ္မာ ဆိုတာ အဘိဝိသိဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ ... ၊
သို့မဟုတ် အတိရေကဓမ္မ ပိုပြီးပြည့်ပြည့်စုံစုံ ဟောထားတဲ့ ဒေသနာဖြစ်တယ် ... ။
တနည်းအားဖြင့် ပြောရမယ်ဆိုရင်
“အဘိ” ဆိုတာ ... အလွန်လေးနက်တဲ့ ... ။
" ဓမ္မ " ဆိုတာ ... သဘာဝတရားဓမ္မများလို့ ဆိုလိုတယ် ... ။
🌹

သာမန်ပုဂ္ဂိုလ်တွေက ...
“ ငါ ...သူတစ်ပါး ... ယောက်ျား ... မိန်းမ ” ဆိုတဲ့ လောကဝေါဟာရအရသာ သိနေကြသော်လည်း မြတ်စွာဘုရားက အဘိဓမ္မာတရားတော်ကို သမ္မုတိသစ္စာပိုင်းက စကားလုံးတွေ များများမသုံးဘဲနဲ့ ပရမတ္ထဆိုက်ထိတဲ့ စကားလုံးတွေ သုံးနှုံးဟောပြသွားတာဖြစ်တယ် ... ။
🌹

အဘိဓမ္မာတရားတော်ဟာ သုတ္တန်တွေထက် ပိုပြီးလေးနက်တယ် ... ၊ ပိုပြီးပြည့်စုံတယ် ... ။
🌹

သုတ္တန်ပါဠိဆိုတာ လူတွေရဲ့ စရိုက် ဝါသနာ
အခြေနေကိုကြည့်ပြီး ဆုံးမသွန်သင်ခဲ့တဲ့ တရား
ဒေသနာတော်များ ဖြစ်တယ် ... ။
🌹

အဘိဓမ္မာကတော့ ...
စရိုက်ဝါသနာများကို ရှုင့်ခြင်းမပြုဘဲ ...
“ ဘယ်လိုသဘာဝတရားတွေ အချင်းချင်း အမှီပြုဆက်သွယ်ပြီး ဖြစ်ကြသလဲ ” ဆိုတာကို
ရှင်းပြတယ် ... ။
🌹

သဘာဝတရားသက်သက် အကျယ်ချဲ့ ဟောထားတာဖြစ်လို့အင်မတန်မှ ထူးခြားတဲ့ ဒေသနာတော်တစ်ရပ်လို့ ... ဗုဒ္ဓဘာသာဝင်တွေအားလုံး တညီတည်း လက်ခံထားကြတယ် ... ။
🌹

အဲဒီ အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့
ပြီး တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား
ဟောတာက တစ်ပွဲ ... ၊
လူ့ပြည်မှာ မြတ်စွာဘုရားဆီက နည်းခံပြီးတော့ ...
ရှင်သာရိပုတ္တရာ ... ဟောတာက တစ်ပွဲလို့ အဘိဓမ္မာတရားပွဲကြီး နှစ်ပွဲဟာတစ်ပြိုက်နက်ပြီးဆုံးတယ်လို့ ပြောရမယ် ...။
🌹

ဒီကနေ့ လူ့ပြည်ရောက်လာတဲ့ အဘိဓမ္မာတရားတော်ဟာ ရှင်သာရိပုတ္တရာကိုဟောတဲ့ အဘိဓမ္မာတရားလို့ မှတ်ယူရမှာ ဖြစ်တယ် ... ။
🌹

“ အဘိဓမ်မ ပါစနာမါ နာမ သာရိပုတ်တ​ေထ ရပ်ပဘဝေါ ”
အဘိဓမ္မာမှာ အခုလို အစီစဉ်တကျ
“ ဝါစနာမဂ္ဂ ” ပို့ချတဲ့အစဉ် ( သို့မဟုတ် ) အဘိဓမ္မာ
လက်ချာဟာ ...
ရှင်သာရိပုတ္တရာ ပေးသွားတဲ့အတိုင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ် ... ။
🌹

လူသားတွေနဲ့သင့်လျော်ရုံ မကျဉ်းမကျယ် စီစဉ်ထားတဲ့ အဘိဓမ္မာတရား ဖြစ်တယ် ... ။
🌹

နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရားကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ် ... ။
🌹

အဲဒီ အဘိဓမ္မာကို မြတ်စွာဘုရား ပြည့်ပြည့်
စုံစုံဟောကြားပြီး ဒီကနေ့ပဲ နိဂုံးချုပ်နိုင်ခဲ့တာပါ ... ။🌹

🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹

#ကျေးဇူးတော်ရှင်_ပါမောက္ခချုပ်ဆရာတော်ဒေါက်တာရှင်နန္ဒမာလာဘိဝံသ ...

🌼🌹🌼

Credit... 🙏🙏🙏

🌕 ဝါဆိုလပြည့်နေ့ 🌕ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရေး ပြက္ခဒိန်ထဲမှာ အရေးကြီးတဲ့ ဝါဆိုလပြည့်နေ့ပါ။ ဗုဒ္ဓဘာသာဝင်တွေအတွက...
20/07/2024

🌕 ဝါဆိုလပြည့်နေ့ 🌕

ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရေး ပြက္ခဒိန်ထဲမှာ အရေးကြီးတဲ့ ဝါဆိုလပြည့်နေ့ပါ။ ဗုဒ္ဓဘာသာဝင်တွေအတွက် သံဃာတော်များ သီလရှင်များ သုံးလတာ သီလတရားကျင့်ကြမယ့် သီလဝါဆိုရဲ့ အစဖြစ်ပါတယ်။ 🕊️

ဒီနေ့မှာ ကျွန်မတို့

ဗုဒ္ဓ၏ ပထမဆုံး သာသနာတော်ပြုသောနေ့

ဗုဒ္ဓ၏ ဗာဓိသုခရောက်သောနေ့

ဗုဒ္ဓ၏ သောထွန်းတော်မူသောနေ့

တို့ကို အမှတ်တရပြုကြပါတယ်။

ဤနေ့တွင် ဘုန်းကြီးများအား အလှူအတန်းများ ပူဇော်ခြင်း၊ အဝတ်အစားများ၊ ဆေးဝါးများ ပူဇော်ခြင်းတို့ကို ပြုလုပ်ကြပါတယ်။ 🌸

မိသားစုများလည်း အတူတကွ စုပေါင်းပြီး အကြီးအကဲများက အလှူအတန်းများ ပြင်ဆင်ပေးကြပြီး လူငယ်များက ယဉ်ကျေးမှု အစီအစဉ်များတွင် ပါဝင်ဆင်နွှဲကြပါတယ်။ ဤနေ့ရဲ့ စည်းလုံးညီညွတ်မှုနှင့် သန့်ရှင်းမှုရဲ့ စိတ်ဓာတ်ကို အားလုံး လက်ခံကြပါစို့။

ဝါဆိုလပြည့်နေ့သည် အားလုံးအတွက် ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကို ပေးပါစေကြောင်း ချစ်သောအမျိုးများလည်းတရားထူး တရားမြတ်များရရှိပါစေရန်ဆုတောင်းပေးပါသည်ရှင့်🙏🙏🙏

#ဝါဆိုလပြည့်နေ့ #သီလဝါဆို #မြန်မာ့ယဉ်ကျေးမှု

(၇၇)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုရေးစပ်ပါသည်။*** မိုးနှင့်အပြိုင် မျက်ရည်ဖြိုင် ***  ******************************* ...
19/07/2024

(၇၇)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုရေးစပ်ပါသည်။

*** မိုးနှင့်အပြိုင် မျက်ရည်ဖြိုင် ***
******************************
* အုပ်အုပ်ဆိုင်းဆိုင်း........ညို့ညို့မှိုင်းမှိုင်း
တဖွဲဖွဲရွာ......မိုးဒေဝါက
ငြိမ်သက်တိတ်ဆိတ်......ပြည်သူ့ရိပ်ကို
ပိုမိုလွမ်းစေ......ဖန်လေသည်......။

* တ ဒိုင်း ဒိုင်း သံ........သေနတ်သံတို့
ဂျူဗလီဟော......စုရုံးတောမှာ
ဗိုလ်ချုပ်အပါ......ကိုးယောက်မှာဖြင့်
အသက္ဇီဝ.....ချုပ်ငြိမ်းရသည်.......။

* အစည်းအဝေးတစ်ခု......အစပြုလို့
ဖြစ်လာဝမ်းနည်း.......လူသတြ္ပဲကို
ကြားမိပြည်သူ......ရင်မှာပူလို့
အလွမ်းဓာတ်ထက်......အဆွေးတက်သည်.....။

* အာဏာမက်မော.......ဂဠုန်စောမှာ
ဆင်ခြင်ဉာဏ်မဲ့.......ကောက်ကျစ်ခဲ့လို့
ကိုးဦးဇာနည်.......သေရှာပြီပေါ့
ရင်နာအလွမ်း......ပြည်သူတမ်းသည်........။

