Win Wah Aung Travel & Tour Co,.ltd

Win Wah Aung Travel & Tour Co,.ltd No.2/401, Insein Road, Yadanarmying Housing, Kamayut Township, Yangon. Ph- 09401614784, 095119825, 09457519179, 09252241191,
09794840611

23/11/2020

Travel

Win Wah Aung Travel & Tourမှ နေ့ခြင်းပြန်ခရီးသားသား မီးမီးတို့အတွက် ချစ်စရာဆင်ကလေးများရှိရာလမ်းညွန်ပေးပါရစေရန်ကုန်မြို့က...
19/03/2019

Win Wah Aung Travel & Tour
မှ နေ့ခြင်းပြန်ခရီး
သားသား မီးမီးတို့အတွက်
ချစ်စရာဆင်ကလေးများရှိရာ
လမ်းညွန်ပေးပါရစေ

ရန်ကုန်မြို့ကနေ ၃၉ မိုင်ခန့်သာ ဝေးကွာပြီး
ရန်ကုန် မန္တလေး အမြန်လမ်းကနေ
လမ်းခွဲပြီး အစ
ရန်ကုန် မော်လမြိုင် လမ်း
ဘောနတ်ကြီး ယဉ် နားစခန်းကနေ
၅ မိနစ်လောက်သာမောင်းရပါတယ်

ရန်ကုန်ကနေ
ကားမောင်းချိန် ၁ နာရီ လောက်သာကြာပြီး
ချစ်စရာ သနားစရာ
ဆင်များကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့
ဝင်္ကဘော်ဆင်စခန်းကို ရောက်ပါမယ်

ဒီစခန်းမှာ မိဘမဲ့ ဆင်ကလေးများအပါအဝင်
ဆင်ကောင်ရေ ၂၀ ခန့်
ကိုထိန်းသိမ်းစောင့်လျောက်ထားပါတယ်

မနက် ၉ နာရီ ကနေ ညနေ ၅ နာရီအထိ
ဖွင့်လှစ်ထားပြီး
မနက်ပိုင်းမှာ ဆင်အက များကို ကြည့်ရှု့ ရပါမယ်

ညနေ ၄ နာရီ လောက်မှာ
ဆင်များရေချိုးဆင်းတဲ့အခါ
ချောင်းထဲကို ကိုယ်တိုင်လိုက်ပါပြီး
ဆင်တွေကို ကိုယ်တိုင်ရေခ်ျုးပေးပြီး ဓာတ်ဖမ်းနိုင်ပါအုံးမယ်

ဆင်ကလေးတွေ လိမ္မာတဲ့အတွက် အန္တာရာယ်မရှိပါဘူး

ဝင်ကြေးကတော့ လူကြီး တယောက် ၁၀၀၀ ပေးရပြီး
၈ နှစ်အောက်ကလေးများ ကတော့ အခမဲ့ပါ

မိဘမေတ္တာငတ်နေတဲ့

မိဘမဲ့ ဆင်ပေါက်လေးတွေအတွက်
နို့တဘူး ၁၀၀၀ ကျပ် နဲ့ဝယ်ပြီး ကိုယ်တိုင်တိုက်နိုင်ပါသေးတယ်
ကြံ နဲ့ ငှက်ပျောသီးကိုလဲ
တခြင်း ၂၀၀၀ ကျပ်နှုန်းနဲ့ ကျွေးနိုင်ပါတယ်

အပြန်မှာ ဘုရားဖူးချင်သေးရင်
အမြန်လမ်း ၁၉ မိုင် ဘုရားကိုလဲ ဝင်ဖူးလို့ရသေးတယ်နော်
အဲ့ဒီဘုရားဈေးတန်းမှာ ဟင်းသီး ဟင်းရွက်တွေကလဲ
လတ်ဆတ်ဈေးချို လို့ ဝယ်ခဲ့ဖို့ မမေ့ကြနဲ့အုံးလို့မှာချင်ပါတယ်

