𝙉𝙜𝙪 𝙒𝙖𝙧 𝘾𝙖𝙧 𝘼𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨

  • Home
  • Myanmar
  • Thingangyun
  • 𝙉𝙜𝙪 𝙒𝙖𝙧 𝘾𝙖𝙧 𝘼𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨

𝙉𝙜𝙪 𝙒𝙖𝙧 𝘾𝙖𝙧 𝘼𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 car accessories

🚗 ကားချစ်သူတို့အတွက်... မိမိကားလေးကို ကိုယ်တိုင်ဆေးပြီး စိုပြေတောက်ပနေအောင် ထိန်းသိမ်းရအောင် ✨​ကားဆေးရတာ ဝါသနာပါသူတွေအတွ...
15/02/2026

🚗 ကားချစ်သူတို့အတွက်... မိမိကားလေးကို ကိုယ်တိုင်ဆေးပြီး စိုပြေတောက်ပနေအောင် ထိန်းသိမ်းရအောင် ✨

​ကားဆေးရတာ ဝါသနာပါသူတွေအတွက် အရေးကြီးဆုံးက ဆေးပြီးသွားတဲ့အခါ ကားအရောင်လေးက မှိန်မသွားဘဲ "ကြည်လင်စိုပြေ" နေဖို့ပါပဲ။ သာမန်ဆပ်ပြာတွေက ဖုန်စင်ရုံပဲ တတ်နိုင်ပေမဲ့ Samurai Power Shampoo ကတော့ သင့်ကားရဲ့ ဆေးသားကို တစ်ဆင့်ပိုပြီး ဂရုစိုက်ပေးမှာပါ။

​🌟 ဘာကြောင့် Samurai Shampoo ကို ရွေးချယ်သင့်တာလဲ?
​Deep Cleaning & Gentle Care: အမြှုပ်ထွက်အားကောင်းပြီး နူးညံ့တာကြောင့် ဆေးသားကို မထိခိုက်စေဘဲ ဖုန်နဲ့ အညစ်အကြေးတွေကို အလွယ်တကူ ဖယ်ရှားပေးပါတယ်။
​High-Gloss Finish: Cationic Polymer နည်းပညာကြောင့် ရေဆေးပြီးတဲ့အခါ ဆေးသားကို ကြည်လင်တောက်ပစေပြီး အရောင်အဆင်း ပိုမိုစိုပြေလာစေပါတယ်။
​UV Protection: နေရောင်ခြည်ဒဏ်ကြောင့် ဆေးရောင်မှိန်ခြင်းကို ကာကွယ်ပေးပြီး ဖုန်မှုန့်တွေ အလွယ်တကူ မကပ်အောင် ကူညီပေးပါတယ်။

​အရမ်းတန်တဲ့ အနှစ် (Concentrated): 500 ml တစ်ဘူးတည်းနဲ့တင် ကားအစီးရေ (၅၀) ခန့်အထိ စိတ်ကြိုက်ဆေးကြောနိုင်လို့ ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။

​💡 အသုံးပြုပုံ (ရိုးရှင်းလွယ်ကူ)
​၁။ ရေပုံးထဲသို့ ရေဖြည့်ပြီး Samurai Shampoo အနည်းငယ်ထည့်ပါ။ (အချိုးအစား ၁:၅၀ ခန့် ထည့်ရင် လုံလောက်ပါတယ်)။
၂။ အမြှုပ်ထွက်အောင် မွှေပေးပြီး ကားကိုယ်ထည်ကို နူးညံ့စွာ ပွတ်တိုက်ဆေးကြောပါ။
၃။ ရေပြန်ဆေးချပြီးနောက် Microfiber Cloth (အဝတ်ခြောက်နုနု) လေးနဲ့ သုတ်ပေးလိုက်ရုံနဲ့ သန့်ရှင်းကြည်လင်တဲ့ ကားလေးကို မြင်တွေ့ရပါပြီ။

​💰 ဈေးနှုန်းနှင့် မှာယူပုံ

​Price: 17,500 ကျပ် (500 ml)

​ရန်ကုန်နှင့် အခြားမြို့နယ်များသို့ Cash on Delivery (အိမ်ရောက်ငွေချေ) စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်။ (မြို့နယ်အလိုက် ပို့ခရှိပါမည်)

​📩 မှာယူလိုပါက: အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်ကို Messenger (Chat box) မှတစ်ဆင့် အခုပဲ ပေးပို့မှာယူနိုင်ပါပြီ။

💬 Comment မှာလည်း မှာယူနိုင်သလို ဖုန်းဆက်ပြီးတော့လည်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
​☎ 09 754 254 621

ကားအရောင်တင်ဆေးလေး အဆင်ပြေလို့review လေးရေးပေးပါသော ဆရာအား ကျေးဇူးတင်ရှိပါတယ် ရှင့် 😍
17/01/2025

ကားအရောင်တင်ဆေးလေး အဆင်ပြေလို့
review လေးရေးပေးပါသော ဆရာအား ကျေးဇူးတင်ရှိပါတယ် ရှင့် 😍

  Gear ပေါ်က စာလုံးလေးတွေအကြောင်း ..... (P R N D 3 2 L (or) P R N D S L) ဟိုးယခင်ကတော့ ကားတစ်စီးရဲ့ Transmission ဟာ Manu...
12/05/2024

Gear ပေါ်က စာလုံးလေးတွေအကြောင်း .....

