Family Group Taxi Service

Family Group Taxi Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Family Group Taxi Service, Taxi service, Mandalay.

ဘဝတူ သုံးဘီး ညီအကိုများ ကျမ်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်းခပ်သိမ်းကင်းဝေးကြပါစေ
24/07/2025

ဘဝတူ သုံးဘီး ညီအကိုများ ကျမ်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်းခပ်သိမ်းကင်းဝေးကြပါစေ

16/09/2024

ယနေ့ Family အဖွဲ့သားများ မြစ်သားမြို့နယ် ကျွန်းလှ ကျေးရွာ ရေးဘေးအလှူ လေးဖြစ်ပါတယ် ခင်မျာ

မနက်ဖြန်  ရေဘေး သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်
15/09/2024

မနက်ဖြန် ရေဘေး သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်

15/04/2024
15/04/2024
13/04/2024

လှူဖို့အသွား

Family Groupရဲ့ဒုတိယအကြိမ်အလှူလေးပါ
13/04/2024

Family Groupရဲ့ဒုတိယအကြိမ်အလှူလေးပါ

04/06/2023

OUR Mandalay.

ချစ်ခင်လေးစားရပါသော မိဘပြည်သူများအနေဖြင့် မျက်စီကုသလိုလျှင် သိုမဟုတ်  စမ်းသပ်လိုလျှင် တစ်နေရာတည်း မိမိကြိုက်နှစ်သက်ရာ ရွ...
14/05/2023

ချစ်ခင်လေးစားရပါသော မိဘပြည်သူများအနေဖြင့် မျက်စီကုသလိုလျှင် သိုမဟုတ် စမ်းသပ်လိုလျှင် တစ်နေရာတည်း မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ကုသနိုင်သည့် နေရာဖြစ်သော (79)လမ်း 27×28ကြားရှိ မျက်စိ အထူးကုဆေးခန်းများကို လမ်းညွှန်ပေးလိုက်ပါရစေ
1...မောင်မောင်ခင် မျက်စိအထူးကုဆေးခန်းကြီး
2...အမေရိကန် ဗီးရှင်း မျက်စိအထူးကုဆေးခန်းကြီး
တို့တွင် မိဘပြည်သူများအနေဖြင့် ကြိုက်နှစ်သက်ရာ
ရွေးချယ် ကုသနိုင်ပါကြောင်း အသိပေး လမ်းညွှန်လျှက်ပါတယ် ခင်မျာ

13/05/2023

(( Bajaj RE ပုံပြောင်းဘီးများရဲ့ အရေးပေါ်
ပြုလုပ်ထားသင့်ရမယ့်အချက် ))

