HKKS JP Express Transport

事業に問い合わせる

HKKS JP Express Transport ဂျပန်~မြန်မာ စိတ်ချမြန်ဆန် Ship Cargo

2026.10.1 မှစ၍ Ship Cargo ဈေးနှုန်းများအသစ်ပြောင်းပါမည်။ဈေးနှုန်းအသစ်များကို 9လပိုင်းနောက်ဆုံးအပတ်တွင်ကြေငြာပေးပါမည်။ ပစ...
11/09/2026

2026.10.1 မှစ၍ Ship Cargo ဈေးနှုန်းများအသစ်ပြောင်းပါမည်။
ဈေးနှုန်းအသစ်များကို 9လပိုင်းနောက်ဆုံးအပတ်တွင်ကြေငြာပေးပါမည်။

ပစ္စည်းပို့မည့်သူများ page တွင်ကြေငြာထားသော
- Plan အသေးစိတ်
- ဝန်ဆောင်မှုအသေးစိတ်
- စည်းကမ်းချက်အသေးစိတ်
များကို သေချာဖတ်ပေးပါရန်။

✅ Service Plan တွင် Custom Clearance နှင့် သတ်မှတ်နယ်နိမိတ်အတွင်း ပို့ခပါပြီးသားဖြစ်ပါသည်။
( Customer များ၏ လိပ်စာမှားပေးမှုကြောင့် delivery ပြန်ပို့ရခြင်းရှိပါက ထပ်ပို့ခကို Customer ဘက်မှ ကျခံရပါမည်။ )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🗓️ Ship Cargo ခန့်မှန်းကြာချိန်

🚢 HKKS Ship Cargo မှ
🇯🇵Japan ~ 🇹🇭Thai Container များအပတ်စဉ်ရှိပါသည်။

📦 HKKS ဂိုဒေါင်သို့ ပစ္စည်းရောက်မဲ့အချိန်အပေါ်မူတည်ပါမည်။
📝 အပတ်စဉ်ပစ္စည်းလက်ခံပိတ်ရက် > စနေ
ပစ္စည်းနောက်ဆုံးလက်ခံရက်သည် ကွန်တင်နာပိတ်ရက်မဟုတ်ပါ။
ပစ္စည်းနောက်ဆုံးလက်ခံရက်မှသည် ကွန်တင်နာထဲပစ္စည်းထည့်ပိတ်ချိန်၊ ကွန်တင်နာသင်္ဘောတင်ချိန် ခန့်မှန်း 15ရက်ကြာပါသည်။

ကြိုတင်予約ယူထားသောCustomer များနှင့် HKKS ဂိုဒေါင်သို့ရောက်သည့်အစဉ်လိုက် ထည့်ပေးသည်ဖြစ်ပါ၍ ပြည့်သွားပါက နောက်အလုံးများ၌ထည့်ပေးပါမည်။

🚢 BKK.အထိ > ပစ္စည်းနောက်ဆုံးလက်ခံရက်မှ ခန့်မှန်း 30~45 ရက်ဝန်းကျင်

🇲🇲Myanmar ( Myawaddy / Mawlamyine) အထိအတွက် လမ်းအခြေအနေပေါ်မူတည်၍ အချိန်တခုကြာပါမည်။

မော်လမြိုင်အထိ ( 🔺လမ်းခရီးအခြေအနေပေါ်မူတည်ပါမည်။ လမ်းခရီးအခြေအနေအရ လက်မခံနိုင်ခြင်းရှိပါမည်။)

✅ မြန်မာဘက်သို့ အမြန်ပို့လိုသူများ ထိုင်းမှတဆင့် မိမိအစီအစဉ်ဖြင့် ပို့ခြင်းက ပိုမြန်နိုင်ပါမည်။

🔺Container များစောရောက်၊ နောက်ကျရောက်ခြင်းများသည်လမ်းခရီးအခြေအနေပေါ်မူတည်ပါမည်။

🔺လမ်းခရီးအခြေအနေအရဖြစ်ပေါ်နိုင်သည့်နောက်ကျခြင်းနှင့် Risk များ၊ စည်းကမ်းချက်၊ ဝန်ဆောင်ချက်၊ စျေးနှုန်းplan အသေးစိတ်ကို Page တွင်ကြေငြာပေးထားပါသည်။

🔺သေချာဖတ်ရှု၍ သဘောပေါက်နားလည်လက်ခံနိုင်မှသာ ပစ္စည်းအပ်ပါရန်။
ပစ္စည်းအပ်ပြီးမှ Complain တက်ခြင်းများကို ဖြေကြားပေးမည် မဟုတ်ပါ။

HKKS Admin Team
🙇‍♀️🙇‍♂️





31/08/2026

♻️ HKKS JP Express ဖြင့် ပစ္စည်းပို့မည့်သူများ သေချာစွာဖတ်ပေးပါ။

✳️ နေ့စဉ် HKKS ဂိုဒေါင်သို့ ဂျပန်ပြည်တွင်း Delivery ကုမ္ပဏီမျိုးစုံက လာရောက်ပို့သော size မျိုးစုံသော ပုံး၊ အထုပ်အရေအတွက် 600 အထက်ရှိပါတယ်။
ပိတ်ရက်ပြီး ပြန်ဖွင့်ရက်တွေဆို အရေအတွက်ထောင်ချီရောက်ပါတယ်။
Delivery ကုမ္ပဏီများမှာ ဂိုဒေါင်မှာပစ္စည်းလက်ခံရက်၊ အချိန်အားလုံးသိပါတယ်။
ပစ္စည်းမရောက်၊ လာမပို့ ဆိုတာမရှိပါ။

📍Delivery ကုမ္ပဏီများသို့ဖုန်းဆက်ပေးခြင်း၊ ပစ္စည်းသွားယူပေးခြင်းများ လုံးဝ မလုပ်ပေးပါ။

HKKS ဂိုဒေါင်သို့ပစ္စည်းမရောက်လာခြင်းမှာ ပို့သူဘက်မှလိပ်စာမှားထည့်ခြင်းကြောင့်သာဖြစ်ပါမည်။
တချို့ပစ္စည်းများ営業所留 လုပ်ထားလျှင် HKKS ဂိုဒေါင်သို့ မရောက်ပါ။ ထိုပစ္စည်းများကို Delivery ကုမ္ပဏီသို့ဖုန်းဆက်ပြီးယူပေးပါဆိုတာမျိုး လုံးဝမလုပ်ပေးပါ။

📍HKKS ​၏ပစ္စည်းသိမ်းသည့်ဂိုဒေါင်များသည် တနေရာထဲ မဟုတ်သည့်အတွက် ပစ္စည်းပို့ခါနီးတိုင်း ဂိုဒေါင်လိပ်စာကို Confirm လုပ်ပေးပါ။

✳️ ကြိုတင်အကြောင်းမကြားထား၊ ငွေကြိုမလွဲထားဘဲ ငွေamount များသော COD ဖြင့်ပို့လာခြင်းကိုလဲ လက်ခံမည်မဟုတ်ပါ။

