Moon Sun Bus Ticket Service

Moon Sun Bus Ticket Service Myanmar Bus Ticket
Elite Express Myanmar

ကဲ ချစ်ရတဲ့ မိတ်ဆွေများရှင့် တောင်ကြီးတန်ဆောင်တိုင်လာလည်ဖို့စိတ်ကူးနေပြီဆို   Sun ကိုဖုန်းဆက်မှာဖို့မမေ့ကြပါနဲ့နော်  #တန...
14/10/2025

ကဲ ချစ်ရတဲ့ မိတ်ဆွေများရှင့် တောင်ကြီးတန်ဆောင်တိုင်လာလည်ဖို့စိတ်ကူးနေပြီဆို Sun ကိုဖုန်းဆက်မှာဖို့မမေ့ကြပါနဲ့နော် #တန်ဆောင်တိုင်ပွဲအစ 29.10.25 မှ 5.11.25ထိ လတ်မှတ်များကြိုရောင်းပေးနေပါပြီရှင့် ယုံကြည်စိတ်ချစွာမှာယူလို့ရသလို လူကိုယ်တိုင်လာရောက်လတ်မှတ်ဖြတ်မယ်ဆို မြို့မဈေးမီးပွိုင့်အရှေ့ဘက် ကုန်သည်လမ်း လင်းမြင့်မိုရ်လျှပ်စစ်ပစ္စည်းဆိုင်နှင့်မျက်နှာချင်းဆိုင်မှာလဲဖွင့်ထားပေးပါတယ်ရှင့်

🚎🚗🏍️ 2025 …….ကျွန်တော် တက္ကသိုလ်စတက်တုန်းက 2012 ….MEUE - Meiktila University of Economics မိတ်စီးမှာ တက်ခဲ့တုန်းက အမှတ်တ...
01/03/2025

🚎🚗🏍️ 2025 …….
ကျွန်တော် တက္ကသိုလ်စတက်တုန်းက 2012 ….
MEUE - Meiktila University of Economics မိတ်စီးမှာ တက်ခဲ့တုန်းက အမှတ်တရကောင်းတွေအများကြီးနဲ့ …..

ကျွန်တော်က တောင်ကြီးဇာတိလေ ….
တောင်ကြီးမှာပဲ မွေး တောင်ကြီးမှာပဲကြီး….
ဆယ်တန်းအောင်လို့ တက္ကသိုလ်တွေရွေးကြဆိုတော့ တောင်ကြီးကမထွက်ဖူးတဲ့ ကျွန်တော်က မိခင်တောင်ကြီးမြို့ရဲ့ရင်ခွင်ကနေ အတောင်တွေဖြန့်ပီး လေ့လာစပ်စုချင်နေပီလေ…

လျှောက်ပါပီဗျာ မိတ်စီး….
ရောက်ပါပီဗျာ မိတ်စီး….

ကျောင်းတော်ကြီးရောက်တော့ မြို့အသီးသီးက သူငယ်ချင်းတွေနဲ့ဆုံပါပီ….

ဆိုင်ကယ်လေးတစ်စီးနဲ့ 🛵🛵 သူငယ်ချင်းတစ်စုနဲ👬🏾👬🏾….
Saturday, Sunday ၂ရက်ပိတ် ကျွန်တော် မန္တလေးမှာ….
၃ရက်ပိတ်မလား
၄ရက်ပိတ်မလား????
ကျွန်တော်ရောက်နေပီ မကွေး / ပုဂံ / နေပြည်တော်/ မုံရွာ/ စစ်ကိုင်း ….
ဒီကြားထဲ ကျောင်းခေါ်ကြိမ် ၇၅%တွက်ပီး ပိုတဲ့ရက်တိုတွေက ပျော်ဘွယ်က သူငယ်ချင်းအိမ်ရောက်သေးတာ….
Semester တစ်ဖြတ်ဆို တစ်ဖြတ်ပဲ မွန်ပြည်နယ် / ကရင်ပြည်နယ် ရောက်သွားခဲ့သေးတာ….