Bajaj RE ပုံးပြောင်းဘီးများရဲ့ အသစ်ဝယ်ပြီး
အရေးပေါ်ပြုလုပ်ပေးရမယ့် တစ်နေရာလေးကို
တင်ပေးပါမယ် ပြုပြင်ခြင်းလုပ်တယ်ဆိုတာဟာ
ယာဉ်တစ်စီးရဲ့ အားနည်းချက် အားသာချက်
လိုအပ်သည် မလိုအပ်သေးသည် ခိုင်ခန့်၏
မခိုင်ခန့်၏ ကြံ့ခိုင်ရေးနဲ့ တပ်ဆင်ထားတဲ့
ပစ္စည်းအစိတ်အပိုင်းတွေရဲ့ အကြောင်းတွေကိုလည်း
စစ်စေးသုသေသန ပြုလုပ်ရပါတယ် ဒါလည်း
အတွေ့အကြုံရဲ့ ပညာရပ်တွေပါပဲ ဒီယာဉ်တစ်စီးရဲ့
အသုံးပြုနေမှုအချိန်ကာလအလိုက် ယာဉ်တစ်စီးမှ
တပ်ဆင်ထားသောအစိတ်အပိုင်းတို့မှာ ချို့ရွန်း
အားနည်းချက်ရှိတဲ့ အစိတ်အပိုင်းတို့ကို
တွေ့ကြုံရပါမယ် ဒီလိုယာဉ်များရဲ့အစိတ်အပိုင်း
အားနည်းချက်ရှိတဲ့အစိတ်အပိုင်းတွေဟာ ဒါဖြစ်ရင်ဒါ
လုပ်ရတယ်လို့လည်း တစ်သတ်မှတ်တည်း
မှတ်ထင်ပြောဆိုယူစလို့မရပါဘူး တစ်ကြိမ်မှ
နှစ်ကြိမ် နှစ်ကြိမ်မှ လေးကြိမ် အကြိမ်ရည်များစွာ
စောင့်ကြည့်မှတ်သားရပါတယ် အားနည်းချက်ဖြစ်
သည့်အစိတ်အပိုင်းတို့ကိုပါ သုံးဘီးအကြောင်း
ဒီလိုမသိသေးသူများသိအောင် မျှဝေပေးတဲ့အခါမှာ
ကိုယ့်အထင် ကိုယ့်အမြင်တွေနဲ့ ရမ်းရေးတင်ခြင်း
ဖြင့် စာဖက်ကောင်းအောင် ရေးရခြင်းလည်း
မဟုတ် လက်တွေ့ကျကျ လေ့လာလိုက်စားပြီးမှ
ရေးသားပြုစုမျှဝေပေးရခြင်းများပါ ဒါကြောင့်
သီးဘီးနဲ့ဆိုင်ရာအကြောင်းများ ရေးတော့မယ်ဆိုရင်
ဝတ္ထုဇာတ်လမ်းတွေလို စိတ်ကူးဖြင့်ရေးရတဲ့
အပိုင်းတွေမဟုတ်တဲ့အတွက်
လက်တွေ့ကျကျနဲ့အတူ အချိန်ပေးးလေ့လာပြီးမှ
အားနည်းချက် အားသာချက် ကြံ့ခိုင်မှုများရှိစေအောင် ဘယ်လိုဖြေရှင်းရမလည်း ဘယ်လိုကာကွယ်ရမလည်းဆိုတဲ့ လုပ်ဆောင်ရမယ့်အပိုင်း
နည်းလမ်းများကို ရှာဖွေပြုလုပ်ရေးသား
မျှဝေရခြင်းပါ ဒါကြောင့် Post တစ်ခုတင်တောင်မယ်ဆိုရင် လွယ်လွယ်နဲ့ ရေးတင်မရနိုင်တာပါ ။


အထူးပြောချင်တာကတော့
Bajaj RE ပုံးပြောင်းဘီးများ အသစ်တစ်စီးကို
ဝယ်ပြီးတာနဲ့ နောက်ဘီးဝင်ရိုးနဲ့ နောက်ဘီးဘော
တွေကိုနှစ်ဘီးစလုံး အမဲဆီထိုးဂန်းဖြင့်
ဆီထိုးပေးထားဖို့အထူးလိုအပ်ပါတယ် ကျန်တဲ့
လုပ်ဆောင်ရမယ်အချက်တွေကို နောက်မှလုပ်လည်း
ရပါတယ် ။