✳️ HKKS မှ ရောက်ရှိလာသော ပုံးများကို တခုချင်းစီပုံရိုက်မပို့ပါ။
ပို့သူမှ မိမိပို့သောပုံး၏ပုံများနှင့် Delivery အပ်ထားသောလက်ခံစာရွက်ပုံကို HKKSရဲ့ cb သို့ပို့ထားပေးရပါမည်။
📍HKKS သို့ပစ္စည်းပို့လျှင် Facebook အကောင့်အမည်ဖြင့်သာပို့ရပါမည်။ အမည်ရှာမတွေ့သောပစ္စည်းများ process ဆက်လုပ်ပေးမည်မဟုတ်ပါ။

📍ပစ္စည်းပုံးများ၏ဘေးနှစ်ဘက်တွင် တဖက်နိုင်ငံမှ လက်ခံမည့်သူအမည်၊ ဆက်သွယ်လို့ရမည့်ဖုံးနံပါတ်၊ လိပ်စာအပြည့်အစုံကို သေချာရေးပေးပါရန်။
စာရွက်သေးလေးများဖြင့်ရေးပြီးကပ်လျှင် တိပ်ပြုတ်၍စာရွက်ပျောက်ခြင်း၊ ပစ္စည်းအတင်းအချများတွင် ပြုတ်ခြင်းများဖြစ်နိုင်ပါသည်။
ထိုသို့ဖြစ်ခဲ့ပါက ပစ္စည်းရှာရခက်ခြင်းကြောင့် process နောက်ကျခြင်းများရှိပါမည်။

📍လိပ်စာမရေးခဲ့သောပုံးများကို လိပ်စာရေးပေးမည်မဟုတ်ပါ။
📍လိပ်စာမမှန်၊ မတိကျ၍ Delivery မှပြန်ရောက်လာသောပစ္စည်းများအတွက် ပြန်ပို့ခထပ်မံပေးဆောင်ရပါမည်။

✳️ လိပ်စာ၊ ဖုန်းနံပါတ် မမှန်၍ဖြစ်စေ၊ လက်ခံမည့်သူမရှိ၍ဖြစ်စေ Delivery မှပြန်ရောက်လာသောပစ္စည်းများ၊
ပို့ရမည့်နေရာပြောင်းသော ပစ္စည်းများ၊
ချက်ချင်းထပ်ပို့ပေးနိုင်မည်မဟုတ်ပါ။
ဂျပန်မှ အပတ်စဉ်ကွန်တင်နာတင်တာဖြစ်တာကြောင့်၊
တဖက်နိုင်ငံတွင် အပတ်စဉ်ကွန်တင်နာများ ရောက်ရှိနေသည်ဖြစ်၍ အစဉ်လိုက်သာ Delivery အပ်ပေးမည်ဖြစ်ပါသည်။
ပြည်တွင်းပို့ခကို Customer ဘက်မှ ထပ်မံကျခံရမည်ဖြစ်ပါသည်။
📍Customer ဘက်မှပေးသောအချက်အလက်မပြည့်စုံခြင်း/အမှားများကြောင့် Complain လာတက်ခြင်းများကို ပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။

✳️ မြန်မာပြည်တွင်း ကားဂိတ်အပ်ပေးရမည့် ပစ္စည်းများ
- Customer များကိုယ်တိုင် ထိုကားဂိတ်များသို့ဖုန်းဆက် ညှိရပါမည်။
- HKKS မှ Customer များအပ်ခိုင်းသော ကားဂိတ်သို့သာပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ကားဂိတ်ရှာပေးခြင်း၊ ဈေးနှုန်းညှိပေးခြင်းများလုံးဝ မလုပ်ပေးပါ။
- Customer များမှ ကြိုတင်ဆက်သွယ် ညှိထားခြင်းမရှိ၍၊ ကားဂိတ်များမှ လက်မခံလို့ပြန်သယ်ယူလာရပါက Customer ဘက်မှပို့ခထပ်မံကျခံရပါမည်။

✳️ မြဝတီ၊ မော်လမြိုင်တွင် ကိုယ်တိုင်လာထုတ်မည့်သူများ ပစ္စည်းလာယူရန်ဆက်သွယ်လာသည့်ရက်မှ 3ရက်အတွင်းလာယူပေးပါရန်။
နေ့စဉ် မြန်မာပြည်တွင်းအခြေအနေ အပြောင်းအလဲများ၊ အစစ်အဆေးများကြောင့် ဂိုဒေါင်များတွင် ပစ္စည်းများအချိန်ကြာသိမ်းထားပေးမည်မဟုတ်ပါ။
မဖြစ်မနေသိမ်းထားပေးရမည်ဆိုလျှင် ထိန်းသိမ်းခ ကျပါမည်။
📍ဂိုဒေါင်များနေရာကြိုပြောမည်မဟုတ်ပါ။
📍ပစ္စည်းလာထုတ်သူများ ပစ္စည်းမမှားအောင် မိမိပစ္စည်းများကို သေချာစစ်ဆေးယူပါရန်။

✳️ ထိုင်းပြည်တွင်းပို့သည့်သူများ Delivery သာအပ်ပေးပါသည်။ ဒီနေ့ပို့ ဒီနေ့မရောက်ပါ။ CB မှတဦးချင်းစီ Tracking No မပို့ပေးပါ။ Tracking No လိုသူများ email address ပို့ထားပေးရပါမည်။

✳️ ဂျပန်ပြည်တွင်း ပစ္စည်းယူပေးခြင်း၊ delivery ကုမ္ပဏီများသို့ booking တင်ပေးခြင်းများမလုပ်ပေးပါ။

✳️ ပုံးခွံservice မရှိပါ။ Yamato ပုံးလိုချင်သူများ လူကြီးမင်းတို့ကိုယ်တိုင် တိုက်ရိုက်ဝယ်ယူပါ။

✳️ တဖက်နိုင်ငံများသို့ ပစ္စည်းရောက်မည့်ခန့်မှန်းရက်များကို Bill များတွင်ရေးထားပေးပါသည်။
လမ်းခရီးတွင် မထင်မှတ်နိုင်သော / ကြိုတင်မသိမမြင်နိုင်သော အခြေအနေ၊ အခက်အခဲများစွာ ဖြစ်ပေါ်နိုင်သည်ဖြစ်၍ အတိအကျမပြောနိုင်ပါ။ ခန့်မှန်းရက်သာပြောနိုင်ပါသည်။
စောရောက်၊ နောက်ကျရောက်ခြင်းများရှိနိုင်ပါသည်။

🔺 ရန်သူမျိုးငါးပါးကြောင့်ဖြစ်ပေါ်လာသော အပျက်အစီး၊ ပျောက်ရှမှု များအတွက်တာဝန်မယူပါ။
🔺ကန့်သတ်ပစ္စည်းများ၊ ပေါက်ကွဲလွယ်ပစ္စည်းများ၊ ဥပဒေနှင့် မကင်းလွတ်သောပစ္စည်းများလုံးဝလက်မခံပါ။
🔺Customer ​၏ပေါ့ဆမှုကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် customer မှတာဝန်ယူပေးရမည်ဖြစ်ပါသည်။