မှတ်မှတ်ရရ တောင်ကြီးကနေ ကျိုက်ထိုကို ဆိုင်ကယ်နဲ့ သွားကြတုန်းက တောင်ကြီးကနေ မနက်၁၀နာရီလောက်ထွက် နေပြည်တော် ၁ညနား နောက်နေ့ ကျိုက်ထိုကို ဆက်မောင်းကြတာ 😁😁😁 ကျိုက်ထိုလဲ ရောက်ရော လက်က လီဗာဆွဲတဲ့အနေအထားအတိုင်း လက်ကြီးကောက်ပီး ကွေးမရ ဆန့်မရနဲ့ လက်အံသေနေသေးတာ😆😆😆
👌👌👌

အဲ့ဒီ့အချိန်တွေတုန်းက ဆိုင်ကယ်တစ်စီးနဲ့ 🛵ပြည်နယ်တော်တော်များများရောက်ခဲ့တာ (မန္တလေးတိုင်း/မကွေးတိုင်း/ကရင်ပြည်နယ် /မွန်ပြည်နယ်/ ရှမ်းပြည်တခွင်ဗြဲဗြဲစင်…/ စစ်ကိုင်းတိုင်း/ ပဲခူးတိုင်း) ခုချိန်ထိ မြင်ယောင်တိုင်းပျော်နေရတုန်းပဲ….

အကြံပြုချင်တာက ခင်ဗျားတို့လဲ
“သွား”ရှိတုန်း “စား”ချင်တာစားပါ….
“စိတ်”သွားတိုင်း “ကိုယ်”ပါတုန်း သွားကြပါ….

တစ်ခုပဲ

သွားချင်တဲ့ခရီးစဉ်ရှိရင် Moon Sun Bus Ticket Service ကို ဖုန်းဆက်လိုက်… 😁😁😁
စားချင်တာတော့ ရောက်တဲ့နေရာ ကောင်းတာ ကြိုက်တာ ရှာစားပေါ့ခဗျာ😜😜😜

23/12/2024

🙏🙏🙏 Moon Sun Bus Ticket Service မှ မိတ်ဟောင်း မိတ်သစ်များ အားလုံး မဂ်လာပါ ခဗျ!
ကျန်းမာခြင်း ​ချမ်းသာခြင်းများနှင့် ပြည်စုံပီး စီးပွားရေးများလဲ တိုးတက်ကြပါစေခဗျ!!!

ဖြင့်

ရန်ကုန် နေပြည်တော် တပ်ကုန်း
ရန်ကုန် မိတ္ထီလာ ဝမ်းတွင်း ကူမဲ ကျောက်ဆည် စဉ့်ကိုင် မန္တလေး
ရန်ကုန် မန္တလေး(တိုက်ရိုက်)
ရန်ကုန် ပြင်ဦးလွင်(တိုက်ရိုက်)
ရန်ကုန် ပြင်ဦးလွင် နောင်ချို
ရန်ကုန် ပုဂံ ပခုက္ကူ
ရန်ကုန် ကျောက်ပန်းတောင်း ချောက်
ရန်ကုန် မကွေး မင်းဘူး စကု လယ်ကိုင်း ပွင့်ဖြူ စလင်း ဆင်ဖြူကျွန်း
ရန်ကုန် ကလော အောင်ပန်း(တိုက်ရိုက်)
ရန်ကုန် ညောင်ရွှေ တောင်ကြီး ဟိုပုံး

ခရီးစဥ်များကို ကျွန်တော်တို့ Moon Sun Bus Ticket Service တွင် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ခဗျ!
လူကြီးမင်းတို့၏ခရီးစဥ်လက်မှတ်များ မှာယူလိုပါက
09423692129
09682876664
09428332519
09682272672 သို့ ဆက်သွယ်နိုင်ပီး
KBZ Pay / Mobile Banking
AYA Pay / Mobile Banking ဖြင့် ငွေပေးချေနိုင်ပါကြောင်း ကျေးဇူးတင်စွာဖြင့်


21/11/2024

တောင်ကြီးမြို့မှချစ်ရတဲ့မိတ်ဆွေတို့ရေ ဂိတ်လေးပြန်ဖွင့်နေပါပြီရှင့် လူကိုယ်တိုင်လာပြီးဖြတ်ရမှကျေနပ်သူတွေအတွက်👍👍👍

