ရွှေညီကို - တာယာအရောင်းဆိုင်

  • Home
  • Myanmar
  • Kale
  • ရွှေညီကို - တာယာအရောင်းဆိုင်

ရွှေညီကို - တာယာအရောင်းဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေညီကို - တာယာအရောင်းဆိုင်, ပင်လုံလမ်းမတော်, Kale.

R15 V3 2018 5m (W)Prince 2500000Location kalaymyo
21/06/2022

R15 V3
2018 5m (W)
Prince 2500000
Location kalaymyo

MT 15 လေးရောက်ဖို့ရှိ
13/05/2022

MT 15 လေးရောက်ဖို့ရှိ

ပူတဲ့ ရာသီမှာဆို ကားလေးလိုင်းကားသမားများအတွက် ဝိတ်တင်ခံ အကြမ်းခံပီး တာယာအစားသက်သာတဲ့ 205 - 70 - R 15 C  ရန်ကုန်တာယာ သုံး...
24/05/2018

ပူတဲ့ ရာသီမှာဆို ကားလေးလိုင်းကားသမားများအတွက် ဝိတ်တင်ခံ အကြမ်းခံပီး တာယာအစားသက်သာတဲ့ 205 - 70 - R 15 C ရန်ကုန်တာယာ သုံးပါ
အထပ်ရေ ၈ ထပ် ပါတဲ့အပြင် ဈေးကလဲ ငါးသောင်းကျော်လေးပဲ ရှိပါတယ်

မိုးများပီး လမ်းကြမ်းတဲ့တောင်တက်တောင်ဆင်းတွေ မှာ လမ်းမချော်အောင် ဒီလိုပွိုင့်ကြဲ လေးနဲ့မှ အဆင်ပြေမယ်နော့်
13/05/2018

မိုးများပီး လမ်းကြမ်းတဲ့တောင်တက်တောင်ဆင်းတွေ မှာ လမ်းမချော်အောင် ဒီလိုပွိုင့်ကြဲ လေးနဲ့မှ အဆင်ပြေမယ်နော့်

ကားတာယာ ပေါ်က စာတွေရဲ့ အဓ္ဓိပ္ပာယ်က ဘာကို ရည်ညွှန်းတာလဲ..သင်သိပါသလား??တာယာတစ်ခုဝယ်တော့မယ်ဆိုရင် သူ့အပေါ်မှာရေးထိုးထားတဲ့ သေ...
11/04/2018

ကားတာယာ ပေါ်က စာတွေရဲ့ အဓ္ဓိပ္ပာယ်က ဘာကို ရည်ညွှန်းတာလဲ..သင်သိပါသလား??



တာယာတစ်ခုဝယ်တော့မယ်ဆိုရင် သူ့အပေါ်မှာရေးထိုးထားတဲ့ သင်္ကေတရဲ့အဓိပ္ပယ်တွေကို သိထားဖို့လိုအပ်တာမို့ ပုံနှင့်တကွ ဖြော်ပပေးလိုက်ပါတယ်။

A. အများဆုံးလေပေါင်ချိန်
B. တာယာ၏ ဗြက်
C. တာယာဖြက်နှင့် အချိုး၊ ဘေးနံရံအမြင့်
D. တာယာတည်ဆောက်ပုံ အမျိုးအစား(ရေဒီယယ်အမျိုးအစား)
E. တာယာ၏ အတွင်းဘက်အချင်း
F. သယ်ဆောင်နိုင်သော အလေးချိန်ညွှန်ကိန်း
G. အမြန်နှုန်း ညွှန်ကိန်း
H. ထုတ်လုပ်သည့်ရက်စွဲ (၂၀၁၂၊ ၁၂ ပတ်မြောက်)
(တာယာဘေးနံရံမှာ ထုတ်လုပ်တဲ့ရက်စွဲပါရှိပြီး DOT နှင့်စပါတယ်။နောက်ဆုံးဂဏန်း လေးလုံးမှာ ထုတ်လုပ်သည့်နှစ်နှင့် ရက်သတ္တပတ်ကိုဖော်ပြပါတယ်။(ဥပမာ - ၁၂၁၂ ဟုပါလျှင် ၂၀၁၂ ခုနှစ်၊ ၁၂ ပတ်မြောက်မှာ ထုတ်လုပ်တယ်ဟု ဆိုလိုပါတယ်)
I. အပူချိန်သင်္ကေတ (အပူချိန်နှင့် ဆားငန်ရေကို ခံနိုင်၊မခံနိုင် ပြသည်)

