KM Logistics

KM Logistics Highway Trucks Services

23/05/2026

ဒီနေ့လည်း ပြောင်းချတဲ့ ခံစားရတဲ့အကြောင်း ထပ်ရေးပြရအုန်းမယ်

ဒညင်းကုန်းဝင်းမှာကားတွေ ရောက်နေတာ ၃ ရက် ရှိလါပီ

ရန်ကုန်ကုန်ချဖို့ရာ ကားသမားတွေကို ဆိပ်ကမ်းလည်း မပြော ဂိုဒေါင်လည်း မချပေးနိုင်သေးတဲ့ TPC က တာဝန်ရှိသူ တဦးရဲ့ပြောစကား ခင်ဗျားတို့ စဉ်းစားကြည့်နော်

ကုန်သည်က ဖုန်းချိတ်ပေးလို့သာ ဆိပ်ကမ်း၂ ခု နံမည်သိရတာ

ခင်ဗျားဂိတ်က ကား ၁၀ စီးလေါက်လေးမပြောနဲ့ ကျုပ်ဒီမှာ အစီး ၂၈၀ မိုးရွာလို့ သဘ်ောဟတ်ပြန်ပိတ်သွားပီ

ကုန်တင်လါတာကြာပီဖြစ်တဲ့ မိတ်ဆွေပြောင်းကုန်သည်ကို အားနာလို့ အချေအတင် မပြောလိုက်ခဲ့ပေမယ့်

စိတ်ထဲ တနုံနုံ ခံရခက်လို့ ရေးလိုက်တယ် ။

လူချင်းလည်းမသိ တခါမှလည်း ဖုန်းမပြောဘူး မရင်းနှီးပဲ
ဒီလို တာဝန်မဲ့တဲ့ စကား ပြောထွက်တာ မင်းတို့တာဝန် ဘါလဲ မင်းတိူ့မသိတာပဲ ။

ငါတို့ လော်လီလေါကမှာ ကုန်ချရက် ၃ ရက်အတွင်းဆိုတဲ့ ထုံးစံ ရှိတာ ကုန်သည်တိုင်းသိတယ် ။

၃ ရက်ကျော်လို့ ရက်လွန်ကြေးလေး ၅ သောင်းလေါက် ဘယ်ကားမှ စ်တ်မဝင်စားကြဘူး

ခေါက်ရေနာတယ်
ရာသီချိန် တရက်တရက် ဝင်ငွေအရမ်းပွန်းတယ်

ကားခေါ်တဲ့ ကုန်သည်တွေကိုအားနာလို့သာ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေချင်း အခင်အမင် မပျက်
ဆက်အလုပ်လုပ်နေကြတဲ့ ကားလောကသားတွေချည်းပဲ

အလုပ်သဘေါအရ ကုမ္ပဏီတိုင်းမှာ
ဒီရာသီချိန်တိုင်းအခက်အခဲရှိကြတာ လက်ခံတယ်

ဒါပေမယ့် အဆင်ပြေအောင် စီစဉ်ပေးရမှာ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ အပိုင်းပဲ

အစီးရေ ၂၈၀၀ ရှိလည်း သူတို့အပိုင်းပဲ တစီးထံရှိလဲ အဆင်ပြေပြေ

ချပေးဖိူ့ရာ သူတို့တာဝန်လေ

တာဝန်မဲ့စကားပြောတဲ့ အဲ့လိုလူမျိုးရှိတဲ့ကုမ္ပဏီ မှာကုန်ချရမယ်ဆိုရင် နောင်ဆို ဝေးဝေးက ရှောင်ပါမယ် ။

တင်လို့ရတဲ့ကားတွေ စောင့်နိုင်ကြတဲ့ကားတွေ နဲ့ပဲ တင်ကြပေါ ချကြပေါ့

တောင်ပေါ်က ကားခေါ်နေကြကုန်သည်တွေ နေရာ ကိုယ်ချင်းစာလို့ ဒီတခေါကတော့ရှိစေတော့ ။

ဒီအချိန် ဒီမိုးကာလ ပြောင်းဆံတင်ရတာသဘ်ောမက်ပ်နိုင်သေးလို့ မချရတာမိုးရွာလို့မချရတာဘါဖြစ်လို့မချရတာတွေ လွတ်အောင်ထေါက်ကြံ့ C...
22/05/2026