ဆိုင်လိပ်စာ.....မြို့မစျေးမီးပွုင့်အရှေ့ဘက်
ကုန်သည်လမ်း..လင်းမြင့်မိုရ်လျှပ်စစ်ပစ္စည်းဆိုင်နှင့်မျက်နှာချင်းဆိုင်
ph.09423692129..viber
09428332519..viber
09682876664
09682272672

04/03/2024

ယနေ့ချိန်ထိmoonsunနဲ့လက်တွဲလာသူအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင့်နောက်ရက်တွေမှာအထူးpromotionရှိတဲ့အတွက်ကြောင့်elite expressဖြင့်ခရီးသွားမည့်ချစ်ရတဲ့မိဘပြည်သူများသွားလိုတဲ့ခရီးစဉ်လေးကိုဖုန်းလေးသာဆက်လိုက်ပါနော်promotionလဲရရောက်လိုတဲ့ခရီးစဉ်လေးကိုလဲပျော်ရွှင်စွာနဲ့သွားရောက်နနိုင်မဲ့အခွင့်အလမ်းလေးကိုmoonsunမှာပဲရရှိနိုင်တာမို့phလေးတော့ဆက်ဖို့မမေ့ပါနဲ့ရှင့်
CBမှာစာမပြန်နိုင်တာကြောင့်ပေးထားတဲ့ဖုန်းလေးကိုသာဆက်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ရှင့်
PH.09423692129...09428332519.09682876664...09682272672

ကျွနု်ပ်တို့ တောင်ကြီးသူ/သားများမှ  #တောင်ကြီးတန်ဆောင်တိုင် အား လှိုက်လှဲစွာ ဂုဏ်ပြု ကြိုဆိုပါ၏။တောင်ကြီးတန်ဆောင်တိုင်လာ...
21/11/2023

ကျွနု်ပ်တို့ တောင်ကြီးသူ/သားများမှ #တောင်ကြီးတန်ဆောင်တိုင် အား လှိုက်လှဲစွာ ဂုဏ်ပြု ကြိုဆိုပါ၏။

တောင်ကြီးတန်ဆောင်တိုင်လာလည်တာ မင်းအပြစ်မဟုတ်ဘူး!
တောင်ကြီးက အပြန်ကားလက်မှတ်ကို အားမပေးရင်တော့.....😈😈😈

22/08/2023

ခရီးသွားမိဘပြည်သူများရှင့်ကျွန်မတို့moonsun bus ticket serviceမှပြန်လည်ကြိုဆိုပါတယ်ရှင့်
ယုံယုံကြည်ကြည်နဲ့အားပေးကြတဲ့မိတ်ဆွေအားလုံးအားလဲကျေးဇူးအထူးပင်တင်ရှိပါတယ်နော်
မိမိတို့သွားချင်တဲ့ခရီးစဥ်လေးကိုဖုန်းလေးတစ်ချက်ဆက်ရုံနဲ့အဆင်ပြေအောင်ကူညီသွားပေးမှာပါရှင့်
E lite express မှထွက်သည့်ဘယ်ခရီးစဥ်မဆိုဆက်သွယ်မှာယူလို့ရပါတယ်နော်..အားပေးကြတဲ့မိတ်ဆွေအားလုံးအားလဲကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင့်😘
ph.09 428332519
09 682272672
09 423692129
09 682876664

( နွေရာသီလည်း ကုန်တော့မယ် ၊     မိုးဦးရာသီလည်း ဝင်နေပြီ ဆိုပေမယ့် -     လာမယ့် နှစ်နှစ်တာ အတွက် -     အပူလွန်ကဲတာ စံချိန...
06/06/2023

