Osaka Nara Kyoto Kobe အိမ်ပြောင်း၊ခရီးသွား ကားငှား

  • ホーム
  • 日本
  • Osaka, Osaka
  • Osaka Nara Kyoto Kobe အိမ်ပြောင်း၊ခရီးသွား ကားငှား

Osaka Nara Kyoto Kobe အိမ်ပြောင်း၊ခရီးသွား ကားငှား အကောင်းဆုံးဝန်ဆောင်မှုနှင့် သင့်တင့်သောဈေးနှုန်း

19/02/2026

Kyoto လည်ပတ်ချင်သူများမနက်ပိုင်းစောစောလေးကို ဝါးတောသွားဓါတ်ဖမ်း၊ လှေလေးတွေစီးဓါတ်ဖမ်းနေရာနာမည်ကတော့ arashiyama bamboo fo...
03/11/2025

Kyoto လည်ပတ်ချင်သူများ

မနက်ပိုင်းစောစောလေးကို
ဝါးတောသွားဓါတ်ဖမ်း၊ လှေလေးတွေစီးဓါတ်ဖမ်း
နေရာနာမည်ကတော့ arashiyama bamboo forest

ပြီးတာနဲ့ တိုင်နီနီတွေဆီပြေး
ကပ်ရက်ဆိုင်မှာ ကီမိုနိုဝတ်ဓါတ်ဖမ်း(နာရီဝက်လောက်အချိန်လို)
နေရာနာမည် Fushimi inari shrine

စျေးတန်းလေးတွေနဲ့ဓါတ်ဖမ်း
Kyoto မြို့ကို
အပေါ်စီးကကြည့်ပြီးဓါတ်ဖမ်းspotရှိတဲ့
Kiyomizu dera

Kinkakuji ကတော့
Momijiနဲ့ဆို တင့်တယ်နေမယ်ထင်ရဲ့

အားလုံးပြီးသွားတော့မှ
Gion distrit မှာ
ညနေဆည်းဆာနဲ့
မှိန်ပြပြ လီယွန်မီးလုံးလေးတွေအောက်က
ဂန္တဝင် လမ်းမလေးနဲ့ ဓါတ်ဖမ်းလို့ရမယ်
ဒီနေရာလေးမှာပဲ Kyoto ကိုနှုတ်ဆက်ကြမယ်

နှင်းများကျချိန်မှာဆိုရင်တော့
Gifu နှင်းရွာလေးမဟုတ်ဘဲ
Kyotoနှင်းရွာလေးကိုလည်းသွားလို့ရမယ်
သူမလောက်တော့မလှပေမယ့်
သူလည်းတစ်မျိုးလေးလှနေပါလိမ့်မယ်

Osaka ဆောင်းဦးလည်ပတ်ချင်သူများလည်ပတ်ရန်နေရာများDaruma မြန်မာအခေါ်ပစ်တိုင်းထောင်လားပဲနော်ပစ်တိုင်းထောင်တွေအများကြီးနဲ့ ဓါ...
03/11/2025

Osaka ဆောင်းဦးလည်ပတ်ချင်သူများ
လည်ပတ်ရန်နေရာများ

Daruma
မြန်မာအခေါ်ပစ်တိုင်းထောင်လားပဲနော်
ပစ်တိုင်းထောင်တွေအများကြီးနဲ့ ဓါတ်ဖမ်းလို့ရမယ်
အေးတဲ့အချိန်ဆို
ရေငွေ့ပျံနေတဲ့ ရေကန်ကြီးနောက်ခံနဲ့ဓါတ်ဖမ်းမယ်
၁၂လပိုင်းအစ ၁၁လပိုင်းအကုန်ဖက်
Momiji တွေအရောင်းပြောင်းချိန်ဆိုသိပ်လှ
နေရာနာမည်လေးက
Katsuoji
ဝင်ကြေး ၅၀၀ယန်း

၁၁လပိုင်းကစပြီး
Momiji ကြည့်လို့ရမယ့်ပန်းခြံအကျယ်ကြီးဖြစ်မယ်
ရောင်စုံနှင်းဆီပန်းတွေနဲ့လည်း ဓါတ်ဖမ်းလို့ရမယ်
အနောက်နိုင်ငံဒီဇိုင်းနဲ့လမ်းလေးမှာ
プラタナスရွက်ဝါတွေနဲ့ ဓါတ်ဖမ်းမယ် (၁၁လပိုင်းမကုန်ခင်ထိ)
コキアလို့ခေါ်တဲ့ ပန်းပင်လုံးနီနီတွေ
コスモスကတော့ ကုန်နေလောက်ပြီထင်ပါရဲ့
ပန်းခြံကြီးထဲ ရထားလေးပတ်စီးပြီးဓါတ်ဖမ်း
အချိန်တော့ တော်တော်လေးပေးရပါလိမ့်မယ်
နေရာနာမည်ကတော့

