SDG Kilo Taxi Service

SDG Kilo Taxi Service အကောင်းဆုံးဝန်ဆောင်မှုပေးချင်သောဘဝတူညီအစ်ကိုများအဖွဲ့

 #ကားအဲယားကွန်းဖွင့်စီးသူများ လိုက်နာသင့်သည့် အချက်(၃)ချက်ကားအဲယားကွန်းဖွင့်စီးသူများ လိုက်နာသင့်သည့်အချက်သုံးချက်အဲယားက...
14/02/2024

#ကားအဲယားကွန်းဖွင့်စီးသူများ လိုက်နာသင့်သည့် အချက်(၃)ချက်

ကားအဲယားကွန်းဖွင့်စီးသူများ လိုက်နာသင့်သည့်အချက်သုံးချက်အဲယားကွန်း(Aircon)သည် အခန်းတွင်းအပူချိန်ကို စုပ်ယူလျှော့ချပေးသည့်တီထွင်ဆန်းသစ်မှု ဖြစ် သည်။

လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ပေါ်ခါစက နေအိမ်တိုက်ခန်းများအတွက်သာ အသုံးပြုခဲ့ပြီး နောက် ပိုင်း ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစကာကားများတွင်ပါ အဲယားကွန်းတပ်ဆင် အသုံးပြုလာနိုင်ခဲ့သည်။

ထိုစဉ် ကဇိမ်ခံဆလွန်းကားများ၊ ဈေးကြီးပေးဝယ်ရသော ကားအကောင်းစားများတွင်သာ တပ်ဆင်ပေးနိုင်ခဲ့သော်လည်းနောက်ပိုင်းတွင်ကားအကြီးအသေးအမျိုးမျိုးတွင် အဲယားကွန်းမပါသောကားဟူ၍မရှိတော့ပေ။

ကားအဲယားကွန်း၏ကောင်းကျိုးမှာပူအိုက်ခြင်း လေလုံ၍အသက်ရှူကျပ်ခြင်းမှ ကာကွယ်နိုင် သည့်အပြင် မိုးတွင်းအခါ မိုးရွာ၍ ကားမှန် အလုံပိတ်မောင်းသောအခါ အတွင်းမှအပူငွေ့ပြန်ပြီး မှန်များမှုန်ဝါး ကာ ပြင်ပသို့ကောင်းစွာမမြင်ရခြင်းကိုပါ အကာအကွယ်ပေးသည်။

မိုးရွာသောအခါ ပြင်ပအအေးဓာတ် ကြောင့် လူ၏ကိုယ်မှ အငွေ့များထွက်လာကာ အတွင်းမှန်များမှုန်ဝါးသွားလျှင်အဲယားကွန်းမှ စုပ်ယူပေး သည့်အပြင် အေအးဓာတ္ကို ထုတ်လွှတ်ပေးသဖြင့် ကားစီးသူများမှာအေးပြီး သက်သောင့်သက်သာ စီးနိုင် သည်။

သို့သော် အပူပိုင်းဒေသများတွင် အလွန်နေပူပြင်းသောအချိန် ကားအဲယားကွန်း ဖွင့်စီးသူများမှာ အေးနေရာမှ ရုတ်တရက် တံခါးဖွင့်ပြီး အဆင်းတွင် ပြင်ပအပူရှိန်ကြောင့်ရုတ်တရက် တံခါးဖွင့်ပြီး အဆင်းတွင် ပြင်ပအပူရှိန်ကြောင့် ရုတ်တရက် မူးလာကာ လဲက်သူ၊ သတိလစ်သူ၊ သက်ကြီးရွယ်အိုများတွင် အပူ အေအး တုံ့ပြန်မှုကြောင့်ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးရသူများ ရှိလာသည်အထိ အန္တရာယ်ကြီး လာသည်ကို တွေ့ရှိလာရပါသည်။