ဒီအချိန် ဒီမိုးကာလ ပြောင်းဆံတင်ရတာ
သဘ်ောမက်ပ်နိုင်သေးလို့ မချရတာ
မိုးရွာလို့မချရတာ
ဘါဖြစ်လို့မချရတာတွေ လွတ်အောင်

ထေါက်ကြံ့ CP ဝမ်းပုံလေးတင်သွားမိပါတယ်
၆ ရက်လောက် နှပ်ထားပီးမှ ပယ်တယ်တဲ့
ဘယ်လောက်ထပ်စောင့်ရမလဲ မသိ

ခါလီတခြမ်းဆွဲထါးတဲ့ကားတွေ အဲ့လောက်ဆို ဒီလ
ဘာနဲ့သွားစားကြမလဲ ။

ပြောင်းကုမ္ပဏီများအနေဖြင့် ပြောင်းဆံအချမြန်ဖို့
နည်းလမ်းလေးမျာ ရှာကြံသင့်ပါပီ
လမ်းဟောင်းကြီးအတိုင်း ကားကိုဂိုဒေါင် သဘေါထါး
ကားပေါ်မှာပဲ နေ လေ မိုး ပစ်ထါးရင် ရေရှည်မှာ@အရည်အသွေးစကားပြောပီး စျေးကွက်ပါထိခိုက်လါနိုင်မယ် လို့ ယူဆမိတယ်

20/05/2026

၂၀ / ၅ / ၂၀၂၆ မှစ၍

ပလီလင်း မှ ရွှေ / လှိုင် / သါ
ကားခ တပိသာာ ၃၀၀ ကျပ်

အစီးရေ ၅၀ တင်ပါမည် ။

အတင်အချ မြန်စေရမည်

၃ ရက်ကျော်လျှင် ရက်လွန်ကြေး
တရက် ၅ သောင်းပါ ။

ကားခ အတွက်
ပန်းစာရောင်းရပါမည် ။

စောင့်ပီး ထုတ်မည်ဆိုလျှင် online banking ဖြင့်
ရှင်းပါမည် ။

KM ကိုမျိုး
09421055572

17/05/2026

ခုနှစ်တော့ ရန်ကုန်ဆိပ်ကမ်းပါပဲ

ကားဆရာတွေ ထမင်းဖိုးတောင် ၄ သောင်းပေးနေရတဲ့အချိန်မှာ ရက်လွန်ကြေးငါးသောင်းတော့ပေးကြဗျာ

ရက်လွန်ကြေး ငါးသောင်းနော် ငါးသောင်းဗျ

ရန်ကုန်က ဘယ်သူရက်လွန်ကြေး ချလိုက်လို့ ချလိုက်မှန်းမသိ ကိုယ်တိုင်လည်း အောင့်သီး အောင့်သက်နဲ့ ၃ သောင်းပဲ
ရခဲ့လို့ ၅ သောင်းရမှ ကားတင်ပါမယ်

ကျုပ်က သင့်တော်တဲ့ မျှတတဲ့စျေးလေး လူမိုက်လုပ်တောင်းလိုက် ခင်ဗျားတို့က ပေးတဲ့စျေးလေး ကုန်ချရပီးရော အသာလေး ယူလိုက်နဲ့တော့ ဟုတ်နေတာပဲ ။

KMအတွက်အားသစ်များ2026 မှာ မိတ်ဆွေ ညီအစ်ကို လုပ်ဖော်ကိုင်ဖက်များအတွက် ဇန်နဝါရီလမှ စတင်ပီး Dongfeng ခေါင်းတွဲများနှင့် နော...
16/05/2026

KMအတွက်အားသစ်များ

2026 မှာ မိတ်ဆွေ ညီအစ်ကို လုပ်ဖော်ကိုင်ဖက်များအတွက် ဇန်နဝါရီလမှ စတင်ပီး Dongfeng ခေါင်းတွဲများနှင့် နောက်တွဲ ထရေလါများအား KM မှ ဝယ်ယူပေးဖြစ်ခဲ့တာ
ယနေ့မှာ ၂၆ စီး တိတိပြည့်မြောက်ခဲ့ပီး မဂ်လါဖြစ်ခဲ့ပါပီ။