ဖိုးသူတော် (www.phothutaw.com)
Credit:ကားချစ်သူ

ကားတာယာ ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများ ကားတစ်စီးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တာယာေ...
06/04/2018

ကားတာယာ ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများ

ကားတစ်စီးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တာယာတွေကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာ ဖော်ပြပေးလိုပါတယ်။ တာယာတွေနဲ့ ပတ်သက်လာရင် လူအများစုက လေပေါင်ပြည့်၊ မပြည့်လောက်သာ စစ်ဆေးလေ့ရှိပြီး ပန်းတွေ သိသိသာသာ ပွန်းစားနေမှသာ အသစ်လဲလှယ်ဖို့ သတိရလေ့ရှိတယ်။ တကယ်တမ်းတော့ တာယာတွေရဲ့ အခြေအနေက ကားရဲ့ ဆီစားနှုန်းကစလို့ ဟိုင်းဝေးမောင်းနှင်နေချိန် အန္တရာယ်ကင်းရှင်းရေးအထိ အကျိုးသက်ရောက်မှု ရှိပါတယ်။ စာဖတ်သူကားမှာ တပ်ဆင်ထားတဲ့ တာယာတွေကို အနည်းဆုံး တစ်လတစ်ခါလောက် စစ်ဆေးကြည့်သင့်ပြီး လိုအပ်တဲ့ ထိန်းသိန်းမှုတွေ လုပ်ပေးသင့်တယ် – ဒါမှသာ သက်တမ်းရှည်ရှည် အသုံးပြုနိုင်မှာဖြစ်သလို ဆီစားနှုန်း၊ အန္တရာယ်ကင်းရှင်းရေး စတာတွေအတွက်လည်း အကျိုးပြုပေးနိုင်ပါလိမ့်မယ်။ ပထမဆုံး တာယာတွေကို လှည့်လည်တပ်ဆင်ခြင်းနဲ့ စလိုက်ရအောင်…

တာယာလဲလှယ်တပ်ဆင်ခြင်းနှင့် တာယာအလိုင်းမင်း

မော်တော်ကားတစ်စီးကို တည်ဆောက်ထားတဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး ကားရှေ့ဘီးနဲ့ နောက်ဘီးတွေအပေါ် မတူညီတဲ့ ဝန်အားတွေ ကျရောက်တယ်။ အကျိုးဆက်အနေနဲ့ တာယာတွေမှာ မတူညီတဲ့ ပွန်းစားမှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် တာယာသက်တမ်းကို ပိုမိုရှည်ကြာစေဖို့ 8,000 km (4,970 မိုင်ဝန်းကျင်) (သို့) 11,000 km (6,835 မိုင်ဝန်းကျင်) မောင်းပြီးတိုင်း ရှေ့နောက် လဲလှယ်ပြောင်းလဲပေးဖို့ လိုပါတယ် – ယေဘုယျ တာယာလဲလှယ်နည်းတွေကို အောက်ကပုံမှာ လေ့လာကြည့်နိုင်တယ်။ ကားမောင်းနေစဉ်မှာ ပုံမှန်မဟုတ်ဘဲ တုန်ခါနေမျိုးတွေ ဖြစ်နေရင် တာယာတွေရဲ့ အနေအထားက မျှခြေမညီတာကြောင့် ဖြစ်နိုင်ပါတယ် – တာယာအပေါက်ဖာပြီးတိုင်း၊ တာယာအသစ်လဲပြီးတိုင်း မောင်းနှင်ရာမှာ အဆင်ပြေမပြေ စစ်ကြည့်ပါ။ ကားတိုင်းလိုလိုမှာ ကြိုတင်သတ်မှတ်ထားတဲ့ အလိုင်းမင်းပုံစံတွေရှိပြီး စာဖတ်သူရဲ့ ကားက အလိုင်းမင်းတည့်မနေရင် မောင်းနှင်ရာမှာ တည်ငြိမ်မှုမရှိသလို သိသာတဲ့ တာယာပွန်းစားမှုတွေ ဖြစ်လာပါလိမ့်မယ် – ဆီစားနှုန်းလည်း ပိုတက်လာပါလိမ့်မယ်။ စတီရာယင်ထိန်းရာမှာ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေနဲ့ ကြုံလာရရင် ကားရဲ့ အလိုင်းမင်းကို ပြန်စစ်ကြည့်ပါ။