လည်လည်သွားမယ် ချင်းပြည်နယ်ရဲ့ ရိဒ် ကိုကွယ် ခရီးသွားချစ်မြတ်နိုးသူတွေအတွက် ကိုယ်တိုင်စီစဉ်နိုင်ပြီး စရိတ်သက်သာတဲ့ချင်းပြည...
27/01/2019

လည်လည်သွားမယ်
ချင်းပြည်နယ်ရဲ့ ရိဒ် ကိုကွယ်

ခရီးသွားချစ်မြတ်နိုးသူတွေအတွက်
ကိုယ်တိုင်စီစဉ်နိုင်ပြီး
စရိတ်သက်သာတဲ့
ချင်းပြည်နယ်ရဲ့အသဲနှလုံးလို့တင်စားထားတဲ့
ရိဒ် အသဲပုံရေကန်ဆီဘယ်လိုသွားရမလဲ
လမ်းညွှန်ပါအုံးမယ်

ခရီးလမ်းကြောင်း ၂ ကြောင်းရှိတယ်

၁- ရန်ကုန်- ကလေး ( လေယာဉ် သို့ ကား )
ကလေး - ရိဒ် ( ကားစီးလုံးငှား သို့ လိုင်းကား )
၂- ရန်ကုန် - ဟားခါး ( express တိုက်ရိုက် )
ဟားခါး - ရိဒ် ( လိုင်းကား အန်ဇာတုံး ကားများ)
လမ်းကြောင်း ၂ ခုရှိတယ်

အများစုကတော့ ရန်ကုန် ကလေးလမ်းကသွားကြတယ်

ခရီးသွားကြာချိန်
ရန်ကုန် - ကလေး ၁၉ နာရီလောက်ကြာတယ်
ကလေး - ရိဒ် လိုင်းကား ၆ နာရီခန့်
ကားစီးလုံးငှားသွားရင် ပိုကောင်းတယ်
လမ်းမှာဝင်စရာတွေအများကြီးဘဲ
အနည်း ဆုံး ၆ ယောက်လောက်စုသွားရင်
ပျော်စရာလဲကောင်း စရိတ်လဲ သက်သာတယ်

ဟားခါး - ရိဒ် လမ်းကတော့ ၈ နာရီလောက်ကြာတယ်
လမ်းတလျောက် မြို့တွေရွာတွေမရှိဘဲ
အိမ်လေးတွေ ဟိုတစု ဒီတစုဘဲ တွေ့ရတယ်
အဲ့ဒီလမ်းက ခေါင်တယ် အသွားအလာ နည်းပြီး မြေသားလမ်းတွေဘဲ ရှိသေးတယ်
မိုးရွာရင်တော့ အဆင်မပြေဘူး

တည်းခိုစရာ
တည်းစရာကလည်း များများမရှိဘူး
မြို့ထဲက ရိဒ်ရွှေပြည် ကတော့ နဲနဲ အဆင်ပြေတယ်

သူ့ဆီမှာလည်း အခန်းက အများကြီး မရှိလို့
ကြိုတင် ဘိုကင်မှ အဆင်ပြေမှာ
ဈေးလဲသက်သာတယ်

ဒေသ အစားအစာ

ခေါင်ရည် နွားနောက်သား ဆာဘူးသီးလို့ခေါ်တဲ့ ချင်းဆန်ပြုတ် တို့ကိုတော့ မြည်းစမ်းခဲ့ လို့ ရပါတယ်