Expo ’70 commemorative park လို့ခေါ်ပါတယ်

ဂျပန်နိုင်ငံရဲ့  အလှဆုံး နံပါတ်၃နေရာရဲ့တစ်ခုအပါအဝင်ဖြစ်တဲ့ AMANOHASHIDATE Rope way စီးမယ် ဓါတ်ဖမ်းမယ်သူများတွေလိုပဲ နတ်ဆ...
03/11/2025

ဂျပန်နိုင်ငံရဲ့ အလှဆုံး နံပါတ်၃နေရာရဲ့
တစ်ခုအပါအဝင်ဖြစ်တဲ့

AMANOHASHIDATE

Rope way စီးမယ် ဓါတ်ဖမ်းမယ်
သူများတွေလိုပဲ နတ်ဆက်လမ်းကြီးကို
အပေါ်စီးကနေကုန်းကြည့်ပြီး ဓါတ်ဖမ်းကြမယ်
ဓါတ်ဖမ်းလို့အားရရင်
သင်္ဘောလေးငြိမ့်ငြိမ့်စီးပြီး
ဇင်ယော်လေးတွေနဲ့ ဓါတ်ဖမ်းမယ်
အားကိုးရှိသူတွေကတော့
ဘာငှက်လေးတွေလဲ မေးဖို့မမေ့ခဲ့ကြနဲ့ပေါ့ 🤭
ဖြေရမယ့်သူတွေကတော့လည်း
ဇင်ယော်လေးတွေပေါ့လို့ ဖြေဖို့မမေ့ကြနဲ့ဦး😁

အင်းလေးကိုမရောက်ဖူးသူတွေအတွက်
ရောက်ဖူးသူတွေအတွက်တော့ ဂျပန်အင်းလေးပေါ့ဗျာ
Ine ကိုခရီးဆက်မယ်

ခေါတ်ဟောင်းက လှေငယ်လေးတွေလည်းလေ့လာလို့ရမယ်
စက်လှေလေးစီးပြီးတော့
ဂျပန်အင်းလေးအလှကို ပတ်ကြည့်မယ်
ဇင်ယော်လေးတွေအစာကြွေးမယ်
ဓါတ်ဖမ်းမယ်
တစ်ရွာလုံးကိုလည်း အပေါ်စီးကနေ ဓါတ်ဖမ်းမယ်
ငါးကင်အရသာကတော့ ရှယ်မိုက်တယ်
ကြိုတင်ငှားပေးရင်
ကြက်ဆီထမင်းလား၊ ဒံပေါက်လားပဲ
ကြိုပြောပေးခဲ့
ချက်ကြွေးဖို့က ဒို့တာဝန်ထားလိုက်(Free)

ဓါတ်ပုံဆရာနဲ့မှ ဓါတ်ဖမ်းချင်သူများအတွက်
ငယ်ရွယ်မှုနဲ့အလှတရားတွေကို
မှတ်တမ်းတင်ထားချင်လို့ပဲဖြစ်ဖြစ်

Pre wedding အတွက်
ဓါတ်ဖမ်းထားချင်တာဖြစ်ဖြစ်
Pro ဓါတ်ပုံဆရာနဲ့
ဓါတ်ဖမ်းဖို့ကိုလည်း စီစဉ်ပေးပါတယ်ခင်ဗျ

ကဲကဲ ဘော်ဒါတွေစုလိုက်တော့လေ
ဘာလုပ်နေဦးမလဲပြော🤷‍♀️

Nara park 🦌
03/11/2025

Nara park 🦌

ကမ်းခြေအပန်းဖြေ🥰
03/11/2025

ကမ်းခြေအပန်းဖြေ🥰

ကဲ ချစ်သောလေးတို့ရေ မကြာခင်မှာ ရာသီဥတုအေးမြမြလေးအချိန်ကိုရောက်တော့မှာဆိုတော့  #အဖွဲ့လိုက်အလည်အပတ်ခရီးစဉ်လေးတွေသွားမလား  ...
10/10/2025

ကဲ ချစ်သောလေးတို့ရေ မကြာခင်မှာ ရာသီဥတုအေးမြမြလေးအချိန်ကိုရောက်တော့မှာဆိုတော့
#အဖွဲ့လိုက်အလည်အပတ်ခရီးစဉ်လေးတွေသွားမလား
ြိုပို့လုပ်မလား
#အိမ်ပြောင်းရွှေ့လေးတွေလုပ်မလား
#အဲကွန်းတပ်serviceယူမလား #အဲကွန်းတွေအသုံးမလိုတော့လို့ဖြုတ်ချင်တာလား
လုပ်ချင်တာလေးတွေပြောပြပြီးအချိန် ရက် ဈေးလေးတွေ လာစုံစမ်းလို့ရပါတယ်နော် အချိန်တိုင်း ဒီမင်မင်က သိချင်တာမှန်သမျှစိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးမှာမို့ ချစ်သောလေးတို့အမြန်ဆုံးလာရောက်မေးမြန်းလိုက်တော့နော်

住所

Osaka, Osaka

ウェブサイト

アラート

Osaka Nara Kyoto Kobe အိမ်ပြောင်း၊ခရီးသွား ကားငှားがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー