25/06/2022
မန္တလေးမြို့ရောက်ရင်
ဘုရားဖူးကြမလား
အလည်ပတ်နဲ့ နေရာစုံလျှောက်လည်ကြမလား
အလုပ်နဲ့လာလို့
အလုပ်သွား/ပြန် အခက်ခဲဖြစ်နေလား
မီးရထားကြီး စီးပြီးလာမလား
လေယာဉ်ပျံကြီးနဲ့လာမလား
ကားဂိတ်ကို လာကြိုပေးရမလား
အပြန်မှာရော ပြန်လိုက်ပို့ပေးရမလား
စိတ်ထားကောင်း
ရုပ်ချောသဘောကောင်း
အပြောအဆိုကောင်းကောင်းနဲ့
မိသားစုလိုနွေးထွေးချိုသာပြီး ကူညီတက်တဲ့
မီနီအိုးဝေ လိုအပ်မယ်ဆိုရင်
စိတ်ထားမကောင်း
ရုပ်ဆိုးဆိုးတဲ့လူ
ဈေးအလွန်စစ်တက်တဲ့သူလာငှားရင်လည်း
ကိုယ့်ဘက်က ဝန်ဆောင်မှုအပြည့်တာဝန်ကျေအောင် သန့်ရှင်းသပ်ရပ်ဈေးနုန်းမှန် ဆောင်ရွက်ပေးတာ အတူတူပါပဲ။
လူကိုယ်တိုင်တွေ့ရတော့
ကျေနပ်တဲ့အပြုံးနဲ့ မုန့်ဖိုးပါ အပိုထပ်ပေးသွားကြတယ်ဆို ကြွားရာရောက်သွားသလို ဖြစ်နေပါလိမ့်မယ်။
မန္တလေးရွှေမြို့တော် ရောက်လာပြီဆိုရင်
မနက်ခင်းပိုင်းလက်ဖက်ရည်ဆိုင် ထိုင်မလား
လက်ဖက်ရည်ကောင်းတဲ့ ဆိုင်တွေပေါမှပေါပဲ။
လိုချင်တာ အားလုံးရနိုင်တဲ့ မဂ်လာမန္တလေးနဲ့ (၁၅)မိနစ်ဆို ရောက်တယ်။
ဒါမှ
ဝယ်လို့ မဝသေးရင်
ဒိုင်းမွန်းပလာဇာကြီးလည်း ရှိပါသေးတယ်။
မန္တလေးရဲ့အနှစ်သာရကို ခံစားရင်း တိုးဝှေ့ပြီး
ဈေးဝယ်ချင်တယ်ဆိုရင်တော့
နာရီစင်ကြီးအနီးကဈေးချိုတော်ကြီးကလည်း
စည်စည်ကားကားပါပဲ။ အဲကနေ
မန်းမြန်မာပလာဇာ ဘက် စက်လှေကားလေးစီးပြီး စိတ်ကြိုက် ထပ်ဝယ်ချင်သေးလား။
မနက်စောစော
လမ်းထွက်လျောက်မလား။
နိုင်ငံတကာ အဆင့်မှီတဲ့
မန္တလာသီရိဘောလုံးကွင်းကြီးရှိတယ်
ဒါမှမဟုတ်
မန္တလေးတောင် ရှုခင်းအလှ
မန္တလေးနန်းတော်အုတ်ရိုးနဲ့ကျူံးဘေးက
ပလက်ဖောင်းလှလှလေးနဲ့ လမ်းလျှောက်ရင်း
ဓာတ်ပုံလှလှလေးရိုက့်လို့ကောင်းတဲ့ ဆီကိုပဲ
ပို့ပေးရဦးမလား။
အမောခံသက်လုံးကောင်းလို့ ဇွဲရှိသေးတယ်ဆိုရင်တော့ မန္တလေးတောင်ပေါ်တက်ပြီး မနက်ခင်းနေရောင်နဲ့အတူ သဘာဝပတ်ဝန်းကျင်အလှနဲ့ သဘာဝလေကို ကောင်းကောင်းခံစားကြမလား။
ဟိုတယ်၊မိုတယ်တွေကလည်း ပေါမှပေါ
ဟော်တည်ကြီးတွေ သူထက်ငှာအပြိုင်အဆိုင်တွေ
ဇိမ်ခံချင်သေးလား ... လို့အပ်ရင်
ဘားတွေကလည်း အစုံ။
နာမည်ကြီး စားသောက်ဆိုင်တွေလှမ်း ခေါ်ပြီးအော်လို့ရအောင်ပေါမှပေါပါပဲ။ဒါမှမဟုတ်ပဲ စိတ်ကြိုက်ရွေးပြီး အပြင်ထွက်စားချင်တယ်ဆိုလည်း နာမည်ကြီးဆိုင်တွေက တန်းစီနေပေါ့ဗျာ ။
ဘာမှမစုံစမ်းနဲ့
ဘယ်သူ့မှ မေးမနေနဲ့
ကျနော်လိုက်ပို့ပေးရင် အချိန်ခဏလေးပဲ
ဒီလောက်ဆို သဘောပေါက် 😂😂
မီနီအိုးဝေလေးငှားလိုက်ပြီ ဆိုတာနဲ့
ဘဝတလျောက်လုံးမှာ
အပျော်ဆုံးနေရာရောက်ပြီလို့ မှတ်သွားရအောင်
ပျော်ရွင်ချမ်းမြေ့ရစေဖို့ အာမခံတယ်😍😍😍
*အထူးအခွင့်အရေး ကတော့*
ကျနော်နဲ့အတူ လွပ်လပ်ပျော်ရွှင်စွာ သွားခွင့်ရမယ်
ကျနော် ပို့ပေးသမျှနေရာတွေ၊ အစားအသောက် ကောင်းကောင်းတွေ အမြဲစားရမယ်
မန္တလေးမှာ လည်လို့ ဝရင်
ထပ်ပြီး ပျော်ချင်သေးတယ်ဆိုရင် ...
