AC E-Commerce Services

AC E-Commerce Services ''I want to show people on my page that if you need to do some things like that. E-Commerce Services

ကျန်းမာ ပျော်ရွှင်ဖွယ်ရာ ဒီပါဝလီနေ့ ဖြစ်ပါစေ 🥳🙏🙏ဒီပါဝလီနေ့ 🪔🌟ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ဖြစ်တဲ့ ဒီပါဝလီနေ့မှာ က...
20/10/2025

ကျန်းမာ ပျော်ရွှင်ဖွယ်ရာ ဒီပါဝလီနေ့ ဖြစ်ပါစေ 🥳🙏🙏

ဒီပါဝလီနေ့ 🪔🌟

ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ဖြစ်တဲ့ ဒီပါဝလီနေ့မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ကြပါစေလို့ AC E-Commerce Services မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ🙏🙏🙏

AC E-Commerce Services

Please approved to this post by Admin Team. 🥳🙏🙏🎯 Royal CMK Logistics Premium Solution Update 🎯📅 Date: 16th October 2025🙏...
18/10/2025

Please approved to this post by Admin Team. 🥳🙏🙏

🎯 Royal CMK Logistics Premium Solution Update 🎯

📅 Date: 16th October 2025

🙏 မင်္ဂလာပါ ခင်ဗျာ။ သွင်းကုန်လုပ်ငန်းရှင် မိတ်ဆွေကြီးများအား အခက်အခဲများအတွက် သတင်းကောင်းများ ပေးလိုက်ပါတယ်။ 🔔

💼 Our Premium Services Include:

1️⃣ Priority Import Licenses: ၁၁ မျိုးထက်ပိုသော ကုန်ပစ္စည်းများအတွက် တင်သွင်းခွင့်အခက်အခဲများကို ဖြေရှင်းပေးပါသည်။

2️⃣ Quick Import License Application: အသစ်လျှောက်လွှာ (OIL Draft ပါဝင်) များ အမြန်ဆုံးရရှိရန် စီမံပေးပါသည်။

3️⃣ Border Export-Import Assistance: ရနောင်း/ကော့သောင်းမှ တင်သွင်းမှုများအတွက် လိုင်စင်ရရှိနိုင်စေရန် ဆောင်ရွက်ပါသည်။

4️⃣ Overseas Normal Trade: အပြီးအစီး သွင်းကုန်လိုင်စင်များ အမြန်ရရှိနိုင်စေရန် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးပါသည်။

5️⃣ Export Earnings (USD/THB/RMB): FESC အတွက် လိုအပ်သော ငွေကြေးများ ရောင်းချစွမ်းအားရှိပါသည်။ (ကြိုပြောရန် လိုအပ်ပါသည်။)

6️⃣ Authorised Custom Clearance Services: သွင်းကုန်/ပို့ကုန်အခွန် ဖြတ်သန်းခြင်း ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်ပေးပါသည်။

7️⃣ China LCL/FCL Offline Shipping: တုံကွမ်မှ လန်ချာဘန်း၊ ရန်ကုန်သို့ ပင်လယ်ဖြင့် ကုန်သယ်ပို့ခ (Duty Included) အတွက် ဝန်ဆောင်မည်။ 🚢

8️⃣ Overseas Import Licenses: ကျန်ရှိသော Oversea သွင်းကုန်လိုင်စင်များပါ ရရှိနိုင်အောင် ဆောင်ရွက်ပေးပါသည်။

9️⃣ Consultation & Support: ပို့ကုန်/သွင်းကုန်နှင့် ပတ်သတ်၍ မေးမြန်းလိုသည့်အချက်များကို ဖုန်း သို့ Viber မှတဆင့် ဆက်သွယ်နိုင်ပါသည်။

📞 Contact Information:
* Phone: 09962659455
* Viber: 09962659455

အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ 🙏

E-commerce ဆိုတာ E-commerce (Electronic Commerce) ဆိုတာ အင်တာနက်ကို အသုံးပြုပြီး ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူ...
28/09/2025

