ONEA EV TAXI

ONEA EV TAXI စွမ်းသူအောင် နှင့် ONEA တို့ ပူးပေါင်းဆောင်ရွက်သည့် ပဲခူး -ရန်ကုန် EV Taxi Group

07/09/2026

ကျယ်ဝန်းသန့်ရှင်းသော အဆင့်မြင့် ခရီးသွား ခံစားမှု့ ကို OneA EV Taxi ဖြင့် ရယူလိုက်ပါ ။

📲 09695181833
📲 09695181844

#ပဲခူး ရန်ကုန် EV Taxi
EV Taxi
# စီးလုံးငှါး
#တစ်ဦးချင်း
# EV Taxi
# Bz3X
# Toyota
# BYD

🚨 Excel ကျွမ်းကျင်သော Accountant များအတွက် အလုပ်အကိုင်အခွင့်အရေးကောင်းတစ်ရပ် 🚨စာရင်းဇယားများကို တိကျစွာ ကိုင်တွယ်နိုင်ပြ...
06/09/2026

🚨 Excel ကျွမ်းကျင်သော Accountant များအတွက် အလုပ်အကိုင်အခွင့်အရေးကောင်းတစ်ရပ် 🚨

စာရင်းဇယားများကို တိကျစွာ ကိုင်တွယ်နိုင်ပြီး Microsoft Excel ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူများအနေဖြင့် OneA EV Taxi ၏ လုပ်ငန်းခွင်တွင် ရေရှည်လက်တွဲလုပ်ကိုင်ရန် လျှောက်ထားနိုင်ပါသည်။

ရာထူး — Accountant (စာရင်းကိုင်)
လူဦးရေ — အမျိုးသမီး ၁ ဦး
အခြေခံလစာ — ၆၀၀,၀၀၀ ကျပ်မှ စတင်၍
လုပ်ငန်းတည်နေရာ — OneA EV Taxi ဟင်္သာကုန်း - ပဲခူးမြို့ ။

လျှောက်ထားသူများအတွက် လိုအပ်ချက်များ

• ကွန်ပျူတာအသုံးပြုမှု ကောင်းမွန်ရမည်။
• Microsoft Excel နှင့် Spreadsheet များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
• စာရင်းကိုင်လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်။
• LCCI အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်ပါသည်။
• စာရင်းပိုင်းဆိုင်ရာ တိကျသေချာမှုရှိရမည်။
• တာဝန်ယူမှုရှိပြီး အလုပ်ကို စနစ်တကျ ဆောင်ရွက်နိုင်ရမည်။
• အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်ကိုင်လိုစိတ်ရှိရမည်။

အထက်ဖော်ပြပါ လိုအပ်ချက်များနှင့် ကိုက်ညီပြီး OneA EV Taxi နှင့်အတူ ရေရှည်လက်တွဲလုပ်ကိုင်လိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
09-695181833
09-695181844

အလုပ်အကိုင်အခွင့်အရေးနှင့် ကိုက်ညီသူများ၊ Accountant သို့မဟုတ် LCCI အောင်မြင်ထားသူများ သိရှိနိုင်ရန် မျှဝေပေးနိုင်ပါသည်။

ONEA EV TAXI
Clean Energy • Better Tomorrow

"အိမ်ရှေ့အရောက် လာကြိုပေးမယ့် OneA ဝမ်းအေ EV Taxi... 🏡✨🚕"ပဲခူး-ရန်ကုန် ခရီးစဉ်တွေ သွားလာတဲ့အခါ အထုပ်အပိုးတွေနဲ့ လမ်းထိပ်...
05/09/2026

"အိမ်ရှေ့အရောက် လာကြိုပေးမယ့်
OneA ဝမ်းအေ EV Taxi... 🏡✨🚕"

ပဲခူး-ရန်ကုန် ခရီးစဉ်တွေ သွားလာတဲ့အခါ အထုပ်အပိုးတွေနဲ့ လမ်းထိပ်ထွက်ပြီး ကားစောင့်ရတာ ပင်ပန်းနေပြီလား?
OneA ရှိရင် အရာရာ အေးဆေးပါပဲ။

