WK Car Sales Centre Page

WK Car Sales Centre Page Welcome to WK Car Sales Centre!!! Thank you for visiting our page.

We specialize in locating the vehicle of your choice, this process allows the customer to purchase the car or taxi or truck they desire.

WKmoney changer ( စမ်းချောင်း )ကိုဗားကရာလမ်းမကြီးပေါ်  ဓမ္မရုံလမ်းထောင့်  ဂမုန်းပွင့်ကုန်တိုက်အရှေ့  မခင်အေး စတိုးဆိုင်ဘ...
25/04/2026

WKmoney changer ( စမ်းချောင်း )ကို

ဗားကရာလမ်းမကြီးပေါ် ဓမ္မရုံလမ်းထောင့်
ဂမုန်းပွင့်ကုန်တိုက်အရှေ့ မခင်အေး စတိုးဆိုင်ဘေးတွင်
ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်။

09773880880

LotusElise REngland Made Coupe Whole Body carbon FiberManual 6 SpeedConvertible RoofLotus Elise RFirst Owner YGN / 2N- *...
09/07/2024

Lotus
Elise R
England Made Coupe
Whole Body carbon Fiber
Manual 6 Speed
Convertible Roof
Lotus Elise R
First Owner
YGN / 2N- **88
Price on request

ဆက်သွယ်ရန်
09799957116

အတိုက်အခိုက် ကင်းရှင်းပါသည်။
အမည်ပေါက်ကိုယ်တိုင် တင်သွင်းထားခြင်းဖြစ်ပါသည်။

BMW X6    Maker - BMWModel – X6Year - 2008Displacement – 3000cc  X-Drive35iFuel - GasolineTransmission - AT mechanical g...
09/07/2024

BMW X6

Maker - BMW
Model – X6
Year - 2008
Displacement – 3000cc X-Drive35i
Fuel - Gasoline
Transmission - AT mechanical gear
( 6 Speed Auto With Steptronic and shift paddles )
Color – White
Number Plate - 2N/9*99
License - YGN
Price – on request

ဆက်သွယ်ရန်
09799957116

First Owner
ကိုယ်တိုင်တင်သွင်းထားသော ကားဖြစ်ပါသည်။
လိုင်စင်/ကား အရှုပ်အရှင်း တာဝန်ယူပါသည်။

==========================

Sport Type အနေနဲ့ရော
SUV Wagon အနေနဲ့ပါ သုံးလို့ ရတယ်။

မတ်ဆောက်တဲ့
တောင်တက်တောင်ဆင်းတွေအတွက်
function တွေ ပါတယ်။

🚜Off-Roader တွေအတွက်
-Luxury 4WDs,
🏎Sport သမားတွေအတွက်
- Sport Activity Coupe (SAC)
ပေါင်းစပ်ထားတာကြောင့်
လမ်းအကြမ်း လမ်းအချော
နှစ်မျိုးလုံးအတွက် အဆင်ပြေတယ်။

ဟိုင်းဝေးမှာလဲ လုံခြုံမှုအပြည့် ရှိ
မောင်းရတာလဲ ယုံကြည်မှုအပြည့် ရစေမှာပါ။

SUV ကားတွေထဲမှာ
Handling အရမ်းကောင်းပြီး
Safety အဖြစ်ဆုံး၊ ရုပ်ထွက်အကြွဆုံး
ကားလေးတစ်စီးကို ညွှန်းပါဆိုရင်
အကောင်ထွားထွား BMW X6 ကို
ညွှန်းရပါလိမ့်မယ်။

Auto Gear အပြင်
Manual Mode ကို
Sport type (S) or
Drive Mode (M) နဲ့ပါ
နှစ်မျိုး ထပ်ပါ ပါတယ်။

paddle shift မှာရော
gear k**b မှာပါ
ဂီယာ ၆ ချက်ထိ
စိတ်ကြိုက် ပြောင်းလို့ရပါတယ်။

Gear ကလဲ
6 speed AT mechanical gear Shift K**b နဲ့မို့
သမာရိုးကျ အော်တိုဂီယာ မြင်ကွင်းတွေကနေ
ဆန်းသစ်တဲ့ စိတ်ခံစားမှုကို ရရှိစေမှာပါ8