ကလေး - ရိဒ် သွားတဲ့လမ်းမှာ
ကားစီးလုံးငှားသွားမယ်ဆိုရင်တော့

လှပတဲ့ သဘာဝ ရှု့ခင်းတွေ
ကွေ့ကာဝိုက်ကာစီးဆင်းနေတဲ့ လွမ်းစရာမဏိပူရမြစ်
ပန်ဆောင်တံတား
ဗားတံတား
တောင်ဇလပ်ပင်တွေ
သိုင်းကားထဲကလို လေတဟူးဟူးတိုက်နေတဲ့
လေထန်ကုန်း
တီးတိန် မြို့မှာရှိတဲ့ ချင်းမျိုးနွယ်သိုင်းငင်းရွာ ရဲ့ ရိုးရာဓလေ့
တို့ကို လေ့လာကြပြီး တလမ်းလုံး ဓာတ်ဖမ်းလို့မဆုံးနိုင်အောင်ဘဲ

လမ်းပန်းဆက်သွယ်ရေးကတော့
ရန်ကုန်- ကလေး နဲ့
ရန်ကုန်- ဟားခါး လမ်းကတော့ ကောင်းပါတယ်

ကလေး- ရိဒ် လမ်းမှာလဲ
ကလေး ကနေ တီးတိန် အထိ လမ်းကောင်းတယ်

တီးတိန်- ရိဒ် ကတော့ လမ်း ကြမ်းတယ်
ခင်းနေတုန်း ပြင်နေတုန်းဘဲ ရှိသေးတယ်

ရိဒ် ရောက်ပြီ ဆိုရင်တော့
နယ်စပ်မြို့ သေးသေးလေးဆိုတော့
လည်စရာ အများကြီး တော့မရှိဘူး

ချင်းလူမျိုး အများဆုံးနေထိုင်ကြပြီး
အိန္ဒိယ မြန်မာ နယ်ခြား တံတားမှာ ဓာတ်ဖမ်း ကြတာပေါ့

ခရီးရက်လဲ ရတယ် စိတ်လဲ ဝင်စားရင်
အိန္ဒိယ နိုင်ငံ မီဇိုရမ် ပြည်နယ် အိုက်ဇောမြို့ကို
ကားစီးလုံးငှားပြီး သွားလည်လို့ ရသေးတယ် နော်

ကားစီးရတဲ့ အချိန်လဲကြာ ပင်ပန်းတဲ့ ခရီးဖြစ်တော့
လူငယ် လူလတ်ပိုင်း တွေအတွက်
စိတ်လှုတ်ရှားစရာကောင်းတဲ့
adventurer ခရီးလေးတခုပေါ့ရှင်

လမ်းကြောင်း သိပြီဆိုတော့
သွားကြမယ်ဆိုရင်

ကျမတို့ Win Wah Aung Travel & Tour မှာ

ကားလက်မှတ် နှင့် လေယာဉ် လက်မှတ်များကို
ကြိုတင်ဝယ်ယူ နိုင်ပါတယ်လို့ သတင်းကောင်းပေးပါရစေ

ကယားတို့ဌာနေ ငွေတောင်ပြည်သို့ လည်လည်သွားမယ်စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ကိုယ့်ခရီးစဉ်ကို ကိုယ်တိုင်စီစဉ်ပြီးသွားချင်သူ...
31/12/2018

ကယားတို့ဌာနေ ငွေတောင်ပြည်သို့ လည်လည်သွားမယ်

စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ကိုယ့်ခရီးစဉ်ကို ကိုယ်တိုင်စီစဉ်ပြီးသွားချင်သူများအတွက် လမ်းညွန်လေးပေးပါ့မယ်

မိတ်ဆွေတို့ရေ သန့်ရှင်းပြီးသာယာလှပတဲ့

ကယားပြည်နယ် လွှိုင်ကော်မြို့ကို
ရန်ကုန်ကနေexpressနဲ့ညနေ ၆နာရီထွက်မယ်ဆိုရင်
မနက် ၆နာရီခန့်ရောက်ပါတယ်

ကြိုတင်ငှားထားတဲ့ ဟိုတယ် check - in ဝင်ပြီး ခတ္တအနားယူပြီးပါက ကားငှားပြီး
လွိုင်ကော်မြို့ ပတ်ဝန်းကျင်စလည်ကြမယ်လေ
လည်စရာနေရာတွေကတော့ အများကြီးဘဲ

