Wings Of Mandalay Travels & Tours

Wings Of Mandalay Travels & Tours ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်
Airport Taxi
Hotel Booking

14/05/2026

ဗီယက်နမ်နဲ့ ဘယ်မြို့က လည်ပတ်လို့အကောင်းဆုံးဖြစ်မလဲ ? ဘယ်လိုရွေးချယ်မလဲဆိုတာ ဒီဗီဒီယိုထဲမှာကြည့်လိုက်တော့နော် 😉

ဘယ်မြို့ကိုပဲသွားသွား လေယာဉ်လက်မှတ်အတွက် ခေါင်းမရှုပ်ရအောင် Wings of Mandalay က အမြန်ဆုံးနဲ့ အသေချာဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေတာဖြစ်လို့ အမြန်ဆုံးဆက်သွယ်လိုက်တော့နော်... ✈️💯

🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #ဗီယက်နမ်ခရီးစဉ် #ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း

နေ့စဉ် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေနဲ့ ကျော်လွှားရင်း ရှေ့ဆက်နေကြတဲ့ လုပ်သားများအားလုံး ဒီက...
01/05/2026

နေ့စဉ် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေနဲ့ ကျော်လွှားရင်း ရှေ့ဆက်နေကြတဲ့ လုပ်သားများအားလုံး ဒီကနေ့ကစလို့ မျှော်လင့်ထားတဲ့ အိပ်မက်တွေဆီ လျင်လျင်မြန်မြန် လျှောက်လှမ်းနိုင်မဲ့ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ပါစေလို့ Wings of Mandalay မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်... 💖

🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #အလုပ်သမားနေ့

ခရီးတစ်ခုသွားဖို့အတွက် စိတ်ချရမှုဟာ အဓိကသော့ချက်ပါပဲ။ Wings of Mandalay အနေနဲ့ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အလေးအနက်ထ...
19/04/2026

ခရီးတစ်ခုသွားဖို့အတွက် စိတ်ချရမှုဟာ အဓိကသော့ချက်ပါပဲ။ Wings of Mandalay အနေနဲ့ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အလေးအနက်ထားပြီး စေတနာရှေ့ထား ဝန်ဆောင်မှုပေးနေပါတယ်… 🤝

ပြည်တွင်းခရီးစဉ်များမှစလို့ ထိုင်း၊ စင်ကာပူနဲ့ အာရှခရီးစဉ်တွေအပြင် ဥရောပ၊ အမေရိက အစရှိတဲ့ ကမ္ဘာ့ဘယ်နိုင်ငံကိုမဆို သွားလာနိုင်ဖို့ လေယာဉ်လက်မှတ် အမျိုးမျိုးကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရရှိနိုင်ပါတယ်... ✨

Wings of Mandalay ဟာဆိုရင်
✈️ အချိန်နဲ့ ဈေးနှုန်းများကို အတိအကျ စီစဉ်ပေးတာ
✈️ လက်မှတ်ဝယ်ချိန်မှ ခရီးဆုံးထိ ကူညီဖြေရှင်းပေးတာ
✈️ Online ကနေ အချိန်ကုန်သက်သာစွာ ဝယ်ယူနိုင်ပြီး မြန်ဆန်တိကျစွာ ဝန်ဆောင်မှုပေးတာ စတဲ့အချက်တွေကြောင့် အကောင်းဆုံးရွေးချယ်မှုဖြစ်စေမှာပါ... 💯

Online ကနေ ငွေလွှဲဝယ်ယူရမှာ စိုးရိမ်နေသူတွေအတွက်လည်း Wings of Mandalay က လိမ်လည်မှုကင်းရှင်းပြီး တာဝန်ခံမှုအပြည့်ရှိတဲ့အပြင် အခက်အခဲ တစ်စုံတစ်ရာရှိရင်လည်း ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ ချက်ချင်း တာဝန်ယူ ဖြေရှင်းပေးမဲ့ Wings of Mandalay နဲ့အတူ စိတ်လက်ပေါ့ပါးစွာ ခရီးနှင်လိုက်တော့နော်... 💖

𝐖𝐢𝐧𝐠𝐬 𝐨𝐟 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬
🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း

15/04/2026

ခရီးလမ်းရဲ့ အစဟာ လက်မှတ်တစ်စောင်ဆိုပေမဲ့...
ခရီးစဉ်တစ်ခုလုံးရဲ့ အနှစ်သာရကတော့ စိတ်ချရမှုပါပဲ။ ✨

