19/06/2022
🗣️ ဆက်ဖာဘရီဂတ်
သီအိုရီအရဆိုရင်ချဲလ်ဆီးအသင်းကိုပြောင်းဖို့ဘယ်တုန်းကမှဖြစ်မလာဘူးလို့ထင်မိပါတယ်
ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးအနေနဲ့ဘောလုံးကစားဖို့ပဲခေါင်းထဲရှိခဲ့တယ် ချဲလ်ဆီးရောက်လာတဲ့အချိန်မှာမိသားစုပုံစံနွေးထွေးတဲ့ဆက်ဆံရေးကိုရခဲ့ပြီး
ဒီလိုခံစားချက်မျိုးအရင်တုန်းကမရခဲ့ဘူး
အာဆင်နယ်အသင်းမှာကစားခဲ့ရတဲ့ခံစားချက်ကတစ်မျိုးဖြစ်ပြီး ချဲလ်ဆီးကိုရောက်လာတဲ့အချိန်မှာခံစားချက်ကတစ်မျိုးပြောင်းလဲသွားခဲ့တယ် ဒီအသင်းမှာပြိုင်ဆိုင်မှုပိုပြီးပြင်းထန်တယ်လို့ခံစားမိပြီးရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတွေ့အကြုံတွေပိုပြီးများများရခဲ့တယ်
ချဲလ်ဆီးမှာရှိခဲ့အချိန်တွေကိုကျွန်တော်ဘဝမှာဘယ်တော့မှနောင်တရမှာမဟုတ်သလို ဒီအသင်းမှာရှိခဲ့တဲ့အမှတ်တရတွေကိုလည်းမေ့ပစ်မှာမဟုတ်ပါဘူး
ဒီအသင်းမှာကျွန်တော်ရဲ့အကောင်းပုံစံတွေလည်းပြသနိုင်ခဲ့သလိုဆုဖလားတွေလည်းအများကြီးရခဲ့တယ်
ကစားသမားဘဝအနားယူသွားခဲ့ရင်တောင်ချဲလ်ဆီးမှာရှိခဲ့တဲ့အချိန်တွေကိုအမြဲပြောဖြစ်မိမှာပါ
✍️VK