WK နိုင်ငံခြားငွေလဲကောင်တာ ( စမ်းချောင်း )ကိုဗားကရာလမ်းမကြီးပေါ်မြေနီကုန်းတံတားအနီး၊ ဒဂုံစင်တာ မီးပွိုင့်အနီးတွင်ပြောင်း...
25/03/2023

WK နိုင်ငံခြားငွေလဲကောင်တာ ( စမ်းချောင်း )ကို
ဗားကရာလမ်းမကြီးပေါ်
မြေနီကုန်းတံတားအနီး၊ ဒဂုံစင်တာ မီးပွိုင့်အနီးတွင်
ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်။

09773880880

ဆိုင်ဘေးတွင် ကားရပ်နိုင်ပါသည်။
ပဒုမ္မာပန်းခြံဘေးတွင်လဲ ကားရပ်နားကွင်း ရှိပါသည်။

Tesla
17/03/2023

Tesla

23/09/2022
Senior Accountant မ (၁) ဦးအင်းစိန် ခဝဲခြံအနီးရှိ WK Automechanic Workshop တွင်တာဝန်ထမ်းဆောင်ရန် Senior Accountant မ (၁) ...
29/07/2022

Senior Accountant မ (၁) ဦး

အင်းစိန် ခဝဲခြံအနီးရှိ
WK Automechanic Workshop တွင်
တာဝန်ထမ်းဆောင်ရန် Senior Accountant မ (၁) ဦး ခေါ်ယူနေပါသည်။

လျှောက်ထားလိုသူသည်

၁။ LCCI Level 3 အနည်းဆုံးအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ Financial Reporting ကျွမ်းကျင်ပိုင်နိုင်စွာရေးဆွဲနိုင်သူဖြစ်ရမည်။
၃။ Senior Accountant (Excel For Accounting)
လုပ်သက်အနည်းဆုံး (၃)နှစ်နှင့်အထက်ရှိထားပြီးသူဖြစ်ရမည်။
၄။ အသက်(၂၅) နှစ်နှင့်အထက် ဖြစ်ပြီး
အင်းစိန် အနီးတဝိုက်တွင် နေထိုင်သူ ဖြစ်ရပါမည်။
၅။ လချုပ်၊ နှစ်ချုပ်၊ ပေးရန်၊ ရရန်၊ လစဉ် လက်ကျန် stock တန်ဖိုး
တွက်ချက် တင်ပြနိုင်သူဖြစ်ရပါမည်။

#လစာညှိနှိုင်း

ဆက်သွယ်ရန်

မိမိ၏ CV တွင် မျှော်မှန်းလစာ နှင့် လုပ်ငန်းအတွေ့အကြံုကို
ပြည့်စုံစွာဖော်ပြ၍
Viber No. 09420191919 သို့
စာဖြင့်သာ ပေးပို့ လျှောက်ထားပေးပါ။
( ဖုန်းပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိပါ။ )

ထိုင်းမှာ ကားဝယ် မဲ့သူများအတွက်ထိုင်းမှာကားဝယ်တဲ့အခါ အမျိုးသမီးတွေအတွက် ကားအမျိုးအစားမရွေး အဆင်ပြေပေမဲ့ အမျိုးသားအများစု...
23/07/2022