(P R N D 3 2 L (or) P R N D S L)

ဟိုးယခင်ကတော့ ကားတစ်စီးရဲ့ Transmission ဟာ Manual လို့ခေါ်တဲ့ ဂီယာဘောက်စ်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ ဂီယာကို ကိုယ့်ဘာသာ ကလပ်နင်းပြီးထိုးခဲ့ရပါတယ်။

ယနေ့ခေတ်မှာတော့ အိမ်စီးကားတော်တော်များများမှာ manual gear ကိုသိပ်မသုံးကြတော့ဘဲ Automatic Transmisson ကိုတွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ အဲ့ဒီတော့ Auto Gear ပေါ်မှာပါတဲ့စာလုံးလေးတွေကို သိထားဖို့လိုအပ်လာပါပြီ။

Auto Gear မှာမှ AT နဲ့ CVT ဆိုပြီး ၂ မျိုးထပ်ကွဲသွားပါတယ်။
Auto Gear ၂ခုဖြစ်တဲ့ AT မှာကော CVTမှာပါ တူညီတာက

P - Park
R - Reverse
N - Neutral
D - Drive
ဆိုတဲ့ စာလုံးလေး ၄ လုံးဖြစ်ပါတယ်။

အဲ့ဒီနောက်မှာမှ အကြမ်းဖျင်းအားဖြင့်တော့ AT မှာဆိုရင်
3
2
L - Low

CVT မှာဆိုရင်တော့
S - Sport Mode
L - Low Gear
စသည်ဖြင့်ပါတတ်ကြပါတယ်။

🛑P-Park

ဒါကတော့ရိုးရှင်းပါတယ်။ ကားကိုရပ်ချင်တဲ့အခါမှာသုံးပါတယ်။ P ကိုထိုးလိုက်တဲ့အချိန်မှာ အကြမ်းဖျင်းအားဖြင့် Transmission system
တစ်ခုလုံးကို lock ချလိုက်သလိုပါပဲ။ အဲ့ဒီတော့ ကားမောင်းနေစဉ်မှာ ကားရွေ့နေစဉ်မှာ P ကိုထိုးမိခဲ့ရင် ပြေးနေတဲ့မြင်းကို ခြေထိုးခံလိုက်သလိုဖြစ်ပြီး
Gear box ကြီးပျက်စီးသွားမှာပါ။ ဒါပေမဲ့စိတ်မပူပါနဲ့ ကားထုတ်တဲ့စက်ရုံကအဲ့တာတွေကြိုသိလို့ ကားမောင်းနေတုန်းမှာ P ကိုထိုးလို့မရအောင်ကာကွယ်ပေးထားပါတယ် (မယုံရင် စမ်းတော့မကြည့်နဲ့ 🙂 ) ။
ကားလုံး၀ရပ်သွားပြီဆိုမှသာ P ကိုထိုးလို့ရပါတယ်။

🛑R-Reverse

ကားကိုအနောက်ဆုတ်ချင်တဲ့အခါမှာ R ကိုသုံးပါတယ်။

🛑N-Neutral

N ဆိုတာကတော့ ကျွန်တော်တို့ manual gear မှာဆိုရင် free ထားလိုက်သလိုပါပဲ။ Neutralဆိုတဲ့အတိုင်း ဘယ်ဂီယာမှ ၀ငမွနတောကိုဆိုလိုတာပါ။
ဘယ်နေရာတွေမှာသုံးလဲဆိုရင် ကားပျက်သွားလို့ဆွဲတဲ့အခါ တွန်းတဲ့အခါတွေမှာသုံးပါတယ်။

🛑D-Drive

Drive ဆိုမှတော့ ကားကိုရှေ့တည့်တည့်မောင်းချင်တဲ့အခါမှာသုံးတာပေါ့ဗျာ။ D နဲ့မောင်းမယ်ဆိုရင် ကိုယ့်ကားမှာဂီယာ ၅ ချက်ရှိမယ်ဆိုရင်
အဲ့ဒီ ၅ ချက်စလုံးကုန်တဲ့အထိ အစဉ်လိုက်ချိန်းပေးသွားမှာပါ။

🛑3,2

AT Gearbox သုံးတဲ့ကားတွေ ဥပမာ Mark II တွေမှာတွေ့ရတယ်။ ကားရဲ့ Automatic Transmission System မှာ 5-speed ဂီယာ ၅ ချက်ရှိတယ်ပဲဆိုပါစို့။
3 နေရာမှာထားလိုက်တာဟာ နောက်ဆုံးက ဂီယာ ၄ နဲ့ ၅ ကို ချိန်းမပေးနဲ့တော့ ငါ့ကို ၁ ကနေ ၃ အတွင်းသာ ဂီယာချိန်းပေးလို့ခိုင်းလိုက်တာပါပဲ။ 2 မှာ ထား
မယ်ဆိုရင်တော့ ဂီယာ ၃၊ ၄ နှင့် ၅ ကိုမချိန်းနဲ့တော့ ၁ နဲ့ ၂ ဂီယာပဲချိန်းမယ်လို့ပြောလိုက်တာပဲ။ တောင်အတက်တွေ တောင်အဆင်းတွေမှာသုံးပါတယ်။
တောင်အဆင်းမှာဆို ၂ လောက်နဲ့ဆင်းရင် ဘရိတ်ကိုသိပ်မသုံးရတော့ ဘရိတ်အပူသက်သာပြီး ပိုပြီးလဲ အန္တရာယ်ကင်းပါတယ်။ ကိုယ်က D နဲ့မောင်းနေရင်း ရုတ်တရက် အရှိန်ရှော့ချင်ရင်ပဲဖြစ်ဖြစ် အကွေ့တွေမှာအရှိန်သတ်ချင်တာပဲဖြစ်ဖြစ် 3 နှင့် 2 ကိုသုံးလို့ရပါတယ်။

🛑S-Sport Mode

သူရဲ့အဓိကလုပ်ဆောင်ချက်ကတော့ Lower Gear ကိုကြာကြာထိန်းထားပြီး Power ပိုထုတ်ပေးတာပါ။
ဥပမာ- D နဲ့မောင်းလို့ 40 Km/h ကိုရောက်ပြီး ၃ စက္ကန့်အကြာမှာ ဂီယာ ၂ ကနေ ၃ ကိုချိန်းပေးတယ်ဆိုပါစို့။ S နဲ့ဆိုရင် 40km/h ကိုရောက်ပြီး ၆ စက္ကန့် ၇ စက္ကန့်လောက်မှပြောင်းပါလိမ့်မယ်။ အဲ့ဒီတော့ Lower gear မှာ အချိန်ကြာကြာနေပြီး
power ပိုထုတ်ပေးပါတယ်။ အကွေ့အကောက်များတဲ့လမ်းတွေမှာသုံးပါတယ်။ ဆီတော့ပိုစားပါတယ်။ ဘာလို့လဲဆိုတော့
lower gear မှာကြာကြာနေတာကိုး။ အကွေ့တွေဆို ထိန်းလို့သိမ်းလို့ပိုကောင်းပါတယ်။ RPM ကိုလည်းမကျစေပဲ ထိန်းပေးပါတယ်။

