07/05/2019
E-Pay/E-wallet, MPU-JCB, Visa, Master, UPI တို့အကြောင်း တစေ့တစောင်းနှင့် ဖုန်း/အင်တာနက် ကွန်ယက်ရရှိရာ ကျေးလက်ဒေသများအထိ အသုံးပြုနိုင်သော Electronic Pay/Wallet ဝန်ဆောင်မှုများ
========================================
-Pay Account/ E-wallet Account ဆိုသည်မှာ
-------------------------------------
e-Pay နှင့် e-Wallet ငွေစာရင်းအကောင့် ဆိုသည်မှာ ဘဏ်တစ်ခုခုမှသော်လည်း၊ e-commerce (online ငွေချေမှုစနစ်ကို အထောက်အပံ့ပေးသည့်) ကုမ္ပဏီတစ်ခုခုမှသော်လည်းကောင်း ဝန်ဆောင်မှုပေးသည့် စာရင်းရှင်ငွေစာရင်း စနစ်တစ်ခု ဖြစ်ပါသည်။
#ဘဏ်အကောင့်နှင့် e-Pay/e-Wallet တို့ ဘာကွာခြားသလဲ
-------------------------------------
ဘဏ်အကောင့်ဟုဆိုရာ၌ စာရင်းရှင်အပ်ငွေစာရင်း (current account), ငွေစုဘဏ်အပ်ငွေ စာရင်း (saving deposit account), အချိန်ပိုင်းအပ်ငွေစာရင်း (Fixed deposit account), ခေါ်ယူအပ်ငွေစာရင်း (call deposit account)နှင့် ဘဏ်အသီးသီး၏ ဝန်ဆောင်မှုပေါ်မူတည်၍ ငွေစာရင်းအမျိုးမျိုးရှိပါသည်။
ငွေစာရင်း အကောင့် အမျိုးမျိုးရှိသည့်အနက်မှ ငွေစုဘဏ်အပ်ငွေ စာရင်း (saving deposit account) မှာ လူသိများသော ဘဏ်အကောင့်တစ်ခုဖြစ်ပါသည်။ ကိုယ်ပိုင်သီးသန့် စာရင်းအပြင် တစ်ဦးထက်ပိုသော တွဲဖက်စာရင်း (co account)ပါဖွင့်လှစ်နိုင်ပါသည်။ ပုဂ္ဂလိကဘဏ်များတွင် saving account ဖွင့်လှစ်ပါက ငွေစုစာအုပ် (pass book)၊ debit card (ATM card)၊ ငွေစုအတိုး (annual interest) တို့ရရှိမည်ဖြစ်ပါသည်။ မိမိ၏ saving account မှ ငွေထုတ်ယူလိုသည့်အခါ ငွေစုစာအုပ်(pass book)မှသော်လည်းကောင်း၊ မိမိ၏ debit card ကို အသုံးပြုပြီး ATM စက်မှသော်လည်းကောင်း ငွေထုတ်ယူနိုင်ပါသည်။
စာရင်းရှင် (current account)အား သာမန်နားလည်အောင် ဆိုရလျှင် မိမိအပ်နှံထားသော ငွေအတွက် ဘဏ်မှအတိုးရရှိမည်မဟုတ်ပဲ ချက်လက်မှတ် (cheque)ဖြင့် ထုတ်ယူနိုင်သည့် အကောင့်ဟု အလွယ်မှတ်သား နိုင်ပါသည်။
သို့သော် wallet account/e-pay account တို့မှာ ဘဏ်တွင် သွားရောက်ဖွင့်လှစ်သော ငွေစုစာရင်း၊ စာရင်းရှင်တို့နှင့် ကွာခြားပါသည်။ သို့သော် စာရင်းရှင် (current account)နှင့် အလားသဏ္ဍာန်တူပြီး ဘဏ်သို့ သွားရောက်၍ စာရင်းဖွင့်စရာမလိုပဲ မိမိ၏ဖုန်းအတွင်းမှ ဖုန်းနံပတ်ဖြင့် အီလက်ထရောနစ် ငွေစာရင်း (e-account)တစ်ခု ဖန်တီးလိုက်ခြင်းဖြစ်ပါသည်။ ဘဏ်အသီးသီးအလိုက် ဝန်ဆောင်မှုပေးသော အထောက်အပံ့ ပေးသော e-Pay application များကို Google Play store, Apple store တို့တွင် download ရယူကာ အလွယ် တကူဖန်တီးယူနိုင်ပါသည်။ ဥပမာ ဘဏ်များမှ ဝန်ဆောင်မှုပေးသော Pay account များ - CB Pay, KBZ Pay, AGD Pay စသည်ဖြင့် e-Pay များအသီးသီးရှိသကဲ့သို့ အခြား e-commerce ကုမ္ပဏီများမှ ဝန်ဆောင်မှုပေးသည့် OK$, Wave Money (Wave Pay), Doshh စသည့် e-wallet account များလည်း များစွာရှိပါသည်။