ထိုင်းမှာ ကားဝယ် မဲ့သူများအတွက်

ထိုင်းမှာကားဝယ်တဲ့အခါ အမျိုးသမီးတွေအတွက် ကားအမျိုးအစားမရွေး အဆင်ပြေပေမဲ့ အမျိုးသားအများစုအတွက် မိမိနဲ့လိုက်ဖက်မယ့်ကားကို ရွေးချယ်ဝယ်ယူတတ်ဖို့ အရမ်းအရေးကြီးပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်လမ်းမများထက်မှာ ကား အကောင်းစားများကို တွေ့ရင် ထိုင်းတို့ လမ်းဖယ်ပေးကြပါတယ် ။
ကားကောင်းကောင်းက မိမိ အနောက်က ကပ်လိုက်လာပြီဆိုရင် အလိုအလျောက် လမ်းဖယ် ပေးဖို့ သူတို့ဝန်မလေးကြပါဘူး။

တချို့ဆို သူတို့ လမ်းဖယ်ပေးလိုက်တဲ့ ကားကိုတောင် ဓါတ်ပုံရိုက်ကြတဲ့သူတွေ၊ ငမ်းကြတဲ့သူတွေ တောင် ရှိကြပါတယ်။ ထိုင်းတို့ရဲ့ စိတ်နေစိတ်ထားကိုယ်က မိမိထက်ငွေကြေးဓန သာလွန်တဲ့သူ ၊ ရာထူးကြီးတဲ့သူ တို့ကိုတုပြိုင် ဖို့ စိတ်ကူးမရှိကြပါဘူး။

ယိုးဒယားကျနော့မိတ်ဆွေတစ်ယောက်ဆိုရင် အခု Lamborghini , Ferrari , bugatti car စတဲ့ ကားမောင်း လာတဲ့သူက လူကြီးသားသမီးတစ်ယောက်ဖြစ်နိုင်သလို ၊ မိမိထက် ငွေကြေးတတ်နိုင် သူလည်းဖြစ်နိုင် တဲ့အတွက် ပြဿနာ အကျယ်ကျယ်မဖြစ်ချင်ကြောင်း ၎င်းရဲ့ခံယူချက်ကို ပြောဖူးပါတယ်။

ဒါကြောင့် ငွေကြေးတတ်နိုင်ရင်တော့ ကားကောင်းကောင်း ဝယ်စီးစေချင်ပါတယ်။
Super Car တွေ စီးတဲ့သူဆိုရင်တော့ ထိုင်းနိုင်ငံမှာ Shopping Mall တွေမှာ Super Car တွေရပ်ဖို့ သီးသန့် နေရာတွေတောင် စီစဉ်ပေးထားပါတယ်။ ဒါက တန်ဖိုးကြီး ကားတွေအတွက် အထူးပသားပေးတာပေါ့။ ညဘက် Restaurants , Bar တွေသွားတဲ့အခါ သူတို့ရဲ့ ဆိုင်ရှေ့မှာ Super car တွေကို ရပ်ခိုင်းကြပါတယ်။ တက္ကစီ နဲ့ Eco car တွေဆိုရင်တော့ အများနည်းတူ ဆိုင်ရဲ့ ကားပါ ကင်ထဲကို အကြည့်လွတ်အောင် မောင်းသွင်းခိုင်းလေ့ရှိပါတယ်။

🔶 Pick up Truck , Toyota Commuter

စတဲ့ လုပ်ငန်းသုံးယာဉ်တွေကျတော့ အပေါ်က ကားအကောင်း အစားတွေနဲ့အတူ ပြောင်း ပြန်အချိုးကြပါတယ်။ လမ်းကြောင်းပြောင်းရခက်သလို အိမ်စီးကားတော်တော်များများက လမ်းပေးလေ့ သိပ်မရှိပါဘူး။ ဒါကြောင့် ကိုစိုင်းဆီက ယ ကားဆရာတွေ လမ်းကြောင်းပြောင်းရင် စီးကိုအရင်နင်း signal ဖွင့်ပြီးမှ လမ်းကိုတန်းကူးကြရပါတယ်။ သူတို့လမ်းအပေးစောင့်ရင်တော့ မိုးချုပ်သွားနိုင်ပါတယ်။