🛑L-Low Gear

သူကတော့ အနိမ့်ဆုံးဂီယာဖြစ်တဲ့ ဂီယာ နံပါတ်၁ ပါ။ Manual မှာ Gear 1 ထိုးလိုက်တာနဲ့အတူတူပါပဲ။ ကျန်တဲ့ဂီယာတွေကိုလုံး၀မချိန်းပဲ တောက်လျှောက် 1 နဲ့ပဲသွားမှာပါ။ တောင်အမတ်ကြီးတွေတက်တဲ့နေရာ အဆင်းအကြီးကြီးတွေဆင်းတဲ့နေရာမှာသုံးပါတယ်။

အားလုံးပဲ ဘေးရန်ကင်းစွာနဲ့ခရီးနှင်နိုင်ကြပါစေ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည် လာမည့် ၁၃-၀၄-၂၀၂၄ ရက်နေ့မှ ၁၈-၀၄-၂၀၂၄ရက်နေ့အထိရုံးပိတ်ရက်ဖြစ်ပါသဖြင့် နှစ်ဆန်း ၂ ရက်...
12/04/2024

လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်
လာမည့် ၁၃-၀၄-၂၀၂၄ ရက်နေ့မှ
၁၈-၀၄-၂၀၂၄ရက်နေ့အထိ
ရုံးပိတ်ရက်ဖြစ်ပါသဖြင့် နှစ်ဆန်း ၂ ရက်နေ့မှ စတင်ပြီး ပုံမှန် ရက်များအတိုင်း ရောင်းချ ပေးပို့သွားမည် ဖြစ်ပါတယ် ရှင့်

အားလုံး ကျမ်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ရှင့်

 #ကားအင်ဂျင်အပူမလွန်စေဖို့ လုပ်ဆောင်သင့်တာတွေ......ရာသီဥတုပူပြင်းချိန်မှာမောင်းနှင်နေတဲ့ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့...
05/04/2024

#ကားအင်ဂျင်အပူမလွန်စေဖို့ လုပ်ဆောင်သင့်တာတွေ......
ရာသီဥတုပူပြင်းချိန်မှာမောင်းနှင်နေတဲ့ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

#အဲကွန်းအလွန်အကျွံမသုံးပါနဲ့

ကားတစ်စီးရဲ့အဲကွန်းကိုအလွန်အကျွံအသုံးပြုခြင်းကလည်းကားရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။ ကားအဲကွန်းကို နံပါတ်အမြင့်ဆုံနဲ့ဖွင့်ထားလို့ အတွင်းခန်းမှာအေးနေပေမယ့် ကားရဲ့အပြင်ဘက်အစိတ်ပိုင်းကတော့ အင်ဂျင်ရော အဲကွန်းကွန်ပရက်ဆာကပါ လုပ်ဆောင်ချက်မြင့်နေတဲ့အတွက် ကားအပူချိန်ကိုမြင့်တက်နေစေပါတယ်။ အဲဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပါ၊ အဲကွန်းကို သုံးလိုက်၊နားလိုက်မကြာခဏလုပ်ပေး တာမျိုးတွေပြုလုပ်ပေးခြင်းဖြင့် ကားအင်ဂျင်နဲ့ ကားအပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။

#ဘက်ထရီသေချာတွဲပါ

ဘက်ထရီကလစ်တွေကိုသေချာတွဲဆက်ထားပါ။ ဘက်ထရီကြိုးတွေ ကလစ်တွေမခိုင်မြဲရင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဘက်ထရီကြိုးတွေကဆက်ရာတွေများနေရင် ဘက်ထရီငုတ်တစ် ခုတည်းမှာ ကြိုးတွေစုပြုံပြီးတပ်ထားရင်အပူလွန်ကဲမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘက်ထရီငုတ်တွေကိုသေချာ တပ်ဆင်ပါ။ငုတ်တစ်ခုကြိုးတစ်ချောင်းသာတပ်ဆင်ပေးပါ။ကြိုးဆက်ရှိနေတဲ့ ဝါယာကွိုးဟောငျး၊ကွိုးအစှေးတှေ အသုံးပြုခြင်းရှောင်ပါ။

#အင်ဂျင် Coolant ရေသတိပြုပါ

ကားအင်ဂျင်အေးစေဖို့အထောက်အကူပြုဓာတုဆေးရည်ကိုစစ်ဆေးပေးပါ။ ကားအင်ဂျင် Coolant ရည်က ဟောင်းနေရင်၊ရက်လွန်နေရင် စွမ်းဆောင်ရည်ကင်းမဲ့သွားပါတယ်။အင်ဂျင်ကိုအအေးပေးဖို့အထောက်အကူမပြု တော့တဲ့အပြင် အင်ဂျင်ကိုပါပျက်ဆီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရည်မရှိရင်လျော့နည်းနေရင်လည်း အင်ဂျင်ကိုအပူမြင့်တက်စေပါတယ်။ အင်ဂျင်Coolant ရည်ကိုအမြဲစစ်ဆေးပေးသင့်ပါတယ်။

