KMT ထိုင်းနိုင်ငံအတွင်း ကားအငှားဝန်ဆောင်မူ
0944462051
0618872703
0993219787

နေကောင်းကျန်းမာနေတုန်းက ငါငါနဲ့မကျန်းမမာတော့တဲ့အခါ ဘယ်မှာလဲ ငါ ?ချမ်းသာကြွယ်ဝနေတုန်းက ငါငါနဲ့ဆင်းရဲမွဲတေသွားတဲ့အခါ ဘယ်မှ...
09/01/2024

နေကောင်းကျန်းမာနေတုန်းက ငါငါနဲ့
မကျန်းမမာတော့တဲ့အခါ
ဘယ်မှာလဲ ငါ ?

ချမ်းသာကြွယ်ဝနေတုန်းက ငါငါနဲ့
ဆင်းရဲမွဲတေသွားတဲ့အခါ
ဘယ်မှာလဲ ငါ ?

အောင်မြင်မှုတွေရနေတုန်းက ငါငါနဲ့
ကျရှုံးလဲပြိုသွားတဲ့အခါ
ဘယ်မှာလဲ ငါ ?

လိုချင်တာတွေရနေတုန်းက ငါငါနဲ့
မလိုချင်တာတွေရသွားတဲ့အခါ
ဘယ်မှာလဲ ငါ ?

နုပျိုလှပငယ်ရွယ်စဉ်တုန်းက ငါငါနဲ့
အိုမင်းရင့်ရော်သွားတဲ့အခါ
ဘယ်မှာလဲ ငါ ?

နာမည်ရှိနေတုန်းကတော့ ငါငါနဲ့
နာမည်မရှိတော့တဲ့အခါ
ဘယ်မှာလဲ ငါ ?

အာဏာပါဝါတွေနဲ့ကျော်ကြားနေတုန်းက ငါငါနဲ့
အာဏာပါဝါတွေမရှိတော့တဲ့အခါ
ဘယ်မှာလဲ ငါ ?

လုပ်နိုင် လှုပ်နိုင် ကိုင်နိုင်နေတုန်းက ငါငါနဲ့
မလုပ်နိုင် မလှုပ်နိုင် မကိုင်နိုင်တော့တဲ့အခါ
ဘယ်မှာလဲ ငါ ?
မသေခင်တုန်းက ငါငါနဲ့
သေဆုံးပျောက်ကွယ်သွားတဲ့အခါ
ဘယ်မှာလဲ ငါ ?
တကယ်တော့
" ငါဆိုတာ တဒင်္ဂခဏလေးရယ်ပါ " ။

ခုနှစ်ရက်သားသမီး များ ကျန်းမာချမ်းသာကြပါစေ.....
03/01/2024

ခုနှစ်ရက်သားသမီး များ ကျန်းမာချမ်းသာကြပါစေ.....

29/12/2023
အရမ်းကောင်းလို့.(ဖတ်စေချင်)"ကိုယ်ကိုယ်ကိုဆုံးမခြင်း''~~~~~~~~~~~~~~~~~~~~~~~~~~~အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အ...
18/12/2023

အရမ်းကောင်းလို့.(ဖတ်စေချင်)

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ်မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

....မူရင်း

အားသန်ရာ ကျွမ်းကျင်ရာ နယ်ပယ်မတူတာကို လူတစ်ချို့က အခွင့်ကောင်းယူချင်တတ်ကြတယ်အထင်သေးချင်ကြတယ် နှိမ်ချချင်ကြတယ်လူတစ်ချို့အတ...
17/12/2023

အားသန်ရာ ကျွမ်းကျင်ရာ နယ်ပယ်မတူတာကို
လူတစ်ချို့က အခွင့်ကောင်းယူချင်တတ်ကြတယ်
အထင်သေးချင်ကြတယ် နှိမ်ချချင်ကြတယ်

လူတစ်ချို့အတွက် လူတစ်ချို့ဟာ သူတို့ရဲ့နင်းစရာ လှေခါးထစ်တွေလို့မြင်ကြတယ်

လူတစ်ချို့က ဆွဲမထူဖို့ ကမ်းပေးတဲ့လက်တွေ
လိုအပ်နေပေမယ့်
တွန်းချမယ့်လက်တွေနဲ့ ဆွဲချမယ့်လက်တွေပဲကြုံနေကြရတယ်