Wings of Mandalay ဟာ လူကြီးမင်းတို့သွားချင်တဲ့ ကမ္ဘာ့အရပ်ရပ်က ခရီးစဉ်တိုင်းအတွက် အကောင်းဆုံး ခရီးသွားဖော်မွန်အဖြစ် အမြဲရှိနေမှာပါ... 💡

✈️ တိကျမြန်ဆန်တဲ့ ဝန်ဆောင်မှု
✈️ ခိုင်မာတဲ့ ရုံးခန်းအခြေစိုက်
✈️ တာဝန်ယူမှုအပြည့်ရှိတဲ့ စောင့်ရှောက်မှု
ဒါတွေအားလုံးကို Wings of Mandalay မှာ တစ်နေရာတည်း ရရှိနိုင်ပါတယ်... 💞

ကိုယ့်ရဲ့ ခရီးစဉ်တိုင်း လှပစေဖို့ Wings of Mandalay ကို အခုပဲ ဆက်သွယ်လိုက်တော့နော်... 💖

𝐖𝐢𝐧𝐠𝐬 𝐨𝐟 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬
🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း

နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုမဲ့ ဒီကနေ့ သင်္ကြန်အကြိုနေ့လေးကစလို့ အညစ်အကြေးတွေအားလုံး သင်္ကြန်ရေအေးအေးလေ...
13/04/2026

နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုမဲ့ ဒီကနေ့ သင်္ကြန်အကြိုနေ့လေးကစလို့ အညစ်အကြေးတွေအားလုံး သင်္ကြန်ရေအေးအေးလေးနဲ့အတူ မျောပါသွားပြီး ကျရောက်လာမဲ့ နှစ်သစ်မှာလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းအဖြာဖြာနဲ့ ပြည့်စုံပါစေကြောင်း Wings of Mandalay က ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်... 💖🍃

𝐖𝐢𝐧𝐠𝐬 𝐨𝐟 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬

🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း #သင်္ကြန်အကြိုနေ့ #မြန်မာ့သင်္ကြန် #သင်္ကြန် #မြန်မာ့ရိုးရာနှစ်သစ်ကူး

ထိုင်းကို ခဏခဏရောက်ဖူးလို့ ချင်းမိုင်၊ ဘန်ကောက်လို လူရှုပ်တဲ့နေရာတွေထက် အေးအေးဆေးဆေး Slow Life လေး ဖြတ်သန်းချင်သူတွေအတွက...
10/04/2026

ထိုင်းကို ခဏခဏရောက်ဖူးလို့ ချင်းမိုင်၊ ဘန်ကောက်လို လူရှုပ်တဲ့နေရာတွေထက် အေးအေးဆေးဆေး Slow Life လေး ဖြတ်သန်းချင်သူတွေအတွက်... ဒီတစ်ခါတော့ ထိုင်းမြောက်ပိုင်းက "Nan (နန်း)" ဆိုတဲ့ မြို့လေးနဲ့ မိတ်ဆက်ပေးပါရစေ... ✨

တောင်တန်းတွေ၊ စိမ်းလန်းတဲ့ သဘာဝအလှတရားတွေ ကြားထဲမှာ တည်ရှိတဲ့ မြို့လေးမို့ လေကောင်းလေသန့်တွေ အပြည့်အဝရမဲ့ နေရာလေးပါ...

နာမည်ကြီးတဲ့ Wat Phumin လိုနေရာမျိုး ရှေးဟောင်းဘုရားကျောင်းတွေ၊ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတွေနဲ့ စက်ဘီးလေးစီးပြီး မြို့ထဲပတ်လည်ရတာက တကယ့်ကို စိတ်အေးချမ်းစရာပါပဲ။ ချင်းမိုင်လောက် ခရီးသွားမများသေးတဲ့အတွက် ဓာတ်ပုံရိုက်ရင်လည်း လူရှောင်စရာမလိုဘဲ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ရိုက်လို့ရတာကတော့ အကြိုက်တွေ့စေမဲ့ အချက်တစ်ခုပါပဲ။ 📸