#တာယာလေဖိအားစစ်ဆေးပါ

တာယာလေဖိအားကို ပူပြင်းချိန်မှာ အသုံးပြုသင့်တဲ့လေဖိအားပမာဏကိုတာယာအရွယ်အစားအလိုက်၊ကားအ မျိုးအစားအလိုက်သတ်မှတ်ထားပါတယ်။ မိမိကား၊ တာယာအရွယ်အစားတို့နဲ့လိုက်ဖက် လေဖိအားရှိနေဖို့လို အပ်ပါတယ်။ ယေဘူယျအားဖြင့် ရာသီဥတုပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာအသုံးပြုနေတဲ့လေဖိအားအောက် အနည်းငယ်လျော့သုံးသင့်ပါတယ်။ လေဖိအားများလွန်းလို့ပဲဖြစ်စေ၊လျော့နည်းလွန်းရင်ပဲဖြစ်စေ ကားတာယာ တွေရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။

#အင်ဂျင်ရေတိုင်ကီသတိပြု

အင်ဂျင်ရေတိုင်ကီထဲမှာရေအလုံလောက်ရှိနေဖို့ကလည်းအရေးကြီးပါတယ်။ ကားအင်ဂျင်တစ်လုံးရဲ့ရေတိုင်ကီ တွေထဲမှာ ရေဝင်ဆန့်ပမာဏက ကားအင်ဂျင်ထဲကအပူကိုသယ်ဆောင်နိုင်ဖို့လုံလောက်ပါတယ်။ပုံမှန်ရှိနေသင့် တဲ့ရေပမာဏအောက်လျော့ကျနေပြီဆိုရင်တော့ ကားအင်ဂျင်ထဲကထုတ်နေတဲ့အပူတွေကို သယ်ဆောင်နိုင် အားလျော့ကလာစေပါတယ်။ဒါဆိုရင်တော့အင်ဂျင်အပူချိန်မြင့်တက်လာပါလိမ့်မယ်။အဲဒါကြောင့်ကားအင်ဂျင် ရေတိုင်ကီထဲက ရေပမာဏကိုအမြဲစစ်ဆေးပေးသင့်ပြီးလိုအပ်ပါကဖြည့်ပေးဖို့လည်းလိုအပ်ပါတယ်။

အထက်ပါနည်းလမ်းတွေအပြင် ကားကိုရပ်နားချိန်မှာ အရိပ်အတွင်းရပ်နားတာ၊မောင်းနှင်နေချိန်မဟုတ်ဘဲအဲ ကွန်းဖွင့်သုံးတာတွေကိုရှောင်ရှားတာ စတဲ့အချက်တွေဖြင့်ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

🔸အင်ဂျင်ချက်မီးလင်းရသည့် အကြောင်းများ🔸🔹 အင်္ဂျင်ချက်မီး လင်းရခြင်းမှာ ယခုခေတ်မော်ဒယ်မြင့် ကားများတွင် မော်တော်ယာဉ်အင်္ဂျ...
31/03/2024

🔸အင်ဂျင်ချက်မီးလင်းရသည့် အကြောင်းများ🔸

🔹 အင်္ဂျင်ချက်မီး လင်းရခြင်းမှာ ယခုခေတ်မော်ဒယ်မြင့် ကားများတွင် မော်တော်ယာဉ်အင်္ဂျင်အား
Electronic Control Uint ခေါ် ဆင်ဆာများ
ကွန်ပျူတာစနစ်များဖြင့် အင်္ဂျင်၏ လုပ်ဆောင်ချက်များ မှန် / မမှန်ကို
စောင့်ကြည့် ထိန်းချုပ်ပါသည်။
ထိုသို့ စောင့်ကြည့်ထိန်းချုပ်ရာတွင်
အင်္ဂျင်၏ ပုံမှန်ရှိသင့်သည့် အချက်အလက်များ
မှန် မမှန်ကို ECU Box မှ စောင့်ကြည့်လျှက်ရှိပြီး
• ဆင်ဆာများ
• အင်္ဂျင်၏လုပ်ဆောင်ချက် မမှန်ခြင်း
• ရေအပူမမှန်ခြင်း
• အင်္ဂျင်ဝိုင်ပုံမှန်မရှိခြင်း
• အင်္ဂျင်စက်သံမမှန်ခြင်း
• ဂီယာလုပ်ဆောင်ချက်များ ချို့ယွင်းချက်ရှိသောအခါ
အင်္ဂျင်ချက်မီး လင်း ပါသည်။

🔹အင်္ဂျင်၏ အာရုံခံဆင်ဆာတစ်ခု ဖြစ်သော
MAF (Mass Air Flow) လေအဝင်အာရုံခံဆင်ဆာ သည် အင်္ဂျင်၏ ပစ္စတင်သို့ အင်းတက် (Intake) ဘားများမှ လေစုပ်ယူသော ပမာဏနှင့် လေအပူချိန်ကို ECU သို့ သတင်းပို့ပါသည်။ အင်ဂျင်ကွန်ထရိုးဘောက်မှ
MAF မှ ပေးပို့သော လေပမာဏနှင့် လေအပူချိန် တို့ကိုလက်ခံရယူကာ အင်္ဂျင်၏ အခြား ဆင်ဆာများမှ ပေးပို့သော အချက်အလက်များနှင့် အတူ တွက်ချက်ကာ အင်္ဂျင်အား ဆီပေးခြင်း၊
မီးမြှင့်ပေးခြင်း ဗားတိုင်ပင်မြင့်ပေးခြင်း တို့ကို ဆောင်ရွက်ပါသည်။
ထိုသို့ ပုံမှန်ဆောင်ရွက်ရာတွင် MAF ၏ ရှိသင့် ရှိထိုက်သော အတိုင်းအတာများမှာ
အင်္ဂျင်စလိုး (Idle Speed) တွင် အင်္ဂျင်အား အလိုက် မည်မျှရှိရမည်၊
အင်္ဂျင်အပတ်ရေ ၂၀၀၀ တွင် ဘယ်မျှရှိရမည်ကို
သူ့သတ်မှတ်ချက်အတိုင်း ရှိပြီးသားဖြစ်ပါသည်။