ထိုင်းနိုင်ငံသား အများစုဟာ ကားဝယ်တဲ့အခါမှာ အရမ်းကို sensitive ဖြစ်ပါတယ်။
ထိုင်းနယ်မြို့တွေမှာ ဆိုရင် “ကျိကုန်းဘန်းနော့” လို့ခေါ်တဲ့ တောသူဌေးတွေကတော့ Pick Up , Pajero , Fortuner ,Isuzu စသဖြင့်အမြင့်ကားတွေကို ကြိုက် ကြ အသုံးပြုကြပါတယ်။ အဲဒီ ကားတွေ ဘန်ကောက် ရောက်တဲ့အခါမှာတော့ ဘောင်မဝင်တော့ပါဘူး။ စီးပွါးရေးကိစ္စ ဘာညာ အချိန်းအချက်လုပ်တဲ့အခါမှာ မိမိနောက်ကွယ်မှာ ကျိကုန်းဘန်းနော့ ( တောသူဌေး) လို့ ဝေဖန်တတ်တာကိုသတိပြုရမှာပါ။

🔶Toyota Yaris ,Honda Jazz, Pick up Truck

စသဖြင့် Eco ကားတွေနဲ့ Pick Up Truck ကားတွေ စီူတဲ့လူကျတော့ စစ်ဆေးရေး ဂိတ်ဖြတ်တိုင်း ၊ Surprise Charge ရှောင်တစ်ခင် စစ်ဆေးခြင်းများ ရဲတွေနဲ့ကြုံရတဲ့အခါ မိမိတို့ အသုံးပြုတဲ့ကားအပေါ်မူတည်ပြီး စစ်ဆေးခံရပါတယ်။
ထိုင်းမှာ မဟုတ်တာလုပ်တဲ့ ဆေးမှု၊ ဆေးသယ်တဲ့ကားတွေအများစုက ယာယီနံပါတ်အနီ နဲ့ အပေါ် က City ကားတွေကို အသုံးပြုတာများတဲ့အတွက်အချိုး ချလိုက်ရင် ရဲတွေရဲ့အမြင်စောင်းခြင်း ကိုခံရပါတယ်။
( ကိုယ်ကောင်းရင်တော့ ခေါင်းဘယ်မှာမရွေ့ ပါဘူး ၊ သို့ပေမဲ့ အလုပ်ရှုပ်ပြီး အချိန်ကုန်ပါတယ်။ )

ဒီနေရာမှာ ကားကောင်းကောင်းစီးတဲ့သူကျတော့ ဂိတ်တွေဖြတ်တိုင်း အဆင်ပြေတာကို သတိပြုမိပါတယ်။

🔶 Yaris ,HR V, City ,Honda Jazz

ဒီလို City Car ကားမျိုးတွေက ရေချိုးခန်းက ခလေးမတွေ စီးများ ကြပါတယ်။ အမျိုးသားလူငယ်တွေစီးရင် ရဲတွေအထင်မှားတတ်ပါတယ်။ ( ခါးခိုင် ရာ ဆေးရောင်းသမားလို့ထင်ကြပါတယ် )

🔶Pajero ,Fortuner ,Isuzu

ဒီကားတွေကို ( ကျိကုန်းဘန်းနော့ ) နဲ့ ရဲ အရာရှိများစီးတာများပါတယ်။ တော်ရုံတန်ရုံ ဆေးရောင်းတဲ့အိမ် ရှေ့မှာ ဒီကားတွေလာရပ်ရင် ချက်ခြင်း ပြေးကြတာများပါတယ်။

🔶 Honda Accord ကျတော့ အာစီယာ / လို့ခေါ်တဲ့ ထိုင်းက ဘောစိ အသစ်လေးတွေ အစီးများကြပါတယ်။

🔶 Honda CR V ကျတော့ ဝန်ထမ်း / မန်နေဂျာ / အရာရှိ စသဖြင့်မိသားစုနဲ့ ခရီးထွက်လို့အဆင်ပြေ All in One အသုံးပြုဖို့ မိသားစုသိပ်မများတဲ့ သူတွေ စီးလေ့ရှိပါတယ်။

