27/12/2024
လွန်ခဲ့တဲ့ နှစ်ပေါင်း 20ကျော်လောက်က သဘာဝလွန်ဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်ဆိုပီး ဒေသခံ တွေကြား နာမည်ကြီးခဲ့တဲ့ ဘုရားကြီးတစ်ဆူပေါ့။ ယုံတဲ့သူရှိသလို မြင်ရတွေ့ရမှ ယုံတဲ့သူ တွေလဲ ရှိတာကြောင့် ဒီဖြစ် ရပ်တွေကိုတွေကိုတော့ မဖော်ပြတော့ဘူးနော်...
ပထမပစ္စယံမှာရှိတဲ့ လှိုဏ်ဂူထဲဝင်ရာက်လေ့လာတဲ့ ပညာရှင်ကြီးများ ထူးဆန်းဖွယ်ရာဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရလို့ နောက်မဝင်တာ့ဘူးလို့ အဆိုရှိခဲ့ဖူးတဲ့ စေတနာကြီး ခေါ် စစ္စနားဘုရား
စေတနာကြီးဘုရားသည် မူလက စည်စနာ (ဂိ့ဝ) ဟိန္ဒူဘုရားကျောင်းဖြစ်ပြီး နားတောင်းများမင်းက စေတီအဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်။ နားတောင်းများမင်းလက်ထက်တွင် ဘုရားအပြီးမသတ်ခဲ့သဖြင့် သားတော် ကျစွာမင်းက ဆက်လက်ပြီးစီးအောင် တည်ခဲ့သည်။ ပန္နက်ပုံမှာ လေးထောင့်ပုံဖြစ်ပြီး အောက်ခြေပန်းတင်ခုံတိုင်း၏ အနားတစ်ဖက်စီတွင် ဆင်ဦးခေါင်းရုပ် ၃၉ရုပ်နှင့် ကလသာအိုး ၄၀ တို့ကို အစီစဉ်တကျ ထည့်သွင်း တန်ဆာဆင်ထားရှိသည်။ ထူးထူးခြားခြား ပစ္စယာ ၄ ဆင့် ရှိပြီး ပစ္စယာအဆင့်တိုင်းမှာရှိတဲ့ အရံစေတီများရဲ့ မုခ်ကဒ်များအတွင်း မတ်တပ်ဆင်းထုတော်များ ရှိသည်။ အနီးတဝိုက်မှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်သောကြောင့် မူလဘွဲ့တော် စေတနာမှာ "ကြီး" တလုံးပိုကာ "စေတနာကြီး" လို့အမည်တွင်ရစ်သည်ဟူ၍ သိရှိရသည်။ စေတနာကြီးဘုရားဟု အမည်ပြောင်းထားသော်လည်း စည်စနာကြီး/ စစ်စနားကြီးဟုသာ ခေါ်နေကြသည်။ စေတနာကြီးဘုရား၏ လေးထောင့် ဓာတ်တော်တိုက်ရှိ အင်္ဂတေ ပန်းတော့လက်ရာနှင့် ဘုရားပတ်လည်ရှိ အင်္ဂတေ ပန်းတော့လက်ရာများကို လေ့လာနိုင်သည်။