🔹MAF ၏ လုပ်ဆောင်ချက်များမှာ သတ်မှတ် ဘောင်အတွင်း ပုံမှန်ရှိနေပါက
အင်္ဂျင် ကွန်ထရိုးဘောက်သည် အချက်အလက်များအား လက်ခံကာ ပုံမှန်ဆီပေး
မီးမြှင့်ပေး အလုပ်ကိုလုပ်ဆောင်ပါသည်။
ထိုကဲ့သို့ MAF ဆင်ဆာ၏ ပုံမှန် ပေးပို့ချက်များမှ
သတ်မှတ်ဘောင်အတွင်း မရှိတော့ဘဲ နည်းသွားခြင်းသော်၎င်း၊ များသွားခြင်းသော်၎င်း
ဖြစ်လာပါက အင်္ဂျင်ကွန်ထရိုးဘောက်သည်
W (Warning) ဟုခေါ်သော မီးကြိုးလေးမှတဆင့်
မီးပေးပို့ကာ ဒိုင်ခွက်အတွင်းရှိ အင်္ဂျင်ချက်မီး ကိုလင်းစေပါသည်။

🔹 ဥပမာ
တိုယိုတာ 1500cc အင်္ဂျင်တွင်
အင်္ဂျင်စလိုးအပတ်ရေ ၆၅၀ မှ ၇၅၀ အတွင်းတွင်
1.75 မှ 2.5 gm/sec ရှိနေပါက ပုံမှန်ဖြစ်နေသော်လည်း အင်းတက် လေအဝင်လိုင်းတွင် ဟာနေသောကြောင့်
3.0 အထက်တွင်ပြနေပါက MAF မှ
ပေးပို့သော အချက်အလက်သည် များနေပြီး
အင်္ဂျင်အပတ်ရေ ၆၅၀ မှ ၇၅၀ တွင် ဝင်ရောက်ရမည့် လေထက်များနေသဖြင့်
အင်္ဂျင်ချက်မီးကို လင်းစေပါသည်။

🔹အင်္ဂျင်ချက်မီးမှာ ကားဝပ်ရှော့များတွင် ပြုပြင်ချိန်များတွင် ဆင်ဆာများ ဝါယာရိန်းများ ဖြုတ်ထားချိန်ပြီး ပြန်တတ်ချိန်တွင်လည်း လင်း တတ်ပါသည်။
ထိုကဲ့သို့ အင်္ဂျင်ချက်မီးမျိုးမှာ Scanner စက်ဖြင့်
Reset လုပ်ကာဖျောက်လို့ရသော်လည်း...
• မော်တော်ယာဉ် မောင်းနှင်ရင်းသော်၎င်း၊
• စက်နိုးချိန်လင်းလျှင်သော်၎င်း၊
• ကားမောင်းနေချိန် အမြဲလင်းနေလျှင်သော်၎င်း
ပုံမှန်မဟုတ်သဖြင့် နီးစပ်ရာ ကျွမ်းကျင်သော
ကားဝပ်ရှော့များတွင် သွားရောက်စစ်ဆေးကာ
အင်္ဂျင်ချက်မီးလင်းသော ပြစ်ချက်ကို ပြုပြင်ပြီး၍
Reset လုပ်မှသာ ချက်မီးငြိမ်းကာ
ပုံမှန်ပြန်ဖြစ်မည် ဖြစ်ပါသည်။

🔹ကျွန်တော်အား မိတ်ဆွေများမှ အမြဲမေးနေကျဖြစ်သော
အင်္ဂျင်ချက်မီး လင်းနေလို့
ဘာကိုပြုပြင်ရမလည်း ဟူသော မေးခွန်းမှာ
ဘာကိုပြုပြင်ရမည်ဆိုတာ ကျွန်တော်နှင့်တစ်ကွ
ကျွမ်းကျင်သော မက္ကင်းနစ်များမှာ ဖြေဆိုတတ်မည် မဟုတ်ပါ...
စက်ဖြင့် စစ်ကြည့်၍ Error code ထွက်လာမှ သာလျှင် ဘာတွေ ဘာကိုပြင်ရမည်
ဆိုတာကိုသာ ပြောနိုင်မှာဖြစ်ပါသည်။

🔹အထက်ပါမေးခွန်းအောက်များတွင်
တွေ့နေကျ ဖြစ်သော အင်္ဂျင်ချက်မီးလင်းရင် ပလပ်လဲလိုက်ပါလား
လေစစ်လဲလိုက်ပါလား
လောင်စာဆီစစ်လဲလိုက်ပါလား ဆိုသော
အဖြေများမှာ သေချာ မသိမကျွမ်းကျင် သောကြောင့် ဝင်ရောက်ဖြေဆိုကြ ခြင်း ဖြစ်ပါသည်။
အင်္ဂျင်ချက်မီးလင်းရသော ပြစ်ချက်ကုတ်များမှာ
များစွာရှိပေရာ ကားတစ်စီးနှင့် တစ်စီး ပြစ်ချက်ကုတ် မတူပါက အထက်က ပြောသော အရာများ လုပ်သော်လည်း ပျောက်မည် မဟုတ်သလို ငွေ နှစ်ခါကုန် ဖြစ်တတ်ပါသည်။

🔹 အင်္ဂျင်ချက်မီးလင်းနေ၍ ဆက်မောင်း၍ ရလားဟူသော မေးခွန်းမျိုးမှာလည်း ဖုန်းဖြင့်
မကြာခဏ မေးတတ်သော မေးခွန်းမျိုးဖြစ်ပါသည်။

🔹အင်္ဂျင်ချက်မီးလင်းသောပြစ်ချက်များတွင်
ကားဆက်မောင်း၍ ရသောပြစ်ချက်များရှိသလို
ဆက်မောင်းရန် မသင့်သော ပြစ်ချက်များလည်း
ရှိပါသည်။

🔹 ဆက်မောင်းရန်မသင့်သော ပြစ်ချက်များမှာ
> ရေအပူချိန်များ၍ လင်းသောပြစ်ချက်များ
> အင်္ဂျင်ဝိုင်နည်း၍ ခမ်း၍ ပြလာသောပြစ်ချက်များ
> စက်သံကြမ်း (Knock) ၍ ပြလာသောပြစ်ချက်များ
> ချာဂျင်အဝင်မမှန်သောကြောင့်ပြသောပြစ်ချက်များ မှာ ဆက်မောင်းရန် မသင့်တော်ပါ...