ဘဏ်ဖြင့်ချိတ်ဆက်၍ အရစ်ကျဝယ်ယူလိုသော မိတ်ဆွေများ လက်ငင်းဝယ်ယူလိုသော မိတ်ဆွေများအား သင့်တော် မှန်ကန်သော စျေးနှုံးများဖြင့် ချိတ်ဆက်ဝယ်ယူပေးဖြစ်ခဲ့တဲ့ ၂၆ စီးမြောက်အမှတ်တရ နေ့စွဲလေး မှတ်တမ်းတင်ပါတယ် 🚛🚚🚒

စျေးနှုံး သင့်တော်မှန်ကန်စေရမယ် အချိန်မြန်ဆန်စေရမယ်
တွဲကားများဝယ်ယူလိုပါက KM ရှိတယ် ညိုကီတို့ 🤓😎

အံ့ဩမိတယ်အတက်ကုန်တကြောင်း ၂ သိန်း အနည်းဆုံးအရှုံးခံပီးအချိန်ကုန်ခံ ကားတာယာအပွန်းခံပီး ရတဲ့စျေးနဲ့ ဆွဲတဲ့သူတွေ ရှိနေလို့ ...
15/05/2026

အံ့ဩမိတယ်

အတက်ကုန်တကြောင်း ၂ သိန်း အနည်းဆုံးအရှုံးခံပီး
အချိန်ကုန်ခံ ကားတာယာအပွန်းခံပီး ရတဲ့စျေးနဲ့ ဆွဲတဲ့သူတွေ ရှိနေလို့ ကားတန်ဆာခ အတက်ဆို အမြဲ အရှုံးပြကြရင်ပြ မပြရင်နှစ်တိုင်းပါပါးလေါက်သာ ရကြတယ်

အနည်းဆုံး ခုကုန်ကျငွေ တွေ နဲ့ တခြမ်းအတက် ၇ သိန်း မှ ၁၀ သိန်းကြား မြတ်မှ လိုက်ကြမယ့် စျေးတန်းတခုရအောင်
လော်လီလေါကသားတွေ မအောင့်နိုင်ကြ မညီညွတ်နိုင်ကြဘူး

ချစ်မျိုးတို့အုပ်စုက အဲ့လေါက်မှ မကျန်ရင် ကြီးတော်နွား အချိန်ကုန်ခံ လေးအညောင်းခံ တာယာအပွန်းခံပီး မတက်ကြဘူးနော် ခပ်ချေချေပဲ 😎

သိဖို့ 🚚

04/05/2026

တောင်ကြီး တောင်ပေါ်တက်နိုင်တဲ့ ကားတွေ တပိသာာ ၁၀ စျေးတက်လါပါတယ်

ဒီနေ့ခင်းစျေးတွေက

တောင်ကြီး မှ ရွှေ / လှိုင် / သါ
တပိသာ ၃၂၀

ဟိုပုံး မှ ရွှေ / လှိုင် / သါ
တပိသာာ ၃၄၀

ဆိုက်ခေါင် မှ ရွှေ လှိုင် သာ
တပိသာ ၃၅၀

ဆိပ်ကမ်း
+ ၁၅ ကျပ်ပါ

တွဲ ၅၀ စာ တင်စရာ ရှိပါတယ်

‪‬

ိုမျိုး
09421055572

03/05/2026

မြို့ရှောင်လမ်း မတက်ချင်တဲ့ ကားများအတွက်

ရပ်စောက်

ပလီလင်း / ပေါမူ / ဘန်ကွဲ

မှော်ဘီ ဇကား နေရာစုံ

မြို့ရွာများမှ ရန်ကုန်အတင်

တွဲကားများ လိုအပ်ပါတယ်

ရပ်စောက် ၂၉၀

ပလီလင်း ၂၇၀

ဘန်ကွဲ ၂၉၀

မှော်ဘီ ပဲခူး ၂၇၀

မှော်ဘီ မြောင်းတကာ ၂၉၅

ိုမျိုး
09421055572

03/05/2026

KM အုပ်စုမှ ညီအစ်ကိုများသည်လည်း မိုးတွင်းကာလ မြို့ရှောင်လမ်းပိုင်းအခက်အခဲကြောင့်

တောင်ကြီး ဟိုပုံး နမ်စမ် ဆိုက်ခေါင် မြို့များမှ ပြောင်းဆံများအား ခေတ္တခဏ သယ်ယူပို့ဆောင်ခြင်း ရပ်နားထါးမည်ဖြစ်ပီး