ရေနစ်နေသူက ကူကယ်ရာအထင်နဲ့ ကောက်ရိုးမျှင်ကိုဆွဲပေမယ့် ကိုယ်ကိုရစ်ပတ်ချုပ်နှောင်မယ့် ပိုက်ကွန်ဖြစ်နေပြန်တယ်

မြေနိမ့်ရာ လှံစိုက်တဲ့ခေတ်မဟုတ်တော့ဘူး
မြေနိမ့်ရာ အမှိုက်ပုံတဲ့ခေတ် သေးပေါက်တဲ့ခေတ် မိလ္လာသွန်တဲ့ခေတ်

အဲ့ဒီတော့ကာ

ဗုဒ္ဓမြတ်စွာ ဟောခဲ့တဲ့အတိုင်း

အတ္တာဟိ အတ္တနော နာထောပေါ့
ဘာပဲလုပ်လုပ် ကိုယ့်လုပ်နိုင်စွမ်းထဲမှာပဲလုပ်ပါ

လုပ်နိုင်စွမ်းထက်ကျော်ပြီးလုပ်မိရင် ကူဖို့ လူရှာရလိမ့်မယ် ရှာတွေ့တဲ့သူက ကူမှာလား တွန်းလှဲမှာလား
သူ့စိတ်ထဲမှာပဲရှိတာလေ

crd
မေတ္တာဖြင်ပြန် လည် မျှဝေပါသည်။

အသက်လေးရလာတာနဲ့အမျှအသိလေးတွေတမျိုးပြောင်းလာတယ်။တစ်နေ့ထက်တစ်နေ့ တစ်နှစ်ထက်တစ်နှစ်အတွေးတွေအသိတွေအမြင်တွေပြောင်းလဲလာတဲ့အခါ....
15/12/2023

အသက်လေးရလာတာနဲ့အမျှ
အသိလေးတွေတမျိုးပြောင်းလာတယ်။
တစ်နေ့ထက်တစ်နေ့ တစ်နှစ်ထက်တစ်နှစ်
အတွေးတွေအသိတွေအမြင်တွေ
ပြောင်းလဲလာတဲ့အခါ.
အရင်ကလောက်စိတ်မဆင်းရဲရတော့တာကို
တွေ့လာရတယ်...။

ဒီနေ့ခွင့်မလွှတ်နိုင်ပေမဲ့
မနက်ဖြန်ကျတော့ခွင့်လွှတ်နိုင်လာတယ်။

တဖြေးဖြေးနဲ့
ကောင်းတဲ့ဘက်ကိုပြောင်းလဲသွားတဲ့အခါ
စိတ်ချမ်းသာရတယ်..။

ချစ်တာကိုပဲလိုချင်တဲ့သူတွေကများတယ်နော်။
အချစ်ခံချင်တဲ့ရောဂါကကိုယ့်မှာလည်းရှိတာပဲ။
ဒါပေမဲ့...အချစ်မခံရလည်းဘာအရေးမှမကြီးဘူး။
ချစ်ကြသည်ဖြစ်စေမုန်းကြသည်ဖြစ်စေ..။
ရေရှည်မှာတကယ်စိတ်ချမ်းသာတဲ့
လမ်းကိုပဲရွေးဖြစ်တော့တယ်...။

စကားတွေအများကြီးပြောပြီးမှရလာမဲ့
အခွင့်အရေးဆို ဘာမှမယူချင်တော့ဘူး..။
တစ်ယောက်တည်းနေလိုက်တာ
စိတ်ချမ်းသာမှုအစစ်မှန်ပဲလေ။

သူသာငါ့အပေါ်ကောင်းရင်
ငါစိတ်ချမ်းသာရမှာ
သူသာငါ့အပေါ်သိတတ်ရင်
ငါပင်ပန်းရကျိူးသိပ်နပ်မှာ..။
သူသာငါကောင်းခဲ့တဲ့ကောင်းကွက်လေးတွေကို
မြင်နိုင်စွမ်းရှိရင်..ငါ့အပေါ်ရက်စက်မှာမဟုတ်ဘူးဆိုတဲ့
အတ္တအတွေးလေးတွေနဲ့
တချိန်တုန်းကနေထိုင်ရှင်သန်ခဲ့တဲ့သူပါ။