🔹ရေအပူချိန်များ၍ အင်္ဂျင်ချက်မီး လင်းသော ပြစ်ချက်ဖြစ်လျှက်
ဂရုမစိုက်ဘဲ ဆက်လက်မောင်းနှင်ပါက
ရေဆူကာ ဂက်စကက်ပြတ်ခြင်း၊
အင်္ဂျင်အပူချိန်များကာ ထိုးရပ်ခြင်း တို့ဖြစ်ကာ
အင်္ဂျင်ပျက်စီးတတ်ပါသည်။

🔹အင်္ဂျင်ဝိုင်နည်း၍ ခမ်း၍ အင်္ဂျင်ချက်မီးလင်းသော
ပြစ်ချက်ဖြစ်နေလျှက် ဆက်လက်မောင်းနှင်ပါက
ဘယ်ရင်ပျော်ကာ
အင်္ဂျင်ပျက်စီးပြီး ထိုးရပ်တတ်ပါသည်။

🔹စက်သံကြမ်း( Knock) ၍ လင်းသောပြစ်ချက် ဖြစ်လျှက် ဆက်လက်မောင်းနှင်ပါကလည်း ကွန်နတင်းခေါက်နေခြင်း၊
ပစ္စတင်စား၍ အစင်းဖြစ်နေခြင်းဖြစ်ပါက
လမ်းတွင် အင်္ဂျင်ထိုးရပ်တတ်ပါသည်။

🔹ချာဂျင်အဝင်မမှန်သောကြောင့် ပြသောပြစ်ချက်မှာ ချာဂျင်အနည်းငယ်ဝင်နေပါက ဘက္ထရီအိုးပုံ
ချာဂျင်မီးအနီလေး မပြတတ်ပါ။
ထိုအချိန်တွင် ဆက်လက်မောင်းနှင်သွားပါက
အဲယားကွန်း၊ ရှေ့မီးကြီးများဖွင့်ကာ မောင်းနှင်သွားချိန်တွင် ဘက္ထရီအားကုန်ကာ ထိုးရပ်တတ်ပါသည်။

🔹ကျန် ပြစ်ချက်များဖြစ်သော ဆီနည်းခြင်း၊
ဆီများခြင်း၊ ဆင်ဆာများ မမှန်ခြင်း၊
ဂီယာပြစ်ချက်များကြောင့် လင်းခြင်းသည်လည်း
ဆက်လက်မောင်းနှင်၍ ရသော်လည်း
အခန့်မသင့်ပါက ထိုးရပ်တတ်ပါသေးသည်။
ထိုပြစ်ချက်များကြောင့် ထိုးရပ်ပါက စက်ပြန်နိုး၍
ရပါက ဆက်လက်မောင်းနှင်၍ ရပါသည်။

🔹အင်္ဂျင်ချက်မီးလင်းလာပါက မိမိကားအား
• ရေဆူခြင်း ရှိ မရှိ၊
• အင်္ဂျင်အပူချိန် လိုအပ်သည်ထက် ပိုပူနေခြင်း ရှိ မရှိ၊
• အင်္ဂျင်ဝိုင် ရှိ မရှိ၊
• စက်သံကြမ်း မကြမ်း၊
• စက်သံ မှန် မမှန် တို့ကို ပထမဦးစွာ
မဖြစ်မနေ စစ်ဆေးသင့်ပါသည်။

🔹ရေအပူချိန်ပုံမှန်၊ အင်္ဂျင်အပူချိန်ပုံမှန်၊
အင်္ဂျင်ဝိုင်ပုံမှန်ရှိ၊ စက်သံမကြမ်း၊
စက်သံမှန်ပါက ဆက်လက်မောင်းနှင်ပြီး
နီးစပ်ရာ ကျွမ်းကျင်သောဝပ်ရှော့တွင်
အင်္ဂျင်ချက်မီး လင်းနေကြောင်း ဝင်ရောက်ပြသ
စစ်ဆေးသင့်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

အသံလုံ ရေလုံ ဖုန်လုံတဲ့ ကားဘီလိုင်နာလေး ရပါပြီတစ်ခွေ💢 ၁၆ ပေ = ၅၅၀၀ ကျပ်ကိုယ်တိုင်အလွယ်တစ်ကူတပ်ဆင်ရန် တိပ်ပါဝင်ပါတယ်သန့်ရ...
08/03/2024

အသံလုံ ရေလုံ ဖုန်လုံတဲ့ ကားဘီလိုင်နာလေး ရပါပြီ
တစ်ခွေ💢 ၁၆ ပေ = ၅၅၀၀ ကျပ်

ကိုယ်တိုင်အလွယ်တစ်ကူတပ်ဆင်ရန် တိပ်ပါဝင်ပါတယ်
သန့်ရှင်းရေးလုပ်ပြီး ကပ်ရုံပါ ရှင့်

ဘီလိုင်နာ အသုံးပြုခြင်းကြောင့် အသံများပို၍ လုံစေနိုင်၍
အဲကွန်းများဖွင့်ရာတွင် fan အား အနည်းငယ်သာ ဖွင့်ရုံဖြင့် ပို၍ အေးမြစေပါသည်

အဲကွန်း အအေးနဲသော ကားများ
လေ fan အား အနဲငယ်သာ ဖွင့်လိုသူများ ပို၍ အသုံးဝင်ပါသည်

မိမိကားပေါ်မူတည်ပြီး ၃ ခွေ ၄ ခွေ အဆင်ပြေရာ ဝယ်ယူတပ်ဆင်နိုင်ပါတယ် ရှင့်

ရန်ကုန် အိမ်ရောက်ငွေချေ ပို့ခလေး ပေးရပြီး
နယ်မြို့ပေါင်း ၁၅၀ ကျော် အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါသည်