✳️ HKKS ဂျပန်ဘက်ဂိုဒေါင်များတွင် ပစည်းများ ရက်ရှည်သိမ်းဆည်းပေးခြင်း service မရှိပါ။
ပစ္စည်းစုမည့်Customer များ၊ ရက်ကြာသိမ်းထားပေးရမည့်ပစ္စည်းများအတွက် ဂိုဒေါင်နေရာကြေးကျပါမည်။
ပစ္စည်းအများနှင့်ပို့သောCustomer များ တစုထဲပို့ပေးပါရန်၊
ခွဲရောက်လာသော ပစ္စည်းများကို တပတ်အထိသာသိမ်းဆည်းပေးထားပါမည်။ ထိုထက်ကျော်လွန်ပါက ဂိုဒေါင်ကြေးကျပါမည်။

✳️ Customer များရဲ့ အခြေအနေကြောင့် HKKS ဂိုဒေါင်သို့ရောက်ရှိနေသောပစ္စည်းများကို ပြန်ပို့ပေးရမည်ဆိုပါက COD ဖြင့်ပြန်ပို့ပေးမည်ဖြစ်ပြီး၊ return & ထိန်းသိမ်းခ service ကြေးကျပါမည်။

✳️ ပစ္စည်းအပ်သူ တဦးသာလျှင် cb မှမေးပေးပါရန်။
📍အကောင့်များစွာဖြင့်ဆက်သွယ်ပြောဆိုလာခြင်းများကို ပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။

✳️ ပစ္စည်းပုံးများကိုသေချာထုပ်ပိုးပေးပါ။
ဂျပန်ပြည်တွင်းDelivery မှာတင်( HKKS သို့ရောက်ချိန်တွင်ပင်) ပုံးများပိလာခြင်း၊ ကွဲထွက်လာခြင်း၊ တိပ်များကွာလာခြင်းများရှိပါသည်။
လူကြီးမင်းတို့ Delivery ကိုအပ်သည့်အချိန်မှ ဂျပန်ပြည်တွင်းHKKS ဂိုဒေါင်သို့ရောက်ရန်ကြားထဲတွင်ပင် 4~5ကြိမ်အတင်အချရှိပါသည်။
HKKS ဂိုဒေါင်မှ ထိုင်း / မြန်မာဘက် သက်ဆိုင်ရာ လိပ်စာများအထိရောက်ချိန်အထိ အကြိမ်ရေများစွာအတင်အချရှိပါသည်။

မြဝတီ၊ မော်လမြိုင် ပို့သူများ ပစ္စည်းပုံးအနာအဆာပိုရှိပါမည်။
လမ်းခရီးအခြေအနေမျိုးစုံ၊ ရာသီဥတုအခြေအနေများကြောင့် ပုံးအနာအဆာများရှိမည်ကို သေချာစွာနားလည်ပေးပါ။

📍HKKS မှ အလုပ်နဲ့ပတ်သက်ပြီး Professional ပိုင်းကိုလုပ်နေတာဖြစ်ပါတယ်။
Admin Team မှ လုပ်ကိုင်နေရသည်မှာ ဘယ်တခုမှလွယ်ကူနေခြင်းမရှိပါ။

အပတ်စဉ် ကွန်တင်များမှာ ပါဝင်တဲ့ ပုံးရေပေါင်းက ထောင်ပေါင်းများစွာရှိပါတယ်။
ဒါတွေအားလုံးကို မပျောက်မရှအောင် ထိန်းသိမ်းရတာဖြစ်တယ်။

အားလုံးကို Precess အလိုက်၊ အစဉ်အလိုက်သာလုပ်ပေးပါသည်။
တဦးတယောက်ချင်းစီရဲ့ တကိုယ်ကောင်းအတွေးနဲ့ အခုလိပ်စာပေး၊ အခုပို့ ဆိုတာကို လုပ်ပေးမည်မဟုတ်ပါ။

ဂျပန်၊ ထိုင်း၊ မြန်မာဘက် အားလုံး ဖြစ်လာနိုင်သည့်Risk အမျိုးမျိုး၊ အရေးပေါ်ကြုံလာနိုင်သည် အခက်အခဲမျိုးစုံကို ကြိုတင်တွက်ဆပြင်ဆင်ပြီး နစ်နာဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

ဒါကြောင့် တချို့သော ပစ္စည်းပို့သည့်သူများ လမ်းကြောင်းများအရမ်းသိ အရမ်းနားလည်နေလျှင် မိမိကိုယ်တိုင်သာပို့ကြပါ။
မိမိတဦးစာ ပစ္စည်းပုံးရေအနည်းနဲ့သယ်တာနဲ့ လုပ်ငန်းအတွက်ပုံးရေ ရာထောင်ချီသယ်ယူပို့ဆောင်နေရတာ မတူပါ။

🔺Cargo Plan ၊ ဝန်ဆောင်မှု၊ စည်းကမ်းချက် အသေးစိတ်များကို Page ရဲ့ထိပ်ဆုံးတွင် Pin ထောက်ထားပေးပါသည်။
ထပ်မံ၍လဲ ထပ်ခါကြေငြာပေးထားသည်များရှိပါသည်။

cb မှလဲ သတိထားရမည်များ၊ လက်တလော ပစ္စည်းလမ်းကြောင်းအခြေအနေ၊ ဘယ်အထိလက်ခံပို့ဆောင်နိုင်သည်များကိုလဲ ထပ်မံပြောပေးပါသည်။
သေချာ ဖတ်ပြီး စည်းကမ်းချက်နှင့် လမ်းခရီးအခြေအနေများကို လက်ခံနိုင်မှသာ ပစ္စည်းအပ်ပါ။

စည်းကမ်းချက်များကို သေချာမဖတ်ဘဲ ကြေငြာထားသည်များကို ထပ်ခါမေးလာခြင်း၊ နောက်မှ Complain လာတက်ခြင်းများကို ပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။
( 📍Comment တွင် Link များထပ်ထည့်ပေးထားပါသည်📍)

❇️ ရုံးချိန်အတွင်းသာ reply ပြန်ပါမည်။
ပိတ်ရက်များမှာ > ဂျပန် & ထိုင်း & မြန်မာ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်၊ နွေပိတ်ရက် နှင့် HKKS ၏သတ်မှတ်ပိတ်ရက်။

HKKS Admin Team


#ဂျပန်ထိုင်းမြန်မာကာဂို




HKKS မှ ဒီလို post တွေ share မလုပ်တတ်ပါဘူး။ ဒါပေမဲ့ လမ်းကြောင်းအခြေအနေအမှန်ကို မသိဘဲ သူများပြောတာတွေယုံ၊ အပြောကောင်းတွေက...
29/08/2026

HKKS မှ ဒီလို post တွေ share မလုပ်တတ်ပါဘူး။
ဒါပေမဲ့ လမ်းကြောင်းအခြေအနေအမှန်ကို မသိဘဲ သူများပြောတာတွေယုံ၊ အပြောကောင်းတွေကိုယုံပြီး ပို့နေကြတာတွေမြင်နေရလို့ share ပေးခြင်းပါ။

HKKS သို့ ရနောင်းအထိပို့ပေးလား? ပို့ပေးပါဆိုပြီး ခဏခဏကုန်သည်တွေ လာမေးကြပါတယ်။

ပို့တာက ပို့ပေးပါတယ်။
ဒါပေမဲ့ ရနောင်း ကနေ ရေကြောင်းနဲ့ ပြန်သယ်ကြတာကို အားမပေးပါဘူး။ တားသင့်ရင်လဲ တားပါတယ်။
လုပ်ငန်း partner တွေထဲမှာလဲ ခံရတဲ့သူတွေရှိနေတာကြောင့် သတိနဲ့ လုပ်ဖို့ အမြဲအကြံပေးပါတယ်။