e-Pay/e-Wallet ဟု စကားရပ်နှစ်ခု အသုံးပြုထားသော်လည်း သဘောတရားမှာ အတူတူပင် ဖြစ်ပါသည်။ ဥပမာဆိုရသော် လူတစ်ဦးတွင် ရှိသော ပိုက်ဆံအိတ်ထဲသို့ ငွေစက္ကူများထည့်ထားခြင်းနှင့် အလား သဏ္ဍာန်တူပြီး မိမိအသုံးပြုလိုသည့် ဘဏ်၊ ကုမ္ပဏီအပေါ်မူတည်၍ မိမိ၏ဖုန်းနံပတ်ကို အသုံးပြုပြီး အီလက် ထရောနစ် ပိုက်ဆံအိတ်တစ်လုံး ဖန်တီးလိုက်ခြင်းဖြစ်ပါသည်။ e-Pay/e-wallet တို့၏ ထူးခြားချက်မှာ ဘဏ်၌ ငွေစုစာရင်း(saving account), စာရင်းရှင် (current account)တို့ ဖွင့်လှစ်သကဲ့သို့ ဘဏ်သို့ သွားရောက်ကာ မိမိ၏မှတ်ပုံတင်၊ ဝန်ထမ်းကတ် စသည်တို့ဖြင့် ဘဏ်မှတောင်းခံသည့် မှတ်တမ်း (form)များဖြည့်သွင်းသည့် ကိစ္စရပ်များ ဆောင်ရွက်ရန်မလိုအပ်ပဲ အသုံးပြုသူ (user/customer)မှ မိမိဖုန်းအတွင်း အလွယ်တကူ ဖန်တီးနိုင်ပါသည်။
-Wallet/e-Pay အကောင့်ထဲကို ငွေဘယ်လိုထည့်မလဲ
--------------------------------------
ထိုသို့ဖန်တီးပြီးပါက electronic transaction (online ငွေချေမှု) ပြုလုပ်နိုင်ရန်အတွက် ဦးစွာ ဘဏ်သို့ သွားရောက်၍လည်းကောင်း၊ ဘဏ်ကိုယ်စားလှယ် (agent)မှ တစ်ဆင့်လည်းကောင်း မိမိ၏ e-Pay အကောင့်အတွင်း ငွေပမာဏတစ်ခု စာရင်းသွင်း (deposit)လုပ်ရန် လိုအပ်ပါသည်။ ဈေးဝယ်ထွက်ရန် အတွက် မိမိအိမ်တွင် စုထားသော ငွေထဲမှ အချို့ကို ပိုက်ဆံအိတ်အတွင်း ရွှေ့လိုက်သည့်/ထည့်လိုက်သည့် သဘောဖြစ် ပါသည်။ ဥပမာဆိုရလျှင် ဖုန်းခေါ်ရန် ဖုန်းဘေလ်(Top Up)ဖြည့် သကဲ့သို့ ငွေသား (physical bank note) များကို အီလက်ထရောနစ်ငွေစာရင်း (electronic wallet money)အဖြစ် ပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပါသည်။
Wallet account အတွက် မိမိသုံးစွဲသည့် wallet/ mobile money company ၏ မိတ်ဖက် ဘဏ်များ၊ အေးဂျင့်များ၊ ဝန်ဆောင်မှုရယူထားသော ဆိုင်များ၊ မြန်မာ့စာတိုက် (OK$ အတွက်) တို့မှ ငွေသွင်း (deposit) ပြုလုပ်နိုင်ပါသည်။ Telenor နှင့် Yoma Bank တို့ပူးပေါင်း ဝန်ဆောင်မှုပေးသော wallet/mobile money ဖြစ်သည့် wave pay (wave money)ဝန်ဆောင်မှု ရယူထားသည့် ဆိုင်များကို မြန်မာနိုင်အနှံ့အပြားတွင် တွေ့မြင်နိုင်ပါသည်။
Mobile money/ mobile wallet စာရင်းအတွင်းသို့ မိမိ၏ saving account ဖွင့်လှစ်ထားရာ ဘဏ် application များမှလည်း ငွေဖြည့်သွင်းနိုင်ပါသည်။ wallet account အတွင်း ငွေဖြည့်သွင်းသည့် ဝန်ဆောင်မှုအား အထောက်အပံ့ပေးသည့်ဘဏ်များအား ကွင်းအတွင်းဖော်ပြအပ်ပါသည်-
(၁) WavePay/WaveMomney (Yoma Bank, CB Bank, KBZ Bank)
(၂) OK$ (Crdeit/Debit cards of any banks, Online/Net banking "KBZ" and "CB Bank", Counter Deoposit "CB" "KBZ" "AYA" "MAB" "UAB")
Card (MPU)အသုံးပြု၍ Wallet account အတွင်း ငွေဖြည့်သွင်းခြင်းနှင့် အခြားဝန်ဆောင်မှုများ
----------------------------------
MPU ဆိုသည်မှာ Myanmar Payment Union ဖြစ်ပါသည်။ ပြည်တွင်း ဘဏ်အသီးသီးမှ ဝန်ဆောင်မှု ရယူထားသော မိမိ၏ Debit Card, Credit Card များကို အသုံးပြု၍ ဘဏ်နှင့် အေးဂျင့်များဆီသို့ သွားရောက်ရန် မလိုပဲ online transaction (wallet acc များ ငွေဖြည့်ခြင်း၊ ကားလက်မှတ်ဝယ်ယူခြင်း၊ ရုပ်ရှင် လက်မှတ်ဝယ်ယူခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း စသည်)တို့ကို မိမိဖုန်း/ကွန်ပျူတာတို့မှ ဆောင်ရွက်နိုင်ရန် https://www.myanmarpaymentunion.com သို့ဝင်ရောက်၍ မိမိ၏ e-mail ဖြင့် Debit/Credit card တို့အား စာရင်းသွင်း(enrollment) ရမည်ဖြစ်ပါသည်။ မိမိဝန်ဆောင်မှုရယူထားသည့် ဘဏ်၏ ပေါ်လစီပေါ်မူတည်၍ MPU enrollment ပြုလုပ်ချိန်မှာ ၂၄နာရီမှ ၄၈နာရီအထိ ကြာမြင့်နိုင်ပါသည်။ Enrollment လုပ်ငန်းစဉ် ပြီးမြောက်ပါက မိမိ၏ဘဏ်မှ မိမိထံသို့ e-mail မှတစ်ဆင့် MPU activate (အသက်ဝင်ပြီ)ဖြစ်ကြောင်း အကြောင်းကြားစာ မေးလ်ရရှိပါက online transaction များ စတင်ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။
ဥပမာ ဝန်ဆောင်မှု တစ်ခုခုရယူပြီး ငွေချေရာတွင် ငွေတောင်းခံသူ (biller)ဘက်မှ မိမိ Debit/Credit card ၏ ကတ်နံပတ်၊ သက်တမ်းကုန်ဆုံးရက်၊ cvv no စသည်ဖြင့် တောင်းခံပါလိမ့်မည်၊ လိုအပ်သည့်အချက် အလက်များ ဖြည့်သွင်းပြီး၍ ငွေပေးချေလိုက်ပါက Myanmar Payment Union website တွင် မိမိ၏ Debit/Credit card အား enrollment လုပ်စဉ် ဖြည့်သွင်းအသုံးပြုခဲ့သော e-mail သို့ MPU မှ OTP (on-time password)ပေးပို့ပါလိမ့်မည်၊ ၄င်း OTP ကိုထည့်သွင်းမှသာ ငွေပေးချေမှုလုပ်ငန်း ပြီးမြောက်မည်ဖြစ်ပါသည်။
သို့သော် Master Card, Visa Card, China Union Pay (UPI)တို့အတွက်မူ ကမ္ဘာအနှံ့အပြားတွင် ဝန်ဆောင်မှု ပေးနေသော ငွေကြေးအဖွဲ့အစည်းများ၏ ကွန်ယက်နှင့်ချိတ်ဆက်ထားပြီးဖြစ်၍ Myanmar Payment Union တွင် မှတ်ပုံတင်ရန် မလိုအပ်ပါ။ ဤတွင် Master, Visa, UPI တို့၏ကွန်ယက်အကြောင်းကို အနည်းငယ်ရှင်းပြလိုပါသည်။ ၄င်းတို့သည် အဆိုပါကတ်များကို ထုတ်လုပ်ပေးသည့် ကုမ္ပဏီအဖွဲ့အစည်းများ မဟုတ်ကြပဲ ၄င်းတို့၏ Master, Visa, UPI ကွန်ယက်များကို နိုင်ငံအသီးသီးရှိ ၄င်းတို့နှင့်လာရောက်ချိတ်ဆက် သောဘဏ်များမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်ရန်အတွက် ကွန်ယက်အား ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ကျက်ထားခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့်သာ ကုန်သည်များ၊ ကတ်ထုတ်လုပ်သူ အဖွဲ့အစည်းများ၊ ဘဏ်များ၊ ကတ်စနစ်ကိုလက်ခံကျင့်သုံးသည့်ဘဏ်များ၊ ကတ်အသုံးပြုသူများမှ ၄င်းတို့ကွန်ယက်အတွင်း ဝင်ရောက်ကာ နိုင်ငံတကာအဆင့်တွင် ငွေသွင်း၊ ငွေထုတ်ခြင်းနှင့် online transaction များ ပြုလုပ်နိုင်ခြင်း ဖြစ်ပါသည်။ မိမိပြုလုပ်ဆောင်ရွက်သည့် transaction တိုင်း၏ ဝန်ဆောင်ခမှာမူ မိမိအား ကတ်ထုတ်ပေးသည့် ကုမ္ပဏီ၊ ဘဏ်တို့၏ ပေါ်လစီအတိုင်းသာ ပေးဆောင်ရမည်ဖြစ်ပါသည်။
