24/10/2023
အိမ်ပြန်ချိန်
==========
မင်း...ခေါက်ရေ...ရတော့...
မောင်းကြေးပိုရတာပေါ့....
သွက်သွက်မောင်း.....မြန်မြန်မောင်းဆို..ရင်..
အဲ့ဒီကားက...ဆင်းခဲ့လိုက်ပါ....
ငွေ..ကို.တည်..အသက်နဲ့ ..စားရင်..
အကြွင်းက..သေမင်းနဲ့ ထိပ်တိုက်တွေ့မှတော့..
တန်သလား..?
မင်းမောင်းတာ...နှေးလိုက်တာ..
မနက်အမီ..မောင်းပေးစမ်း
ငါ့..အသီး..စျေးကောင်းတော့..ရချင်သားဆို...
အသီးကုန်သည်..ခင်များ ဆင်းမလား...?
ကျွန်တော်..ကန်ချရမလား?..မေးလိုက်ပါ...
အဆုံးသတ်..မကောင်းနိုင်တာကြီး..သိလျက်
မမိုက်ချင်နဲ့...
တန်သလား..?
ခေါက်ကြေး...မမက်နဲ့...
ခေါက်ရေ..မလိုချင်နဲ့...
ရာသီဥတုက..လှဲသိပ်နိုင်တယ်...
ပေါ့ဆခြင်းက..သေဆုံးနိုင်တယ်..
ဒီခရီး..စတင်ပြီဆိုကတည်းက..
ဘယ်ကားဆရာမှ...အသက်အပိုမပါ..
အိမ်ကလည်း...ထည့်မလာ...
ကျွမ်းကျင်တာ..ဘေးချိတ်
သေနေ့စေ့လို့...သေတာမဆန်းပေမယ့်..
ကိုယ်အတ္တကြောင့်...တစ်ခြားဘဝတွေပါ..
ထိခိုက်ရင်..အခက်သား...
စက်တပ်ယာဉ်..ဆိုတာမျိူးက..အစိုးမရ..
ခုကောင်းလည်း..ခဏအကြာ..
ပျက်ချင်ပျက်မှာ..ဖောက်ချင်ဖောက်မှာ..
အနားက...ဖြတ်သွားတဲ့...
ကားသမား...ဝိဉာည်တော်တော်များများ..
မင်း..ရုပ်ကလာပ်ကြည့်ပီး..
လှောင်နေတာ...မခံစားချင်ပါနဲ့..
ငါတို့ထဲက..အများစု..မင်းလို..ပရမ်းပတာ..
မောင်းခဲ့ကြတယ်...ဆိုပီး..သူတို့..ရယ်လိမ့်မယ်..
ဘာလုပ်မလဲ?
ငွေ...လူတိုင်းမက်တယ်...
ဦးနှောက်တော့..သုံးရမယ်...
အချိန်..
ဘယ်ကားသမား..
မြန်မြန်မရောက်ချင်..ရှိမလဲ..?
ဉာဏ်နဲ့..ယှဉ်ပီး..မောင်းရမယ်..
အိမ်ပြန်ချိန်..
ထမင်း..လက်ဆုံ...စားချင်တာ..
ဘယ်မှားမလဲ..?
သတိ..တစ်ချက်..မလွတ်ဖို့..
ကိုယ့်ကိုယ်ကို..ဆုံးမနိုင်ရမယ်...
ချီးကျူးမိသလို...သနားမိတယ်..
နောက်ဆုံးအချိန်..သူ့..ဆုံးဖြတ်ချက်က
ကံမကောင်းခဲ့ရင်တောင်.....
အခြားသူ..မထိခိုက်တဲ့...လမ်းကို..ရွေးပီး
ဉာဏ်မီသလောက်..ကြိုးစားခဲ့ပေမယ့်...
အိမ်ပြန်ချိန်လေးတော့...
တစ်သက်လုံး...နောက်ကျခဲ့ရပီ
သြော်....တစ်ချို့ကြယ်ကလေးတွေ
ကြွေတာစောလွန်းတယ် လောကကြီးရယ်....😪
ကောင်းရာ..သုဂတိ..လားပါစေ...😢😢
Credit : :Tar Aye