Hello Taxi

Hello Taxi မော်လမြိုင် ⬅️➡️ ဘီလူးကျွန်း | လူနှင့်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလုပ်ငန်း။

27/05/2026

ကြိုက်တဲ့မြို့ကနေ မော်လမြိုင်ကို အရောက်လာပါ။ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် ခရီးစဉ်တွေအတွက် Hello Taxi က သင်နဲ့အတူ ရှိနေပါမယ်။

အဖွဲ့လိုက်အတွက် ကားငှားမလား မိသားစုသက်သက်သာနဲ့ အိုးဝေနဲ့သွားမလား ခရီးစဉ်တလျှောက်လုံး တာဝန်ခံမှု တာဝန်ယူနဲ့အတူ ဝန်ဆောင်မှုပေးနေတဲ့ Hello Taxi က သင်နဲ့သင်မိသားစု သူငယ်ချင်းတွေအတွက် ပျော်ရွှင်စရာ ခရီးစဉ်အဖြစ် အမှတ်တရတွေနဲ့အတူ ရှိနေစေရမယ်။

27/05/2026

Hello Taxi ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း customer များအား အသိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျ။ မိုးရာသီ မလမ ဘားအံ့ခရီးစဉ်များအားလည်း ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ခရီးစဉ်အသစ်အနေနဲ့ နှစ်ညအိပ် သုံးရက်ဖြင့် ဆီဆိုင်သို့ ပြေးဆွဲလျက်ရှိပါတယ်။ 🥹
06/04/2026

ခရီးစဉ်အသစ်အနေနဲ့ နှစ်ညအိပ် သုံးရက်ဖြင့်

ဆီဆိုင်သို့ ပြေးဆွဲလျက်ရှိပါတယ်။ 🥹

မနက် ၇ နာရီကျော်တဲ့ထိ နှင်းတွေကျနေတာ။ ရာသီဥတုလေးက သာယာတယ် ၊ ဆီတန်းရတာ မသာယာတာ 😄
28/03/2026

မနက် ၇ နာရီကျော်တဲ့ထိ နှင်းတွေကျနေတာ။
ရာသီဥတုလေးက သာယာတယ် ၊
ဆီတန်းရတာ မသာယာတာ 😄

ငါတို့မှာ ခရီးစဉ်တကြောင်းစာဆွဲနိုင်ဖို့ ဆီငါးထောင်ဖိုးလေးရဖို့ကို မနက်အစောကြီးထပြီး နေပူကြဲတဲထဲ တန်းစီရတဲ့ ဘဝတွေကတော့ ငတ...
20/03/2026

ငါတို့မှာ ခရီးစဉ်တကြောင်းစာဆွဲနိုင်ဖို့ ဆီငါးထောင်ဖိုးလေးရဖို့ကို မနက်အစောကြီးထပြီး နေပူကြဲတဲထဲ တန်းစီရတဲ့ ဘဝတွေကတော့ ငတ်လာတာပေါ့ကွာ။

မွန်ပြည်နယ်တွင် စက်သုံးဆီတန်းစီဝယ်ယူပြီး ပြန်လည်ရောင်းချနေသည့်မော်တော်ယာဥ်များ တစ်ရက် ကျပ်တစ်သိန်းခန့်အမြတ်ရရှိနေ

ရာမညအသံ မတ် ၂၀ ၊ ၂၀၂၆ ။

မွန်ပြည်နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဥ်တစ်စီး တရက် ၄ သောင်းကျပ်ဖိုး ခွဲတမ်းဖြင့်ရောင်းချပေးလျှက်ရှိရာ စက်သုံးဆီတန်းစီဝယ်ယူပြီး ပြန်လည်ရောင်းချနေသည့်မော်တော်ယာဥ်များ တစ်ရက် ကျပ်တစ်သိန်းခန့်အမြတ်ရရှိနေသည်ဟု ပြန်လည်ရောင်းချသူများထံမှသိရှိရသည်။

ဆီဆိုင်က ထုတ်စျေးထက်ပြန်ရောင်းရင် ၂ ဆလောက်ရတယ် ၅ သောင်းရင်းရင် အမြတ် ၁ သိန်းလောက်ရတယ် ဟု ဆီတန်းစီထုတ်ရောင်းနေသည့် မော်တော်ယာဥ်ပိုင်ရှင်တစ်ဦးကဆိုသည်။

တစ်ခါတလေကြရင် တစ်ရက် ၂ ခါလောက်ထည့်ခွင့်ရရင် တစ်ရက် ၂ သိန်းလောက်ကျန်တာပေါ့ဟု ၎င်းကဆက်လက်ပြောကြားသည်။