ညပိုင်းအဲယားကွန်း ဘတ်စ်ကားကြီးများဖြင့် ခရီးသွားသူများတွင်လည်း ပါးတစ်ခြမ်းရွဲ့ခြင်း၊ မျက်နှာနှင့် ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းများပါ တွေ့ကြုံလာရခြင်းကို မကြာခဏ ဆေးရုံ၊ ဆေးခန်းများတွင် တွေ့လာရပါသည်…။

အခြားဆန့်ကျင်ဘက် အဖြစ်အပျက်မှာ နေပူထဲမှလာပြီး အဲယားကွန်းဘတ်စ်ကားစီးသူ သက်ကြီး ရွယ်အို တစ်ဦးမှာ ကားထဲတွင်ပင် သတိလစ်ပြီး စကားမေးမရသဖြင့် ကားမောင်းသူနှင့်တာဝန်ရှိသူများမှ ဆေးရုံကြီးသို့ပို့ပေးရာ အပူအေအး ဆန့်ကျင်ဘက်ကြောင့် Heat Stroke ရပြီး ဦးနှောက်သွေးကြောပေါက် ကာ အသက်ဆုံးရှုံးရကြောင်း၂၀၁၉ ခုနှစ် ဧပြီလထုတ် သတင်းစာများတွင် ဖတ်ရှုရသည်။

အဲယားကွန်း ကားစီးမည့် သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများနှင့် အထူးသဖြင့်သွေးတိုးရောဂါအခံရှိသူ မ်ား သတိထားသင့်သည့် အချက်ဖြစ်သည်။

ရုတ်တရက် အပူအေအး အပြောင်းအလဲသည် ဦးနှောက်သွေး ကြောပေါက်ပြီး သတိလစ် လေဖြတ်နိုင်သည်ကို သတိထားကြပါ

ကားအဲယားကွန်းဖွင့်စီးသူများ၏ အေနအထားကို လေ့လာကြည့် သောအခါ-

(၁) နေပူထဲမှ ကားထဲ ဝင်ပြီးနောက် အဲယားကွန်းဖွင့်စီးသူ၊(၂) ကားထဲမဝင်မီကပင် အဲယားကွန်း ကြိုတင်ဖွင့်ထားသော ကားအတွင်းသို့ နေပူထဲမှလာပြီး ဝင်ထိုင် လိုက်သူ။

(၃) နေအိမ်မှ ကားအဲယားကွန်းဖွင့် စီးလာပြီး နေပူပြင်းသောတစ်နေရာအရောက်တွင် ကားထဲမွ အပြင် ထြက္လိုက်သူ။ စသည်ဖြင့် အခြေအနေမတူ ကွဲပြားမှုသုံးမျိုး ကိုတွေ့ရှိရပါသည်။

ထိုသူများတွင် အသက်ငယ် သေးသူများမှာဘာမှမဖြစ်သော်လည်း အသက် ၄၀ ကျော်၊ ၅၀ နှစ်အတွင်း သက်လတ်ပိုင်းများတွင် ခေါင်း မူးခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာခံစားရကြောင်း တွေ့ ရပါသည်။

အသက် ၆၀ ကျော် ၇၀ ခန့် လူကြီးများမှာ ခေါင်းမူးရုံမက ရုတ်တရက် လဲကျခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများပါ ဖြစ်နိုင်ပါသည်။

အပူ၊ အေအးဝိရောဓိကြောင့် ကားအဲယားကွန်း ဖွင့်စီး သူများလိုက်နာစေလိုသည့် အခ်က်သုံးခ်က္ကို တင် ပြလိုပါသည်

(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမွန္တံခါးမ်ားအားလုံးခ်ထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။

ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အေအး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။

(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက်ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်

(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့်ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင်မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။

အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာအမှားဖြစ်ပါသည်။

ထို့အ တူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှအိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မွ အပူနှင့် ပြင်ပအဲယားကွန်းမှအအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။

အထက်ဖော်ပြခဲ့သော အခ်က်သုံးခ်က္ကိုသတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ္စက်သူမ်ားပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့်

လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။

#မူရင်းရေးသားသူအားcreditပေးပါသည်။ဗဟုသုတရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ😊

ကားအောက်ပိုင်းက မြည်သံတွေ 1. စတီယာရင်အကွေ့တွေမှာ     ရှေ့ဘီးတွေက "တောက်တောက်"     မြည်တာဒူးဆစ်အသံပါ2. 50-60 km/h မှာ    ...
06/02/2024

ကားအောက်ပိုင်းက မြည်သံတွေ
1. စတီယာရင်အကွေ့တွေမှာ
ရှေ့ဘီးတွေက "တောက်တောက်"
မြည်တာဒူးဆစ်အသံပါ
2. 50-60 km/h မှာ
"လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင်
Hub Ball ပဲ။
3. ဘရိတ်နင်းရင်"တောက်တောက်"
မြည်တာက ဘရိတ်ရှုးချောင်နေတာ
( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။
4. ဘရိတ်မှေးထားတဲ့အချိန်
စထွက်တဲ့အချိန် တကျွီကျွီ
မြည်တာက ဘရိတ်ရှုးအသားနဲ့
ဒရမ်မျက်နှာပြင်ကြောင့်။
5. ကားဘယ်ညာယိမ်းတဲ့အချိန်
တဂျောက်ဂျောက်မြည်တဲ့အသံက
လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ်
( အသံတော်တော်ဆိုးတယ် )။
6. အောက်ပိုင်းက ကလုတ်ကလုတ်
အသံထွက်နေတယ်၊
ဘရိတ်မှေးထားရင်
ပျောက်တယ်ဆိုတာက
ဘရိတ်ပင်ချောင်နေတာ။
7. ကားကအရှိန်တစ်ခု
ရောက်လာချိန်မှာ
တစ်စီးလုံးတုန်လာတာ၊
ရှေ့ယက်ကားတွေမှာဆိုရင်
အတွင်းဒူးဆစ်ခွက်တွေ
စားနေတာကြောင့်
အဖြစ်များတယ်။
8. စတီယာရင်ဂန်းဘွတ်စားနေရင်
ညာမောင်းဆိုရင်
ဘယ်ဘက်က
ဂန်းရှပ်ဖ် ရိုက်သံကြားရ၊
ဘယ်မောင်းဆို ညာဘက်က
ကြားရတယ်။
9. ချိုင့်ထဲကျတိုင်း
တဒုန်းဒုန်းတဒိုင်းဒိုင်း
ဖြစ်​နေတာကတော့
ရှော့ဘားတွေ
ထောက်တန်းဘွတ်တွေ
ရှော့ဘားအထိုင်တွေ
မကောင်းတာကြောင့်
ဖြစ်တတ်ပါတယ်။
10. စတီယာရင်လှည့်တိုင်း
ညီးသံထွက်နေတာကတော့
ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။
11. တိုင်းရော့၊ မိန်းလုံး၊
ဘောဂျွိုင်းအသံတွေ
မြည်နေတာကတော့
ဒီအတိုင်းခွဲရခက်တယ်
ဘီးဖြုတ်စစ်ကြည့်ရင်တော့
သိသာပါတယ်။
သာယာငြိမ့်ညောင်းစွာ
ကားမောင်းနိုင်ကြပါစေဗျာ။

#မူရင်းရေးသားသူအားcreditပေးပါသည်။ဗဟုသုတရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ

SDG Kilo Taxi  Service မှ ဘဝတူညီကိုများ မိမိတို့တာဝန်ယူကောက်ခံထားသော Order များအားတာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့်ဝန်ဆော...
24/01/2024