ဒီပစ္စည်းပုံတွေထဲမှာ ဂျပန် skin care ပုံးတွေလဲ အများအပြားတွေ့ရပါတယ်။

ဒီလိုဖြစ်ရင် cargo တွေတာဝန်ယူဖို့မဖြစ်နိုင်ပါဘူး။
ကုန်သည်တွေသာ နစ်နာမှုများပါမယ်။

📍HKKS က ယခုအချိန်အထိ လမ်းမျိုးစုံသုံးပြီးပို့ခဲ့တယ်။
လမ်းအခြေအနေတွေကိုလဲ ပစ္စည်းအပ်တဲ့ Customer တွေကို ကြိုပြောတယ်။
အခြေအနေမကောင်းတာကို သိတာနဲ့ ပစ္စည်းလက်မခံခြင်း၊ ဘယ်အထိသာရပါမယ်ဆိုပြီး ကြိုပြောပါတယ်။
ကြိုသတိပေးပါတယ်။

📍Risk အရမ်းများမဲ့အခြေအနေ၊ မဖြစ်နိုင်တဲ့ အခြေအနေတွေဆို ပစ္စည်းလက်မခံခဲ့ပါဘူး။

တချို့ Customer တွေက အခြေအနေအမှန်ကိုပြောပြရင် လက်မခံချင်ကြဘူး။

တချို့က တနိုင်တပိုင်ပစ္စည်းလေးသယ်တာလောက်နဲ့ သယ်လို့ရတယ်ပြောကြတယ်။

တနိုင်တပိုင်နဲ့ ပစ္စည်းပုံးရေ ထောင်ချီသယ်တာနဲ့ မတူဘူးဆိုတာကို နားလည်ပါ။

comment မှာလဲ လက်ရှိ မော်လမြိုင် ~ ရန်ကုန် လမ်းအခြေအနေ link ထည့်ထားပေးပါတယ်။
ဘယ်နေ့ ဘယ်အခြေအနေဖြစ်မလဲ ကြိုတင်မသိနိုင်တာကြောင့် ဂိုဒေါင်လိပ်စာတွေလဲ ကြိုမပြောပါဘူး။
ပစ္စည်းများကိုလဲ အကြာကြီးမသိမ်းပေးပါဘူး။

🔺Yangon တိုက်ရိုက် Sea Cargo ဆိုတာတွေကိုလဲ သတိကြီးထားပြီးမှ အပ်ဖို့ အကြံပေးပါတယ်။
( ဘယ်သူ့စီးပွားကိုမှ ထိခိုက်စေခြင်းမရှိပါ)

🫶HKKS ရဲ့ Japan , Thai , Myanmar Team member အားလုံး Customer များရဲ့ ပစ္စည်းအားလုံး လုံခြုံစိတ်ချစွာရောက်ဖို့ အမြဲစေတနာအပြည့်နဲ့လုပ်ပေးပါတယ်။
အပြောတော့ မချိုကြပါဘူး။






https://www.facebook.com/share/p/1D3FJBDmvp/?mibextid=wwXIfr

🚢 ဂျပန်~မြန်မာ sea cargo မေးသော Customer  များ 💥လက်ရှိ ဂျပန် ~ မြဝတီ ၊ ဂျပန်~ မော်လမြိုင်အထိသာ လက်ခံပါသည်။ 💥ဂျပန်~ မော်လ...
23/06/2026

🚢 ဂျပန်~မြန်မာ sea cargo မေးသော Customer များ

💥လက်ရှိ ဂျပန် ~ မြဝတီ ၊ ဂျပန်~ မော်လမြိုင်အထိသာ လက်ခံပါသည်။
💥ဂျပန်~ မော်လမြိုင်က ပစ္စည်းရောက်ပိုမြန်နိုင်ပါသည်။
( 🔺JPN ~ TH , JPN ~ MM sea cargo အတွက် Plan၊ ဝန်ဆောင်မှု၊ စည်းကမ်းချက် အသေးစိတ်ကို Page မှာကြေငြာပေးထားသည်ဖြစ်၍၊ သေချာစွာဖတ်ရှုပေးပါ။ )

🚛 မြဝတီ၊ မော်လမြိုင် မြို့တွင်း အိမ်အရောက်ပို့ပေးပါသည်။ ရက်အချိန်ကို ကြိုတင်ဆက်သွယ်ပြီးပို့ပေးပါသော်ငြား လက်ခံသူမရှိခြင်းကြောင့် ပြန်သယ်လာရပါက ထပ်မံပို့ခကုန်ကျပါမည်။
ပစ္စည်းများအားလုံးအတွက် ပစ္စည်းရောက်ချိန်သက်ဆိုင်ရာ မြို့များမှ တာဝန်ခံများမှဆက်သွယ်အကြောင်းကြားပါသည်။
( ခဏခဏဆက်သွယ်သော်ငြား ဆက်သွယ်မရသော customer များစွာလဲရှိနေပါသည်)

🚚 ရန်ကုန်အထိပို့လိုသော Customer များ ပစ္စည်းအပေါ်မူတည်ပြီး မော်လမြိုင် ~ ရန်ကုန် ပို့ခထပ်မံတွက်ပါသည်။
ပစ္စည်းအလိုက်ဈေးကွာမည်ဖြစ်သလို၊ လက်မခံသောပစ္စည်းများရှိပါသည်။
လမ်းအခြေအနေအရ ပစ္စည်းများနာနိုင်ပါသည်။
ပုံမှန်လူသုံးကုန်ပစ္စည်းများ မော်လမြိုင်အထိပို့ပြီး၊ Customer များမိမိအစီအစဉ်ဖြင့် ပြန်သယ်တာပိုသက်သာနိုင်သလို၊ ပိုမြန်နိုင်ပါသည်။

🔺HKKS မှ မော်လမြိုင်ကနေ ရန်ကုန်အပါအဝင် တခြားနယ်များသို့ဂိတ်ချပေးပါသည်။
ဂိတ်ချပေးရမည့်ပစ္စည်းများအတွက်
📍ဂိတ်တွေက လက်မခံကြလို့ ပစ္စည်းလက်ခံမည့်
ပိုင်ရှင်တွေကိုယ်တိုင်ကားဂိတ်တွေကိုမိမိပို့မည့်ပစ္စည်းအသေးစိတ်ကိုပြောပြီးညှိပေးရပါမည်။
📍ကားဂိတ်တွေက လက်ခံမှသာ ထိုဂိတ်တွေကိုသို့ပစ္စည်းချပေးမှာဖြစ်ပါတယ်။
- ဂိတ်အမည်၊ ဂိတ်၌လက်ခံမည့်သူအမည်၊ ဂိတ်လိပ်စာ အတိအကျ။
- ပြောထားသော Customer အမည်၊ ဖုန်းနံပါတ်အတိအကျ။
- ဂိတ်မှလက်မခံ၍ပြန်သယ်ခဲ့ရလျှင် ထပ်မံပို့ခကျသင့်ပါမည်။
📍ကားဂိတ်များမှလက်မခံ၍ပြန်သယ်ယူလာရပါက ထပ်မံပို့ခ ကုန်ကျပါမည်။ Customer ဘက်မှကျခံရပါမည်။