E-commerce ဆိုတာ
E-commerce (Electronic Commerce) ဆိုတာ အင်တာနက်ကို အသုံးပြုပြီး ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူရောင်းချတာ၊ ငွေကြေးနဲ့ အချက်အလက်တွေ လဲလှယ်တာကို ခေါ်တာပါ။ ရိုးရိုးရှင်းရှင်းပြောရရင် အွန်လိုင်းစျေးရောင်းဝယ်ခြင်း လို့ ပြောလို့ရပါတယ်။

E-commerce ရဲ့ အဓိက အားသာချက်များ
E-commerce လုပ်ငန်းတွေဟာ ပုံမှန်ဆိုင်ခန်း ဖွင့်ရောင်းချခြင်းထက် အားသာချက်တွေ အများကြီးရှိပါတယ်။
၂၄/၇ ဖွင့်နိုင်ခြင်း (24/7 Availability): သင့်ရဲ့ အွန်လိုင်းဆိုင်ဟာ တစ်ရက်ကို ၂၄ နာရီ၊ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ ဖွင့်ထားနိုင်လို့ ဘယ်အချိန်ဖြစ်ဖြစ် ဝယ်ယူသူတွေက မှာကြားဝယ်ယူနိုင်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရောက်ရှိနိုင်ခြင်း (Global Reach): ဒေသတစ်ခုတည်းမှာပဲ ကန့်သတ်မနေဘဲ သင့်ကုန်ပစ္စည်းတွေကို ကမ္ဘာတစ်ဝန်းလုံးက ဝယ်ယူသူတွေဆီ ရောင်းချနိုင်ပါတယ်။
လုပ်ငန်းလည်ပတ်စရိတ် နည်းပါးခြင်း (Lower Operating Costs): ဆိုင်ခန်းငှားရမ်းခ၊ ဝန်ထမ်းခ စတဲ့ ပုံမှန်ဆိုင်ဖွင့်တဲ့ စရိတ်တွေထက် အွန်လိုင်းလုပ်ငန်းက ပိုမိုသက်သာနိုင်ပါတယ်။
ဒေတာစုဆောင်းနိုင်ခြင်း (Data Collection): ဝယ်ယူသူတွေရဲ့ စျေးဝယ်ပုံစံ၊ စိတ်ဝင်စားမှုတွေကို ဒေတာအနေနဲ့ စုဆောင်းနိုင်လို့ စျေးကွက်ရှာဖွေရေး (Marketing) အတွက် ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

E-commerce လုပ်ငန်း အမျိုးအစားတွေကို အဓိကအားဖြင့် အပြန်အလှန်ဆက်သွယ်မှု (Transaction) ပုံစံအလိုက် ခွဲခြားထားပါတယ်။ အသုံးအများဆုံးနဲ့ အရေးပါဆုံး အမျိုးအစားတွေကတော့ လုပ်ငန်းမှ စားသုံးသူသို့ (B2C) နဲ့ လုပ်ငန်းမှ လုပ်ငန်းသို့ (B2B) တို့ပဲ ဖြစ်ပါတယ်။ B2C (Business-to-Consumer) ဆိုတာဟာ ကုမ္ပဏီ (စီးပွားရေးလုပ်ငန်း) တစ်ခုကနေ နောက်ဆုံး စားသုံးသူ (Individual Consumer) ဆီ တိုက်ရိုက် ရောင်းချတဲ့ ပုံစံဖြစ်ပြီး၊ အွန်လိုင်းမှာ အဝတ်အစား၊ ဖိနပ်၊ စားသောက်ကုန် စတာတွေကို ဝယ်ယူတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ ဒီပုံစံဟာ အွန်လိုင်းစျေးဝယ်ခြင်းလို့ လူသိအများဆုံး အမျိုးအစားလည်း ဖြစ်ပါတယ်။

E-commerce ဟာ လျင်မြန်စွာ ပြောင်းလဲနေတဲ့ လုပ်ငန်းဖြစ်လို့ လုံခြုံရေး (Security)၊ ဝယ်ယူသူကိုပေးတေဲ့ ဝန်ဆောင်မှု (Customer Service) နဲ့ နည်းပညာ (Technology) အသစ်တွေကို အမြဲလေ့လာနေဖို့ လိုအပ်ပါတယ်…