* မိုးနှင့်အပြိုင်........မျက်ရည်ဖြိုင်ခဲ့
ရင်မှာကျွမ်းလု........ပြည်သူမှုမှာ
ဖြေမဆည်နိုင်.........ပြည်သူမှိုင်လို့
သမိုင်းတစ်ခေတ်.......တွင်ရစ်ခဲ့ပြီ
ဇာနည်ကိုးဦး......အကြောင်းတည်း.......။

စိတ်ညှို့ရှင်
(Mohnyin)
1872024

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းလောင်းရင်းMyint Moh Aung General Services ချစ်သူများ အားလုံး ကျန်းမာခြင်းသုခ ချမ်းသာ...
22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းလောင်းရင်းMyint Moh Aung General Services ချစ်သူများ အားလုံး ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများပိုင်ဆိုင်ပြီး အေးချမ်းသာယာရှိကြပါစေရှင်🙏🙏🙏
credit

"အလုပ်သမားနေ့" ၂၀၂၄ ခုနှစ် ၊ မေလ (၁) ရက်နေ့မှာ ကျရောက်သည့် ''အလုပ်သမားနေ့ ''အား   Moh Aung General Services မိသားစုမှလှိ...
01/05/2024

"အလုပ်သမားနေ့"

၂၀၂၄ ခုနှစ် ၊ မေလ (၁) ရက်နေ့မှာ ကျရောက်သည့် ''အလုပ်သမားနေ့ ''အား Moh Aung General Services မိသားစုမှလှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

ကမ္ဘာပေါ်ရှိ နေရာဒေသ အသီးသီးတွင် လုပ်ကိုင်နေကြသော အလုပ်သမားများ အားလုံး ရောဂါကင်းဝေကာ စီးပွား ဥစ္စာ တိုးတက်ပြီး သာယာပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
mph Aung General

08/04/2024
သင်္ကြန်နဲ့ အတာအိုး #သင်္ကြန်“ကူးပြောင်းခြင်း၊ပြောင်းရွှေ့ခြင်း” လို့ အဓိပ္ပာယ်ရတဲ့ ပါဠိဘာသာစကား “သင်္ကန္တ” ကို မြန်မာမှ...
08/04/2024

သင်္ကြန်နဲ့ အတာအိုး
#သင်္ကြန်
“ကူးပြောင်းခြင်း၊ပြောင်းရွှေ့ခြင်း” လို့ အဓိပ္ပာယ်ရတဲ့ ပါဠိဘာသာစကား “သင်္ကန္တ” ကို မြန်မာမှုပြုပြီးတော့ “သင်္ကြန်” လို့ခေါ်တာ ဖြစ်ပါတယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ကာလကို “သင်္ကြန်ကာလ”လို့ ခေါ်ဆိုပါတယ်။ ပါဠိစကားလုံး”အန္တ” မှ ဆင်းသက်လာတဲ့ “နောက်ဆုံး” လို့ အဓိပ္ပာယ်ရတဲ့ အတာနှင့်တွဲဖက်ပြီးတော့လည်း “အတာသင်္ကြန်” လို့ ဆိုကြပါသေးတယ်။

#အတာအိုး
🙏သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။
သကြားမင်းကို စာင့်ကြိုတဲ့အထိမ်းအမှတ်နဲ့ အတာအိုးကို ရေအပြည့်ထည့်ပြီး အတာပန်း (၇)မျိုးနဲ့ သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ရပါတယ်။ သိကြားမင်း လူ့ပြည်ဆင်းလာတဲ့အချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ဥပမာ သီလယူ၊ဥပုပ်စောင့်၊အလှူအတန်းပြုလုပ်ခြင်း စတဲ့ ကောင်းမှု ကုသိုလ်တွေပဲ စောင့်ထိန်းကြပါတယ်။

🙏အတာပန်း (၇)မျိုးဆိုတာ နေ့(၇)နေ့ ကိုဆိုလိုတာဖြစ်ပြီး
တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက် ၊
တနင်္လာအတွက်ဆို … က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ …
အင်္ဂါဆို ဇီးရွက်၊
ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊
ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊
သောကြာဆိုသပြေပန်း၊
စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့် အတာပန်းအဖြစ် နေ့ (၇)နေ့ပါအောင်ထည့်ကြပါတယ်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုမူတည်ပြီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။

