08/08/2026
မိခင်နှင့် မွေးကင်းစကလေးအတွက် လက်ဆောင်ပေးသည့် ချစ်စရာ ဓလေ့ ယဉ်ကျေးမှု — အမေရိကနှင့် မြန်မာနိုင်ငံ ကွာခြားမှု
အမေရိကမှာဖြစ်ဖြစ် မြန်မာမှာ ဖြစ်ဖြစ် ကိုယ်ဝန်ရှိလာတဲ့အချိန်ကစပြီး မိခင်လောင်းနဲ့ ကလေးအတွက် လက်ဆောင်ပေးတဲ့ culture တွေကတော့နိုင်ငံသာကွာပေမဲ့ ဒီယဉ်ကျေးမှုကတော့အားလုံးအတူတူပါပဲ🤍
USမှာကျတော့ အထူးသဖြင့် Baby Shower, Gender Reveal, ပွဲများမှတဆင့်ပေးခြင်း နဲ့ Mommy တို့ရဲ့ Baby Registry လုပ်ထားတဲ့ application ထဲကနေ တဆင့် family, friends, coworkers တွေက baby necessities တွေဖြစ်တဲ့ diapers, clothes, stroller, car seat, breast pumps စတာတွေကို gift ပေးလေ့ရှိကြပါတယ်။
Mommy အတွက်လည်း postpartum recovery items, self-care gifts, flowers, meal delivery gift cards စတာတွေ ပေးတတ်ကြပါတယ်။
“It takes a village to raise a child” ဆိုတဲ့ culture မျိုးနဲ့ mom ကိုပါ support လုပ်ပေးကြတာမျိုးပါ။
မြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်ဆောင်မိခင်ကို ဂရုစိုက်တဲ့အနေနဲ့ အာဟာရဖြစ်တဲ့အစားအသောက်တွေ၊ အသုံးအဆောင်တွေ၊ ရွှေ၊ ငွေ၊ ကလေးအဝတ်အစားလေးတွေ ကို ကလေးမွေးပြီး ဆေးရုံကိုလူနာသွားကြည့်တဲ့အခါကျမှ လက်ဆောင်ယူသွားပြီး ပေးတတ်ကြပါတယ် 🤍
ကလေးမွေးပြီးမှ သွားကြည့်တဲ့အခါ “ကလေးလာကြည့်ခြင်း” ဆိုတဲ့သဘောနဲ့ လက်ဆောင်၊ မုန့်ဖိုး၊ ရွှေဆွဲကြိုး၊ လက်ကောက် စတာတွေ ပေးကြတာများပါတယ်။
အမေရိကမှာတော့ ကလေးမမွေးခင်ထဲက ကြိုပေးကြတော့ (registry ထဲကလိုအပ်တာတွေကိုဝယ်ပေးကြတာ) မိဘတွေက တချို့ပစ္စည်းတွေဆို ဝယ်ဖို့မလိုတော့ အကုန်အကျ သက်သာတယ် ပြီးတော့ လက်ဆောင်တွေလဲ ထပ်မနေတော့ဘူးပေါ့နော်
မြန်မာရဲ့ Culture မှာတော့ မွေးပြီးမှပေးတာဆိုတော့ တခါတလေ တော့ ပစ္စည်းထပ်တာလေး တွေ ရှိတတ်ပေမဲ့ ကလေးအတွက်ကျတော့မြန်မာပြည်ကပေးတဲ့ လက်ဆောင်လေးတွေက တန်ဖိုးရှိတာတွေပိုများပါတယ် 💛
ဥပမာ အဖိုးအဖွားတွေဆို ရွှေတွေပေးတတ်ကြတယ်လေ 😁
နှစ်မျိုးလုံးရဲ့ Culture လေးတွေက ချစ်ဖို့အကုန်ကောင်းပါတယ်
ဒါလေးကတော့ Culture difference လေးကို experiences sharing ပေးလုပ်ပေးတာပါ
Bao Bao လေးကိုတော့ Daddy ဝေမင်းရုံးကနေbaby shower ပွဲလေး စီစဉ်ပေးတဲ့အတွက် အဲ့ပွဲလေးကို နှစ်ယောက်သား ဘဝရဲ့ပထမဆုံး Baby Shower ပွဲလေးတတ်ဖူးသွားတယ် 🥳🥳
Note: Baby Registry ကတော့ California က Daddy ဝေမင်းရဲ့ သူငယ်ချင်း Eddy Yeyint Wayne advise and recommend ပေးလို့ Target နဲ့ Amazon မှာ Baby Registry လုပ်ထားလိုက်တယ်
အဲ့ဒီ registry မှာပါတဲ့ list ထဲက ပစ္စည်း လေးတွေကိုပဲ အသိတွေက Present လေးတွေဝယ်ပေးကြပါတယ်. Target နဲ့ Amazon မှာ baby registry လုပ်ပြီး ဝယ်တဲ့အခါ သူတိူ့က Welcome Box / Welcome Kit လေးတွေလဲ ပေးတဲ့အပြင် 15% discount လဲပေးသေးတယ် ကိုယ်တွေ ကတော့ Bao Bao အတွက်လိုချင်တာတွေက တချို့က Target မှာပဲရှိပြီး တချို့က Amazon မှာ ရှိတဲ့အတွက် Baby Registry ကို ၂ ခု ခွဲဲပြီး ဝယ်လိုက်ရတယ် 😁 အဲ့တော့ discount က အများကြီးမရပေမဲ့ ၂ခုလုံးဆီက Welcome Box/Welcome Kit တော့ရလိူက်တယ် 😁😁