တကယ်သွားသင့်တဲ့နေရာလေးတွေ ကို ဘဲအဓိပြောပြမယ်

စကားအင်း
စကားမြို့ဟောင်းဘုရားတွေကအသောကမင်းနဲ့
အလောင်းစည်သူမင်းလက်ထက်ထဲကတည်ထားခဲ့တယ်လို့ ဒေသခံတွေကပြောပြခဲ့တယ်
စကားအင်းမှာလည်စရာနေရာတွေကတော့
စကားမြို့ဟောင်း
ရိုးရာအရက်ချက်စက်ရုံ
နတ်တွေဖန်တီးထားတယ်ဆိုတဲ့ စကားအင်းအလည်က
ကျောက်သားတာရိုးကြီး တို့ဖြစ်တယ်

ထီးဆဲခါးရေတံခွန်

စကားအင်းကအပြန်ထီးဆဲခါးရေတံခွန်ဝင်ပြီး
ဓာတ်ဖမ်းကြတာပေါ့
ရေတံခွန်က အဆင့်တွေအများကြီးနဲ့တော်တော် ကြီးတယ်
ရေစီးလဲ သန်ပြီး တော်တော်လှတယ်
ဒါပေမဲ့
လူတွေကြောင့် သဘာဝအလှ တောင် ပျက်စီးချင်နေပြီ

တောင်ကွဲစေတီ

လွိုင်ကော်မြို့ရဲ့ အမှတ်အသား
တောင်ကွဲစေတီကလည်း ညဖက်တက်ရတာ
မီးရောင်စုံတွေနဲ့ ပိုသပ္ပာယ်သလိုခံစားရတယ်
လေအေးလေးတွေနဲ့ ဘုရားဖူးရတာလဲ
စိတ်ချမ်းသာရပါတယ်

ပန်ပက်ကယန်းတို့ရွာ

ကယန်းရွာပေါင်း၇ရွာ ရှိတယ်လို့ပြောတယ်
ပန်ပက်ဒေသရှိ ကယန်းရွာသွားတဲ့လမ်းက
အရမ်းသာယာတယ် ကားရပ်ပြီး ဓာတ်ဖမ်းလို့ရတဲ့နေရာတွေလဲအများကြီးပါ
ကယန်းတို့ရွာရောက်တဲ့အခါ
ကယန်းဝတ်စုံဝတ်ပြီး ဒေသခံ
ကယန်းတို့နဲ့ ဓာတ်ပုံတွဲရိုက်နိုင်ပါတယ်
ကယန်းဒေသထွက်တွေလည်း ဝယ်ယူအားပေးယင်း
ကယားခေါင်ရည် လဲ မြည်းစမ်းပြီး ဝယ်ယူနိုင်တယ် နော့်

ကွိုင်ငံရေထွက်

ကွိုင်ငံရေထွက်ကတော့ သဘာဝပတ်ဝန်းကျင်မပျက်စီးဘဲ
သစ်ပင်တွေအုပ်ဆိုင်းပြီး အေးမြနေတာဘဲ
ခရစ်ယာန်ဘုရားကျောင်းတကျောင်း ရှိပြီး ကွိုင်ငံရေထွက်ဒေသလေးကို ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်
သွားတဲ့သူ သိတဲ့သူနည်းသေးလို့
လူမများဘဲ အေးအေးဆေးဆေး ဓာတ်ဖမ်းရတာ
ပျော်စရာ အရမ်းကောင်းဘဲ