မှာယူလိုပါက ဖုန်းနံပါတ်လေး ချန်ထားခဲ့နိုင်ပါတယ် ရှင့်

Messenger မှလည်း လိပ်စာ ဖုန်းနံပါတ်လေး ချန်ထားပေးခဲ့လို့ ရပါတယ် ရှင့်

လက်လီ လက်ကား ဝယ်ယူနိုင်ပါသည်

ဖုန်းဆက်သွယ်စုံစမ်းမှာယူလိုပါက
☎09 754 256 025☎

ကားတံခါးဘောင် လိုင်နာလေး ရပါမယ်ကော်ကပ်ရန်မလို အကုတ်ပါဝင်ပါသည်တစ်ခွေ လျှင်  ၇၅၀၀ ကျပ်အရှည် ၁၆ ပေကျော် ပါဝင်ပါသည်ကိုယ်တိုင...
12/02/2024

ကားတံခါးဘောင် လိုင်နာလေး ရပါမယ်
ကော်ကပ်ရန်မလို အကုတ်ပါဝင်ပါသည်

တစ်ခွေ လျှင် ၇၅၀၀ ကျပ်
အရှည် ၁၆ ပေကျော် ပါဝင်ပါသည်
ကိုယ်တိုင်အလွယ်တစ်ကူ တပ်ဆင်နိုင်ပါသည်

ကားတံခါး အဖွင့်များတွင် အပွန်းအစင်းများ အခြားကားအားထိခိုက်မူများမှ ကာကွယ် ပေးပါတယ်

ကားအလှဆင်ပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ပါသည်

အနီ/အနက်/အဖြူ/အပြာ/ခဲ အရောင် ၅ ခု ရှိပါသည်

မှာယူလိုပါက ဖုန်းနံပါတ်လေး ချန်ထားခဲ့နိုင်ပါသည်

https://www.facebook.com/SuperOneDeliveryService?mibextid=ZbWKwL

Messenger မှလည်း ဖုန်းနံပါတ်လိပ်စာလေး ပေးထားလဲ ရပါတယ် ရှင့်

ရန်ကုန်အိမ်အရောက် ပို့ဆောင်ခ လေး ပေးရပါသည်

နယ်မြို့ပေါင်း ၁၅၀ ကျော်လည်း အိမ်ရောက်ငွေချေ ပို့ဆောင်ခလေး ပေးရပါတယ် ရှင့်

လက်ကားဝယ်ယူလိုသူများ ဖုန်းဆက်မေးမြန်းနိုင်ပါသည်

ဖုန်းဆက်မှာယူလိုပါက
☎09754256025☎

☢အမြဲမေး အမေးများ တဲ့☢ ကားကလစ်သီး အစုံဘူးလေး🚘  ၈၅၀၀ ကျပ်ကွာတာတွေမြဲဖို့ ကြံခိုင်ဖို့ ကားမှာ ကွာတာချောင်တာ အသံမြည်တာတွေအတ...
01/02/2024

☢အမြဲမေး အမေးများ တဲ့☢ ကားကလစ်သီး
အစုံဘူးလေး🚘 ၈၅၀၀ ကျပ်

ကွာတာတွေမြဲဖို့ ကြံခိုင်ဖို့
ကားမှာ ကွာတာချောင်တာ အသံမြည်တာတွေအတွက် ကားတိုင်းဆောင်သင့်တဲ့ အစုံဘူးလေး

၆မျိုး အခု ၁၀၀ ပါဝင်ပါသည်

မှာယူလိုပါက ဖုန်းနံပါတ်လေး ချန်ထားခဲ့နိုင်ပါသည်

Messenger မှလည်း ဖုန်းနံပါတ်လိပ်စာလေး ပေးပြီး မှာယူလို့ ရပါတယ် ရှင့်

အောက်က စာတန်းအပြာလေးကို နှိပ်ပြီး ဖုန်းနံပါတ် လိပ်စာလေး ပေးထားလို့ ရပါတယ် ရှင့်
m.me/nguwarcaraccessories

ရန်ကုန် နှင့် နယ်မြို့ပေါင်း ၁၅၀ ကျော် အိမ်ရောက်ငွေချေ ပို့ခလေး ပေးရပါတယ် ရှင့်

ဖုန်းဆက်သွယ်စုံစမ်းဝယ်ယူလိုပါက

☎09 754 256 025☎

12/01/2024

Customer မိတ်ဟောင်း မိတ်သစ်များအား
အထူးကျေးဇူးတင်ရှိတယ် ရှင့်

car accessories

Honda Fit မှာ ဂရိတ်ဘယ်နှစ်မျိုးရှိလဲ? ဘယ်ဂရိတ်မှာ ဘာပါတယ် ဘာမပါဘူးလဲ  Honda Fit မှာ ဘာပါတယ် ဘာမပါဘူးဆိုတာ(1) grade,(2) o...
11/01/2024

Honda Fit မှာ ဂရိတ်ဘယ်နှစ်မျိုးရှိလဲ? ဘယ်ဂရိတ်မှာ ဘာပါတယ် ဘာမပါဘူးလဲ

Honda Fit မှာ ဘာပါတယ် ဘာမပါဘူးဆိုတာ(1) grade,(2) option,(3) edition နဲ့(4) ပိုင်ရှင်ထပ်ထည့်တဲ့ ပေါ်မှာမူတည်ပါတယ်။ Grade က ကားကုမ္ပဏီက မူလ ခွဲရောင်းတဲ့ပုံစံပါ။ Option က ဝယ်ယူသူ ငွေပေးထပ်ထည့်ခွင့်တွေပါ။ Edition က ကုမ္ပဏီက လိုမယ်ထင်တာတွေ ထပ်ထည့်ရောင်းတဲ့ပုံစံပါ။ နောက်ဆုံးတမျိုးက ကားဝယ်ယူသူက သူ့ကားကို သူကြိုက်တဲ့ပစ္စည်းနဲ့ သူကြိုက်သလိုဆင်ထားတာပါ။