ယနေ့ မတ် ၂၀ ရက်နေ့ မွန်ပြည်နယ်အတွင်းစက်သုံးဆီတရားဝင်သတ်မှတ်စျေးမှာ 92 တစ်လီတာ ၃၇၆၅ ကျပ်ဝန်းကျင်ဖြစ်ပြီး ဆီတန်းစီထုတ်ယူပြီးပြန်လည်ရောင်းချပါက 92 တစ်လီတာ ၁ သောင်းကျပ်ဝန်းကျင်ခန့်ရရှိသည်ဟု စုံစမ်းသိရှိရသည်။

တရားဝင်စက်သုံးဆီအရောင်းဆိုင်တွေက ပုံးနဲ့မရောင်းပေးဘူးလေ မီးကမမှန်တော့ မီးစက်သုံးရတယ် ပြန်ရောင်းတဲ့သူတွေဆီကပဲပြန်ဝယ်သုံးနေရတယ် ဒီနေ့ဆို ( မတ် ၂၀ ) 92 တစ်လီတာ တစ်သောင်းသုံးထောင်ပေးပြီးဝယ်ခဲ့ရတယ် ဟု မော်လမြိုင်ရှိအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ပြန်လည်ရောင်းချရန်အတွက်ဟုဆိုကာ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ဆိုင်၊ ၃ ဘီးအိုးဝေ နှင့် မော်တော်ယာဥ်တစမချို့တန်းစီဝယ်ယူရန်စောင့်ဆိုင်းလျှက်ရှိသည်ကိုတွေ့ရှိရသည်။

ရာမညအသံ
၂၀၊၃၊၂၀၂၆။

အခြေနေနဲ့အချိန်အခါအရ Taxi ဆွဲလို့ အဆင်မပြေတော့လို့ မိတ်ဟောင်း မိတ်သစ်များအားလုံး Hello Taxi မှ ယာယီရပ်နားလိုက်ပြီဖြစ်ကြေ...
20/03/2026

အခြေနေနဲ့အချိန်အခါအရ Taxi ဆွဲလို့ အဆင်မပြေတော့လို့ မိတ်ဟောင်း မိတ်သစ်များအားလုံး Hello Taxi မှ ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်းနှင့် ပြန်လည်ပြေးဆွဲတဲ့အချိန် အရင်လို ပြန်အားပေးကြပါလို့ အသိပေးကြေငြာအပ်ပါတယ်ခင်ဗျ။

16/03/2026

ရွာဘက်ကမို့ ဆီရဖို့ ဆီဆိုင်ထိသွားရတာ ငါးထောင် ၊ ဆီရတာက တစ်သောင်း 2.8လီတာ ၊ တန်းရတာ နေပူထဲ ၊ တန်းတုံးမောင်းရင် ဆီပိုကုန်မှာဆိုးလို့ တွန်းရတာ ‌တကိုယ်လုံးပါညောင်းကိုက် ၊ တနေ့လည်းကုန် ဆီလည်းရ အော်ဒါမရလိုက် 🥹

#ရွာလွတ် #အိုးဝေ

10/03/2026

အတ္တရံတံတား(မော်လမြိုင်)အသစ်ကြီး

#အမြန်ခေါ် #တုတ်တုတ် #အတ္တရံတံတား #မော်လမြိုင်

နေဝင်ချိန်တွေကို သဘောကျတယ် ၊ နေထွက်ချိန်တွေ အိပ်ယာကမနိုးလို့ 😂ကတောင်စိန် ၊ ကြံခင်း တောင်ဖြတ်လမ်း                      #အ...
09/03/2026

နေဝင်ချိန်တွေကို သဘောကျတယ် ၊
နေထွက်ချိန်တွေ အိပ်ယာကမနိုးလို့ 😂

ကတောင်စိန် ၊ ကြံခင်း တောင်ဖြတ်လမ်း

#အမြန်ခေါ် #တုတ်တုတ်

မွန်ပြည်နယ်‌ ၊  ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) ၊ မူးနိူင်းကျေးရွာ                      #အမြန်ခေါ်  #တုတ်တုတ်
04/03/2026

မွန်ပြည်နယ်‌ ၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) ၊ မူးနိူင်းကျေးရွာ

#အမြန်ခေါ် #တုတ်တုတ်

Address


Telephone

+9757489204

Website

Alerts

Be the first to know and let us send you an email when Hello Taxi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Taxi?

Share