🔶 Camry ကားအများစုဟာ လေဆိပ်မှာ Limousine ဈေးကွက်ကားတွေနဲ့ တူလို့ ထိုင်း တို့သိပ် မစီးကြပါဘူး။ Camry က ဈေးနှုန်းအမျိုးအစားအလိုက်ပေါ်မူတည် ပြီး အဆင့်အတန်းများစွာနဲ့ ကားထုတ်တဲ့အတွက် Fair ဖြစ်တယ်လို့ ထိုင်းတို့မယူကြပါဘူး။

( ဇိမ်ခံကားဝယ်မယ်ဆို Camry ကိုထိုင်းတွေက ရှောင်ကြပါတယ်။ လုပ်ငန်းသုံးဆို ရင်တော့အထူးအဆင် ပြေပါတယ်။)

🔶 Taxi နဲ့တူသောကား

မီးပွိုင့်မှာ ကားချင်းယှဉ်ရပ်တဲ့အခါ တက္ကစီ နဲ့ မိမိ တန်ဖိုးထားစီးရတဲ့ ကားတစ်ထပ်တည်းကျနေတာကို ထိုင်း တို့ လုံးဝ ( လုံးဝ ) မကြိုက်ပါဘူး ။

ဒါကြောင့် ၎င်းတို့ အိမ်စီးကားဝယ်ရင် Taxi အဆွဲများတဲ့ ကားတွေရှာင်ကြပါတယ်။ အကယ်၍ မိမိက တက္ကစီ ကားတွေကို အိမ်စီးကားလုပ်ထား ရင်တော့ ဘောင်မဝင်ပါဘူး။ ဒါတော့ သိဖို့ပါ။

🔶ထိုင်း အမျိုးသားအများစုဟာ ကားအသေးတွေ မစီးကြပါဘူး။

ထိုင်းက ငွေကြေးအသင့်အတင့်သုံးနိုင်တဲ့ အမျိုးသားတွေဟာ ကားအသေးတွေဖြစ်တဲ့ Honda Jazz , Yaris , City ,Belta စသဖြင့် City car တွေကို မ စီးကြပါဘူး။ ( ကလေးကျောင်းပို့ကျောင်းကြိုလောက်တော့ မဖြစ်မနေ တွင်တွင်ကျယ်ကျယ်သုံးတာ မြင်ဖူးပါတယ်။ )

🔶နံပါတ် အလှများ

ထိုင်း လူမျိုးများဟာ နံပါတ်ကစား ကြပါတယ်။ ၎င်းတို့ရဲ့နံပါတ် အလှကို ကားရောင်းတဲ့အခါမှာ တခါတည်းထည့်မပေးတတ်ကြပါဘူး ။
တစ်ချို့ကား နံပါတ်တွေဆိုရင်ဘတ် 1 သန်းလောက်အထိပေါက်ဈေး လည်းရှိပါတယ်။ ထိုင်း လူမျိုးတွေက နံပါတ် ပေါင်းခြင်း ၉ ကိုနှစ်သက်ကြပြီး ထိုင်းနွယ် ဖွားတရုတ် တွေကျတော့ နံပါတ် 8 “ ဟိန်း ဟိန်း “ လာဘ်လာဘ များတယ်လို့ နှစ်သက်ကြပြီး ၊ နံပါတ်ပေါင်းခြင်း ၄ ကိုတော့ “ ဆီ “အဓိပ္ပါယ် အားဖြင့် သေတယ်လို့ ယူဆကြလို့ နံပါတ် 4 ကိုမနှစ်သက်တတ်ကြပါဘူး။

ထိုင်း လူမျိုးတွေက BMW ကို Series ( စီးလီး လ လတ် လန်း ) ထိုင်းလို အခေါ်ဖြင့် ကားဈေးနှုန်းကို တွက်ချက်ကြပါတယ်။