🔺စည်းကမ်းချက်၊ ဝန်ဆောင်မှု ၊ PLAN အသေးစိတ်ကို Page ရဲ့ထိပ်ဆုံးတွင် PIN ထောက်ထားပေးပါသည်။ သေချာဖတ်ရှုပါရန်။
PLAN အားလုံး Box Size ဖြင့်သာတွက်ပါသည်။
Box Size အလိုက်သတ်မှတ်KG ထက်ကျော်လွန်ပါက ထိုKG အပိုအတွက် ပို့သည့်နေရာအလိုက် KG ခထပ်ပေါင်းပါမည်။ PLAN တွေမှာလဲသေချာရေးထားပေးပါသည်။
💥 cb မှမေးသူများလဲ အသေးစိတ် reply ကိုသေချာဖတ်ရှုကြပါ။ သေချာမဖတ်ဘဲ တူညီသောမေးခွန်းများသာထပ်ခါမေးလာခြင်းများအတွက် ပြန်လည်ဖြေကြားမည်မဟုတ်ပါ။

- 📍Ship Cargo အပ်သည့် Customer တိုင်း / ပစ္စည်းတိုင်းလက်မခံပါ။ စီစစ်ပြီးမှလက်ခံပါသည်။
- 📍ပစ္စည်းတန်ဖိုး၊ ပါဝင်ပစ္စည်းအတိအကျပြောရပါမည်။ ပစ္စည်းများအားဖောက်စစ်ပါမည်။
- 📍လမ်းခရီးအခြေအနေ၊ စည်းကမ်းချက်၊ ဈေးနှုန်းများကိုသေချာစွာနားလည်လက်ခံ၊ သဘောတူနိုင်မှသာ ပစ္စည်းအပ်ပါရန်။
( ပစ္စည်းများအတွက် Cargoခရဲ့ 3ဆအာမခံပါသည်။ )

🔺 HKKS မှ လူကြီးမင်းတို့သတ်မှတ်လိပ်စာ၊ ကားဂိတ်များသို့ပစ္စည်းအပ်ပေးပြီးသည့်နောက်ပိုင်းမှ ဖြစ်ပေါ်လာသော အပျောက်အရှ၊ အပျက်အစီးအတွက် HKKS မှတာဝန်မယူပါ။

HKKS Admin Team




#ဂျပန်မြန်မာပစ္စည်းပို့

🚢 Sea Cargo အတွက် HKKS ဂိုဒေါင်များသို့ ပစ္စည်းပို့မည့်သူများ1️⃣ ပစ္စည်းမပို့ခင် ပို့ရမည့်လိပ်စာကို Confirm လုပ်ပေးပါ။ 2...
17/06/2026

🚢 Sea Cargo အတွက် HKKS ဂိုဒေါင်များသို့ ပစ္စည်းပို့မည့်သူများ

1️⃣ ပစ္စည်းမပို့ခင် ပို့ရမည့်လိပ်စာကို Confirm လုပ်ပေးပါ။
2️⃣ မိမိပို့မည့်ပစ္စည်းစာရင်း၊ စုစုပေါင်း တန်ဖိုးများကိုကြိုတင်ပို့ပေးပါ။
3️⃣ ပစ္စည်းပုံးပေါ်တွင်
- ဂျပန်ဘက်မှပို့သူအမည် ( Facebook အကောင့်အမည်) ၊ ဖုန်းနံပါတ်
- တဖက်နိုင်ငံ ( ထိုင်း / မြန်မာ) ဘက်မှ ပို့ပေးရမည့်လိပ်စာ၊ ဖုံးနံပါတ်၊ အမည် များကိုအတိအကျရေးပေးပါ။ ထိုင်းဘက်လိပ်စာ၊ ဖုန်းနံပါတ်မှားယွင်းခြင်းများအခေါက်တိုင်းအများအပြားရှိပါသဖြင့် process များနောက်ကျခြင်းများရှိနေပါတယ်။
4️⃣ ထိုင်းဘက်ပို့သည့်သူများ cb မှလဲ လက်ခံမည့်သူ လိပ်စာ၊ အမည်၊ ဖုံးနံပါတ်များကို စာဖြင့်ရိုက်ပို့ပေးပါ။ ပုံ / screen shoot မရပါ။
4️⃣ HKKS ဂိုဒေါင်သို့ ပို့သူအမည်ကို Facebook အကောင့်အမည်ဖြင့်သာပို့ပါရန်။
5️⃣ ပစ္စည်းပို့ပြီးပါက Delivery ကုမ္ပဏီမှလက်ခံစာရွက်များပုံပို့ပေးပါရန်။
6️⃣ Yahoo, Amazon, Rakuten, Yahoo , ..... အစရှိသည့် Online Shop များမှဝယ်ပြီးတိုက်ရိုက်ပို့သူများ Facebook အကောင့်အမည်ဖြင့်သာပို့ပါရန်။ Tracking No ကြိုပို့ပေးထားရပါမည်။
代代引 、着払い ဖြင့်ပို့ထားပါက ကြိုအကြောင်းကြားပြီး ငွေကြိုလွှဲပေးရပါမည်။
ကြိုအကြောင်းမကြားထားပါက ပစ္စည်းလက်မခံပါ။ ကြိုတင်စိုက်ရှင်းပေးမည်မဟုတ်ပါ။ ( စိုက်ရှင်းပေးပြီးခဏခဏပြဿနာကြုံရတာရှိနေလို့ မစိုက်ပေးပါ)
📍HKKS ကုမ္ပဏီအမည်ဖြင့် ပစ္စည်းဝယ်ယူထားသူများ ( HKKS မှ代行လုပ်ပေးထားရသူများ) မူရင်း Receipt / 領収書/明細書 များပို့ပေးမှသာ ပစ္စည်းတင်သည့် process များဆက်လုပ်ပေးပါမည်။
7️⃣ မြန်မာပြည်အထိပို့မည့် ပစ္စည်းပုံးများကိုတောင့်တင်းသောပုံးများဖြင့်သာထည့်ပါ။ ပုံးအတွင်းချောင်နေခြင်း၊ တိပ်များသေချာမပိတ်ထားခြင်းများ များစွာရှိနေပါသည်။ Customer ရဲ့ထုပ်ပိုးမှုကြောင့် ဖြစ်ပေါ်လာသော အပျက်အဆီး၊ အပျောက်အရှအတွက်တာဝန်မယူပါ။ 📍

📌 ပို့ဆောင်မှုတွင် လမ်းခရီးတွင်ဖြစ်ပေါ်သော အပျက်အစီး အပျောက်အရှအတွက် Cargo ခရဲ့ 3 ဆအလျော်ပေးပါသည်ဖြစ်သော်ငြား Customer ရဲ့ပေါ့ဆမှုကြောင့်ဖြစ်ပေါ်လာသော အပျက်အစီး၊ အပျောက်အရှအတွက် တာဝန်မယူပါ။

📌အသေးစိတ်Plan ၊ စည်းကမ်းချက်၊ ဝန်ဆောင်မှုများကိုသေချာစွာဖတ်ပေးပါ။ ( comment တွင် update link များထည့်ပေးထားပါသည်)