Debit/Credit card, Visa, Master, UPI no တို့အသုံးပြု၍ online transaction ဆောင်ရွက်နိုင်သော ဝန်ဆောင်မှုအချို့မှာ - Grab Taxi, OK Taxi, Mingalar Cinema, Go Auto Ticket, JJ Express, Elite expressနှင့် အခြား ယာဉ်လိုင်းများ၊ ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများ၊ online shopping များနှင့် အခြားဝန်ဆောင်မှုများ အသီးသီးရှိကြပါသည်။
-Wallet/e-Payတို့မှတစ်ဆင့် ရယူနိုင်သော ဝန်ဆောင်မှုများ
-------------------------------------
နေရာဒေသ အတော်များများတွင် ၄င်း wallet/pay စနစ်များ (မြန်မာနိုင်ငံတွင် အသုံးများသော OK$ နှင့် Wave Pay/ Wave Money)အား သက်ဆိုင်ရာ အေးဂျင့် နှင့် ဝန်ဆောင်မှုရယူထားသော ဆိုင်များသည် customer များထံမှ အခကြေးငွေယူ၍ ငွေပို့/ငွေလွှဲအတွက်သာ အသုံးပြုကြပါသည်။ ထိုဝန်ဆောင်မှုများအား အေးဂျင့်နှင့်ကိုယ်စားလှယ်များသို့ အခကြေးငွေပေး၍ ရယူသုံးစွဲနေကြသူ (customer)ပြည်သူများသည် ကိုယ်တိုင် အကောင့်ဖွင့် activate ၍သုံးစွဲမှုမှာ မရှိသလောက် အလွန်နည်းပါးနေသည်ကို တွေ့မြင်နိုင်ပါသည်။ ထိုသို့သုံးစွဲမှုမပြုကြသည်မှာ ၄င်း e-Payment များနှင့် ပတ်သက်၍ အသိပညာဖြန့်ဝေနိုင်မှုနည်းပါးခြင်း၊ သုံးစွဲသူပမာဏ အလွန်နည်းပါးခြင်းကြောင့် နေရာတိုင်းတွင် တွင်ကျယ်မှုမရှိခြင်း၊ အမျိုးအစားမတူသည့် wallet acc/pay acc များတစ်ခုနှင့်တစ်ခု ငွေလွှဲရာတွင် အခက်အခဲရှိခြင်း၊ online transaction ကိုလက်ခံကျင့်သုံးသည့် ဆိုင်များ/ဝန်ဆောင်မှုလုပ်ငန်းများ နည်းပါး နေသေးခြင်း၊ online transaction ကိုလက်ခံကျင့်သုံးသည့် အချို့ဝန်ဆောင်မှုများဖြစ်သည့် (onlineမှ ရုပ်ရှင် လက်မှတ်ဝယ်ယူခြင်း၊ Taxi ငှားရမ်းခြင်း၊ ကားလက်မှတ်ဝယ်ယူခြင်း၊ လေယဉ်လက်မှတ်ဝယ်ယူခြင်း စသည်)တို့မှာ အများအားဖြင့် Debit Card (MPU-JCB, Master, Visa, Union Pay) များဖြင့်သာ ဝယ်ယူနိုင်ခြင်း၊ အချို့ဝန်ဆောင်မှုများကို Pay/Wallet တို့၏ online transaction တို့ဖြင့် ရယူနိုင်သော်လည်း အကန့်အသတ်ဖြင့်သာရယူနိုင်ခြင်း (ဥပမာ- မိမိသုံးသော pay ဝန်ဆောင်မှုမှတစ်ဆင့် ငွေပေးချေမှုကို လက်ခံသည့် အခြားဝန်ဆောင်မှုများဖြစ်သည့် ကားလက်မှတ်ဝယ်ယူခြင်း၊ online shopping ဈေးဝယ်ခြင်း၊ အာမခံပေးချေခြင်း၊ အင်တာနက်ဝန်ဆောင်မှု ပေးချေခြင်း၊ DTH ရုပ်သံလိုင်းများအတွက် လစဉ်သက်တမ်းတိုး ငွေပေးချေခြင်း စသည်တို့တွင် အမျိုးအစားတစ်ခုချင်းစီအလိုက် အချို့ category များတွင် ကုမ္ပဏီ နှစ်မျိုး/သုံးမျိုးထက်မပိုသော ဝန်ဆောင် မှုကိုသာရယူနိုင်ခြင်း…..)