ဒါ့အပြင် ကြည်လင်နေတဲ့ နွေရာသီ ကောင်းကင်ပြာပြာအောက်မှာ နန်းမြစ်ကမ်းဘေးက သစ်ပင်ရိပ်အေးအေးလေးမှာ ထိုင်ပြီး Iced Coffee လေးသောက်ရင်း လေညင်းခံမလား၊ စိမ်းစိုနေတဲ့ စပါးခင်းတွေ၊ သဘာဝတောတောင်တွေကြားထဲ လမ်းလျှောက်ရင်း ဒေသခံတွေရဲ့ နာမည်ကြီး မြောက်ပိုင်းရိုးရာ အစားအစာတွေကို မြည်းစမ်းမလား... တကယ့်ကို ကိုယ်ပိုင်အချိန်လေးတွေနဲ့ အေးအေးလူလူ အပန်းဖြေချင်သူတွေအတွက်တော့ နန်း (Nan) မြို့လေးက ခဏခဏ ပြန်သွားချင်လောက်အောင် ဆွဲဆောင်နိုင်မဲ့ နေရာလေးတစ်ခုပါ... 🌾🍜

ဒီလို အေးချမ်းလှတဲ့ မြို့လေးဆီ အလည်အပတ်သွားဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့... သွားရေးလာရေးအတွက် ပူစရာမလိုအောင် လိုအပ်တဲ့ လေယာဉ်လက်မှတ်မှန်သမျှကို Wings of Mandalay မှာ အလွယ်တကူနဲ့ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်... ✈️

Online ကနေ ငွေလွှဲဝယ်ယူရမှာကို လုံးဝ စိတ်ချယုံကြည်ရတဲ့ ဝန်ဆောင်မှုနဲ့အတူ Wings of Mandalay က အမြဲ အသင့်ရှိနေပါတယ်... 💖

စိတ်ကူးထဲက ခရီးစဉ်ကို လက်တွေ့ပုံဖော်ဖို့ Wings of Mandalay နဲ့ တိုင်ပင်လိုက်ပါ...

𝐖𝐢𝐧𝐠𝐬 𝐨𝐟 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬
🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း

📢ချစ်ခင်လေးစားအပ်ပါသော ခရီးသွားပြည်သူမ‌ျားရှင်၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းန...
08/04/2026

📢

ချစ်ခင်လေးစားအပ်ပါသော ခရီးသွားပြည်သူမ‌ျားရှင်

၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံးအတွက် သက်ဆိုင်ရာလေဆိပ်အာဏာပိုင်များမှ ခရီးသည်အချက်အလက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Myanmar Citizen ခရီးသည်များအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1️⃣ လေယာဥ်လက်မှတ် booking ပြုလုပ်ရာတွင် မှတ်ပုံံတင် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပေးပါရန်
2️⃣ Check-in ကောင်တာ၌ Check-in ပြုလုပ်ရာတွင် မှတ်ပုံတင် အချက်အလက်စစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားမည်ဖြစ်ပါသည်။
3️⃣ ခရီးစဥ်နှောင့်နှေးမှုကြန့်ကြာမှုများ မဖြစ်စေရန် နှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအတွက် လုံလောက်သော အချိန်ရရှိစေရန်အတွက် သတ်မှတ်ချိန်ထက် ကြိုတင်ရောက်ရှိစေရန် လိုအပ်ပါသည်။

ခရီးစဉ်တိုင်းကို အဆင်ပြေချောမွေ့နိုင်စေရန် ခရီးသည်များ၏ ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်။


စာမေးပွဲကြီးပြီးလို့ ကလေးတွေ ကျောင်းပိတ်ပြီဆိုတော့...အိမ်မှာ ဂိမ်းပဲထိုင်ဆော့၊ ဖုန်းပဲထိုင်ကြည့်နေမယ့်အစား ကမ္ဘာကြီးကို ...
06/04/2026

စာမေးပွဲကြီးပြီးလို့ ကလေးတွေ ကျောင်းပိတ်ပြီဆိုတော့...
အိမ်မှာ ဂိမ်းပဲထိုင်ဆော့၊ ဖုန်းပဲထိုင်ကြည့်နေမယ့်အစား ကမ္ဘာကြီးကို လေ့လာခွင့်ရမဲ့ Singapore Family Trip လေး စီစဉ်လိုက်ကြရအောင်! 🌏

မိသားစုနဲ့ အမှတ်တရတွေ ဖန်တီးဖို့သာမက ကလေးတွေရဲ့ ဗဟုသုတကိုပါ တိုးပွားစေမှာ အသေအချာပါပဲ... 💯

ကလေးတွေ ပျော်ဖို့ဆိုတာ မိဘတွေရဲ့ ပျော်ရွှင်မှုပဲမို့ ဒီနေရာလေးတွေကို မဖြစ်မနေ လိုက်ပို့ပေးနော်...

