Thuta Kabar Car & E Bike Rental

Thuta Kabar Car & E Bike Rental Car Rental Services

30/04/2025

ပုဂံမှာ ညစာစားရင်း ရုပ်သေးပွဲလေးကြည့်ကြမယ်

ဒီနေ့‌တော့ နီးနီးနားနားလေးပါပဲ။
19/04/2025

ဒီနေ့‌တော့ နီးနီးနားနားလေးပါပဲ။

17/04/2025
အသုံးပြုပေးကြသော customers တွေကျန်းမာ ချမ်းသာကြပါစေ။   #09420014745
26/03/2025

အသုံးပြုပေးကြသော customers တွေကျန်းမာ ချမ်းသာကြပါစေ။



#09420014745

21/01/2025
လိုအပ်ပါက ဟဲလိုလိုက်ပါ။
22/10/2024

လိုအပ်ပါက ဟဲလိုလိုက်ပါ။

လူကြီးမင်းတို့၏ ဘုရားဖူး အပန်းဖြေ လေ့လာရေး ခရီးစဉ်အတွက် E bike များလိုအပ်ပါကချိုသာသောဝန်ဆောင်ခများဖြင့် စတင်ဝန်ဆောင်မှုပ...
11/03/2024

လူကြီးမင်းတို့၏ ဘုရားဖူး အပန်းဖြေ လေ့လာရေး ခရီးစဉ်အတွက် E bike များလိုအပ်ပါကချိုသာသောဝန်ဆောင်ခများဖြင့် စတင်ဝန်ဆောင်မှုပေးနေပါပြီ # # # #
လိုအပ်ပါက Hello လုပ်လိုက်ပါနော်

@@@ 09 420014745 @@09 971896204@@@@

13/11/2023

#ကမ်းခြေသွားကြမယ်

ရန်ကုန်ကနေ မနက် လေးခွဲလောက်ထွက် ငါးနာရီဆို ဘုရင်နောင် တံတားပေါ်ရောက် တံတားပေါ်ကနေ နာရီဝက်လောက်မောင်းလိုက်ရင် လှိုင်သာယာတိုးဂိတ်ရောက်ပီ ကားလေးဆို တစ်ရာပဲပေးရတယ် တိုးဂိတ်ကျော်တာနဲ့ တစ်မီးနစ်တောင်မမောင်းရဘူး လမ်းရဲ့ညာဖက်ခြမ်းမှာ denko အာ့မှာဆီဖြည့် ပီးရင် အာ့ denko မှာ mini mart ေလးရှိတယ် လိုတာလေးတွေဝယ်ပေါ့ အာ့ကနေ ဆယ့်ငါးမီးနစ် မီးနစိနှစ်ဆယ် မောင်းပြီးရင် ပန်တိုင်ဂိတ်ရောက်ပီ ဘယ်သွားမယ် ဘယ်ကလာမယ်ပြော လူငယ်တွေချည်းပဲဆိုရင် တခါတလေ ကားကိုဘေးကပ်ခိုင်းပီး မူးယစ်အဖွဲ့က ရှာတာဖွေတာရှိတယ် ဖျင်ကြားရော ဂွေးရောအကုန်ရှာတာ အိပ်တေရော အာ့တော့ ဘာမှယူမသွားကြနဲ့ အစိတေ အရွက်တေ အမှုန့်တေ ဘာမှမယူကြနဲ့ ပန်တိုင်ကထွက်ပြီး မီးနစိနှစ်ဆယ် လောက်ဆို ဆားမလောက်ရောက်ပြီ အရှိန်လျှော့ပါ ခဏခဏ ယာဥ်တိုက်မူ့ဖြစ်တဲ့နေရာပါ ဆားမလောက်ကနေ လေးမီးနစ်လောက်မောင်းရင် ရေနံမြေလမ်းဆုံ(မအူပင်လမ်းဆုံ) အာ့ကြရင် ညာချိုးပြီး သုံးလေးမီးနစ် ထပ်မောင်းရင် တာကွေ့ အာ့မေရာကျရင် အရှိန်လျှော့ပါ စျေးရှိတယ် လမ်းဆုံရှိတယ် တာကွေ့ကနေ ဆယ်မီးနစ်ဝန်းကျင်ထပ်မောင်းရင် Classic ရောက်ပြီ အာ့မှာ breakfast စားကြပေါ့ ပီးရင် ဗိုလ်မြတ်ထွန်း တံတားဖြတ် တံတားဆင်းပြီးတာနဲ့ စုတ်ပြတ်သတ်နေတဲ့ ကတ္တရာလမ်းပေါ်ရောက်ပြီပဲ ချိုင့်တွေ လှိုင်းတွေ တော်တော်များတာ အရှိန်များရင် အန္တရာယ်ရှိတယ် တချို့ချိုင့်တေက ရုတ်တရက်အနီးရောက်မှတွေ့တာ လမ်းဘေးကပ်မောင်းနေရင်း ချိုင့်အကြီးကြီးတေပေါ်လာရင် ရှောင်မနေနဲ့ ဆင်းသာသွားလိုက် နှုတ်ခမ်းမွေးတေ ရှဲတေ ကျိုးပဲ့ကုန်မယ်ထင်တယ် မရှောင်ခိုင်းတာက အရှိန်နဲ့ရှောင်ရင် အာ့ထပ်ပိုဆိုးမှာ အကောင်းဆုံးကတော့ 70.80 ပတ်ဝန်းကျင်ပဲမောင်း ဘရိတ်ဖမ်းလို့မှီနိုင်မယ့် အရှိန်မှာပဲ ထားကြပေါ့ဗျာ ဗိုလ်မြတ်ထွန်း တံတားကနေ ပုသိမ်အထိ ပျမ်းမျှမောင်းချိန် သုံးနာရီပတ်လည် ရှိတယ် ပုသိမ် အဝင် သိပ်မစစ်တော့ဘူး ထမင်းစားမယ်ဆိုရင် ရွေမြင်း ဟာလဝါဆိုင်ဘေးမှာ ခခကြီး ရှိမယ် ဒါမှမဟုတ် အဝိုင်းကျရင် အဝိုင်းပတ်ပြီး မြို်ထဲဖက်ဝင်လိုက် bus stop လေးကျော်ပီးရပ် ဟိုဖက်လမ်းကိုလှမ်းကြည့် ထီးရိပ် နဲ့ သီတာ ရှိတယ် ကားရှင်းတာစောင့်ပြီး ကားပါတစ်ခါတည်း လမ်းကူးလိုက် ဆိုင်ရှေ့ထိကားမယူပဲ လမ်းမကြီးပေါ်ရပိထားခဲ့လည်းရတယ် စားပြီးရင် အဝိုင်းကို ဒဲ့ဖြတ် ဆယ်မီးနစ်ဝန်းကျင်မောင်းပီးရင် ပုသိမ်ကြိုးတံတား တံတားဆင်းပြီးတာနဲ့ လမ်းနှစ်မွှာ ဘယ်ဆို ငွေဆောင် ညာဆိုချောင်းသာ