လူကြီးမင်းတို့ အိမ်ရှေ့အရောက် တိုက်ရိုက်လာကြိုပေးပြီး၊ EV ကားများပေါ်မှာ
စိတ်အေးချမ်းသာစွာ အနားယူလိုက်ပါ။

🚕Taxi ရဲ့ မူလ သဘာဝက စီးလုံးငှါး ဝန်ဆောင်မှု့ ဖြစ်လို့
စီးလုံးငှါး ပဲခူး < > ရန်ကုန် ခရီးစဉ်
တစ်ခြမ်းကို ယခင်စျေးနှုန်းများအတိုင်း
၈၅,၀၀၀ ဖြင့် သာပြေးဆွဲနေလျှက်ရှိပြီး အသွားအပြန် တစ်ကြောင်းလုံးကိုတော့ ၁၇၀,၀၀၀ ကျပ် နဲ့ ပြေးဆွဲနေလျှက်ရှိပါတယ် ။

🎡🎢🏞️ & 🏥
အလည်အပတ် နှင့် ဆေးခန်းပြ လမ်းကြောင်းများအတွက် မူလစျေးမှ ၃-၄ သောင်းလောက် ထပ်ပိုပေးရတာလွဲရင် အပြောင်းအလဲမရှိ ပြေးဆွဲနေလျှက်ရှိပါတယ် ခင်ဗျာ ။

🚗 အချိန်ရွေးချယ်ရန် လွယ်ကူခြင်းကို
🌈အထူးပြင်ဆင်ထားတာကြောင့်

Shuttle Service ကိုတော့
မနက်စောစောကစလို့ ညနေခင်းအထိ

ပဲခူး ⇄ ရန်ကုန် အသွားအပြန်
ပုံမှန်ခရီးစဉ်များစွာ ပြေးဆွဲပေးနေပါသည်။

ရန်ကုန်မှ အလုပ်ကိစ္စကြောင့်
ပဲခုး အပြန် နောက်ကျတတ်သူများအတွက်လည်း
ညနေ (၆:၀၀) နာရီ နှင့် ည (၈:၀၀) နာရီများတွင် အထူးခရီးစဉ်များ ထွက်ခွာပေးလေ့ရှိသဖြင့် လိုအပ်ပါက ဆက်သွယ်ဆောင်ရွက်ထားနိုင်ပါတယ်ခင်ဗျာ။

💎 တစ်သမတ်တည်းရှိသော ဈေးနှုန်း က
OneA ရဲ့ စိတ်ချရသော ဝန်ဆောင်မှု့
အာမခံချက်ဖြစ်လို့

ပုံမှန် လမ်းကြောင်းများအတွက်
ရှေ့ခန်း - ၂၅,၀၀၀ ကျပ် | နောက်ခန်း - ၂၀,၀၀၀ ကျပ် မို့
စိတ်ချယုံကြည်စွာဖြင့် စီးနင်းနိုင်ပါတယ် ခင်ဗျာ ။

စိတ်ချမ်းသာပြီး လုံခြုံမှုအပြည့်နဲ့
ခရီးသွားဖို့ OneA ကို အခုပဲ ဖုန်းဆက်လိုက်ပါနော် 👇
📞 ဆက်သွယ်ရန်:
📲 09-695181833
📲 09-695181844
#ပဲခူးရန်ကုန်အိမ်အရောက်

"ကား ( ၅ ) စီးဖြင့် စတင်ခဲ့ရာမှ ကား (၁၇) စီးအထိ... OneA EV Taxi ၏ (၁) နှစ်ပြည့် မင်္ဂလာအခါသမယ 🎂✨🚕"အချိန်တွေ ကုန်လွန်သွား...
04/09/2026

"ကား ( ၅ ) စီးဖြင့် စတင်ခဲ့ရာမှ ကား (၁၇) စီးအထိ... OneA EV Taxi ၏ (၁) နှစ်ပြည့် မင်္ဂလာအခါသမယ 🎂✨🚕"