Bajaj RE ပုံပြောင်းဘီးများရဲ့ နောက်ဘီးဝင်ရိုးနဲ့
နောက်ဘီးဘောတွေကို အသစ်ဝယ်ပြီး
အမဲဆီထိုးခြင်းနဲ့ အမဲဆီမထိုးခြင်းတို့ရဲ့
အကြောင်းတွေကတော့ အမဲဆီမထိုးထားခြင်းမှာ
နောက်ဘီးဘောများနဲ့ နောက်ဘီးဝင်ရိုးများ
ပျက်စီလွယ်ပါတယ် ရက်ပိုင်း လပိုင်းလေးများအတွင်းမှာပါ Bajaj RE ပုံပြောင်းဘီးများရဲ့
နောက်ဘီးဝင်ရိုးနဲ့ နောက်ဘီးဘောများမှာ
တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတို့ရဲ့အတွင်းမှာ
အမဲဆီဟာပါတယ်ရှိယုံသာ ထည့်တပ်ဆင်ထားတာ
ဖြစ်တဲ့အတွက် အပြည့်အဝကြံ့ခိုင်မှုမရှိသေးပါဘူး
နောက်ဘီးဝင်ရိုးနဲ့ နောက်ဘီးဘောတို့မှာ
ပူးတွဲထားတာဖြစ်တဲ့အတွက် ဝင်ရိုးအပြင်မှ
အမဲဆီထိုးပေါက်မှထိုးလိုက်သော အမဲဆီမှာ
ဘယ်ကနေသွားပြီး ဘယ်ရောက်သလည်းဆိုတော့
ဘီးဝင်ရိုးမှအပြင်ပေါက်ကနေ
အမဲဆီထိုးလိုက်တဲ့အခါ ဘီးဝင်ရိုးအတွင်းပေါက်မှ
ဝင်ရိုးလမ်းကြောင်းမှ အမဲဆီပြန်ထွက်ပေးပြီး
ဘီးဘောများနဲ့ ဝင်ရိုးတို့ကြားမှာရောက်ရှိပါတယ်
နောက်ဘီးများကိုအမဲဆီထိုးတဲ့အခါမှာ ဘီးဝင်ရိုး
အတွင်းနဲ့ဘီးဘောများအတွင်းကို ရောက်ရှိပြည့်ပြီးတဲ့အခါမှာ ဘီးဖြင့်တွဲထားတဲ့ ကြက်ပေါင်းတန်း
အတွင်းနောက်အပေါက်မှ
အမဲဆီများ ပြန်အန်ထွက်ပါမယ် အမဲဆီပြန်အန်
ထွက်ခြင်းမှာ ဘီးဝင်ရိုးနဲ့ ဘီးဘောများရဲ့
အမဲဆီလိုအပ်ချက် ပြည့်ဝသွားခြင်းကြောင့်ပါ
နောက်ဘီးဘောများ အမဲထိုးဂန်းဖြင့် အမဲဆီ
ထိုးပေးခြင်းကို ဘယ်လိုအကျိုးရှိသလည်း
ဘယ်လိုကြောင့်ထိုးသလည်းဆိုတာ
မသိသူများပါတယ် အမဲဆီထိုးရတယ်လို့သာ
သိခြင်း မသိခြင်း ရှိကြတာပါ
အမဲဆီထိုးတဲ့အခါဘယ်နားရောက်တယ် ဘယ်လိုဆိုတာကိုလည်း သေချာအသေးစိတ်မသိသူများပါတယ် ဒါကြောင့်အပေါ်မှာ မသိသူများအတွက်
ရှင်းပြရင်း Bajaj RE ပုံပြောင်းဘီးများရဲ့
နောက်ဘီးများကို အမဲဆီဂန်းဖြင့် စောစောထိုး
ပေးထားဖို့လိုအပ်ပါတယ် ဒီလိုထိုးပေးခြင်းဟာ
ကြိုတင်ကာကွယ်မှုရရှိဖြစ်စေပါတယ်
Bajaj RE ပုံပြောင်းဘီးများရဲ့ နောက်ဘီးဘောများနဲ့ ဝင်ရိုးမှာအမဲဆီမထိုး ပဲမောင်းနင်အသုံးပြုတဲ့အခါ
ပျက်စီတော့မယ်ဆိုရင် ဘီးဘောများကအရင်
အစပြုပြီး ပျက်စီပါမယ် ဘောပြီးပါက
ဝင်ရိုးပါပျက်စီးစေပါတယ် နောက်ဘီးမှာ
ဘယ် ညာ နှစ်ဘက်စလုံးမှာပါရှိပေးထားပါတယ်
အမဲဆီထိုးရန်အပေါက်ဟာ နောက်ဘီးနှစ်ဘက်မှာ
အမဲဆီမထိုးပဲ မောင်းနင်အသုံးပြုစဉ်မှာ
ဘီးဘောနဲ့ဝင်ရိုးစတင်ပျက်စီမှုမှာ ဘယ်ဘက်မှ