🎢 Universal Studios Singapore (USS)
ရုပ်ရှင်ထဲက အတိုင်း ဖန်တီးထားတဲ့ ကစားကွင်းကြီးထဲမှာ မိသားစုလိုက် အော်ဟစ်ပျော်ပါးကြမယ်။

🐠 S.E.A. Aquarium
ပင်လယ်အောက်က ငါးမန်းကြီးတွေ၊ ရောင်စုံငါးလေးတွေကို ကြည့်ပြီး သားသားမီးမီးတို့ စိတ်ကူးဉာဏ်တွေ ရင့်သန်စေမယ်။

🦁 Singapore Zoo & Night Safari
တိရစ္ဆာန်လေးတွေနဲ့ မိတ်ဖွဲ့ရင်း သဘာဝတရားကို ချစ်တတ်လာအောင် သင်ပေးကြမယ်။

💬 ကဲ... ဖေဖေ မေမေတို့ရေ...
ဒီနှစ် ကျောင်းပိတ်ရက်မှာ မိသားစုနဲ့ စင်္ကာပူသွားဖို့ Plan ရှိနေပြီဆိုရင်တော့ လေယာဉ်လက်မှတ်အတွက် Wings of Mandalay က အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေတာဖြစ်လို့ အမြန်ဆုံးဆက်သွယ်လိုက်တော့နော်... 💖

𝐖𝐢𝐧𝐠𝐬 𝐨𝐟 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬
🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း #စင်္ကာပူ

"ဒီနှစ်ထဲ ဘယ်ခရီးသွားရင် ကောင်းမလဲ?"“ကုန်ကျစရိတ်ကရော ဘယ်လောက်ရှိမလဲ?" တစ်ယောက်တည်း တွေးပြီး ခေါင်းရှုပ်နေမယ့်အစား Wings ...
02/04/2026

"ဒီနှစ်ထဲ ဘယ်ခရီးသွားရင် ကောင်းမလဲ?"
“ကုန်ကျစရိတ်ကရော ဘယ်လောက်ရှိမလဲ?"

တစ်ယောက်တည်း တွေးပြီး ခေါင်းရှုပ်နေမယ့်အစား Wings of Mandalay နဲ့ အခုပဲ တိုင်ပင်ကြည့်လိုက်ပါ...

ကျွန်တော်တို့ဆီမှာ လက်မှတ်ဝယ်ယူဖို့ဆိုတာထက်...
လူကြီးမင်းတို့ စိတ်ကူးထဲက ခရီးစဉ်ဖြစ်မြောက်ဖို့ အကောင်းဆုံး အကြံဉာဏ်တွေ ပေးချင်တာက အဓိကပါပဲ...💯

💬 ဘာတွေ ဆွေးနွေးလို့ရလဲ❓
🔸 သွားချင်တဲ့ ခရီးစဉ်အတွက် လေယာဉ်ဈေးနှုန်းတွေ
🔸 လမ်းခရီး Transit အခြေအနေနဲ့ ကြာမြင့်ချိန်တွေ
🔸 မိသားစုနဲ့ပဲသွားသွား တစ်ယောက်တည်းပဲသွားသွား အဆင်ပြေမဲ့ လမ်းကြောင်းတွေ

ဒါကြောင့် ဝယ်ယူသည်ဖြစ်စေ၊ မဝယ်ယူသည်ဖြစ်စေ... မိတ်ဆွေကောင်းတစ်ယောက်လို သဘောထားပြီး Messenger (ဒါမှမဟုတ်) Viber ကနေ အားမနာတမ်း လာရောက်မေးမြန်းနိုင်ပါတယ်... 💖

စိတ်ကူးထဲက ခရီးစဉ်ကို လက်တွေ့ပုံဖော်ဖို့ Wings of Mandalay နဲ့ တိုင်ပင်လိုက်ပါ...