************************************************

✅ HKKS မှ Sea Cargo Container များအပတ်စဉ်ထွက်ပါတယ်။
နေ့စဉ်ရောက်သော ဆိုဒ်မျိုးစုံသော ပစ္စည်းပုံး၊ အထုပ်များမှာ အရေအတွက် 500 အထက်ရှိပါတယ်။

နေ့စဉ် Yamato , Sagawa , Amazon Deliveryအဖွဲ့များ 3~4 ခေါက်ပစ္စည်းလာချကြပါတယ်။
တခြား ဂျပန် Delivery ကုမ္ပဏီတွေလာပို့တာကျန်ပါသေးတယ်။

✅ ကွန်တင်နာထဲပစ္စည်းထည့်တဲ့ ဂိုဒေါင်နှင့် ပစ္စည်းသိမ်းသည့်ဂိုဒေါင်ကနေရာမတူပါ။
( HKKS မှ Customer များပစ္စည်းများကို ရိုးရိုးရုံးခန်း၊ ဆိုင်ခန်းလေးတွေမှာသိမ်းဆည်းခြင်းမဟုတ်ပါ။
ပေ40ကွန်တင်နာတလုံးလျှင်ပုံးရေထောင်နဲ့ချီထည့်ရတာဖြစ်ပါတယ်။ )
ဂိုဒေါင်သို့ ပစ္စည်းလာပို့ဖူးသူများသိပါတယ်။

ပစ္စည်းသိမ်းတဲ့ဂိုဒေါင်မှာ ပေ40 ကွန်တင်နာ 7လုံးစာခန့်ပစ္စည်းဆံ့ပါတယ်။လစဉ်輸出代行ရဲ့ပစ္စည်းများအပြည့်ပါ။

ကွန်တင်နာထဲပစ္စည်းထည့်တဲ့ ဂိုဒေါင်က ပေ40 ကွန်တင်နာ 6/7 လုံး ဆံ့ပါတယ်။
Cargo ကွန်တင်နာအပြင်၊ ကိုယ်ပိုင်ပစ္စည်းတွေအတွက်ကွန်တင်နာ၊ ကွန်တင်နာအပြတ်အပ်ထားတဲ့အလုံးများ ရှိပါတယ်။

ပစ္စည်းအလိုက်/ customer အလိုက် ဂိုဒေါင်ခွဲသိမ်းတာရှိပါတယ်။
ပို့နေကျ customer များလဲ ပစ္စည်းပို့မည့်အခေါက်တိုင်း လိပ်စာကိုconfirm လုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်။
လိပ်စာ Confirm မလုပ်ဘဲ ဂိုဒေါင်မှားရောက်သွားပါက ဂိုဒေါင်ပြောင်းခ ထပ်ကုန်ကျပါမယ်။
HKKS ရဲ့ ရုံးများတွင် ပစ္စည်းလက်မခံပါ။

************************************************
📌 မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုများမဖြစ်စေရန်

🔺 ပစ္စည်းစာရင်းများကိုမှန်ကန်စွာပေးပါရန်။
🔺 ပို့၍မရသောသတ်မှတ်ကုန်များလုံးဝလုံးဝ လက်မခံပါ။
🔺လူကြီးမင်းပို့သည့်နိုင်ငံဘက်မှ လက်ခံမည့်သူ၏ အမည်၊ လိပ်စာ၊ဆက်သွယ်လို့ရမည့်ဖုန်းနံပါတ်များအတိအကျပေးပါရန်။ လိပ်စာမမှန်၊ ဆက်သွယ်မရသော Customer များ HKKS ၏သက်ဆိုင်ရာရုံးခွဲများ၌လာရောက်ထုတ်ယူရပါမည်။
( ကွန်တင်နာပိတ်ပြီး၊ သက်ဆိုင်ရာနိုင်ငံ/ပြည်တွင်းပစ္စည်းပို့ခါနီးမှ လိပ်စာပြောင်း၊ ဖုံးနံပါတ်ပြောင်းများ မရပါ။ )
🔺 စည်းကမ်းချက်များကိုအသေးစိတ်ဖတ်ရှုပြီးနားလည်သဘောပေါက်မှသာ ပစ္စည်းများအပ်ပေးပါရန်။

HKKS JP Express
Admin Team




ဂျပန် ~ မြန်မာဂျပန် ~ ထ်ုင်း Ship Cargo မေးထားသော Customer များရှင့်Golden Week ပိတ်ရက်တွင် message အများအပြားဝင်ထားတာတွ...
07/05/2026

ဂျပန် ~ မြန်မာ
ဂျပန် ~ ထ်ုင်း
Ship Cargo မေးထားသော Customer များရှင့်

Golden Week ပိတ်ရက်တွင် message အများအပြားဝင်ထားတာတွေကို Admin များမှ အစဉ်လိုက် ဖြေကြားပေးနေပါတယ်။

ဂိုဒေါင်သို့ ပစ္စည်းပို့မည့်သူများ 10ရက်နေ့အထိ ဂိုဒေါင်ပိတ်ပါတယ်။
11ရက်နေ့မှစ၍ ပစ္စည်းလက်ခံပါတယ်။

Delivery အပ်ထားသူများ 11ရက်နေ့နောက်ပိုင်းမှ Confirm ထွက်ပါမယ်။
လူကြီးမင်းတို့အပ်ထားသော Delivery လက်ခံစာရွက်ပုံနှင့် ပစ္စည်းပုံး ပုံများကို cb မှပေးပို့ထားပါရန်။

ကွန်တင်နာပုံးပြတ်၊ နေရာ(space ) ယူထားသော Customer များ ပစ္စည်းစာရင်းများကို ကြိုပို့ပေးပါရန်။

ဂျပန် ~ မြန်မာ (ရန်ကုန် ) အထိပို့လိုသော Customer များ
ဈေးနှုန်းအသစ်ကို CB မှမေးနိုင်ပါသည်။
ပုံမှန်လမ်းကြောင်းမဟုတ်ပါသဖြင့် ဈေးများပါမည်။

အများနှင့်ပို့သော ကုန်သည်များသာအဓိကလက်ခံပါသည်။

🔺Ship Cargo အပ်မည့် Customer များအားလုံး စည်းကမ်းချက်များကိုသေချာဖတ်ပြီး၊ လမ်းကြောင်းအခြေအနေကိုလက်ခံနိုင်မှသာ ပစ္စည်းအပ်ကြပါရန်။
🔺ပစ္စည်းတိုင်းကို လက်ခံမည်မဟုတိပါ။

HKKS
Admin Team



🛳 JPN ~ Thai Ship Cargo ပို့မည့်သူများ 🔹JPN ~ Thai အပတ်စဥ် ကွန်တင်နာရှိပါသည်။ 🔹JPN ~ Thai အပတ်စဉ် ကြိုတင် Booking System...
11/04/2026

🛳 JPN ~ Thai Ship Cargo ပို့မည့်သူများ

🔹JPN ~ Thai အပတ်စဥ် ကွန်တင်နာရှိပါသည်။
🔹JPN ~ Thai အပတ်စဉ် ကြိုတင် Booking System ဖြင့် အပတ်စဥ် ဗုဒ္ဓဟူးနေ့ စာရင်းပိတ်ပါသည်။