စစ်ကိုင်း အင်းဝ မင်းကွန်း
ဆက်ချင်သေးလာား
အမရပူရမြို့က ဦးပိန်တံတား၊ စန်နာမုနိ ဘုရားမှာ သဘာဝအလှတရား ခံစားဦးမလား။ ကျောက်စိမ်းစေတီကို ညနေနေဝင်ချိန်လေးမှာ ပြေးဖူးလိုက်ချင်သေးလား။
အချိန်ထပ်ရသေးရင်တော့
ပန်းမြို့တော်လို့ တင်စားတဲ့
ပြင်ဦးလွင်ကို ဆက်ဒိုးကြမလာားး😍😍😍
ကျွန်တော့်ရဲ့ ရယ်မောသံ အသံပြဲကြီးနဲ့
အဆိုတော်တွေထက် အသံအားကောင်းကောင်းနဲ့သီချင်းဆိုသံ နေ့တိုင်းကြားနေရစေမယ်😂😂
ကျနော့်ဇနီးချောလေးရဲ့ စိတ်ပူလို့ဖုန်းဆက်ရင်
ပြန်သတင်းပို့ရတဲ့ ဖုန်းပြောသံတွေက သဘာဝကျကျ နားထောင်းရင်းပြုံးကြရပါလိမ့်မယ်။
(ကျနော်က လူပျိုမဟုတ်ပါ😂😂😂)
မန္တလေး ရောက်ရင်
ဒီလိုအခွင့်အရေး ဘယ်မှာရနိုင်မလဲ။
ပိုက်ဆံတွေ ပြည့်စုံချမ်းသာပြီး
ပျင်းရိဖွယ်နေ့ရက်တွေကို ဖြတ်သန်းနေမလား ...
လူ့ဘဝတိုတိုလေးမှာ
သဘောကောင်းပြီး လူတွေနဲ့ သဟဇာတ ဖြစ်အောင် နေတတ်တဲ့သူ နဲ့ မီနီအိုးဝေ အတူစီးရင်း ဘယ်လောက်ပျော်ဖို့ကောင်းမလဲ တွေးကြည့်စမ်းပါ
တွေးကြည့်ရုံနဲ့ အတော်ကြည်နူးပြီး
ပျော်နေပြီမဟုတ်လား 😂😂😂
ငှားမလာား မငှားဘူးလာားးး
မငှားဘူးဆိုရင်တော့ သင့်ထိုက် နဲ့ သင့်ကံပဲ
အခွင့်အရေးဆိုတာ တခါပဲရမယ်။
အဲကျ ကျတော့ ကျ
ဘာတွေတွေးနေလဲ
ကဲ ...
သုံးဘီးစီးရင် ကြောက်တက်လို့လား
ပြောဖို့မေ့သွားလို့
စည်းကမ်းလိုက်နာ ဘေးကင်းကွာ ဆောင်ပုဒ်အတိုင်း မောင်းလို့ လမ်းကြောင်းအတွက်လည်း ပူစရာမလိုပါ။
မန္တလေးကို ရောက်ရင်
ကိုယ်မလာဖြစ်လည်း အသိ မိတ်ဆွေ
သူငယ်ချင်းတွေ ကို လက်တို့ပေးအုံး
အပြန်ကျရင် မန္တလေးအပြန်လက်ဆောင် ဗေဒါရွှေကြာ၊ အရီးတောင်း တို့ စိန်ပလောင် လက်ဖက်ေကာင်းတွေထည့်ပေးလိုက်မယ်။ အဆင်ပြေသွားရင် ကုသိုလ်လည်းရ ဝမ်းလည်းဝမယ်
ထိုးမုန့်ကြိုက်ရင်လည်း မြင့်မြင့်ခင်ထိုးမုန့်
လက်ဆောင်ထည့်ပေးလိုက်မယ်လေ 😋😋😋
စျေးတော့ တအားကြီးခွမဆစ်နဲ့ပါနဲ့
နှစ်ဦးနှစ်ဘက်အဆင်ပြေအောင်
ညှိနိူင်းလုပ်ဆောင်ပေးပါတယ်
စိတ်တိုအောင် မတန်တဆဈေးဆစ်ရင်တော့ လီဗာကို 48km ထက်ပိုမောင်း ပစ်လိုက်မှာနော်😁😁😁
လူ့ဘဝ တိုတိုလေးမှာ
အခွင့်အခါသင့်လို့ မန်းလေးရောက်တုန်း
ခဏလေး လူဖြစ်ရကျိုးနပ်ဖို့
သုံးဘီးတက်စီ စီးကြမယ်ဆို ..
ကျွန်တော်ကိုသာ ဖုန်းဆက်ကြိုပြောထားကြစေဖို့ 😊😊
#သန့်စင်ဝင်း