အချိန်တွေ ကုန်လွန်သွားတာ တကယ့်ကို မြန်ဆန်လိုက်တာခင်ဗျာ...။
ပဲခူး-ရန်ကုန် ခရီးစဉ်တွေကို (EV) ဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးမည်ဟူသော ရည်မှန်းချက်ဖြင့် စတင်ခဲ့သည့် OneA EV Taxi ဟာ ဒီကနေ့မှာတော့ ခရီးသည်များနှင့်အတူ (၁) နှစ်ပြည့်မြောက်ခဲ့ပါပြီ။
ဒီခရီးလမ်းမှာ ကျွန်တော်တို့နှင့်အတူ ခိုင်မာစွာ ရပ်တည်ပေးခဲ့ကြသော မိသားစုဝင်အားလုံးကို အထူးပင် ကျေးဇူးဥပကာရ တင်ရှိအပ်ပါသည်-
🫡☺️🙏✌️

🙏 ချစ်ခင်ရပါသော ခရီးသည်မိဘပြည်သူများသို့
OneA ကို ယုံကြည်စွာဖြင့် ခရီးစဉ်ပေါင်း ထောင်ချီ အားပေးစီးနင်းခဲ့ကြပြီး၊ (၁၀) ကြိမ်ပြည့် Gift Card လက်ဆောင်များ ရယူစီးနင်းကာ အကြိမ်ပေါင်း ၈၀ ကျော်အထိ သစ္စာရှိစွာ စွဲစွဲမြဲမြဲ ရွေးချယ်ခဲ့ကြသည့် ခရီးသွားဖော်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းတို့၏ အကြံပြုချက်၊ အားပေးမှု အပြုံးများသည် ကျွန်တော်တို့ ရှေ့ဆက်ရမည့် ခွန်အားများ ဖြစ်ပါသည်။

🤝 တန်ဖိုးရှိလှသော ယာဉ်ပိုင်ရှင် (Driver Owners) များနှင့် ယာဉ်မောင်းများသို့
ခရီးသည်တိုင်း အန္တရာယ်ကင်းရှင်းရေးနှင့် သက်သောင့်သက်သာ ခရီးသွားနိုင်ရေးအတွက် မိုးရွာထဲဖြစ်စေ၊ နေပူထဲဖြစ်စေ အိမ်တိုင်ရာရောက် စေတနာရှေ့ထားကာ အတူတကွ လက်တွဲမောင်းနှင်ပေးခဲ့ကြသည့် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းများအားလုံးကို ဂုဏ်ပြုကျေးဇူးတင်ပါသည်။

💼 မမောနိုင်မပန်းနိုင် ကြိုးပမ်းပေးသော ရုံးဝန်ထမ်းများသို့
တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုပေါင်းများစွာကို မညည်းမညူ စိတ်ရှည်လက်ရှည် ဖြေကြားပေးကြသော Call Center အော်ပရေတာများ၊ အချိန်ဇယားနှင့် အော်ဒါများကို တိကျစွာ စီမံပေးကြသော Team နှင့် စာရင်းကိုင် ဝန်ထမ်းအသီးသီး၏ ကြိုးစားအားထုတ်မှုများကိုလည်း အထူးမှတ်တမ်းတင်အပ်ပါသည်။

ကား (၅ ) စီးမှ စတင်ခဲ့သော ခြေလှမ်းသည် ယခုအခါ ကား (၁၇) စီးအထိ ကြီးထွားလာခဲ့ပြီး၊ နောင်တွင်လည်း
✅တည်ငြိမ်သောဈေးနှုန်း၊
🚕သန့်ရှင်းသော EV ကားများဖြင့်
အကောင်းဆုံး ဆက်လက်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်ခင်ဗျာ။

အမြဲတမ်း အတူရှိနေပေးကြသည့် OneA မိသားစုဝင်အားလုံး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။ 💖✨
📞 OneA Booking Hotlines:
📲 09-695181833
📲 09-695181844

STA -OneA Team မော်လမြိုင်မြို့  STA ကားအရောင်းပြပွဲ - အိမ်စီး နှင့် taxi EV ကားများ လိုအပ်ပါက ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်...
18/08/2026

