11/04/2026
🔺HKKS ဘက်မှဆက်သွယ်မရသည့်သူများနှင့် ပြန်ဆက်သွယ်ပါမည်ပြောပြီး ဆက်သွယ်မလာသူများ စာရင်း ဖြစ်ပါသည်။
( လာမထုတ်သေးသော ပုံးရေရာချီကျန်ပါသေးသည်)
🔺️ မော်လမြိုင်တွင်ဂိတ်ချပေးဖို့ပြောထားသည့်/ ဂိတ်ချပေးရမည့် customer များလူကြီးမင်းတို့ပြောထားသောဂိတ်များကိုသေချာညှိထားပေးကြပါ။ ဂိတ်သို့သွားပို့ပြီးမှ ဂိတ်မှလက်မခံလို့ပြန်သယ်လာရသောပစ္စည်းအများအပြားရှိနေပါသည်။
( ပြန်သယ်ရခြင်း၊ အခေါက်ခေါက်ပို့ရခြင်းများကြောင့် အခြား customer များ၏process များနောက်ကျခြင်းများဖြစ်ပေါ်ပါသည်။ )
ထိုသို့ပြန်သယ်ရပြီး၊ ထပ်မံပို့ရပါက ပို့ခကျပါမည်ဖြစ်ပါသည်။
ဂိတ်ချပစ္စည်းများ ဂိတ်ချသည့်အချိန်တွင် ပိုင်ရှင်များထံဆက်သွယ်ပါသည်။
📍မော်လမြိုင်သို့ရောက်ထားသည့်ပစ္စည်းများအားလုံးပစ္စည်းခွဲပြီးသလောက် process များလုပ်ဆောင်ပေးနေသော်ငြား၊
➡︎ကားဂိတ်တွေကို အခေါက်ခေါက်ပို့ရခြင်း၊ ဖုန်းတွေခဏခဏဆက်ပေးရခြင်း၊
➡︎ဂိတ်ချဖို့ပြောပြီး၊ လာယူမည်ပြောခြင်း / လာယူမည်ပြောပြီး တခြားအစီအစဉ်ပြောင်းခြင်း
➡︎ ပို့ရမည့်လိပ်စာခဏခဏပြောင်းခြင်း.. စသည့် မလိုလားအပ်တဲ့ကြန့်ကြာမှုများကြောင့် process များအတွက်နှောင့်နှေးခြင်းများရှိနေပါသည်။
🔺လုံခြုံရေးအရ ပစ္စည်းများကို ဂိုဒေါင်ခွဲသိမ်းထားသည်ဖြစ်၍ customer များအကြိမ်ကြိမ်ပို့ရမည့်နေရာ၊ ထုတ်မည့်ပုံစံပြောင်းနေလျှင် process များပို၍ကြာပါမည်။
🔺ပစ္စည်းသိမ်းထားသည့်ဂိုဒေါင်များနှင့် လာရောက်ထုတ်ရမည့်နေရာမတူပါသဖြင့် ကြိုတင်ပြောမှသာ ပစ္စည်းများရွှေ့ထားပေးပါသည်။
🔺️ မြဝတီတွင်ထုတ်မည်ပြောထားပြီး လာရောက်ထုတ်မယူသေးသောပစ္စည်းများ၊ ဆက်သွယ်ရမည့်သူမပို့လာသေးသောပစ္စည်းများ၊
မြန်မာဘက်မှဆက်သွယ်ထားသော်ငြား လာရောက်ထုတ်ယူခြင်းမရှိသေးသောပစ္စည်းများနှင့် အထက်ပါ မြန်မာဘက်ထုတ်ရမည့်နည်းများအပ ယခင်အပ်ထားသည့်အတိုင်း ရန်ကုန်သို့ပို့ဆောင်ပေးရမည်ဆိုပါက ပုံမှန်လမ်းကြောင်းဖြစ်သည့်အချိန်မှပို့ပေးမည်ဖြစ်သည့်ပစ္စည်းများကို ဂိုဒေါင်များတွင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားမည်ဖြစ်သော်ငြား၊ ရန်သူမျိုးငါးပါးဘေးအတွက်တော့ အာမမခံနိုင်ပါ။
📍HKKS page တွင်လဲ စည်းကမ်းချက်များကိုတရားဝင်ကြေငြာပေးထားပါသည်။
လက်ရှိလမ်းကြောင်းအခြေအနေများကိုလဲ ကြေငြာပေးထားပါသည်။
Public ကြေငြာပေးထားသည့် အသေးစိတ်အကြောင်းအရာများကိုထပ်ခါတလဲလဲမေးလာလျှင် ပြန်ဖြေမည်မဟုတ်ပါ။
ကြေငြာထားသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ပေးသော ပစ္စည်းပိုင်ရှင်များအားလုံး ပစ္စည်းများလက်ခံရရှိသွားကြပါပြီ။
ပူးပေါင်းလုပ်ဆောင်ပေးခြင်းမရှိဘဲ Complain လာတက်သည်များကို ပြန်လည်ဖြေကြားမည်မဟုတ်ပါ။
HKKS ဘက်မှလဲ ပစ္စည်းများအမြန်ဆုံးပေးနိုင်အောင် ကြိုးစားပေးထားပါသည်။
ပစ္စည်းပိုင်ရှင်ဘက်မှ ပေးရမည့်/လုပ်ဆောင်ပေးရမည့်အချက်များကြာနေလျှင် ပစ္စည်းရပိုကြာပါမည်။
🔺HKKS ရဲ့ ဂျပန်, ထိုင်း, မြန်မာရုံးများအားလုံးသည် ရုံးချိန်အတွင်းသာ message ပြန်ခြင်းမှအစ process များအားလုံးကို လုပ်ဆောင်ပေးသည်ဖြစ်ပါသည်။
ရုံးချိန်ပြင်ပနှင့် ရုံးပိတ်ရက်များတွင် Process & Service များမလုပ်ပေးပါ။
HKKS Admin Team