စတင်ပျက်စီးတာကို အများဆုံးတွေ့ရှိရပါတယ်
Bajaj RE ပုံပြောင်းဘီးများမှာပါ နောက်ဘီးဘော
တွေထဲအမဲဆီနည်းလွန်းခြင်း ခြောက်ခန်းခြင်းများ
ဖြစ်တဲ့အခါ ပုံဟောင်းဘီး ပုံသစ်ဘီးဆိုတာ
မရွေးပါဘူး ပျက်စီးခြင်းဖြစ်မှာကတော့
အတူတူပါပဲ
စတင်ပျက်စီမှုအစမှာ ကိုယ်ကလက်ဦးမှုရယူရပါမယ်
ကိုယ်ကလက်ဦးမှုယူမိတဲ့အခါ ဘောလောက်သာ
လဲယုံးဖြင့်ပြန်ကောင်းသွားပါမယ်
ဝင်ရိုးပါပျက်စီးပါက ဝင်ရိုးပါလဲလှည်ရပါလိမ့်မယ် ဘီးဘောများလဲတဲ့အခါမှာ ဘောနှစ်မျိုးစလုံးကိုသာလဲလှည်ပါ
ကောင်းသေးတယ်ဆိုပြီး ပြန်အသုံးမပြုပါနဲ့
ကျွန်တော်အခုရေးတဲ့ Bajaj RE ပုံးပြောင်းဘီးများရဲ့ နောက်ဘီးဘောများပျက်စီးမှုကို ကြုံဘူးသူများလည်းသေချာပေါက် ကြုံပြီးသူများ
ရှိကြပါလိမ့်မယ် နောက်ဘီးများရဲ့ ဘောနဲ့ဝင်ရိုးကို ဘယ်လိုကြောင့်ပဲပျက်ပျက်
အစပြုလာစဉ်မှာ စောစီးစွာပြုပြင်ပေးရပါမယ်
ပုံဟောင်းဘီးပဲဖြစ်ဖြစ် ပုံပြောင်းဘီးပဲဖြစ်ဖြစ်ပါ
ဘီးအမဲဆီကိုထိုးဖြည့်ပြီးမှ မောင်းနင်အသုံးပြုပါ
ဆိုတာကို တင်ပေးလိုက်ပါတယ်
ဘီးအမဲဆီထိုးခြင်းများ ပြုလုပ်ပေးခြင်းမှာ
ကီလိုမီတာ 10000 မောင်းနင်ပြီးတိုင်းတစ်ကြိမ်
နောက်ဘီးကို အမဲဆီထိုးပေးခြင်းဖြင့်
လုံလောက်ပါတယ် ပုံဟောင်းဘီးများနဲ့
ပုံပြောင်းဘီးများအားလုံးကို အတူတူပါပဲ
နောက်ဘီးနဲ့ နောက်ဘီးဝင်ရိုးအတွင်းများကို
အလွယ်တကူအပြင်မှ အမဲဆီထိုးရသည့်အပေါက်ပါ
ခြင်းစနစ်မှာ မြန်မာပြည်မှာသုံးဘီးများတည်းမှာတော့
Bajaj RE သုံးဘီးအသေးများသာရှိပါတယ်
ဘီးတိုင်းမှာတော့ အမျိုးမျိုးသော အားနည်းချက်
အားသာချက်ဆိုတာ ဘီးအမျိုးအစားတိုင်းမှာ
ရှိနေကြပါတယ် ဒါပေမယ့် အစစအရာရာ
ဘက်စုံကိုကြည့်ရှုမြင်တတ်ရပါမယ်

ပြုပြင်ခြင်းဆိုင်ရာပိုင်း ။

အပိုပစ္စည်းပိုင်း ။

ဈေးကွက်ပိုင်း ။

အတွေ့အမြင်ပိုင်း ။

ဘီးဟောင်းခြင်း သင့်ခြင်း ဟောင်းလွန်းခြင်း
သစ်ခြင်း ။

အစစ အရာရာအားလုံးကို လေ့လာချိန်စပြီးမှ
သုံးဘီးတစ်စီကို ဝယ်ယူပိုင်ဆိုင်စေလိုပါတယ် ။

(ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး)
09400012487

Address

Mandalay

Telephone

+959775776805

Website

Alerts

Be the first to know and let us send you an email when Family Group Taxi Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category