ငွေတောင်ဆည်

ကွိုင်ငံကအပြန် ငွေတောင်ဆည်ကို
ဝင်ပြီးလည်လို့ ရပါသေးတယ်

ကြပ်ဂူ

ကြပ်ဂူ ရုပ်ရှင်ပြပြီးထဲက နံမယ်ကြီးလာတဲ့
ကြပ်ဂူဟာလဲ
ခရီးသွားစူးစမ်းလိုသူများနဲ့ တဖြေးဖြေးများလာပါပြီ
အထဲမှာ မီးမရှိတော့
လက်နှိပ်ဓာတ်မီးဆောင်သွားပါက
ပိုကောင်းပါတယ်
ဂူအထဲမှာတော့ အရှည် ၁၅ ပေကနေ ၂ပေ ရှိတဲ့သစ်ထွင်း
ခေါင်းတလားတွေရှိတယ်
တချို့ခေါင်းတလားတွေကို ပေ ၂၀ - ၃၀ လောက်ရှိတဲ့
ဂူနံရံတွေပေါ် ဘယ်သူတင်ထားခဲ့မှန်းမသိဘူးလို့
ဒေသခံတွေပြောပါတယ်
လွန်ခဲ့တဲ့နှစ်၇၀လောက်က အရိုးစုတွေ တွေ့ရပြီး
အခုတော့မရှိတော့ပါဘူး
မီးမရှိ ဖိနပ်လဲမစီးရ
အောက်မှာ ရေက စိုစိစိ နဲ့ဆိုတော့
ကြောက်ကြောက်နဲ့ ဝင်ကြည့်ခဲ့ရတယ်

လောပိတ ရေအားလျပ်စစ်စက်ရုံ

မြန်မာနိုင်ငံရဲ့အဓိက လျပ်စစ်ဓာတ်အားတွေ
ကိုထုတ်လွှတ်ပးနေတဲ့
အကြီးဆုံးရေအားလျှပ်စစ်စက်ရုံကြီးကိုလည်း
ဝင်ရောက်လေ့လာလို့ ရသေးတယ်နော်
မြန်မာတနိုင်ငံလုံးကိုမဟာဓာတ်အားလိုင်း၅ လိုင်းနဲ့ နေည
ဓာတ်အားတွေကိုစက်ရုံ အမှတ် ၁-၂-၃ နဲ့ထုပ်လွတ်နေပြီး
အမှတ်၁ စက်ရုံကိုဂျပန်တွေရဲ့
စစ်လျော်ကြေးနဲ့ဆောက်ထားတယ်လို့
စက်ရုံမှ တာဝန်ရှိသူတွေပြောပြလို့ သိခဲ့ရတယ်
ဗဟုသုတအရမ်းရလို့
လွိုင်ကော်ရောက်တုန်းတခါထဲဝင်လည်သင့်တယ်နော်

နောက်ထပ်သွားနိုင်သေးတဲ့နေရာတွေကတော့
ကန်ခုနှစ်ဆင့်
ထီးပွင့်ကန် နဲ့တခြား ဂူတွေလဲအများကြီးရှိသေးတယ်

သွားချင်တယ်ဆိုရင်တော့
လွိုင်ကော် - ရန်ကုန် ကားလက်မှတ် လေယဉ်လက်မှတ်
ကို ဖုံးဆက်ပြီး ဝယ်ယူ အားပေးနိုင်ပါတယ်

လွိုင်ကော်မှာလဲ လည်ပတ်ရန်
ဈေးမှန်ပြီးသဘောလဲကောင်းတဲ့
ကားဆရာလေးနဲ့
ကားငှားဖို့ လဲ ဆက်သွံယ်ပေးအုံးမယ်

ဖုံးလေးသာဆက်လိုက်ပါ
Air KBZ
Mann Yadanarbon
Yangon Airways
Golden Myanmar Air
လက်မှတ်တို့ကို လည်း ဝယ်ယူ အားပေးနိုင်ပြီး