🙏သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ “အတာအိုး” နဲ့ “အတာပန်း” ကနေ “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း” အဖြစ် အသွင်ကူးပြောင်းပြီး မိမိတို့အိမ် ပတ်ပတ်လည်မှာ “ပရိတ်ပန်း” တွေကို အိမ်ဦးဝင်းထရံတွေမှာ ထိုးစိုက်ကာ ဆုတောင်းကြရတာ ဖြစ်ပါတယ်။ ဒီလိုဆုတောင်းလိုက်မယ်ဆိုရင် မကောင်းတဲ့ ကံဆိုး၊ ကံညံ့တွေ ပျောက်ကာ ကံဇာတာတက်လာပြီး လူမှုနယ်ပယ်မှာ အောင်မြင်မယ်လို့ ရိုးရာဓလေ့အရ ယုံကြည်ကြပါတယ်။

🙏ပရိတ်ရေကို ပထဝီမြေကြီးမှာ မှီတင်းနေထိုင်ကြတဲ့ သတ္တဝါများအားလုံး ကျန်းမာ၊ချမ်းသာပါစေ၊ အငြိုးအတေးများ ပြေပျောက်ပါစေ။အေးချမ်းကြပါစေလို့ မေတ္တာလေးပို့ပြီး မြေကြီးကို သွန်းလောင်းပေးပါ။
အတာအိုးထဲမှ ရေကိုလည်း သင်္ကြန်တွင်းနေ့စဉ် ရေလဲပေးရင် ပိုကောင်းတယ်လို့ မှတ်သားဖူးပါတယ်။
အားလုံးပဲ ကျန်းမာ၊ ချမ်းသာကြပါစေ
( ဗဟုသုတ အလို့ငှာ လေ့လာ ကူးယူးဖော်ပြပါသည်၊၊)
Source >> Facebook / Youtube

Heat stroke Warning ⚠⚠⚠၂၀၂၄ ဧပြီလ ၂ရက်နေ့မှ ၁၀ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံအပြားမှာ ပူပြင်းခြောက်သွေ့နိုင်ပါတယ် အပူရှပ်...
02/04/2024

Heat stroke Warning ⚠⚠⚠
၂၀၂၄ ဧပြီလ ၂ရက်နေ့မှ ၁၀ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံအပြားမှာ ပူပြင်းခြောက်သွေ့နိုင်ပါတယ် အပူရှပ်ခြင်းသတိပြုပါ(Heat stroke)
မနက် ၁၀ နာရီမှ ညနေ ၅နာရီအတွင်းရေချိုးခြင်းကိုရှောင်ကျဥ်ကြပါ အရိပ်အာဝါသကောင်းကောင်းမှာနေထိုင်ကြပါ

🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1
🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။
ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။
ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။
အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။
အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။
ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ

Happy Karen Festival!ကရင်နှစ်သစ်ကူးမှာ အားလုံးပဲ အေးချမ်းသာယာကြပါစေ။ ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများ ပိုင်ဆိုင်ကြပါစ...
11/01/2024

Happy Karen Festival!
ကရင်နှစ်သစ်ကူးမှာ အားလုံးပဲ အေးချမ်းသာယာကြပါစေ။ ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများ ပိုင်ဆိုင်ကြပါစေ။
photo

🎊 HAPPY NEW YEAR 🎊👑နှစ်သစ်မှာ ကောင်းခြင်းတွေ ယူလာပေးပါ....အားလုံးပဲ နှစ်သစ်မှာ ကျန်းမာခြင်းသုခ၊ချမ်းသာခြင်းသုခ၊လူမှုရေးမ...
31/12/2023

🎊 HAPPY NEW YEAR 🎊
👑နှစ်သစ်မှာ ကောင်းခြင်းတွေ ယူလာပေးပါ....
အားလုံးပဲ နှစ်သစ်မှာ ကျန်းမာခြင်းသုခ၊ချမ်းသာခြင်းသုခ၊
လူမှုရေးများအားလုံး ကောင်းမွန်ကြပါစေလို့ Myint Moh Sung General Services မိသားစုမှ စုမွန်ကောင်းတောင်းလိုက်ပါတယ်...

ချစ်ရသူအားလုံး ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေးများ ကောင်းမွန်ကြပါစေ ပျော်ရွှင်စရာ ခရစ်စမက်လေးဖြစ်ပါစေရှင် ကျန်းမာရေးသုခမ...
25/12/2023

ချစ်ရသူအားလုံး ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေးများ ကောင်းမွန်ကြပါစေ ပျော်ရွှင်စရာ ခရစ်စမက်လေးဖြစ်ပါစေရှင် ကျန်းမာရေးသုခများ ပြီးပြည့်စုံပါစေလို့ Myint loh aung General Services မိသားစု မှဆုတောင်းပေးပါတယ်🙏🙏🙏

Address

No. 7, Aung San Thuriya Hla Thoung Road, 47 Ward, NDGN
Yangon
11181

Alerts

Be the first to know and let us send you an email when Myint Moh Aung General Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myint Moh Aung General Services:

Share