STA -OneA Team

မော်လမြိုင်မြို့ STA ကားအရောင်းပြပွဲ -

အိမ်စီး နှင့် taxi EV ကားများ

လိုအပ်ပါက ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းပါ

"ငြိမ်းချမ်းသာယာသော ဝါတွင်းကာလဖြစ်ပါစေကြောင်း OneA EV Taxi မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်... 🕊️✨🚖 မွန်မြတ်လှသည့် ဝါတွင်းက...
30/07/2026

"ငြိမ်းချမ်းသာယာသော ဝါတွင်းကာလဖြစ်ပါစေကြောင်း OneA EV Taxi မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်... 🕊️✨🚖

မွန်မြတ်လှသည့် ဝါတွင်းကာလ အတွင်း OneA ရဲ့ ခရီးသည်ကျေးဇူးရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ကုသိုလ်ပွားများနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ 🙏

မိုးရာသီ ဝါတွင်းကာလအတွင်း
ခရီးသွားလာဖို့
မိုးထဲရေထဲ ထွက်စောင့်စရာမလိုတဲ့
အိမ်ရှေ့အရောက် လာရောက်ကြိုပေးမယ့်
OneA ရဲ့ Door-to-Door Premium EV Taxi များက မိတ်တွေတို့အတွက် အမြဲမပြတ် အဆင်သင့်ရှိနေမှာပါခင်ဗျာ။

📞 Booking Hotlines:
09 695181833
09 695181844

"

🌧️☔️မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်လို့ ပဲခူး-ရန်ကုန် သွားလာမယ့် မိဘပြည်သူများအတွက် လမ်းခရီး အဆင်ပြေချောမွေ့စေဖို့ OneA EV...
21/05/2026

🌧️☔️မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်လို့ ပဲခူး-ရန်ကုန် သွားလာမယ့် မိဘပြည်သူများအတွက် လမ်းခရီး အဆင်ပြေချောမွေ့စေဖို့ OneA EV Taxi က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။✌️🥰

⛈️☔️မိုးရေထဲ လမ်းပေါ်ထွက်ပြီး ကားထွက်စောင့်စရာမလို
လူကြီးမင်းတို့ အိမ်ရှေ့အထိ

ပဲခူးမှ ရန်ကုန် - ရန်ကုန် မှ ပဲခူး

အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ဖြင့်(Door-to-Door)
လာရောက်ကြိုပို့ပေးမှာဖြစ်လို့
☔️☔️မိုးစိုမှာ ပူစရာမရှိတော့တဲ့အပြင် 🥰

OneA ရဲ့စံသတ်မှတ်ဈေးနှုန်း
✅ရှေ့ခန်း ၂၅,၀၀၀ ကျပ် /
✅နောက်ခန်း ၂၀,၀၀၀ ကျပ်)
✅စီးလုံးငှါး ၈၅,၀၀၀ ကျပ်
အတိုင်းသာ

စျေးနှုန်းအပြောင်းအလဲမရှိ 😇

စိတ်အေးချမ်းသာစွာဖြင့်
ခရီးသွားနိုင်ဖို့
ကျွန်တော်တို့မှ ဝန်ဆောင်မှု့ပေးပါရစေ🙏🫡

📞 Booking Hot Line: 09695181833

"

"ခရီးသွားလာမှုအတွက် ဈေးနှုန်းမှန်ကန်မှုက OneA ရဲ့ ကတိကဝတ်ပါ" 🚖✨မကြာသေးမီက ဈေးကွက်အတွင်း EV ကားအချို့တွင် ဈေးနှုန်းများကိ...
08/05/2026

"ခရီးသွားလာမှုအတွက် ဈေးနှုန်းမှန်ကန်မှုက OneA ရဲ့ ကတိကဝတ်ပါ" 🚖✨

မကြာသေးမီက ဈေးကွက်အတွင်း EV ကားအချို့တွင် ဈေးနှုန်းများကို တိုးမြှင့်တောင်းခံနေကြောင်း ကြားသိရသည့်အတွက် ကျွန်တော်တို့ OneA EV Taxi Family အနေဖြင့် ခရီးသည်များအတွက် တိကျသော ဈေးနှုန်းနှုန်းထားကို အသိပေးအပ်ပါတယ်ခင်ဗျာ။

✅ OneA ရဲ့ ပုံသေဈေးနှုန်းများ:

( ပဲခူး - ရန်ကုန် )