မြန်မာပြည်အနှံ့ မြို့ပေါင်း ၁၅၀ ခန့်
မော်တော်ယဉ်လိုင်း
များစွာရှိပါတယ်

09-5119825
09-794840611
01-513788

နှစ်၁၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်းအိမ်များသို့ လည်လည်သွားမယ် ကလောမြို့ရောက်ရင် နှစ်ပေါင်း ၁၀၀ နီးပါးနဲ့ ၁၀၀ အထက်ရှေးဟောင်အ...
06/12/2018

နှစ်၁၀၀ သက်တမ်းရှိတဲ့
ရှေးဟောင်းအိမ်များသို့ လည်လည်သွားမယ်

ကလောမြို့ရောက်ရင်
နှစ်ပေါင်း ၁၀၀ နီးပါးနဲ့ ၁၀၀ အထက်
ရှေးဟောင်အိမ်တွေ အများကြီးပါ

တချို့အိမ်တွေက ဝင်လို့မရလို့
မဝင်ခဲ့ရဘူး

ဝင်လို့ရတဲ့ အိမ်တွေ ဟိုတယ်တွေဘဲ
ဝင်ပြီး ဓာတ်ဖမ်းခဲ့တယ်

မိတ်ဆွေတို့ ကလော ရောက်ရင်
သွား စပ်စုလို့ ရအောင်
Win Wah Aung Travel & Tours
ကနေ massage လေး ပေးပါရစေ

တောင်ကြီး ကလော ကျိုင်းတုံ တာချီလိပ် သွားမယ်ဆိုရင်
ဟလို 📞📞📞📞 လေးသာ လုပ်လိုက်ပါ

အဝေးပြေး ကားလက်မှတ်များ
လေယဉ်လက်မှတ်များကို ယုံကြည်စိတ်ချစွာ
ဝယ်ယူနိုင်ပါတယ်

လူကိုယ်တိုင်လာစရာ မလိုဘဲ
KBZ bankCB bank AYA bank
Wave money, True Money KBZ pay
တို့နဲ့ ငွေလွဲပြီး ဝယ်ယူနိုင်ပါတယ်
01-513788
09-5119825
09-794840611
2/401 ရတနာမြိုင်အိမ်ရာ
အင်းစိန်လမ်းမ ကမာရွတ် ၁ ရပ်ကွက်

ကားလက်မှတ်တွေဝယ်ယူနိုင်တယ်နော်
24/11/2018

ကားလက်မှတ်တွေဝယ်ယူနိုင်တယ်နော်

ချစ်လှစွာသော FB ဘော်ဘော်တို့ရေWin Wah Aung Travel & Tour မှသာယာပြီးအေးချမ်းတဲ့မိုးကုတ်ခရီးလေးကိုပြောပြချင်ပါတယ်ခေတ်မှီတိ...
15/11/2018

ချစ်လှစွာသော FB ဘော်ဘော်တို့ရေ
Win Wah Aung Travel & Tour မှ
သာယာပြီးအေးချမ်းတဲ့မိုးကုတ်ခရီးလေးကို
ပြောပြချင်ပါတယ်

ခေတ်မှီတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေဟာစိန်တွေရွှေတွေထက်ခရီသွားရခြင်းကိုပိုပြီးနှစ်သက်လာကြပါတယ်

စိတ်တူကိုယ်တူ သူငယ်ချင်းများ
မိသားစုများနဲ့ခရီးထွက်ပေးခြင်းအားဖြင့်
လူရဲ့စိတ်ကို အပန်းဖြေ အသက်ပိုရှည်တယ်လို့
ကျမတော့ယူဆပါတယ်

ပိတ်ရက်ဆို ခရီးသွားတွေစုပြုံပြီးသွားလေ့ရှိကြတဲ့
မန္တလေးပြင်ဦးလွင်
တောင်ကြီး အင်းလေး
ပုဂံညောင်ဦး
မော်လမြိုင် ဖားအံ ကျိုက်ခမီ
ကျိုက်ထီးရိုး
ချောင်းသာငွေဆောင် စတဲ့ခရီးစဉ်တွေမှာ
ခရီးသွားသူတွေများလွန်းလို့