တာယာ၏ ပန်းအထူအပါး

တာယာလေပေါင်ကို စစ်ဆေးတဲ့အချိန်တိုင်းမှာ တာယာမှာရှိတဲ့ ပန်းရဲ့ အထူအပါးကိုလည်း စစ်ကြည့်သင့်ပါတယ်။ တာယာမှာပါတဲ့ ပန်းတွေက လမ်းမျက်နှာပြင်ပေါ် စွဲမြဲနေစေဖို့ အလုပ်လုပ်နေတာဖြစ်ပြီး ပန်းပါးလွန်းတဲ့ တာယာတွေက လမ်းချော်ထွက်တာ၊ စလစ်လျှောထွက်တာတွေ ဖြစ်နိုင်တယ် – အထူးသဖြင့် လမ်းတွေ စိုစွတ်နေတဲ့ အခုလို မိုးရာသီမျိုးမှာပါ။ တာယာရဲ့ ပန်းအထူကို တိုင်းတာဖို့ နိုင်ငံခြားမှာ လင်ကွန်းခေါင်းပါတဲ့ အကြွေစေ့ကို သုံးကြ့ပီး တစ်ချို့လူတွေ က မီးခြစ်ဆံ၊ ပေတံ စတာတွေနဲ့ တိုင်းတာကြတယ် – တာယာပန်းကို တိုင်းတာတဲ့ ကိရိယာလေးတွေလည်း ရနိုင်ပြီး စာဖတ်သူအနေနဲ့ ကိုယ်နှစ်သက်တဲ့နည်းနဲ့ တိုင်းကြည့်နိုင်ပါတယ်။ ယေဘုယျအားဖြင့် တာယာအသစ်တစ်လုံးရဲ့ ပန်းအထူက 8mm ဝန်းကျင်ရှိပြီး အသုံးပြု မောင်းနှင်တာကြာလို့ 1.6mm လောက်အထိ ပါးသွားရင် တာယာကို အသစ်လဲလှယ်သင့်ပါပြီ။

တာယာအသစ် လဲလှယ်ခြင်းနှင့် အမျိုးအစား ပြောင်းသုံးခြင်း

စာဖတ်သူအနေနဲ့ စီးနေတဲ့ကားကို ပိုလန်းသွားစေဖို့ တာယာအမျိုးအစားပြောင်းသုံးတာ၊ အသစ်လဲလှယ်တာတွေ ပြုလုပ်လိုပါလိမ့်မယ်။ တာယာတွေကို အသစ်လဲလှယ်တော့မယ်ဆိုရင် ကားနဲ့အတူ တွဲပါတဲ့ Manual စာအုပ်ကိုကြည့်ပြီး အဲဒီ့မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လဲလှယ်သင့်ပါတယ် – ဒါမှမဟုတ် ကျွမ်းကျင်တဲ့ မက္ကင်းနစ် (သို့) အရောင်းပြခန်းက ဆားဗစ်ဝန်ထမ်းတွေနဲ့ တိုင်ပင်သင့်တယ်။ ကားတစ်စီးမှာ တာယာအရွယ်အစား (သို့) အမျိုးအစား ပြောင်းလဲတပ်ဆင်လိုက်တဲ့အခါ ထိန်းကျောင်းမောင်းနှင်မှုအပေါ် အကျိုးသက်ရောက်မှုရှိလာပါတယ်။ ဒါ့အပြင် တာယာအသစ်နဲ့ ကားဘီးအကာတွေ လွတ်မလွတ်၊ တာယာအသစ်ရဲ့ ဝန်ဒဏ်ခံနိုင်အား၊ လေပေါင် စတာတွေကိုလည်း ကားနဲ့ ကိုက်ညီမှုရှိ မရှိ စစ်ဆေးသင့်တယ်။ တာယာအားလုံး မလဲဘဲ တာယာအသစ်နှစ်လုံးပဲ ဝယ်လာတယ်ဆိုရင် နောက်ဘီးတွေကို ဦးစားပေးသင့်ပါတယ် – နောက်ဘီးတွေက မြေစွဲအားမကောင်းရင် လမ်းချော်ပြီး လည်ထွက်သွားနိုင်တာကြောင့်ပါ။ အကောင်းဆုံး ထိန်းချုပ်မောင်းနှင်မှုမျိုးကို လိုချင်တယ်ဆိုရင် ကားဘီးလေးလုံးစလုံးအတွက် တူညီတဲ့ တာယာတွေကို သုံးရမှာပါ။ ကားဘီးတွေအတွက် အမျိုးအစားမတူညီတဲ့ တာယာတွေ သုံးတာမျိုးကို ရေရှည်မလုပ်သင့်ပါဘူး။

တာယာဖိအား

ကားဘီးတွေကို သင့်တော်လျောက်ပတ်တဲ့ တာယာဖိအားမျိုးနဲ့ သုံးတဲ့အခါ ဆီစားနှုန်းသက်သာသလို အန္တရာယ်ကင်းရှင်းပြီး အချိန်ကြာကြာလည်း အသုံးပြုနိုင်ပါလိမ့်မယ်။ လေဖိအားနည်းတဲ့ တာယာက ပွတ်တိုက်မှုတွေ ပိုဖြစ်စေတယ် – အကျိုးဆက်အနေနဲ့ အပူချိန်မြင့်တက်ပြီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်နိုင်သလို တာယာအပြင်ပိုင်းပန်းတွေပါးပြီး ပျက်စီးသွားပါလိမ့်မယ်။ လေဖိအားများလွန်းတဲ့ တာယာက ဆန့်ကျင်ဖက်အတိုင်း အကျိုးသက်ရောက်မှုရှိတယ် – တာယာ အလယ်ပိုင်းဧရိယာသာ လမ်းနဲ့ထိစပ်နေတာကြောင့် မြေစွဲအားနည်းပြီး မတော်တဆဖြစ်နိုင်ချေ ပိုများစေတယ်။ တာယာဖိအား (လေပေါင်) ကို တစ်လတစ်ခါ (သို့) ခရီးရှည်မထွက်ခင် စစ်ဆေးသင့်ပြီး ကားမှာတပ်ဆင်ထားတဲ့ တာယာတွေအပြင် အရံတာယာကိုလည်း စစ်ကြည့်သင့်ပါတယ်။ တာယာဖိအားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ဖို့ ဖိအားတိုင်းကိရိယာ (Gauge) ကို အသုံးပြုနိုင်ပြီး တာယာတွေ အေးနေတဲ့အချိန်မှသာ လေဖိအားကို တိုင်းတာကြည့်သင့်ပါတယ်။ တာယာလေဖိအားကိုတော့ ကားရဲ့ Manual ထဲမှာ လမ်းညွှန်ထားတဲ့အတိုင်း ထားသင့်တယ်။ တာယာဖိအားအပါအဝင် တခြားချို့ယွင်း ချက်တွေကြောင့် ဖြစ်လာတတ်တဲ့ ပွန်းစားမှုတွေကို အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။crd #


copy

215/75 - R 15KENDA ပွိုင့်ကျဲ များ ရောက်ပါပီ
13/03/2018

215/75 - R 15
KENDA ပွိုင့်ကျဲ များ ရောက်ပါပီ

205/70- R15C  5.00 - R 12 ( အုန်း )ရန်ကုန်တာယာများ ထပ်ရောက်ပါပီ
10/03/2018

205/70- R15C
5.00 - R 12 ( အုန်း )
ရန်ကုန်တာယာများ ထပ်ရောက်ပါပီ

ပြည်တွင်းဖြစ် ရန်ကုန်တာယာ ကားလေးဆိုဒ်များ ရနိုင်ပါတယ် 195/ R 15 C205/ 70 R 15c195/ R 14 C185/ 70 R 14 (taxi)165/ R 13C14...
28/02/2018

ပြည်တွင်းဖြစ် ရန်ကုန်တာယာ ကားလေးဆိုဒ်များ ရနိုင်ပါတယ်
195/ R 15 C
205/ 70 R 15c
195/ R 14 C
185/ 70 R 14 (taxi)
165/ R 13C
145/ R 12C
155/ R 12C
500- R 12 (Nylon)(ပန်း) (ချိန်း)

25/01/2018
27/07/2017
185/70- R 14made in thailand price 38000Date -2017
21/05/2017

185/70- R 14
made in thailand
price 38000
Date -2017

Address

ပင်လုံလမ်းမတော်
Kale

Telephone

+959400478053

Website

Alerts

Be the first to know and let us send you an email when ရွှေညီကို - တာယာအရောင်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share