စီးလုံးငှါး တစ်ခြမ်း - ၈၅,၀၀၀ ကျပ်

စီးလုံးငှါး တစ်နေကုန် - ၁၇၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်

ရှေ့ခန်း - ၂၅,၀၀၀ ကျပ်

နောက်ခန်း - ၂၀,၀၀၀ ကျပ်

ဤဈေးနှုန်းသည် အခါကြီးရက်ကြီးများတွင်လည်း ပြောင်းလဲခြင်း လုံးဝ(လုံးဝ) မရှိပါ။ အကယ်၍ လူကြီးမင်းတို့အနေဖြင့် အဆိုပါဈေးနှုန်းထက် ပိုမိုတောင်းခံခြင်းများ ကြုံတွေ့ရပါက အဆိုပါကားသည် ကျွန်တော်တို့ OneA ၏ ကားမဟုတ်ကြောင်း သေချာစွာ အသိပေးအပ်ပါတယ်။

ဈေးနှုန်းလည်းမှန်၊ ဝန်ဆောင်မှုလည်းစိတ်ချရဖို့အတွက် Official Booking ဖုန်း 09695181833 သို့သာ တိုက်ရိုက်ဆက်သွယ်ပေးကြပါခင်ဗျာ။

💎 OneA Exclusive Member - စံချိန်တင် အားပေးမှုကို ဂုဏ်ပြုခြင်း 💎ကျွန်တော်များ OneA EV Taxi Family ကို ယုံကြည်စွာဖြင့် ခရ...
08/05/2026

💎 OneA Exclusive Member - စံချိန်တင် အားပေးမှုကို ဂုဏ်ပြုခြင်း 💎

ကျွန်တော်များ OneA EV Taxi Family ကို ယုံကြည်စွာဖြင့် ခရီးစဉ်ပေါင်း (၈၁) ကြိမ်တိုင်တိုင် စွဲစွဲမြဲမြဲ အားပေးခဲ့တဲ့ အမာခံ ခရီးသွားဖော်ကို အထူးပင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ 🙏✨
ယခုကဲ့သို့ စံချိန်တင် အားပေးမှုအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ကျွန်တော်တို့၏ Exclusive Member ထံသို့ Gift Card (၉) ကတ် လက်ဆောင်မွန်ကို ပေးအပ်ခဲ့ပါတယ်။ (ခရီးစဉ် ၁၀ ကြိမ်လျှင် ၁ ကြိမ် အခမဲ့စီးနင်းခွင့် အရ)

✅ ဘာကြောင့် OneA ကိုပဲ ရွေးချယ်ကြတာလဲ?

ကားအစီးရေ (၁၀ ) စီးကျော်ဖြင့် အချိန်မရွေး၊ နေရာမရွေး အမြဲအဆင်သင့် ရှိနေခြင်း။

ကိုယ်ပိုင် Fast Charging System: အားသွင်းစနစ် (၅) လုံးဖြင့် အားသွင်းဆောင်ရွက်ခြင်း ။

အိမ်တိုင်ရာရောက် ဝန်ဆောင်မှု: လမ်းကြိုလမ်းကြားမကျန် အိမ်ရှေ့အထိ လာကြို/ပို့ပေးခြင်း။

ခရီးစဉ်ပေါင်း (၃,၉၀၀) ကျော်ရဲ့ အတွေ့အကြုံတွေနဲ့အတူ OneA EV taxi Family က လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပါသည်။

📞 Booking: 09695181833

"

🚖 "အပြုံးများစွာနဲ့ OneA ရဲ့ Exclusive လက်ဆောင်..."ကျွန်တော်တို့ OneA EV Taxi ကို အမြဲအားပေးကြတဲ့ Exclusive Member များထ...
07/05/2026

🚖 "အပြုံးများစွာနဲ့ OneA ရဲ့ Exclusive လက်ဆောင်..."