E-commerce

Special Credit Sayar Aung Win

Special Credit

06/09/2025

E-commerce ခေတ် စိန်ခေါ်မှုတွေကြားက အရှေ့တောင်အာရှ Shopping Mall တွေရဲ့ အသွင် ကူးပြောင်းမှု

အွန်လိုင်းကနေ ဈေးဝယ်ယူနိုင်တဲ့ e-commerce ခေတ်စားလာတာနဲ့အမျှ လူတွေရဲ့ နေထိုင်မှုနဲ့ ဈေးဝယ်တဲ့ အလေ့အထတွေဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ အရင်က အားလပ်ရက်တွေ မှာ အေးဆေး အနားယူရင်း ဈေးဝယ်ထွက်ကြတဲ့ Shopping Mall ကြီးတွေဟာ e-commerce ရဲ့ ရိုက်ခတ်မှုကြောင့် ရပ်တည်ဖို့ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒါပေမဲ့ အရှေ့တောင် အာရှက Shopping Mall တွေဟာ ဒီစိန်ခေါ်မှုကို အရှုံးမပေးဘဲ ကုန်ပစ္စည်းရောင်းချတဲ့နေရာတစ်ခု သက်သက်အဖြစ်ကနေ လူတွေရဲ့ နေ့စဉ်ဘဝအတွက် အတွေ့အကြုံသစ်တွေ၊ အပန်းဖြေစရာတွေနဲ့ လူမှုဘဝပုံစံလိုအပ်ချက်တွေကို တစ်နေရာတည်းမှာ စုံလင်စွာရနိုင်တဲ့နေရာ (Lifestyle Destination) တွေအဖြစ် အသွင်ပြောင်းပြီး ရပ်တည်လာကြပါတယ်။

ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်လာတာလဲ

အဓိကအချက်ကတော့ သုံးစွဲသူတွေရဲ့လိုအပ်ချက် ပြောင်းလဲလာလို့ပါပဲ။ အွန်လိုင်းကနေ ပစ္စည်းတွေ ကို အလွယ်တကူ ဝယ်နိုင်လာတဲ့အခါ လူတွေအတွက် Shopping Mall ကို လာတာဟာ ပစ္စည်းဝယ်ဖို့ သက်သက် မဟုတ်တော့ပါဘူး။ သူတို့က အတွေ့အကြုံသစ်တွေ၊ သူငယ်ချင်း၊ မိသားစုနဲ့ အချိန်ကုန်ဆုံးနိုင်မယ့် နေရာတွေ၊ ဖျော်ဖြေရေးနဲ့ အပန်းဖြေစရာ ဝန်ဆောင်မှုတွေကိုပါ ပိုပြီး မျှော်လင့်လာကြပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှရဲ့ မြို့ပြတွေမှာ Shopping Mall အသစ်တွေ မှိုလိုပေါက်လာတာကြောင့် ပြိုင်ဆိုင်မှုကလည်း အလွန်ပြင်းထန်လာပါတယ်။ ဒီအချက်တွေကြောင့်ပဲ Mall တွေဟာ လူတွေကို ဆွဲဆောင်နိုင်ဖို့ သမားရိုးကျပုံစံကနေ ခွဲထွက်ပြီး နည်းလမ်းသစ်တွေ ရှာဖွေလာရတာ ဖြစ်ပါတယ်။

မြို့တော်ကြီးတွေရဲ့ လူမှုဘဝအချက်အချာ (Lifestyle Hub) အဖြစ် အသွင်ကူးပြောင်းမှု
ဘန်ကောက်၊ ထိုင်း