( နွေရာသီလည်း ကုန်တော့မယ် ၊
မိုးဦးရာသီလည်း ဝင်နေပြီ ဆိုပေမယ့် -
လာမယ့် နှစ်နှစ်တာ အတွက် -
အပူလွန်ကဲတာ စံချိန်သစ်တင်မယ့် -
အယ်လ်နီညို မိုးလေဝသ (El Nino Weather) နဲ့ -
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု (Global Climate) -
အခြေအနေတွေနဲ့ လားရာဂတိတွေ (Destinations) ကို -
မေ့မသွားမိစေဖို့ ၊ သတိတရ ရှိနေစေဖို့ ၊
မဖတ်ဖြစ်လိုက်တဲ့သူတွေ ဖတ်မိစေဖို့ -
သင်္ကြန်ရက်တွေ ပြီးခါစ ဧပြီလ ၂၁ ရက်က Online Media Page မှာ တင်ထားခဲ့ပြီးသား -
ဆောင်းပါးတိုကို ပြန်တင်‌လိုက်ပါတယ် ။ )

ကမ္ဘာ့ အပူချိန် စံချိန်သစ်တင်မယ့် ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်များ

ရဲကျော်စွာ

" ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု " (Global Climate Change) နဲ့ အတူ ၊
" အယ်လ်နီညို မိုးလေဝသ လက္ခဏာ " (El Nino Weather Phenomenon) ပြန်ဖြစ်လာတဲ့ အတွက် ၊
အခု ၂၀၂၃ ခုနှစ် နဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာ
တကမ္ဘာလုံးအနေနဲ့ -
ပျမ်းမျှ အပူချိန် စံချိန်သစ် တင်သွားနိုင်တယ်လို့ -
ရာသီဥတုရေးရာ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ် ။

လာနီညာအလှည့်မှ အယ်လ်နီညိုအလှည့်သို့

ပစိဖိတ်သမုဒ္ဒရာမှာ " လာနီညာ မိုးလေဝသ " (La Nina Weather) ဆက်တိုက် ဖြစ်ခဲ့ပြီးတဲ့နောက် ၊
အယ်လ်နီညို ကို ပြန်လှည့်လာတော့မယ့် အလှည့်ကို ရောက်နေပြီလို့ -
သတိပေးနေကြတာပါ ။

နှိုင်းယှဉ်ချက် အရဆိုရင် -
" လာနီညာ " မှာ တကမ္ဘာလုံးရဲ့ ပျမ်းမျှအပူချိန် နည်းနည်း ပိုနိမ့်သွားပါတယ် ။
" အယ်လ်နီညို " ကတော့ ပျမ်းမျှ အပူချိန် ပိုမြင့်သွားတယ် ။

အယ်လ်နီညို ဆိုသည်မှာ

အယ်လ်နီညို မိုးလေဝသ မှာဆိုရင် -
ကမ္ဘာ့ အလယ်မျဉ်း အီကွေတာ တလျှောက် အနောက်ဘက်ကို တိုက်တဲ့ လေထုတွေက နှေးကွေးသွားမှာ ဖြစ်ပြီး ၊ ‌
ပိုပြီး နွေးထွေးတဲ့ ရေစီးကြောင်းထုတွေက
အရှေ့ဘက်ကို စီးဆင်းမှာပါ ။
အဲဒိ ဖြစ်စဉ်ကြောင့် -
သမုဒ္ဒရာတွေရဲ့ ရေပြင် အပူချိန်တွေက မြင့်တက်လာပါမယ် ။

အားကောင်းမယ့် အယ်လ်နီညို

" တကမ္ဘာလုံး အတိုင်းအတာနဲ့ -
အပူချိန် စံချိန်သစ် တင်တာတွေက -
ပုံမှန်အရ အယ်လ်နီညို နဲ့ ချိတ်ဆက်နေတယ် " လို့ -
ဥရောပသမဂ္ဂရဲ့ ကော့ပါးနီးကပ်စ် ရာသီဥတု ပြောင်းလဲမှု သုတေသနဌာန ညွှန်ကြားရေးမှူး Carlo Buotempo က ပြောပါတယ် ။

လာမယ့် ဆောင်းရာသီ နှောင်းပိုင်းမှာ -
အယ်လ်နီညို အခြေအနေတွေကို ပြန်ရောက်သွားနိုင်ပြီး ၊
ဒီနှစ်ကုန်မှာ အားကောင်းတဲ့ အယ်နီညို ဖြစ်နိုင်ချေ‌တွေ ရှိနေတယ်လို့ ခန့်မှန်း ထားကြတာပါ ။

