14/12/2025
စက်သုံးဆီသယ်ယူပို့ဆောင်ရေးအတွက် အောက်ပါဝန်ထမ်းများ အလိုရှိသည်။
၁။ စက်ခန်းအုပ် ကျား (၂) ဦး
၂။ စက်ပြင် (ကားကြီးဝပ်ရှော့) ကျား (၆) ဦး
၃။ ယာဥ်နောက်လိုက် ကျား (၅၀) ဦး
၄။ သင်္ဘောသား ကျား (၁၀) ဦး
၅။ ယာဉ်မောင်း (မီနီဘက်စ်ဖယ်ရီ) ကျား (၁) ဦး
၆။ ယာဥ်ငယ်မောင်း(လူကြီးကားမောင်းရန်) ကျား (၁) ဦး
မှတ်ချက်
အမှတ်စဥ် (၁) မှ (၆) အတွက် ဖော်ပြပါလိပ်စာအတိုင်း လျှောက်လွှာနှင့်တကွ လူကိုယ်တိုင်လာရောက် လျှောက်ထားပါက နေ့ချင်းလူတွေ့အင်တာဗျူး ပြုလုပ်ပါမည်။
အမှတ်စဥ်အားလုံးအတွက် Viber – 09 940547829 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
လိုအပ်သည့်အချက်များ
၁။ စက်ခန်းအုပ် - ကျား (၂) ဦး
- ပြည်တွင်းရေကြောင်းသွား ပထမတန်းစက်ခန်းအုပ်ကျွမ်းကျင်မှုလက်မှတ်ရှိသူဖြစ်ရမည်။
- အခြေခံပညာအလယ်တန်းနှင့်အထက်တန်းပညာအရည်အချင်းရှိသူဖြစ်ရမည်။
- အသက် (၃၀)နှစ်အထက်ရှိရမည်။ (သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။)
၂။ စက်ပြင် (ကားကြီးဝပ်ရှော့) - ကျား (၆)ဦး
- မည်သည့်ကားမျိုးမဆို အင်ဂျင်၊ ဂီယာဘောက်၊ ကရောင်း၊ ဘရိတ်၊ ကလပ်၊ အောက်ပိုင်းများအား ပြုပြင်နိုင်ရမည်။
- အင်ဂျင်ဆရာ/အောက်ပိုင်းဆရာများနှင့်လည်းတွဲဖက်လုပ်ကိုင်၍သော်လည်းကောင်း၊ လက်ထောက်အဖြစ်သော်လည်းကောင်း လုပ်ကိုင်နိုင်ရမည်။
- အသက်(၁၈)နှစ်အထက်ဖြစ်ရမည်။လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ နယ်ထွက်နိုင်ရမည်။
- ဝပ်ရှော့နှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလမ်းညွှန်ချက် များအား တိကျစွာလိုက်နာဆောင်ရွက်နိုင်သူ၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- နေစရာအဆောင်စီစဥ်ပေးမည်။
၃။ ယာဥ်နောက်လိုက် - ကျား (၅၀)ဦး
- ယာဥ်အကူလိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရမည်။
- အခြေခံပညာအလယ်တန်းအဆင့်ရှိသူဖြစ်ရမည်။ -အသက် (၁၈)နှစ်အထက်ရှိရမည်။
- ယာဥ်အကူဖြင့် နေရာ၊ ဒေသ မရွေး သွားရောက်လိုက်ပါနိုင်ရမည်။
- ဆီဘောက်ဆာကားများနှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်နိုင်သူ၊ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
၄။ သင်္ဘောသား - ကျား (၁၀)ဦး
- ရေကူးကျွမ်းကျင်ရမည်။ အသက်(၁၈)နှစ်အထက်ဖြစ်ရမည်။
- အတန်းပညာမလို၊ ရေးတတ်၊ ဖတ်တတ်ရမည်။
- အသောက်အစားကင်းရှင်းရမည်။
- နေရာ၊ ဒေသ မရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။
- စည်းမျဥ်းစည်းကမ်းများလိုက်နာဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
၅။ ယာဥ်မောင်း(ဖယ်ရီ) - ကျား (၁) ဦး
- အခြေခံပညာအလယ်တန်းအဆင့်ရှိသူဖြစ်ရမည်။
- အသက်(၃၀) နှစ်မှ (၄၅) နှစ် အတွင်းဖြစ်ရမည်။
- ယာဉ်မောင်းလိုင်စင်အနီကိုင်ဆောင်ထားသူဖြစ်ရမည်။
- ရန်ကုန်မြို့တွင်း လမ်းကြောင်းအား ကျွမ်းကျင်စွာမောင်းနှင်တတ်ရမည်။
- ရုံးဖယ်ရီ၊ Minibus မော်တော်ယာဉ်အား မောင်းဖူးသည့် အတွေ့အကြုံရှိသူဖြစ်ရမည်။
- အသောက်အစားကင်းရှင်းပြီး သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်ရမည်။
- လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်ပြီး ရည်ရည်မွန်မွန်ရှိရမည်။
- ရွှေပြည်သာ၊ အင်းစိန် အနီးနေထိုင်သူများ ဦးစားပေးမည်။
၆။ ယာဉ်ငယ်မောင်း (လူကြီးကားမောင်းရန် ) - ကျား (၁) ဦး
- အခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်။
- အသက်(၃၀) နှစ်မှ (၄၀) နှစ် အတွင်းဖြစ်ရမည်။
- ယာဉ်မောင်းလိုင်စင်အနက်ကိုင်ဆောင်ထားသူဖြစ်ရမည်။
- ရန်ကုန်မြို့တွင်း လမ်းကြောင်းအား ကျွမ်းကျင်စွာမောင်းနှင်တတ်ရမည်။
- အိမ်စီးကား၊ နိုင်ငံခြားသားကားများအား မောင်းဖူးသော ယာဥ်မောင်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- အသောက်အစားကင်းရှင်းပြီး သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်ရမည်။
- လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်ပြီး ရည်ရည်မွန်မွန်ရှိရမည်။
- သမိုင်း ၊ အင်းစိန်၊ ကမာရွတ် မြို့နယ်အနီးနေထိုင်သူများ ဦးစားပေးမည်။
စိတ်ပါဝင်စားသူများသည် - ကိုယ်ရေးရာဇဝင်အကျဥ်း (CV Form)၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ (၃)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ(၅)ပုံ၊ ပညာအရည်အချင်းထောက်ခံစာမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက် ထောက်ခံစာ၊ မြို့နယ်ရဲစခန်းထောက်ခံစာ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ တို့နှင့်အတူ အောက်ဖော်ပြပါ လိပ်စာအတိုင်း လူကိုယ်တိုင်လာရောက်လျှောက်ထား၍သော်လည်းကောင်း၊ Viber ဖြင့်လည်းကောင်း ပေးပို့ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာပိတ်သည့်ရက် - ၃၁.၁၂.၂၀၂၅
လိပ်စာ - အမှတ်(F5/37)၊ ရွှေပိတောက်ရိပ်မွန်အိမ်ရာ၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း။ (အနီးစပ်ဆုံးမှတ်တိုင် - ရေကြောင်းမှတ်တိုင်)
ဆက်သွယ်ရန်ဖုန်းနှင့် Viber - 09 940547829