အစားအသောက် ဟိုတယ် ကားတွေပိတ် တခုမှအဆင်မပြေဘဲ ဈေးကြီးတွေနဲ့မိ လူတွေစုပြုံတ်ုးနဲ့ အပန်းဖြေမဟုတ်ဘဲ
စိတ်မောလူမောနဲ့ပြန်လာကြရတယ်

အခု ခရီးသွားသိပ်မများတဲ့ ကျမတို့သွားခဲ့တဲ့ မ်ုးကုတ်အကြောင်းလေးပြောပြမယ်နော်

၁-ဘယ်လမ်းကသွားမလဲ

လမ်းကြောင်း၂ ခုရှိတယ်

မန္တလေး - မတ္တရာ- မိုးကုတ်
မန္တလေး - ပြင်ဦးလွင် - မိုးကုတ်

မတ္တရာလမ်းကသွားရင် အကွေ့ပေါင်း ၉၉၉ ကွေ့ရှိတယ်လိုဆ်ုတယ် အဲ့လမ်းကသွားရင် မိုးကုတ်အနောက်ပိုင်းလို့ခေါ်တဲ့ကျပ်ပြင် နဲ့ ကျောက်ပြဿဒ် ဒေါ်နန်းကြည့်တောင် တခါထဲဝင်ခဲ့လ်ု့ရတယ်

ကျမတို့တော့ ၂ လမ်းလုံးသိချင်လို့ မတ္တရာလမ်းကသွားပြီး
ပြင်ဦးလွင်လမ်းကပြန်ခဲ့တယ်

ရန်ကုန်ကနေ အခုဆိုရင် High Class Express
မိုးကုတ်ကို တိုက်ရိုက်ပြေးဆွဲနေပါပြီ
မန္တလေးကနေတဆင့်သွားစရာမလိုတော့ပါဘူး

ကားသေး က်ုယ့်ကားနဲ့က်ုယ် တက်လို့ရသလို
ရန်ကုန်ကနေ express စီးပြီး
မိုးကုတ်ကို
ကားစီးလုံးငှားပြီး ( ၆၀၀၀၀ ) ကျပ် ပေးရတယ်
ဂိတ်ကိုဖုံးဆက်ရင် လာခေါ်ပေးတယ်တဲ့

ညနေ ၄ နာရီလောက် ဒေါ်နန်းကြည့်တောင်
ကျောက်ပြဿဒ် ရောက်တယ်
မိုးကုတ်က်ုတော့ ည ၆ ခွဲလောက်မှ ရောက်တယ်

အပြန် တော့ ပြင်ဦးလွင်လမ်း ကပြန်ရင် မိုးကုတ် ပြင်ဦးလွင်
ခရီးက ၃ နာရီ ခွဲလောက်ဘဲကြာတယ်
မိုးကုတ်နဲ့ပြင်ဦးလွင်ကြား ဘာမြို့မှမရှိဘူး
ရွာသေးသေးလေးတွေဘဲရှိ

၂- တည်းစရာနေရာ

ခရီးသွား အများကြီးမရှိတော့
တခြားမြ်ု့တွေလို အလုအယက် မရှိပါဘူးတဲ့
ဟိုတယ် မိုတယ်တည်းခိုခန်းတွေ အလုံအလောက်ရှိပြီး
ဈေးလဲသ်ပ်မကြီးဘူး

၄၀၀၀၀ ကနေ ၁၈၀၀၀ တန်အထိရှိတယ်

နံမယ်ကြီး ရွှေလိပ်ပြာဟိုတယ်ကတော့
ကျပ်ပြင်နဲ့မိုးကုတ်ကြားမှာရှိပြီး
ကိုယ့်ကားနဲ့ကိုယ်မှ အဆင်ပြေမှာ