ဘန်ကောက်ကတော့ ဒီအသွင်ကူးပြောင်းမှုမှာ ရှေ့ဆုံးကပြေးနေတဲ့မြို့လို့ ဆိုနိုင်ပါတယ်။ မြစ်ကမ်းနံဘေးက ခမ်းနားတဲ့ IconSiam လို Mall ကြီးဆိုရင် အတွင်းမှာ ရေပေါ်ဈေးတောင် ထည့်သွင်းတည်ဆောက်ထားပါတယ်။ သွားရေးလာရေးလွယ်ကူအောင် ဘန်ကောက်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Em District လို နေရာတွေကလည်း လူတွေကို အလွယ်တကူ ဆွဲဆောင်နေပါတယ်။ ဒါ့အပြင် Gaysorn Village မှာဖွင့်ထားတဲ့ Louis Vuitton LV The Place ဆိုရင် အဝတ်အစားအပြင် စားသောက်ဆိုင်နဲ့ ပြခန်းတွေပါ ပေါင်းစပ်ပြီး သုံးစွဲသူတွေကို အဆင့်မြင့်အတွေ့အကြုံတွေ ပေးစွမ်းနိုင်အောင် ဖန်တီးထားပါတယ်။

ကွာလာလမ်ပူ၊ မလေးရှား

မလေးရှားနိုင်ငံမှာလည်း The Exchange TRX နဲ့ LaLaport BBCC လို Mall အသစ်ကြီးတွေဟာ ဈေးဆိုင်ခန်းတွေအပြင် ဟိုတယ်၊ ဖျော်ဖြေရေးနေရာတွေနဲ့ အများပြည်သူ အပန်းဖြေနိုင်မယ့် နေရာတွေကိုပါ ပေါင်းစပ်တည်ဆောက်လာပါတယ်။ တစ်ဖက်မှာလည်း Mall ကြီးတွေရဲ့ ပုံစံကို မကြိုက်တဲ့သူတွေအတွက် "Anti-Mall" လို့ခေါ်တဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာနေပါတယ်။ ဥပမာအားဖြင့် အရင်က ပုံနှိပ်စက်ရုံဟောင်းတစ်ခုဖြစ်တဲ့ A Place Where (APW) ကို အနုပညာနဲ့ လူနေမှုပုံစံ ပေါင်းစပ်ထားတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲခဲ့သလို၊ The Zhongshan Building ကိုလည်း အနုပညာပြခန်းတွေ၊ စာအုပ်ဆိုင်ငယ်လေးတွေနဲ့ ဒီဇိုင်းစတူဒီယိုတွေ စုဝေးရာ အချက်အချာ နေရာတစ်ခုအဖြစ် အသက်သွင်းခဲ့ပါတယ်။

စင်ကာပူ

စင်ကာပူကတော့ မြေနေရာအကန့်အသတ်နဲ့ ငှားရမ်းခကြီးမြင့်မှုတွေကြောင့် ဘန်ကောက်၊ ကွာလာလမ်ပူတို့လို Mall အကြီးစားကြီးတွေ တည်ဆောက်ဖို့ စိန်ခေါ်မှုရှိပါတယ်။ ဒါပေမဲ့ လက်ရှိ Mall တွေကိုပဲ ဆွဲဆောင်မှုရှိအောင် ပုံစံပြောင်းလဲပြီး ကြိုးစားနေပါတယ်။
ဥပမာ - Funan Mall မှာဆိုရင် မိုးလုံလေလုံ ကျောက်တောင်တက်တဲ့နေရာလိုမျိုး ဈေးဝယ်တာနဲ့မဆိုင်တဲ့ လှုပ်ရှားမှုတွေကို ထည့်သွင်းထားပါတယ်။ ကျောင်းဟောင်းကို ပြန်လည်မွမ်းမံထားတဲ့ New Bahru လိုနေရာမှာ ဆိုရင်လည်း ပြည်တွင်းအမှတ်တံဆိပ်တွေ၊ wellness ဝန်ဆောင်မှုတွေနဲ့ စားသောက်ဆိုင်တွေကို စုစည်းပြီး "Creative Cluster" တစ်ခုအဖြစ် ဖန်တီးထားတာကို တွေ့ရမှာပါ။