(1) grade
အခြေခံအားဖြင့် grade ၃ မျိုးပဲရှိပါတယ်။G, L, RS ပါ။

G က အခြေခံ (basic grade) ပါ။ ဘေးမှန်မီးကျောက် မပါ, နောက်မှန်ငါးချပ် မမည်း, အဲကွန်း ဒက်ဂျစ်တယ် မဖြစ်ပါ။
G နဲ့ L ကြားမှာ GF ဆိုပြီးထပ်ခွဲပါတယ်။ ဘေးမှန်မီးကျောက် ပါ, နောက်မှန်ငါးချပ် မည်း, အဲကွန်း ဒက်ဂျစ်တယ် မဖြစ်ပါ။

Shes Gradeဒီ ဂရိတ်တွေကတော့ Shes ဆိုတဲ့အတိုင်း မိန်းကလေးတွေအတွက် အထူးထုတ်ထားတဲ့ Grade ဖြစ်ပါတယ်။ Smart Key Cover ကအစ ကားရဲ့အရောင်အတိုင်း လုပ်ပေးထားတယ်။
Aircon Display ဘေးက အဝိုင်းလေးတွေလည်း ပန်းဆီရောင်၊ ခြေနင်းအခင်းတွေ၊ Shes Logo လေးတွေနဲ့ ကားအတွင်းခန်း တော်တော်များများမှာ မိန်းကလေးကြိုက်တဲ့ အရောင်တွေနဲ့ အလှဆင်ထားတာတွေ့ရပါတယ်။ ကျန်တာကတော့ L Grade နဲ့ တူပါတယ်။

L က ဘေးမှန်မီးကျောက် ပါ, နောက်မှန်ငါးချပ် မည်း, အဲကွန်း ဒက်ဂျစ်တယ် ဖြစ်, ယာဉ်မောင်းထိုင်ခုံမြှင့်လို့ရပါ။

ဒါတွေက ထင်သာမြင်သာရှိပြီး ပြုပြင်လို့မလွယ်တဲ့ ဟာတွေပါ။ အျခား အချက်တွေ ကျန်ပါသေးတယ်။ ဥပမာ L မှာပဲ လက်တင်ပါပါတယ်။ လက်တင်ပါတိုင်း L မဟုတ်နိုင်ပါဘူး။ ဘာကြောင့်ဆို G သို့ GF မွာ လက်တင်တပ်ပြီး ရောင်းသော် ဆိုတာမျိုးပါ။
grade ကိုမှတ်ရာမှာG ( မှန်ဖြူ) GF (မှန်မည်း) L ( မှန်မည်း auto AC) လို့ လွယ်လွယ်ကူကူ ပြောင်းလို့မရတဲ့ဟာတွေကို မှတ်ရပါတယ်။

လက်တင်ပါတာ L ဂရိတ်လို့မှတ်ရင် မှားတတ်ပါတယ်။ L ဂရိတ်တိုင်း လက်တင်ပါတယ်.. လက်တင်ပါတိုင်း L မဟုတ္ဘူး.. အဲ့လိုပါ။နောက်ပြီး မိန်းကလေး မောင်းမှာဆို ယာဉ်မောင်းထိုင်ခုံ နိမ့်မြင့်လုပ်လို့ရတဲ့ L ဂရိတ်ကို ပိုစဉ်းစားသင့်ပါတယ်။
RS ကေတာ့ 1500cc အင်ဂျင်နဲ့ပါ။

(2) Option
Option က ဝယ်ယူသူက ပိုက်ဆံ ထပ်ဆောင်း ပေးပြီး ထည့်ပေးပါဆိုလို့ စက်ရုံက ထည့်ပေး လိုက်တာ တွေပါ။side airbags, sunroof, navi, xenon headlight လိုဟာတွေပါ။

(3) edition
Edition က hightway edition ဆို xenon headlight,smart edition ဆို smart key ပါတာမျိုးပါ။အဲ့ဒီ option နဲ့ edition က နည်းနည်း ရောထွေးနေလို့ ကားများများကိုင်ဖူးသူမှ အသေအချာ သိပါလိမ့်မယ်။ ဒီကြားထဲ ဝယ်ယူသူက သူဘာသာ နောက်မှ ထပ်ထည့်လိုက်တာမျိုးလည်း ရှိပါတယ်။

Xenon headlight ဒါမှမဟုတ် steering wheel mounted audio controls ဆိုရင် option, edition, ထပ်ထည့် သုံးမျိုးလုံး ဖြစ်နိုင်ပါတယ်။အခြားဟာတွေကspoiler, speakers, fog light, alloy wheels စသဖြင့်ပါ။

သီးသန့်ပါရမှာကလေထိုးတံ နဲ့ ဘီးဖါဆေး+ပိုက်ထုတ်။ဂျိုက်နဲ့လှည့်တံ။ဘီးဖြုတ်ဂေါက်နဲ့ လော့သီးဖြုတ်ခေါင်း (ဘီးက လော့သီးနဲ့ဆိုရင်)။map CD or map SD (ကားက navi tv နဲ့ဆိုရင်), သော့အပို ။ Manual စာအုပ္မ်ား။ ကားဆွဲရန်ကွင်းသီး တို့ပါပဲ။

Chessis က model, generation နဲ့ဆိုင်ပါတယ်။ 2007 late ကေန 2010 ထိ GE6 က 2010 late ကနေ
2013 ထိ ပုံပြောင်းပါတယ် chessis မပြောင်းပါ။2013 late မှာ အကုန်ပြောင်းပါတယ်GK3 ဖြစ်ပါတယ်။

Crd

10/01/2024

တာယာ pen အသုံးပြုနည်းလေးပါ ရှင့်

Address

Thingangyun

Telephone

+959754256025

Website

Alerts

Be the first to know and let us send you an email when 𝙉𝙜𝙪 𝙒𝙖𝙧 𝘾𝙖𝙧 𝘼𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share