အပူဆုံး စံချိန်တင်နှစ်များ

အခု အချိန်အထိ တကမ္ဘာလုံးအတွက် အပူပြင်းဆုံးနှစ် အဖြစ် စံချိန်တင်ထားခဲ့တာကတော့ ၂၀၁၆ ခုနှစ် ဖြစ်ပါတယ် ။
အဲဒိနှစ်က အားကောင်းတဲ့ အယ်လ်နီညို မိုးလေဝသ နဲ့
နှစ်တိုင်း ပိုမို ဆိုးရွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် နှစ်ခု -
တိုက်ဆိုင်သွားမိခဲ့တဲ့ ခုနှစ်ပါ ။

ပြီးခဲ့တဲ့ ရှစ်နှစ်တာကာလ တစ်ခုလုံးကလည်း
ကမ္ဘာရဲ့ အပူပြင်းဆုံး နှစ်ကာလများ အဖြစ်
စံချိန်တင်ခဲ့တဲ့ နှစ်တွေ ဖြစ်ပါတယ် ။
ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေ (Greenhouse Gas Emissions) ကြောင့် ဖြစ်လာရတဲ့ -
နှစ်ကာလရှည် ပိုမိုပူပြင်းလာတဲ့ တိမ်းညွတ်မှုကို လက္ခဏာပြနေတာပါ ။

ဖြစ်နိုင်ချေရှိသော အကျိုးဆက်များ

ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်ကို
လက်ရှိ ခံစားနေရပြီဖြစ်တဲ့ တိုင်းပြည်များ အတွက် ၊
အယ်လ်နီညို အပူချိန်တွေက ထပ်ဆောင်း အားဖြည့်လိုက်တာကြောင့် ၊
ပြင်းထန်တဲ့ အပူလှိုင်းတွေ ၊ မိုးခေါင်တာတွေ နဲ့ တောမီးလောင်တာတွေ အပါအဝင် -
ပိုဆိုးလာတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရနိုင်တယ်လို့ -
လန်ဒန် အင်ပီးရီးရယ်လ် ကောလိပ် ၊ ဂရန်သမ် အင်စတီကျု က အထက်တန်း ကထိက Friederike Otto က ပြောပါတယ် ။
" အယ်လ်နီညို ဖြစ်လာရင် -
၂၀၂၃ ခုနှစ်မှာ ၂၀၁၆ ခုနှစ် ထက်တောင် ပိုမို ပူပြင်း သွားနိုင်တယ် " လို့ -
သူက ဆက်ပြောပါတယ် ။

ပြီးခဲ့တဲ့နှစ်က ဘာတွေ ဖြစ်ခဲ့လဲ

ဥရောပတိုက်ကတော့ -
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကို -
ဒေသရဲ့ အပူပြင်းဆုံး ဆောင်းရာသီ အဖြစ် တွေ့ကြုံခဲ့ရတယ် ။
အဲဒိအချိန်မှာပဲ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် -
ပါကစ္စတန်မှာ မိုးရွာတာ လွန်ကဲပြီး ၊ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့သလို ၊
အန္တာတိတ်သမုဒ္ဒရာရဲ့ ရေခဲထု အဆင့်က စံချိန်သစ်တင်တဲ့အထိ ကျဆင်းသွားခဲ့ပါတယ် ။

ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်က -
စက်မှုလုပ်ငန်းများ စတင်ပေါ်ပေါက်လာကတည်းက -
နှစ်တိုင်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ် ။

ရဲကျော်စွာ
၂၁ ဧပြီလ ၂၀၂၃

#အယ်လ်နီညိုနဲ့ကမ္ဘာလုံးရာသီဥတုပြောင်းလဲမှု

#အပူဆုံးနှစ်
#ကမ္ဘာ့အပူချိန်စံချိန်သစ်
#အယ်လ်နီညို
#လာနီညာ


ဆောင်းပါး အစအဆုံး မူရင်းလင့်

https://m.facebook.com/story.php?story_fbid=532116832427620&id=100068879230444&mibextid=yeseh4

Address

Kone Thae Street
Taunggyi

Telephone

+959423692129

Website

Alerts

Be the first to know and let us send you an email when Moon Sun Bus Ticket Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share