Shopping Mall တွေရဲ့ အနာဂတ်

e-commerce ရဲ့ စိန်ခေါ်မှုတွေကြားမှာ ရပ်တည်နိုင်ဖို့အတွက် အရှေ့တောင်အာရှက Shopping Mall တွေဟာ အောက်ပါအချက်တွေကို အဓိကအာရုံစိုက်လာကြပါတယ်။

• အတွေ့အကြုံကို ဦးစားပေးခြင်း (Experiential Retail) - ရုပ်ရှင်ရုံ၊ ရေခဲစကိတ်ကွင်း၊ ကလေးကစားကွင်းတွေအပြင် အနုပညာပြခန်း၊ workshop တွေနဲ့ ဖျော်ဖြေပွဲတွေပါ ထည့်သွင်းဖန်တီးလာကြပါတယ်။

• လူမှုအသိုင်းအဝိုင်းအတွက် နေရာဖန်တီးခြင်း (Community Hubs) - Mall တွေကို လူတွေလာပြီး ဈေးဝယ်ဖို့သက်သက်မဟုတ်ဘဲ တွေ့ဆုံနိုင်တဲ့၊ အတူတကွ လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာတစ်ခုအဖြစ် ဖန်တီးလာကြပါတယ်။

• အစားအသောက်ကို ဆွဲဆောင်မှုတစ်ခုအဖြစ် အသုံးချခြင်း - သာမန် စားသောက်တန်းတွေ အစား နာမည်ကြီးစားသောက်ဆိုင်တွေ၊ မတူညီတဲ့ အစားအသောက်ယဉ်ကျေးမှုတွေကို စုစည်းပေးထားတဲ့နေရာတွေအဖြစ် ပြောင်းလဲလာပါတယ်။

• နည်းပညာနဲ့ ပေါင်းစပ်ခြင်း (Omnichannel Strategy) - အွန်လိုင်းနဲ့ offline အတွေ့အကြုံကို ချောမွေ့စွာချိတ်ဆက်ပေးပြီး သုံးစွဲသူတွေအတွက် အဆင်ပြေအောင် ဖန်တီးပေးလာပါတယ်။

နိဂုံးချုပ်အနေနဲ့ ဆိုရရင် အနာဂတ်မှာ Shopping Mall တွေဟာ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ နေရာသက်သက် မဟုတ်တော့ဘဲ၊ လူတွေရဲ့ နေ့စဉ်လူမှုဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ပျော်ရွှင်စရာ အတွေ့အကြုံတွေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ဖျော်ဖြေရေးတွေ အားလုံးကို တစ်နေရာတည်းမှာ စုံလင်စွာရရှိနိုင်တဲ့ Lifestyle Hub တွေအဖြစ် ဆက်လက်ပြောင်းလဲ တိုးတက်နေဦးမှာ ဖြစ်ပါတယ်။

ကိုးကား - CNA, The ASEAN Post, Monocle, Reuters

Credit
CEOMyanmar

🥳💐🥰🙏🙏
06/08/2025

🥳💐🥰🙏🙏

06/08/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉 AC E-Commerce Services

23/07/2025

🎯 Royal CMK Logistics Premium Services Update 🎯

📅 Date: 23rd July 2025

🙏 မင်္ဂလာပါ ခင်ဗျာ။ သွင်းကုန်လုပ်ငန်းရှင် မိတ်ဆွေကြီးများအား အခက်အခဲများအတွက် သတင်းကောင်းများ ပေးလိုက်ပါတယ်။ 🔔

💼 Our Premium Services Include:

1️⃣ Priority Import Licenses: ၁၁ မျိုးထက်ပိုသော ကုန်ပစ္စည်းများအတွက် တင်သွင်းခွင့်အခက်အခဲများကို ဖြေရှင်းပေးပါသည်။

2️⃣ Quick Import License Application: အသစ်လျှောက်လွှာ (OIL Draft ပါဝင်) များ အမြန်ဆုံးရရှိရန် စီမံပေးပါသည်။

3️⃣ Border Export-Import Assistance: ရနောင်း/ကော့သောင်းမှ တင်သွင်းမှုများအတွက် လိုင်စင်ရရှိနိုင်စေရန် ဆောင်ရွက်ပါသည်။