ချောင်းသာသွားကြမယ် ချောင်းသာလမ်းအတိူင်းလိုက်လာခဲ့ ဆယ့်ငါးမီးနစ် ဝန်းကျင်မောင်းပြီးရင် လမ်းဆုံတခုတွေ့မယ် ညာကွေ့ရင် သာပေါင်း ဘယ်ကွေ့ရင် ချောင်းသာ အာ့လမ်းဆုံကနေ ဆယ်မီးနစ်ဝန်းကျင်မောင်းရင် ရှောပြာ စားသောက်ဆိုင်တွေရှိတယ် တောကောင်သားဘာညာရတယ် အာ့ရွာကနေစပြီး တောင်ပေါ်စတတ်ပြီ ကားလေးတေ ac ပိတ်ပြီး 2 နဲ့တတ်တာအကောင်းဆုံးပဲ D နဲ့မရဘူးလားမမေးနဲ့ D နဲ့လည်းရတယ် ကြိုက်တာနဲ့တတ် တနာရီသာသာဆို ချောင်းသာရောက်ပြီ

မနက် ငါးနာရီ လှိုင်သာယာ မနက် ခြောက်နာရီ ဗိုလ်မြတ်ထွန်း မနက်ဆယ်နာရီခွဲ ပုသိမ် နေ့လည် ဆယ့်နှစ်နာရီခွဲ ချောင်းသာ (နားချိန် စားချိန် ထည့်ပေါင်းပါ)

သတိထားရမှာက ဗိုလ်မြတ်ထွန်း ကနေ ပုသိမ်ကြား လမ်းဆိုး

မှတ်ပုံတင် ပါရပါမယ် မူးယစ်ဆေးလူံးဝမယူသင့်ပါ

တောင်ပေါ်တတ်ရင် ကားကြီးတွေနဲ့ ခွာတတ်ပါ

စားဖို့က ဆားမလောက်မှာ ဦးထွန်းသိန်း ရေနံမြေလမ်းဆုံအကျော်မှာ PGMD ဗိုလ်မြတ်ထွန်း အတတ်မှာက ကောင်း နဲ့ Classic. တံတားအဆင်းအကျော်လေးမှာက သီတာအောင်(ရေပေါ်စားသောက်ဆိုင်) ပန်းတနော်မှာက ခိုင်ခိုင်ကျော် တောင်ထိပ်ပန်းပွင့် ပန်းတနော်အကျော် မှာက FEEL ပုသိမ်မှာက. ခခကြီး အဝိုင်းပတ်နားမှာက ထီးရိပ် သီတာ

မွတ်စလင်သငယ်ချင်းတွေအတွက်က Classic မှာက ချစ်တီးထမင်းကောင်တာရှိတယ် ဟာလာအသားတွေပဲချက်တယ် စိတ်သန့်ရင်စားပေါ့ ဗိုလ်မြတ်ထွန်း အဆင်း တံတားကြေးဂိတ်အကျော်လေးမှာ လှိုင် ရှိတယ် ရှယ်ရိုဇီ ရှိတယ် pure hala ဆိုင်တွေပါ ပုသိမ် မှာကတော့ မြို့ထဲမှာ စျေးလေးမီးပွိုင့် ဘယ်ချိုး နဲနဲမောင်းလိုက်ရင် လမ်းရဲ့ ဘယ်ဖက်မှာ ဒံပေါက်ဆိုင် နာမည်မမှတ်မိ ဇီဝကဆေးခန်းလမ်းထဲမှာလည်း hala ​ေရွှဧရ ာထမင်းဆိုင်ရှိတယ် ကမ်းနားလမ်းမှာကတော့ အကောင်းဆုံးပဲ ရွှေမိသားစု

နောက်တပတ်မှ ငွေဆောင်နဲ့ ငပလီ ဆက်ရေးပေးပါမယ် ကျမ်းမာချမ်းသာ ကြပါစေ
Credit to original writer.

Address

No(4) , Ywar Thit Qtr , Near Police Office
Nyaung-U

Telephone

09420014745

Website

Alerts

Be the first to know and let us send you an email when Thuta Kabar Car & E Bike Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thuta Kabar Car & E Bike Rental:

Share