/Wallet များဖြင့် ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုများ
-------------------------------------
ဥပမာ-
CB Pay ဖြင့် ပေးချေနိုင်သည့် ဝန်ဆောင်မှုအသီးသီးအား အမျိုးအစားတစ်ခုချင်းစီအလိုက် ကွင်းအတွင်း ဖော်ပြထားပါသည်-
(၁) Mobile Top-up (MecTel, MPT, Ooredoo, Telenor, Mytel)
(၂) Internet Bill Payment (5BB Broadband payment, Fortune Broadband Payment, MIH Payment, Myanmar Net, Myanmar UNILINK Communication Payment)
(၃) Stock Exchange Payment (CB Securities Payment)
(၄) Online Shopping Payment (CoolFancy Shop, Dr’s Choice)
(၅) Ticketing Payment (Columbus Travels, Golden Myanmar Airline, Mann Yadanarpon Airline)
(၆) Insurance Payment (CB Insurance, Capital Payment)
(၇) Microfinance Payment (Aeon Microfinance, Myanmar Ruby Hill Finance, StarMoeYan Microfinance)
(၈) Mobile Money Payment (OK$)
(၉) Telco Bill Payment (MPT B2C Payment)
(Wave Money)အသုံးပြု၍ရယူနိုင်သော ဝန်ဆောင်မှုများမှာ -
(၁) Mobile Top-up (Telenor, Ooredoo, MPT, Mytel, Ananda, MecTel)
(၂) Bills
(၃) Bus tickets (ရွှေစင်စင်္ကြာ၊ မန္တလာမင်း၊ ရွှေမန္တလာ၊ မြတ်မန္တလာထွန်း၊ ခိုင်မန္တလေး၊ နယူးမန္တလာထွန်း၊ ရာဇာထွန်း၊ လုမ္ဗိနီ၊ GI Group, Boss,.... စသည်ဖြင့်ယာဉ်လိုင်းများ)
(၄) Donation (ဓမ္မရောင်ခြည်၊ နှင်းဆီကုန်း၊ ဖောင်တော်ဦး)
$ အိုကေဒေါ်လာ အသုံးပြု၍ရယူနိုင်သော ဝန်ဆောင်မှုများမှာ -
(၁) Mobile Top-up (MPT, Ooredoo, Telenor, Mytel, MecTel)
(၂) Land line ph bill (only Yangon and Mandalay)
(၃) Electricity bill (only Yangon)
(၄) DTH bill (Skynet DTH)
(၅) Gift Card (iTune, GooglePlay, Skype, Facebook, Xbox, Windows Store, PlayStation, Viber Out credit, Wunzin, Putute, Games, others..)
(၆) GoAuto Ticket (Buses, Domestic Flights)
(၇) Others (အခြားဝန်ဆောင်မှုများ)
ယခုနောက်ဆုံးတွင် “Doshh”ဟု အမည်ပေးထားသည့် Mobile Money Company တစ်ခုမှ ၄င်းတို့၏ mobile money/ e-wallet apk အား playstore/iStore တို့တွင် စတင်လွှင့်တင်ထားပြီး မြန်မာနိုင်ငံ အတွင်းရှိ ဖုန်းနံပတ်များဖြင့် Doshh wallet account များ register စတင်ပြုလုပ်ခွင့်ပေးထားပြီ ဖြစ်သော်လည်း ငွေသွင်း/ငွေထုတ်ခြင်းဆိုင်ရာ transaction ကိစ္စရပ်များကိုတော့ ဆောင်ရွက်ခွင့် အထောက်အပံ့ မပေးသေးပေ။
Photo credit; google
Po Rhine
7/5/2019