4️⃣ Overseas Normal Trade: အပြီးအစီး သွင်းကုန်လိုင်စင်များ အမြန်ရရှိနိုင်စေရန် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးပါသည်။

5️⃣ Export Earnings (USD/THB/RMB): FESC အတွက် လိုအပ်သော ငွေကြေးများ ရောင်းချစွမ်းအားရှိပါသည်။ (ကြိုပြောရန် လိုအပ်ပါသည်။)

6️⃣ Authorised Custom Clearance Services: သွင်းကုန်/ပို့ကုန်အခွန် ဖြတ်သန်းခြင်း ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်ပေးပါသည်။

7️⃣ China LCL/FCL Offline Shipping: တုံကွမ်မှ လန်ချာဘန်း၊ ရန်ကုန်သို့ ပင်လယ်ဖြင့် ကုန်သယ်ပို့ခ (Duty Included) အတွက် ဝန်ဆောင်မည်။ 🚢

8️⃣ Overseas Import Licenses: ကျန်ရှိသော Oversea သွင်းကုန်လိုင်စင်များပါ ရရှိနိုင်အောင် ဆောင်ရွက်ပေးပါသည်။

9️⃣ Consultation & Support: ပို့ကုန်/သွင်းကုန်နှင့် ပတ်သတ်၍ မေးမြန်းလိုသည့်အချက်များကို ဖုန်း သို့ Viber မှတဆင့် ဆက်သွယ်နိုင်ပါသည်။

📞 Contact Information:
* Phone: 09962659455
* Viber: 09962659455

အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ 🙏

18/04/2025

နံနက်မိုး​သောက်အလင်း​ရောက်လို့ အိပ်ယာကထရင်
ဆန္ဒပြုပါတဲ့ - ပါချုပ်ဆရာ​တော်ကြီးအကြံ​ပေးတာက

ဘဝတု သဗ္ဗမင်္ဂလံ
ရက်ခန်တု သဗ်ဗဒဝေတာ

မင်္ဂလာအ​ပေါင်းနဲ့ ခ​ညောင်းပြည့်စုံပါ​စေ
​ကောင်းမြတ်တဲ့ မင်္ဂလာ​တွေ ကိုယ့်ဆီမှာဖြစ်ပါ​​​စေ
အများသူငါ သတ္တဝါ​တွေလည်း မင်္ဂလာရှိကြပါ​​စေ

နတ် လူ သတ္တဝါ အများသူငါရဲ့ ​စောင့်​​ရှောက်ခြင်းလည်း
ခံစားကြရပါ​စေ။

31/03/2025

🙏🙏🙏🥳😘
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မြေငလျင်ကြောင့် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်ကို များစွာ ဝမ်းနည်းကြေကွဲရပါသည်။

ငလျင်ဘေးကြောင့် ထိခိုက်နစ်နာခဲ့တဲ့ မိသားစုများနဲ့ ရပ်ရွာများအတွက် များစွာစာနာမိပြီး အခက်အခဲများ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဆန္ဒပြုပါတယ်။

ခက်ခဲသော အခြေအနေများကို အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေကြောင်း (AC E-Commerce Services)မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

မိတ်ဆွေများအားလုံး ဘေးကင်းနိုင်ကြပါစေဗျာ အပူသောကများငြိမ်းအေးကြပါစေ ကွယ်လွန်သွားကြတဲ့ လူပုဂ္ဂိုလ်အပေါင်း ကောင်းမွန်ရာဘုံ...
29/03/2025

မိတ်ဆွေများအားလုံး ဘေးကင်းနိုင်ကြပါစေဗျာ
အပူသောကများငြိမ်းအေးကြပါစေ
ကွယ်လွန်သွားကြတဲ့ လူပုဂ္ဂိုလ်အပေါင်း ကောင်းမွန်ရာဘုံဘဝရောက်ရှိကြပါစေ 🙏🙏🙏

Address

Naypyidaw

Telephone

+95943017262

Website

Alerts

Be the first to know and let us send you an email when AC E-Commerce Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share