🔹JPN ~ Thai ပစ္စည်းပို့အတွက် အပတ်စဥ် Booking အရမ်းများပါသဖြင့် HKKS သို့ပစ္စည်းရောက်​သည့်အစဥ်လိုက်သာ ထည့်ပေးသည်ဖြစ်ပါသည် ။
ကွန်တင်နာပြည့်သွားပါက နောက်ကွန်တင်နာဖြင့်ပါပါမည်။

🔹ခန့်မှန်းရောက်ချိန်သည် နောက်ဆုံးလက်ခံရက်(စာရင်းပိတ်ရက်)မှ 30 ရက်ဝန်းကျင်ကြာပါမည်။
( စာရင်းပိတ်ရက်မမှီ၍ နောက်ကွန်တင်နာဖြင့်ပါသည့် ပစ္စည်း​များ ထိုကွန်တင်နာရဲ့စာရင်းပိတ်ရက်ဖြစ်ပါမည်)
ခန့်မှန်းရောက်ချိန်များကို Bill တွင်ကြည့်နိုင်ပါသည်။
( ပစ္စည်းနောက်ဆုံးလက်ခံရက်သည် ကွန်တင်နာပိတ်ရက်မဟုတ်ပါ။ ကွန်တင်နာပိတ်ရက်သည် သင်္ဘောတင်ရက်မဟုတ်ပါ။ )

🔹စျေးနှုန်းPlan နှင့် အသေးစိတ် စည်းကမ်းချက်များကို ကြေငြာထားသည်ဖြစ်၍ သေချာဖတ်ရှုပေးပါရန်။
( comment တွင် link ထည့်ပေးထားပါသည်။)