BMW Series 3 ဆိုကြပါစို့။

ဘတ် 1 သန်း x series 3 = ဘတ် 3 သန်း
BMW Series 3 ကို ဘတ် ၃ သန်း စသဖြင့် အလွယ်မှတ်ကြပါတယ် ။

🔶series 5 X 5 = 5 သန်း

🔶series -7 လန်း စသဖြင့်တွက်ချက်ကြပါတယ်။

🔶 Mercedes & BMW , Porshce တို့ကို တော်ရုံပိုက်ဆံတတ်နိုင်တဲ့သူတွေက အတွေးမတူသလို တာဝန် လည်းသိပ်မယူနိုင်ကြတဲ့သူတွေကမစီးကြပါဘူး။ ထိုင်းအများစုကတော့ Toyota,Honda ,Mitsubishi, Super-roof ,Nissan ,MG ,Harval စတဲ့စျေးသက်သာတဲ့ကားအတော်များများကိုနှစ်သက်ကြပါတယ်။

Mercedes & BMW , Porshce ဘရိတ်တခါလဲရင် ဘတ် ၈ သောင်းကျော် အောက်ပိုင်း လဲရင် ဘတ် ၁ သိန်းကျော် လောက်ကုန်တဲ့အတွက် တကယ်ငွေကြေးတတ်နိုင်တဲ့သူတွေသာ ဝယ်စီးကြတာပါ။

Mercedes & BMW နဲ့ Grade တူတာဘေးတွေ ကတော့

🔶BMW Series-3 က Mercedes ဆိုရင် C-Lass နဲ့အတူတူပါပဲ

🔶 BMW Series - 5 သူက Mercedes E Class Weight အတူတူ ဘော်ဒီပါတူပါတယ်။

🔶BMW Series -7 , 9 ကတော့ Mercedes S class နဲ့တူပါတယ်။

🔶 BM-3M series တွေက - Mercedes Benz 4 Couple နဲ့ တူပါတယ် ။

🔶 Mercedes 4 Matic နှင့် BMW - X6 ကအတူတူပဲမို့ ကြိုက်နှစ်သက်ရာရွေးချယ်လို့ရပါတယ်။

🔶 Toyota

စူငိုက်ခိုင်ခေါင်း - ရောင်း / ဝယ် လွယ် Toyota ကား၊ ဈေးကွက်ကားတွေကို ထိုင်းက လူအတော်တော် များများကြိုက်ကြပါတယ်။ လူပြိန်း ဈေးကွက်အကြိုက်ကတော့ထိုင်းမှာလည်း Toyota ပါပဲ။

HONDA/TOYOTA ကားများဟာ ပုံစံပြောင်း တာများ ပြီး iPhone လိုပဲ ခဏခဏပုံစံ ပြောင်းထွက် ပါတယ် ။ Europe Car တွေကတော့ ပုံစံပြောင်းဖို့ကြာတဲ့အတွက် ကြာကြာစီးရတယ် ။
ပြင်ဆင်စရိတ် ကဈေးကြီးသလို Safety ပိုင်းလည်းကောင်းတာမို့ ကားကောင်းကောင်း နှစ်သက်သူတွေရွေးချယ် သင့်ပါတယ်။

နောက်တပါတ်မှာ အမျိုးသမီးအများစုရွေးချယ်တဲ့ကားများအကြောင်း ဆက်ရေးပေးပါမယ်။

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

ကားထဲက Wheeltax တွေမှန်ခွဲပြီး ယူနေကြတယ်ဂရုစိုက်ကြပါCrd FB
21/07/2022

ကားထဲက Wheeltax တွေမှန်ခွဲပြီး ယူနေကြတယ်
ဂရုစိုက်ကြပါ

Crd FB

Address

No. 27, Thukhawaddy Street, 6th Quarter, Yankin Township
Yangon
123

Alerts

Be the first to know and let us send you an email when WK Car Sales Centre Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share