SDG Kilo Taxi Service မှ ဘဝတူညီကိုများ မိမိတို့တာဝန်ယူကောက်ခံထားသော Order များအားတာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့်ဝန်ဆောင်မှုပေးရပါမည်။ Customer complain များအားတာဝန်ယူဖြေရှင်းပေးနိုင်ရပါမည်။ ကြိုတင် Order ကောက်ခံထားပါကချိန်းထားသောအချိန်၊🕑🕑🕑🕑အတိအကျ🚕🚕🚕ကားထိုးပေးရပါမည်။Channel မှ သတ်မှတ်ထားသော Kilo နှုန်းထားအတိုင်းသာပြေးဆွဲရမည် Customer ထံမှအပိုငွေကြေး‌ကောက်ခံခြင်းလုံးဝ❌❌❌❌လုံးဝမပြုလုပ်ရ။ အပိုငွေကြေးကောက်ခံပြေးဆွဲခြင်း။ Customer ချိန်းဆိုထားသောအချိန်နောက်ကြခြင်းများဖြစ်ပေါ်ပါက Channel မှ Order ကောက်ခံပြေးဆွဲခွင့်ပိတ်သိမ်းမည်ဖြစ်ပါသည်။ SDG Kilo Taxi Service သည် (65) Channel ဖြစ်ပါသည်။(65) အရင်ပေါက်ပြီး (15) မိနစ်အတွင်းရောက်သူကိုသာ Order ချပေးပါမည်။ဘဝတူညီအစ်ကိုများ အသက်ရှူတိုင်း‌ငွေဝင်ပြီး အိမ်အပြန်မျက်နှာပန်းလှကြပါစေ🙏🙏🙏🙏

ရန်ကုန်မြို့မှ ချစ်မိတ်ဆွေ Customer များခင်ဗျာ ကျွန်တော်တို့   Kilo Taxi Service ညီအစ်ကိုများမှအကောင်းဆုံးဝန်ဆောင်မှုမျာ...
19/01/2024

ရန်ကုန်မြို့မှ ချစ်မိတ်ဆွေ Customer များခင်ဗျာ ကျွန်တော်တို့ Kilo Taxi Service ညီအစ်ကိုများမှအကောင်းဆုံးဝန်ဆောင်မှုများ ပေးချင်ပါတယ်ခင်ဗျာ ချစ်မိတ်ဆွေများ နေ့ည လုံခြုံစွာ ခရီးသွားလာနိုင်ရန်အတွက် ကျွန်တော်တို့ညီအစ်ကိုများမှ ဝန်ဆောင်မှုပေးပါရစေ😊

ရန်ကုန်မြို့တွင်း စတက် 2000% 1 Kilo 700 နှုန်းထားဖြင့် Air con service ပေးပါရစေ၊😊
မနက်5:00am မှ ည 8:30 အထိ ပုံမှန်နှုန်းထားဖြင့်သာပြေးဆွဲသွားပါမည်😊
ညဘက် 9:00 demand 1000
10:00 demand 2000
11:00. demand 3000 နှုန်းထား
အဝေးပြေး၊လေဆိပ်၊ လူပို၊ ခွေး၊ကြောင်၊ဘူတာရုံ ။ demand (2000) တစ်နာရီ 10000 နှုန်းဖြင့် အနည်းဆုံး(2 hr) ငှားရမ်းနိုင်ပါသည်။
Phone number ☎️ 09974877147 / 09955855882/ 09420433132 သို့ နာရီဝက်ကြိုတင်ဖုန်းဆက်ငှားရမ်းနိုင်ပါတယ်ခင်ဗျာ😊 ခရီးစဉ်အစအဆုံး Full Air con Service ပေးပါသည်။

ညီအစ်ကိုတစ်ယောက်ရဲ့နောက်ဆုံးခရီးလေး ပို့ဆောင်ကူညီပေးဖြစ်ခဲ့ပါတယ်😊
29/12/2023

ညီအစ်ကိုတစ်ယောက်ရဲ့နောက်ဆုံးခရီးလေး ပို့ဆောင်ကူညီပေးဖြစ်ခဲ့ပါတယ်😊

Address

South Dagon Township
Yangon
2511999

Telephone

+959974877147

Website

Alerts

Be the first to know and let us send you an email when SDG Kilo Taxi Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SDG Kilo Taxi Service:

Share

Category