🛳 ကွန်တင်နာSpace အလိုက်အပ်သူများ၊ တဆင့် Cargo Agent ယူထားသူများ လူကြီးမင်းတို့ ယူမည့်space ကိုကြိုတင်စာရင်းပေးပါရန်။
ပစ္စည်းစာရင်းlist များကိုသေချာစွာဖြည့်ပေးပါရန်။
ပစ္စည်းပါကင်ပုံးများတွင် နံပါတ်နှင့် ပို့ရမည့်လိပ်စာများကို သေချာစွာရေးပေးပါရန်။

~~~~~~~~~~~~~~~~~~~~~~~

🔺️ပစ္စည်းရောက်မည့်ရက်များသည်ခန့်မှန်းရက်ဖြစ်ပါသည်။
ရာသီဥတုအခြေအနေ၊ သင်္ဘောနောက်ကျခြင်းများ၊ ရေကြောင်းလမ်းအခြေအနေ၊ အခြားမမျှော်မှန်းနိုင်သော အကြောင်းအရာများကြောင့် နောက်ကျခြင်းများရှိနိုင်ပါသည်။)

HKKS JP Express Transport
Admin Team

🔺HKKS ဘက်မှဆက်သွယ်မရသည့်သူများနှင့် ပြန်ဆက်သွယ်ပါမည်ပြောပြီး ဆက်သွယ်မလာသူများ စာရင်း ဖြစ်ပါသည်။ ( လာမထုတ်သေးသော ပုံးရေရာ...
11/04/2026

🔺HKKS ဘက်မှဆက်သွယ်မရသည့်သူများနှင့် ပြန်ဆက်သွယ်ပါမည်ပြောပြီး ဆက်သွယ်မလာသူများ စာရင်း ဖြစ်ပါသည်။
( လာမထုတ်သေးသော ပုံးရေရာချီကျန်ပါသေးသည်)

🔺️ မော်လမြိုင်တွင်ဂိတ်ချပေးဖို့ပြောထားသည့်/ ဂိတ်ချပေးရမည့် customer များလူကြီးမင်းတို့ပြောထားသောဂိတ်များကိုသေချာညှိထားပေးကြပါ။ ဂိတ်သို့သွားပို့ပြီးမှ ဂိတ်မှလက်မခံလို့ပြန်သယ်လာရသောပစ္စည်းအများအပြားရှိနေပါသည်။
( ပြန်သယ်ရခြင်း၊ အခေါက်ခေါက်ပို့ရခြင်းများကြောင့် အခြား customer များ၏process များနောက်ကျခြင်းများဖြစ်ပေါ်ပါသည်။ )

ထိုသို့ပြန်သယ်ရပြီး၊ ထပ်မံပို့ရပါက ပို့ခကျပါမည်ဖြစ်ပါသည်။
ဂိတ်ချပစ္စည်းများ ဂိတ်ချသည့်အချိန်တွင် ပိုင်ရှင်များထံဆက်သွယ်ပါသည်။

📍မော်လမြိုင်သို့ရောက်ထားသည့်ပစ္စည်းများအားလုံးပစ္စည်းခွဲပြီးသလောက် process များလုပ်ဆောင်ပေးနေသော်ငြား၊
➡︎ကားဂိတ်တွေကို အခေါက်ခေါက်ပို့ရခြင်း၊ ဖုန်းတွေခဏခဏဆက်ပေးရခြင်း၊
➡︎ဂိတ်ချဖို့ပြောပြီး၊ လာယူမည်ပြောခြင်း / လာယူမည်ပြောပြီး တခြားအစီအစဉ်ပြောင်းခြင်း
➡︎ ပို့ရမည့်လိပ်စာခဏခဏပြောင်းခြင်း.. စသည့် မလိုလားအပ်တဲ့ကြန့်ကြာမှုများကြောင့် process များအတွက်နှောင့်နှေးခြင်းများရှိနေပါသည်။

🔺လုံခြုံရေးအရ ပစ္စည်းများကို ဂိုဒေါင်ခွဲသိမ်းထားသည်ဖြစ်၍ customer များအကြိမ်ကြိမ်ပို့ရမည့်နေရာ၊ ထုတ်မည့်ပုံစံပြောင်းနေလျှင် process များပို၍ကြာပါမည်။
🔺ပစ္စည်းသိမ်းထားသည့်ဂိုဒေါင်များနှင့် လာရောက်ထုတ်ရမည့်နေရာမတူပါသဖြင့် ကြိုတင်ပြောမှသာ ပစ္စည်းများရွှေ့ထားပေးပါသည်။

🔺️ မြဝတီတွင်ထုတ်မည်ပြောထားပြီး လာရောက်ထုတ်မယူသေးသောပစ္စည်းများ၊ ဆက်သွယ်ရမည့်သူမပို့လာသေးသောပစ္စည်းများ၊
မြန်မာဘက်မှဆက်သွယ်ထားသော်ငြား လာရောက်ထုတ်ယူခြင်းမရှိသေးသောပစ္စည်းများနှင့် အထက်ပါ မြန်မာဘက်ထုတ်ရမည့်နည်းများအပ ယခင်အပ်ထားသည့်အတိုင်း ရန်ကုန်သို့ပို့ဆောင်ပေးရမည်ဆိုပါက ပုံမှန်လမ်းကြောင်းဖြစ်သည့်အချိန်မှပို့ပေးမည်ဖြစ်သည့်​ပစ္စည်းများကို ဂိုဒေါင်များတွင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားမည်ဖြစ်သော်ငြား၊ ရန်သူမျိုးငါးပါးဘေးအတွက်တော့ အာမမခံနိုင်ပါ။

📍HKKS page တွင်လဲ စည်းကမ်းချက်များကိုတရားဝင်ကြေငြာပေးထားပါသည်။
လက်ရှိလမ်းကြောင်းအခြေအနေများကိုလဲ ကြေငြာပေးထားပါသည်။

Public ကြေငြာပေးထားသည့် အသေးစိတ်အကြောင်းအရာများကိုထပ်ခါတလဲလဲမေးလာလျှင် ပြန်ဖြေမည်မဟုတ်ပါ။

ကြေငြာထားသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ပေးသော ပစ္စည်းပိုင်ရှင်များအားလုံး ပစ္စည်းများလက်ခံရရှိသွားကြပါပြီ။
ပူးပေါင်းလုပ်ဆောင်ပေးခြင်းမရှိဘဲ Complain လာတက်သည်များကို ပြန်လည်ဖြေကြားမည်မဟုတ်ပါ။

HKKS ဘက်မှလဲ ပစ္စည်းများအမြန်ဆုံးပေးနိုင်အောင် ကြိုးစားပေးထားပါသည်။
ပစ္စည်းပိုင်ရှင်ဘက်မှ ပေးရမည့်/လုပ်ဆောင်ပေးရမည့်အချက်များကြာနေလျှင် ပစ္စည်းရပိုကြာပါမည်။

🔺HKKS ရဲ့ ဂျပန်, ထိုင်း, မြန်မာရုံးများအားလုံးသည် ရုံးချိန်အတွင်းသာ message ပြန်ခြင်းမှအစ process များအားလုံးကို လုပ်ဆောင်ပေးသည်ဖြစ်ပါသည်။
ရုံးချိန်ပြင်ပနှင့် ရုံးပိတ်ရက်များတွင် Process & Service များမလုပ်ပေးပါ။

HKKS Admin Team

အာရှလမ်းဖွင့်လို့မေးကြတဲ့ Customer များလက်ရှိတွင် လူစီးကားများသာဖြတ်သန်းလို့ရပါသေးသည်။ ကုန်တင်ယာဉ်များမရသေးပါ။ အာရှလမ်းဖ...
02/04/2026

အာရှလမ်းဖွင့်လို့မေးကြတဲ့ Customer များ

လက်ရှိတွင် လူစီးကားများသာဖြတ်သန်းလို့ရပါသေးသည်။ ကုန်တင်ယာဉ်များမရသေးပါ။

အာရှလမ်းဖွင့်သော်ငြား ရန်ကုန်အထိသယ်ယူပို့ဆောင်ရေးကပုံမှန်အခြေအနေမဖြစ်သေးပါ။

လမ်းအခြေအနေများ အတိအကျသေချာမသိသေးပါ။

HKKS မှ အများနှင့်အပ်သောလုပ်ငန်းရှင်များရဲ့ပစ္စည်းများ၊ Agent ယူထားသူများ၏ပစ္စည်းများ၊ ကွန်တင်နာ Space အလိုက်ယူသောပစ္စည်းများကိုသာ အဓိက လက်ခံဖြစ်မည်ပါသည်။
ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်သော စည်းကမ်းချက်အသစ်များကိုထပ်မံကြေငြာပေးပါမည်။

HKKS Admin Team

#အာရှလမ်း
#မြဝတီနယ်စပ်ကုန်သွယ်ရေး


Photo to owner

13/03/2026

🔺️ မော်လမြိုင်တွင်ဂိတ်ချပေးဖို့ပြောထားသည့်/ ဂိတ်ချပေးရမည့် customer များလူကြီးမင်းတို့ပြောထားသောဂိတ်များကိုသေချာညှိထားပေးကြပါ။ ဂိတ်သို့သွားပို့ပြီးမှ ဂိတ်မှလက်မခံလို့ပြန်သယ်လာရသောပစ္စည်းအများအပြားရှိနေပါသည်။
ထိုသို့ပြန်သယ်ရပြီး၊ ထပ်မံပို့ရပါက ပို့ခကျပါမည်ဖြစ်ပါသည်။
ဂိတ်ချပစ္စည်းများ ဂိတ်ချသည့်အချိန်တွင် ပိုင်ရှင်များထံဆက်သွယ်ပါသည်။

📍မော်လမြိုင်သို့ရောက်ထားသည့်ပစ္စည်းများအားလုံး
ပစ္စည်းခွဲပြီးသလောက် process များလုပ်ဆောင်ပေးနေသော်ငြား၊ မလိုအပ်တဲ့ကြန့်ကြာမှုများကြောင့် process အတွက်နှောင့်နှေးခြင်းရှိနေပါသည်။

🔺 ကိုယ်တိုင်️ပစ္စည်းလာရောက်ထုတ်ယူမည့်သူများ ပစ္စည်းခွဲပြီးသလောက်အစဥ်လိုက်ဆက်သွယ်ပေးနေပါသည်။

🔺️ မြဝတီတွင်ထုတ်မည်ပြောထားပြီး လာရောက်ထုတ်မယူသေးသောပစ္စည်းများ၊ ဆက်သွယ်ရမည့်သူမပို့လာသေးသောပစ္စည်းများ၊
မြန်မာဘက်မှဆက်သွယ်ထားသော်ငြား လာရောက်ထုတ်ယူခြင်းမရှိသေးသောပစ္စည်းများနှင့် အထက်ပါ မြန်မာဘက်ထုတ်ရမည့်နည်းများအပ ယခင်အပ်ထားသည့်အတိုင်း ရန်ကုန်သို့ပို့ဆောင်ပေးရမည်ဆိုပါက ပုံမှန်လမ်းကြောင်းဖြစ်သည့်အချိန်မှပို့ပေးမည်ဖြစ်သည့်​ပစ္စည်းများကို ဂိုဒေါင်များတွင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားမည်ဖြစ်သော်ငြား၊ ရန်သူမျိုးငါးပါးဘေးအတွက်တော့ အာမမခံနိုင်ပါ။

📍HKKS page တွင်လဲ စည်းကမ်းချက်များကိုတရားဝင်ကြေငြာပေးထားပါသည်။
လက်ရှိလမ်းကြောင်းအခြေအနေများကိုလဲ ကြေငြာပေးထားပါသည်။

Public ကြေငြာပေးထားသည့် အသေးစိတ်အကြောင်းအရာများကိုထပ်ခါတလဲလဲမေးလာလျှင် ပြန်ဖြေမည်မဟုတ်ပါ။

ကြေငြာထားသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ပေးသော ပစ္စည်းပိုင်ရှင်များကပစ္စည်းများလက်ခံရရှိသွားကြပါပြီ။

HKKS ဘက်မှလဲ ပစ္စည်းများအမြန်ဆုံးပေးနိုင်အောင် ကြိုးစားပေးထားပါသည်။
ပစ္စည်းပိုင်ရှင်ဘက်မှ ပေးရမည့်/လုပ်ဆောင်ပေးရမည့်အချက်များကြာနေလျှင် ပစ္စည်းရပိုကြာပါမည်။

HKKS Admin Team

住所

浅草橋3-5-7 中根ビル
Taito-ku, Tokyo
111-0053

営業時間

月曜日 10:00 - 18:00
火曜日 10:00 - 18:00
木曜日 10:00 - 18:00
金曜日 10:00 - 18:00
土曜日 10:00 - 18:00
日曜日 10:00 - 18:00

ウェブサイト

アラート

HKKS JP Express Transportが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

HKKS JP Express Transportにメッセージを送信:

ショートカット

共有する

カテゴリー