21/08/2026
ခေါင်းကိုက်ရောဂါ Migrane နှင့် ကိုယ်ဝန်တားဆေး ဘယ်လို ရွေးမလဲ ❔❓❓
💊 ကိုယ်ဝန်တားဆေး အမျိုးအစားများ
ကို အရင်ဆုံးသိထားရအောင်နော်
1. Combned Oral Contraceptive (COC)
👉 Estrogen + Progestin ပါဝင်တဲ့ နေ့စဉ်သောက်ဆေး
1. Progestin-only Pill (POP)
👉 Estrogen မပါဘဲ Progestin တစ်မျိုးတည်းပါဝင်တဲ့ သောက်ဆေး
1. 3-month Depo Injection
👉 Progestin ထိုးဆေး
1. Implant
👉 လက်မောင်းထဲ ထည့်ထားတဲ့ Progestin implant
1. IUCD / Copper-T
👉 သားအိမ်အတွင်းထည့်တဲ့ Copper device
1. Hormonal IUD
👉 Progestin ထုတ်ပေးတဲ့ သားအိမ်တွင်းထည့်ပစ္စည်း
⸻
🧠 Migraine ရှိရင် COC သောက်လို့ရလား?
Migraine ရှိတာနဲ့ COC ကို လူတိုင်းရှောင်ရမယ်ဆိုတာ မဟုတ်ပါဘူး။
ဒါပေမယ့် Migraine with Aura ရှိသူတွေမှာတော့
⚠️ Estrogen ပါတဲ့ COC ကို မသုံးသင့်ပါ။
အကြောင်းရင်းက Migraine with Aura ကိုယ်တိုင်က Ischemic stroke (လေဖြတ်) နှင့် MI ( နှလုံးသွေးကြောပိတ်ရောဂါ )ဖြစ်နိုင်ခြေကို အနည်းငယ်မြင့်စေပြီး Estrogen ပါတဲ့ contraceptive နဲ့ တွဲသုံးတဲ့အခါ အန္တရာယ်ပိုတိုးနိုင်လို့ပါ။
Aura ဆိုတာကဘာလဲ
Aura ဆိုတာက ခေါင်းကိုက်မလာခင်/ခေါင်းကိုက်နေစဉ်
👁️ အလင်းပြက်ပြက်မြင်ခြင်း
〰️ မျက်စိရှေ့ zig-zag လိုင်းများမြင်ခြင်း
🖐️ လက်/မျက်နှာ ထုံကျင်ခြင်း
🗣️ စကားပြောရခက်ခြင်း
စတဲ့ ယာယီ neurological symptoms တွေ ဖြစ်လာတာမျိုးပါ။
👉 Migraine without Aura ဆိုရင်တော့ လူနာရဲ့ အသက်၊ ဆေးလိပ်သောက်ခြင်း၊ သွေးတိုး၊ အခြား stroke risk factors တွေကိုပါ ထည့်သွင်းစဉ်းစားပြီး COC သုံးနိုင်/မနိုင် ဆုံးဖြတ်ရပါတယ်။
📌 အရေးကြီးတာက — “Migraine ရှိတယ်” ဆိုတာတစ်ခုတည်းနဲ့ ကိုယ်ဝန်တားဆေးကို ကိုယ်တိုင်ရွေးမသောက်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့နည်းလမ်းကို ရွေးချယ်ပါ။
ဆုမွန်အောင် ဆေးခန်း
Dr Hsumon
ကျန်းမာရေးအသိပညာပေးခြင်းအတွက်သာ ဖြစ်ပြီး ကိုယ်ဝန်တားနည်းရွေးချယ်ရာတွင် ဆရာဝန်နှင့် တိုင်ပင်ပါ။