အသက်လေးရလာတော့
အသိလေးတမျိုးပြောင်းသွားတယ်။
သိတတ်တတ်မသိတတ်တတ်..
မငြိကပ်ရမှာကိုယ့်အပိုင်းဆိုတာသိလာတယ်..။
သူကောင်းကောင်းမကောင်းကောင်း
ကိုယ်ကောင်းရမှာကိုယ့်အကြောင်းဆိုတာသိလာတယ်။
ကောင်းကွက်မြင်မြင်မမြင်မြင်
ကိုယ့်စိတ်ကောင်းလေးကသာ
ကိုယ့်ကိုယ်ပျော်အောင်စိတ်ချမ်းသာအောင်
ထားနိုင်တဲ့အရှင်သခင်ဆိုတာကိုသိနားလည်လာတယ်။

ဒါကြောင့်
ဘယ်သူကဘယ်သူ့ကိုချစ်ချစ်
ကိုယ့်မှာစစ်မှန်တဲ့စိတ်ချမ်းသာမှုစစ်စစ်တွေ
ပိုများပြီးတိုးပွားနေဖို့ပဲအရေးကြီးပါတယ်..။
ဒါမှကိုယ့်စိတ်ချမ်းသာမှုက
ဘယ်သူ့အပေါ်မှာမှ မူမတည်မှာ..။

လောကမှာနေတတ်ရင်ကျေနပ်စရာကြီးပါ။
တကယ်နေတတ်ဖို့တော့ကြိုးစားရတာပေါ့နော်။

အလကားလူ မဖြစ်စေနဲ့ ကိုယ့်မှာ အားနည်းချက်ရှိရင်     သူတစ်ပါး ပျော့ကွက်ကို      ချမနင်းဘဲ နေတတ်ရမယ်။ ကိုယ့်မှာခံနိုင်ရည် မ...
13/12/2023

အလကားလူ မဖြစ်စေနဲ့

ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ်။
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်....။
ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်.....။
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....။
လေးစားစွာဖြင့်....

ပန်းပျိုးလက်(ရသစာပေ)
Crd

" ဘဝဆိုတာ ဖိ နပ် တစ် ရံ လိုပါ ပဲ "   လိုချင်တာတွေ များနေရင်   ရင်မောရတတ်တယ်...   ဖြစ်ချင်တာတွေ များနေရင်   စိုးရိမ်ရတတ်တ...
08/12/2023

" ဘဝဆိုတာ ဖိ နပ် တစ် ရံ လိုပါ ပဲ "

လိုချင်တာတွေ များနေရင်
ရင်မောရတတ်တယ်...

ဖြစ်ချင်တာတွေ များနေရင်
စိုးရိမ်ရတတ်တယ်...

မျှော်လင့်တာတွေ များနေရင်
ပူပန်ရတတ်တယ်...

မလိုအပ်တဲ့ အရာကိုလည်း
မခင်တွယ်မိစေနဲ့...

စိုးရိမ်သောကတွေကိုလည်း
လိုတာထပ် မပိုနဲ့...

မဖြစ်သေးတဲ့ ကိစ္စကို
တွေးပြီး သောက မရောက်ပါနဲ့...

လောကဓံဆိုတာ
မလိုချင်တာတွေလည်း
ရလာတတ်တယ်...

မဖြစ်ချင်တာတွေလည်း
ဖြစ်လာတတ်တယ်...

မမျှော်လင့်တာတွေလည်း
ကြုံရတတ်တယ်...

ကိုယ်လိုချင်တာ မရလို့
စိတ်ညစ်မနေပါနဲ့...

ကိုယ်မလိုချင်တာ ရလို့
စိတ်ညစ်တဲ့လူတွေဆိုတာ
ဒီလောကကြီး (ဘဝကြီး)ကို
အရှုံးပေးနေကြတဲ့သူတွေပါပဲ...

အတိတ်ကရတဲ့ နာကျင်မှုကို
မေ့လိုက်ပါ...

ဒါပေမဲ့
အဲ့ဒီကနေရတဲ့ သင်ခန်းစာကို
ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့...