တောင်ကြီးတောင်ပေါ်မဟုတ်သော ဒေသများမှသာ သယ်ယူပေးသွားမည် ဖြစ်ပါတယ်

မိတ်ဆွေများ နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါတယ်

🌏 "မျိုးစေ့ရောင်းသူကနေ ကမ္ဘာ့အသားဈေးကွက်ကို စိုးမိုးသူဖြစ်လာခြင်း"လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ဘန်ကောက်မြို့ရဲ့ တရုတ်...
01/05/2026

🌏 "မျိုးစေ့ရောင်းသူကနေ ကမ္ဘာ့အသားဈေးကွက်ကို စိုးမိုးသူဖြစ်လာခြင်း"
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ဘန်ကောက်မြို့ရဲ့ တရုတ်တန်းလမ်းကြားလေးထဲမှာ "Chia Tai" လို့ အမည်ရတဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့ဆိုင် သေးသေးလေးတစ်ဆိုင် ရှိခဲ့ပါတယ်။ အဲဒီဆိုင်လေးမှာ အလုပ်ကူလုပ်ပေးရင်း ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူကတော့ နောင်တစ်ချိန်မှာ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာမယ့် "ဓနင်ချီယာဝနွန်" ပါပဲ။
သူ့ရဲ့ အောင်မြင်မှုဟာ ကံကောင်းရုံသက်သက်မဟုတ်ဘဲ "အမြင်"၊ "သတ္တိ" နဲ့ "နည်းပညာ" ပေါင်းစပ်မှုကြောင့် ဖြစ်ပါတယ်။
🚀 ၁။ မွေးမြူရေးကို စက်မှုလက်မှုပြောင်းလဲပစ်ခြင်း
၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ထိုင်းနိုင်ငံမှာ ကြက်မွေးတာဟာ အိမ်နောက်ဖေးမှာ အစာကြဲပြီး လွှတ်မွေးတဲ့ စနစ်ပဲ ရှိပါသေးတယ်။ ကြက်တစ်ကောင် ကြီးဖို့အတွက် အချိန်အကြာကြီး စောင့်ရသလို 6သနှုန်းလည်း အရမ်းများပါတယ်။ ဓနင်ကတော့ ဒီအတိုင်း မစဉ်းစားပါဘူး။
သူဟာ အမေရိကန်က ခေတ်မီတဲ့ ကြက်မျိုးဗီဇနဲ့ မွေးမြူရေးနည်းပညာတွေကို ယူဆောင်လာခဲ့ပါတယ်။ "ကြက်ကို အိမ်နောက်ဖေးမှာ မမွေးနဲ့၊ စက်ရုံလို စနစ်တကျ မွေးရမယ်" ဆိုတဲ့ သူ့ရဲ့ အတွေးအခေါ်ကြောင့် တစ်ကမ္ဘာလုံးမှာ CP ရဲ့ မျိုးကြက်တွေ၊ အစာတွေဟာ တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့ပါတယ်။
🌊 ၂။ အကျပ်အတည်းကြားက သံမဏိစိတ်ဓာတ်
၁၉၉၇ ခုနှစ် အာရှစီးပွားရေးပျက်ကပ်ဟာ သူ့ဘဝရဲ့ အဆိုးဆုံးအချိန်ပါပဲ။ CP Group ဟာ ကြွေးမြီပေါင်း ဘီလီယံနဲ့ချီ တက်နေခဲ့ပြီး ဒေဝါလီခံရဖို့ လက်တစ်လုံးအလို ဖြစ်ခဲ့ပါတယ်။ လူတိုင်းက သူ့ကို အရှုံးပေးဖို့ ပြောကြပေမဲ့ ဓနင်ကတော့ အခုလို ဆုံးဖြတ်ခဲ့ပါတယ်။
သူ အမြတ်ရနေတဲ့ လုပ်ငန်းတချို့ဖြစ်တဲ့ Lotus Supermarket လို အလုပ်တွေကို ရောင်းချပြီး ရလာတဲ့ ငွေမှန်သမျှကို "စိုက်ပျိုးမွေးမြူရေး" ထဲကိုပဲ ပြန်ထည့်ခဲ့ပါတယ်။ "ငါတို့ရဲ့ အမြစ်က စိုက်ပျိုးမွေးမြူရေးဖြစ်တယ်၊ အမြစ်ခိုင်ရင် သစ်ပင်က ပြန်ရှင်မယ်" ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကြောင့် နောက် ၅ နှစ်အကြာမှာ CP ဟာ အရင်ကထက် ၃ ဆ ပိုကြီးမားတဲ့ အင်ပါယာကြီး ဖြစ်လာခဲ့ပါတယ်။
🔗 ၃။ "မျိုးစေ့ကနေ စားပွဲတင်အစားအစာအထိ" (The Vertical Integration)
သူ့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ကတော့ ကွင်းဆက်တစ်ခုလုံးကို ထိန်းချုပ်တာပါ။
တောင်သူတွေ စိုက်ဖို့ မျိုးစေ့ ထုတ်ပေးတယ်။
တိရစ္ဆာန်တွေစားဖို့ အစာ ကို ကိုယ်တိုင်ထုတ်တယ်။
ရောဂါဒဏ်ခံနိုင်တဲ့ မျိုးကြက်၊ မျိုးဝက် တွေကို ဖောက်ပေးတယ်။
နောက်ဆုံးမှာ ထွက်လာတဲ့ အသားတွေကို 7-Eleven လို ဆိုင်တွေကနေတစ်ဆင့် စားသုံးသူလက်ထဲ အရောက်ပို့ပေးတယ်။
ဒီလို အစအဆုံး စနစ်တကျ ချိတ်ဆက်ထားလို့ပဲ သူဟာ ကမ္ဘာ့အသားဈေးကွက်မှာ ဈေးနှုန်းကိုပါ ထိန်းချုပ်နိုင်သူ ဖြစ်လာတာပါ။
💡 ဓနင်ဆီကရတဲ့ သင်ခန်းစာ
"ပြောင်းလဲမှုကို မကြောက်ပါနဲ့၊ ဒါပေမဲ့ ကိုယ့်ရဲ့ အဓိကကျွမ်းကျင်တဲ့ လုပ်ငန်းကိုတော့ ဘယ်တော့မှ လက်မလွှတ်ပါနဲ့" ဆိုတာပါပဲ။
သူဌေးကြီး ဓနင်ဟာ အသက် ၈၀ ကျော်နေပြီဖြစ်ပေမဲ့ အခုထက်ထိ နည်းပညာအသစ်တွေကို လေ့လာနေတုန်းပါပဲ။ သူဟာ မွေးမြူရေးသမားတွေအတွက်တော့ "အလုပ်အပေါ် စွဲလန်းမှု" နဲ့ "ခေတ်ရှေ့ပြေးတဲ့ အမြင်" ရှိဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာကို ပြသနေတဲ့ သက်ရှိထင်ရှား စံနမူနာရှင်ကြီးပဲ ဖြစ်ပါတယ်ရှင်။
ဒီဘ၀ဇာတ်လမ်း လေးကနေတစ်ဆင့် မိတ်ဆွေတို့ရဲ့ မွေးမြူရေးလုပ်ငန်းအတွက် စိတ်ကူးသစ်တွေ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်!