𝐖𝐢𝐧𝐠𝐬 𝐨𝐟 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬

🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း

Yangon ✈️✈️✈️India ✈️ 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐃𝐞𝐥𝐡𝐢 တပတ်(၃)ကြိမ်✈️ 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐊𝐨𝐥𝐤𝐚𝐭𝐚 တပတ်(၃)ကြိမ်✈️ 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐂𝐡𝐞𝐧𝐧𝐚𝐢 တစ်ပတ်(၂)ကြိမ...
01/04/2026

Yangon ✈️✈️✈️India

✈️ 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐃𝐞𝐥𝐡𝐢 တပတ်(၃)ကြိမ်
✈️ 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐊𝐨𝐥𝐤𝐚𝐭𝐚 တပတ်(၃)ကြိမ်
✈️ 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐂𝐡𝐞𝐧𝐧𝐚𝐢 တစ်ပတ်(၂)ကြိမ်

✅ Inflight meal
✅ Baggage allowance


အခုလို ပူအိုက်လာတဲ့ နွေရာသီမှာ အပူဒဏ်ကိုရှောင်ရင်း ခရီးထွက်ဖို့ စဉ်းစားနေပြီလား❓ တောင်ပေါ်လည်းသွားချင်တယ်၊ ပင်လယ်ကမ်းခြေ...
30/03/2026

အခုလို ပူအိုက်လာတဲ့ နွေရာသီမှာ အပူဒဏ်ကိုရှောင်ရင်း ခရီးထွက်ဖို့ စဉ်းစားနေပြီလား❓

တောင်ပေါ်လည်းသွားချင်တယ်၊ ပင်လယ်ကမ်းခြေလည်း သွားချင်တယ်၊ ရှေးဟောင်းမြို့လေးတွေမှာလည်း ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တယ်ဆိုရင်တော့ ဗီယက်နမ်နိုင်ငံက Da Nang (ဒါနန်း) မြို့လေးက အကောင်းဆုံးပါပဲ။ ✨

ဒါနန်းမြို့ကို ရောက်ပြီဆိုတာနဲ့
☁️ တိမ်တွေကြားက ပြင်သစ်ရွာလေးနဲ့ နာမည်ကြီး Golden Bridge တည်ရှိရာ Ba Na Hills မှာ နွေအပူကို မေ့သွားလောက်အောင် အေးမြတဲ့ တောင်ပေါ်လေကို ရှူရှိုက်နိုင်မှာပါ။

အဲ့ဒီကနေ ဆင်းလာရင်တော့
🌊 ကမ္ဘာ့အလှဆုံး ကမ်းခြေစာရင်းဝင် My Khe Beach မှာ ပင်လယ်ရေပြာပြာလေးနဲ့ လေညင်းခံရင်း အပန်းဖြေနိုင်သလို

ဒါနန်းကနေ နာရီဝက်လောက် ကားစီးသွားရုံနဲ့
🏮 ရောင်စုံမီးအိမ်လေးတွေ ထွန်းညှိထားတဲ့ Hoi An ရှေးဟောင်းမြို့လေးဆီ သွားပြီး အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ပါသေးတယ်။

ဒါကြောင့် တစ်ခါသွားရုံနဲ့ တောင်ပေါ်အလှ၊ ပင်လယ်ကမ်းခြေအလှနဲ့ ရှေးဟောင်းမြို့လေးရဲ့ အလှ ၃ မျိုးစလုံးကို ပြည့်ပြည့်စုံစုံ ခံစားရမဲ့ ခရီးစဉ်လေးပဲ ဖြစ်ပါတယ်။

ဒီလို အစုံအလင်နဲ့ သွားလည်လို့ရမဲ့ ဒါနန်းခရီးစဉ်အတွက် လိုအပ်တဲ့ လေယာဉ်လက်မှတ်မှန်သမျှကို Wings of Mandalay မှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။ ✈️

ယုံကြည်စိတ်ချရတဲ့ Online ဝန်ဆောင်မှုဖြစ်လို့ ငွေလွှဲရမှာ လုံးဝပူစရာမလိုဘဲ အခက်အခဲရှိရင်လည်း ချက်ချင်း တာဝန်ယူ ဖြေရှင်းပေးနေတာဖြစ်လို့ Wings of Mandalay နဲ့အတူ ခရီးနှင်လိုက်တော့နော်... 💖

𝐖𝐢𝐧𝐠𝐬 𝐨𝐟 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬
🚩 Viber Ph - 09 20 323 93 / 09 962 032 393

#လေယာဉ်လက်မှတ် #ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း

Address

Mandalay

Telephone

+9592032393

Website

Alerts

Be the first to know and let us send you an email when Wings Of Mandalay Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wings Of Mandalay Travels & Tours:

Share