မိုးကုတ် မိုတယ်ကတော့
မိုးကုတ်အင်းရှေ့မှာရှိပြီး မြ်ု့လည်ကျသလို

ညဈေးနဲ့လဲမျက်နှာခြင်းဆိုင် ဖြစ်တယ်

၃- လည်စရာနေရာများ

ဒေါ်နန်းကြည့်တောင်ပင့်ကူတောင်
ကျောက်ပြဿဒ်
၁၃ မ်ုင် အံ့ဖွယ်တောင်
ပတ္တမြားစေတီ
ဖောင်တော်ဦးစေတီ
မိုးကုတ်ဆရာတော်ဘုရာကြီးတရားကျင့် ဂူ
ချမ်းသာကြီးဘုရား
ကင်းချောင်းရေတံခွန်
အင်္ဂလိပ်စစ်သင်္ချိုင်း နဲ့ လက်နက်တိုက် ( ပြန်ခါနီးမှသိလို့မရောက်ခဲ့ရ)
သဘာဝလှိုင်ဂူ
တို့ဖြစ်တယ်

ကားငှားလည်ရင် တရက်ကို ၅၀၀၀၀ ပေးရတယ်လို့ပြောတယ်

၎- အစားအသောက်

မိုးကုတ်ညဈေးမှာ မိုးကုတ်ကိုလာလည်တဲ့ခရီးသွားတွေအများဆုံးတွေ့ရပြီးဒေသရိုးရာအစားအစာများဖြစ်တဲ့
မှိုပေါင်း
မုန်ညှင်းပေါင်း
ခေါပုတ်ကင်
ပဲပင်ပေါက်တွေပါတဲ့ရေမုန်
ရှမ်းခေါက်ဆွဲ
တို့ဖူးနွေး
မိုးကုတ်မှီးရှည်
တို့ဖူးကြော်
ဝက်သားဒုတ်ထိုး
ကျမတို့အုပ်စုကတော့ အကုန်လုံးတွေ့သမျှစားတာ
ဈေးကလည်းတန်ချက် ၈ ယောက် အားလုံးဝယ်စားတာ
၁၀၀၀၀ တောင်မပြည့်ဘူး

မိုးကုတ်အင်းရှေ့မှာရှိတဲ့ မိုးကုတ်ရဲ့နံမယ်ကြီးရွှေခေတ်စားသောက်ဆိုင်ကိုလဲ သွားစားကြအုံး
အဲ့ဆိုင်ကသီးစုံဒိန်ချဉ်က အရမ်းကောင်းဘဲ

မိုးကုတ်ရဲ့ကျောက်ရောင်းဝယ်တဲ့ထာပွဲတော့မရောက်ခဲ့ဘူး
ပိတ်ရက်ဆိုတော့ လူလဲမစည်ဘူး
ကျမတို့လဲအချိန်မရတော့လို့
တည်းတဲ့အိမ်ကကျောက်ကုန်သည်အိမ်ဆိုတော့
သူ့ဆီမှာဘဲစပ်စုခဲ့တယ်

ကဲဒီလောက်ဆိုအကြမ်းဖျင်းသိပြီပေါ့

အရမ်းအေးချမ်းသာယာပြီး သန်ရှင်းတဲ့မြို့လေးကို
ကျမရဲ့FB မိတ်ဆွေများလည်လို့ ရအောင်
ပြောပြလိုက်ပြီနော်

အမှိုက်မရှိတဲ့မြို့လေးဖြစ်လို့
မိတ်ဆွေများအမှိုက်မပြစ်ကြဘဲ
ကူညီကြအုံးနော်

ပုံလေးတွေမှာလဲစာရေးထားလို့ ဖတ်ကြည့်ကြအုံး

Address

Kamayut
11041

Telephone

+959401614784

Website

Alerts

Be the first to know and let us send you an email when Win Wah Aung Travel & Tour Co,.ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Wah Aung Travel & Tour Co,.ltd:

Share