ကျွန်တော်တို့ OneA EV Taxi ကို အမြဲအားပေးကြတဲ့ Exclusive Member များထံသို့

"စီးလေ တန်လေ" Gift Card လက်ဆောင်မွန်များကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ပါပြီခင်ဗျာ။ 🎁✨

ကိုယ်တိုင် Booking တင်ပြီး
စီးနင်းသူတိုင်းအတွက် (၁၀) ကြိမ်စီးလျှင် (၁) ကြိမ် အခမဲ့ စီးနင်းခွင့်ရမည့် Gift Card အစီအစဉ် Customer Loyalty Program အပေါ်
လူကြီးမင်းတို့ရဲ့ ကျေနပ်နှစ်သက်မှုကို
မြင်တွေ့ရတာ
ကျွန်တော်တို့ OneA Family အတွက်
တကယ့်ကို ကြည်နူးစရာဖြစ်ရပါတယ် ။ ☺️☺️

🚖 "ယုံကြည်မှုနဲ့ ရင်းနှီးတဲ့... OneA ရဲ့ စံချိန်တင် အားပေးမှု!"

ကျွန်တော်တို့ OneA EV Taxi Family ရဲ့
OneA Exclusive Member
အမာခံ ခရီးသွားဖော်တစ်ဦးဟာဆိုရင်
အခုဆိုရင်
ခရီးစဉ်ပေါင်း (၈၁) ကြိမ်အထိ OneA နဲ့အတူ ယုံကြည်စိတ်ချစွာ ခရီးသွားခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ။ 💎🚖

ဒီလိုမျိုး အစဉ်တစိုက် အားပေးမှုအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ကျွန်တော်တို့ရဲ့ (Exclusive Member ထံသို့
Gift Card ၉ ကဒ်လက်ဆောင်မွန်) ကို
ဂုဏ်ယူစွာဖြင့် ပေးအပ်ခဲ့ပါတယ်။🫡🫡🫡

ဒါ့အပြင် အခြားသော မိတ်ဟောင်းဆွေဟောင်းများထံသို့လည်း ခရီးစဉ်များအလိုက် (၂) ကတ်၊ (၃) ကတ် စသဖြင့် လက်ဆောင်များကို အသီးသီး ပေးအပ်နိုင်ခဲ့လို့ ကျွန်တော်တို့ မိသားစု အနေနဲ့ အတိုင်းထက်အလွန် ဂုဏ်ယူဝမ်းသာမိပါတယ်။☺️☺️☺️

ဘာကြောင့် OneA ကိုပဲ ရွေးချယ်ကြတာလဲ?🚕🚕🚕

✅ အစီးရေ ၁၀ စီးကျော်ဖြင့် အမြဲအဆင်သင့်ရှိခြင်း

✅ ကိုယ်ပိုင် Level 3 Fast Charging များဖြင့် အားသွင်းခြင်း

✅ ခရီးစဉ်ပေါင်း (၃,၉၀၀) ကျော်ရဲ့ အတွေ့အကြုံဖြင့် တာဝန်ယူစီမံခန့်ခွဲခြင်း

✅အိမ်တိုင်ရာရောက် ဝန်ဆောင်မှု:
လမ်းကြိုလမ်းကြားမကျန် အိမ်ရှေ့အထိ လာကြို/ပို့ပေးခြင်း။

🙏ထို့အပြင် အခါကြီးရက်ကြီးများတွင်လည်း ဈေးနှုန်းတိုးမြှင့်ခြင်း လုံးဝ(လုံးဝ) မရှိဘဲ
ရှေ့ခန်း ၂၅,၀၀၀ ကျပ်၊ နောက်ခန်း ၂၀,၀၀၀ ကျပ် စီးလုံးငှါး ၈၅,၀၀၀ကျပ် စသည့်
မူလနှုန်းထားများအတိုင်း

စေတနာရှေ့ထား၍
ဆက်လက်ပြေးဆွဲပေးနေပါပြီ။💪💪💪

ခရီးစဉ်ပေါင်း (၃,၉၀၀) ကျော်ရဲ့ အတွေ့အကြုံများနှင့်အတူ
လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းကို
အကောင်းဆုံး
ဆက်လက်ဝန်ဆောင်မှု ပေးပါရစေ
🙏🙏🙏🥰✌️

📞 09 695 1818 33

Address

185, THANATPIN Road
Bago
08011

Website

Alerts

Be the first to know and let us send you an email when ONEA EV TAXI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category