ရင့်ကျက်မှုတွေ ရဖို့
မျက်ရည်တွေနဲ့ ရင်းရမယ်...

ခွင့်လွှတ်တတ်မှုတွေ ရဖို့
သည်းခံစိတ်တွေ မွေးထားရမယ်..

နားလည်ပေးနိုင်ဖို့
ကိုယ့်ဒေါသတွေ လျှော့ထားရမယ်...

အဆင်ပြေပြေနေသွားဖို့
ကိုယ်ဖြစ်ချင်တာတွေ
စွန့်လွှတ်တတ်ရမယ်...

လူ့ဘဝ လူ့သက်တမ်းဆိုတာက
ဖိနပ်တစ်ရံလိုပါပဲ...

အချိန်ကြာလာတာနဲ့အမျှ
မြေကြီးက တိုက်စား၊
ကျောက်ခဲက တိုက်စားနဲ့၊
ပါးသထက် ပါး၊
ဆွေးမြေ့သထက် ဆွေးမြေ့ကုန်ရတာပေါ့၊

ဒီလို့ပါပဲ
ကျွန်တော်တို့ လူ့ဘဝဆိုတာလည်း
ရုပ်ဝတ္ထုတွေနောက် လိုက်ရင်း၊
အပျော်အပါးတွေနောက် လျှောက်ရင်း၊
ပင်ပန်းနွမ်းနယ်ကုန်ကြရပြီပေါ့...

ဘဝဟာ တိုတိုလေးပါ
အမုန်းတရားတွေနဲ့ အချိန်ကုန်မခံပါနဲ့...

လောကဓံဆိုတာ
လူတိုင်း ကြုံရတတ်တာပါပဲ...

အောင်မြင်လိုက်
ရှုံးနိမ့်လိုက်ပေါ့

ဘယ်သူမှ တသမတ်တည်း
မရှိနိုင်ပါဘူး...

ဒါကိုပဲ ဘဝလို့
သတ်မှတ်ကြတာပဲမဟုတ်လား...

ဘဝရဲ့တခဏကို
ထာဝရလို့ မထင်လိုက်ပါနဲ့....။

တစ်ချို့နာကျင်မှုတွေကို
အလွန်ပင်ဆင်းရဲကြီးပါလားလို့
မထင်လိုက်ပါနဲ့...။

တစ်ချို့ပျော်ရွှင်မှုတွေကိုလည်း
တကယ့်ပျော်ရွှင်မှု
အစစ်ကြီးလို့ မထင်လိုက်ပါနဲ့...။

Lovely
With by Original Uploader.
ငါ့ဘဝ ငါရှိတယ်

ယနေ့အကြိုက်ဆုံးဥပမာ.သိပ်ကောင်းတဲ့စာတပုဒ်မို့ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"💓👨‍💼💓👨‍💼💓👨‍💼💓👨‍💼💓👨‍💼ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ်...
07/12/2023

ယနေ့အကြိုက်ဆုံးဥပမာ.
သိပ်ကောင်းတဲ့စာတပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"
💓👨‍💼💓👨‍💼💓👨‍💼💓👨‍💼💓👨‍💼

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ်
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ဖြစ်လာတာ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."

ထိုင်းနိုင်ငံ နေရာအနှံ့ ကား အငှားဝန်ဆောင်မှု့ စျေးနှုန်းချိုသာစွာ ငှားရမ်းနိုင်ပါသည်။ နေရာရောက် ငွေချေစနစ်ဖြင့် ဝန်ဆောင်...
07/12/2023

ထိုင်းနိုင်ငံ နေရာအနှံ့ ကား အငှားဝန်ဆောင်မှု့ စျေးနှုန်းချိုသာစွာ ငှားရမ်းနိုင်ပါသည်။
နေရာရောက် ငွေချေစနစ်ဖြင့် ဝန်ဆောင်ပေးပါသည်။chatbox ကလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်....
ဆက်သွယ်ရန်👇👇

# # 0618872703

# #0993219787

# #0944462051

ที่อยู่

68 Highway 331 Frontage Rd, Tambon Tha Bunmi, Amphoe Ko Chan, Chang Wat
Chon Buri
20240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KMTผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์