Credit
#မွေးမြူရေးအင်ပါယာ #အောင်မြင်မှုဇာတ်လမ်း #ဘဝသင်ခန်းစာ #စီးပွားရေးလုပ်ငန်းရှင် #စိုက်ပျိုးမွေးမြူရေး #စိတ်ဓာတ်ခွန်အား #ရှေ့ဆောင်လမ်းပြ #တကယ့်အောင်မြင်သူများ

ပြောင်းစျေး စပါယ်ရှယ်တက်ရန်ကုန် အရောက် ၁၈၀၀ 🔼ကားခ အနိမ့်ဆုံးစျေးမှာ ကြမ်းကပ်ပီး ငြိမ်တောင်ပေါ်ရှိကားအုပ်စုများပျောက်ရန်က...
01/05/2026

ပြောင်းစျေး စပါယ်ရှယ်တက်

ရန်ကုန် အရောက် ၁၈၀၀ 🔼

ကားခ အနိမ့်ဆုံးစျေးမှာ ကြမ်းကပ်ပီး ငြိမ်
တောင်ပေါ်ရှိကားအုပ်စုများပျောက်

ရန်ကုန်ပြောင်းချမည့်ကားများပုံ

ပြည်ညောင်ဘိလပ်မြေပြန်ထွက်လာ

သောကြာဆီစျေး တလီတာ ၅၅၀ ကျော်ကျ

Address


Telephone

+959421055572

Website

Alerts

Be the first to know and let us send you an email when KM Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Taxi?

Share